မတည်ငြိမ်မှုများ၏ လက်သည်မှာ အာဏာသိမ်းစစ်ကောင်စီဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

လက်ရှိ မတည်ငြိမ်မှုများ၏ လက်သည်မှာ အာဏာ သိမ်းစစ်ကောင်စီ (စစ်တပ်) ကြောင့် ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါ်ခင်မမမျိုးကလည်း “မြန်မာနိုင်ငံ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ နှစ် ၇၀ ကျော် သမိုင်းတစ် လျှောက်လုံးဟာဆိုရင် မြန်မာနိုင်ငံထဲမှာ ရှိခဲ့တဲ့ စစ်တပ် အမည်ခံ လူအုပ်စုတစ်စုသာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ဆူပူမှုတွေ များနေခဲ့ပါတယ်။ ဒီလိုများခြင်းရဲ့ အကြောင်း အရင်းဟာဆိုလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ စစ်တပ်ကသာလျှင် ပြည်တွင်းစစ်ရဲ့ တရားခံ ဖြစ် ပါတယ်။ အဲ့တော့ မြန်မာနိုင်ငံထဲမှာ စစ်ကောင်စီရဲ့ စစ်တပ်မရှိ တော့ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်း စစ် လည်း ရှိတော့မှာ မဟုတ်ဘူးဆိုတာကို အလေးအနက် ဖြေကြားပြီးတော့ တုန့်ပြန်လိုပါတယ်။” ဟု ပြော သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအနှံ့ ကာကွယ်ရေးတပ်များ ဖွဲ့ကာ စစ်ကောင်စီကို မြို့ရွာများအထိ တော်လှန်တိုက်ခိုက်နေကြခြင်းသည် အာဏာသိမ်း စစ်တပ်၏ လုပ်ရပ် ကြောင့် ဖြစ်ပေါ်လာခဲ့သည့် အကျိုးဆက်များကြောင့် ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများနှင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက ထောက်ပြပြောဆို လိုက်ခြင်းဖြစ်သည်။

တအာင်းကျောင်းသားလူငယ်အဖွဲ့က တာဝန်ရှိသူ တစ်ဦး က “အရင်က တိုင်းရင်းသားပြည်နယ်တွေမှာပဲ တိုက်ပွဲ တွေဖြစ်ခဲ့တာ။ အခုက ဒီမန္တလေးတို့ မုံရွာတို့၊ ကလေးတို့ ရန်ကုန်တို့ အားလုံးမှာဖြစ်လာပြီ။ မနေ့က မန္တလေး ဖြစ် စဉ်လိုမျိုးဆိုရင် တောင်ပေါ်ဒေသမှာ ဖြစ်နေကြလိုမျိုးပါ။ အခြေအနေက တော်တော်ဆိုးလာပြီ။ ဒီဖြစ်စဉ် တွေရဲ့ တရားခံက တခြားလူ တွေမဟုတ်ဘူး။ စစ်တပ်ပဲ။ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကြောင့်ပါ” ဟု ပြောသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ် က နေ့တိုင်း လူတွေဖမ်းတယ်၊ နေ့တိုင်း လူတွေကို ပစ်သတ်တယ်။ ရွာတွေမီးရှို့တယ်၊ နိုင်ငံတခုလုံးကို စုတ်ပြတ်သတ် သွားအောင် နိုင်ငံတစ်ခုလုံးကို ကမောက်ကမဖြစ်အောင်လုပ်တဲ့လူတွေ” ဟု စစ်ကောင်စီ၏ လုပ်ရပ်များနှင့် ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာန ကို ပြောသည်။

ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းကစတင်၍ ယနေ့အချိန်ထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လည်း စစ်ရာဇဝတ်မှုများကို အာဏာသိမ်းစစ်ကောင်စီက ဆက်လက်ကျူးလွန်နေသည်ဟု ကချင်အမျိုးသမီးများ အစည်းအရုံး-ထိုင်းနိုင်ငံ KWAT က ပြောသည်။

အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်များက အရပ်သားများအပေါ် တိုက်ခိုက်မှုများက ကြီးမားတဲ့ အိုး အိမ်စွန့်ခွာ ရွှေ့ပြောင်းမှုများကို ဖြစ်ပေါ်စေသည့်အတွက် မိုးမောက်နှင့် ဗန်းမော်မြို့တို့တွင် စစ်ဘေးဒုက္ခသည် အသစ် ၆၀၀၀ ကျော်တိုးလာသည်ဟု KWAT ၏ ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီ က ပြောသည်။

“ဒီတိုက်ပွဲဖြစ်တာ မဟုတ်ပဲနဲ့ ဗမာစစ်တပ်ကနေ ပြည်သူလူထုတွေ နေထိုင်တဲ့ ရပ်ရွာတွေမှာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေ။ ဒါကြောင့် မို့လို့ ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ရတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့ အိုး အိမ် စည်းစိမ်တွေ ဖျက်ဆီးခံရတာပေါ့။ ဆိုတော့ အခု ဒီပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူ လူထုပေါင်း ခြောက်ထောင်ကျော်လောက် ရှိမယ်ပေါ့နော။ ဆိုတော့ ဒီထွက်ပြေးတိမ်းရှောင်တဲ့နေရာတွေမှာ ပြည်သူလူထုတွေရဲ့ နေရာတွေမှာ စစ်တပ်က ပြန်ပြီးတော့ အခြေချထားတာပေါ့နော။ ဆိုတော့ အခြေချထား တာတွေမကဘူး။ ပြည်သူလူထုတွေရဲ့ စည်းစိမ်ဥစ္စာတွေ ပြီးလို့ရှိရင် ကျွဲနွားတိရစ္ဆာန်တွေပေါ့နော်။ ဒါကို လုယူ တယ်။ ပြီးလိုရှိရင် ဖျက်ဆီးတယ်။”

ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများအရ ပြည်မ ဟု ခေါ်သည့် ဗမာအများစုနေထိုင်သည့် မြို့ပြကြီး များတွင်လည်း တိုင်းရင်းသားပြည်နယ်များနည်းတူ စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပေါ် ပေါ်ထင်ထင်ရှိလာနေသည့် ယခုအချိန်သည် အားလုံးပူးပေါင်း၍ စစ်ကောင်စီတပ်များကို တိုက်ထုတ်ရန် အချိန် ဖြစ်သည်ဟု စောအဲလက်စ် က ဆက်ပြောသည်။

“လွန်ခဲ့တဲ့နှစ် နှစ်ဆယ် သုံးဆယ်အတွင်းမှာ ကျနော်တို့ မမြင်ခဲ့တဲ့ ပြည်မက ဗမာလူမျိုးတွေ ဗမာတိုင်းရင်းသား လူမျိုးတွေက အာဏာရှင်ကို ဆန့်ကျင်ပြီးတော့ ရရာ လက်နက်စွဲကိုင် ရရာတဲ့နည်းနဲ့ အမျိုးမျိုးဆန့်ကျင်နေတဲ့ အချိန်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေက ဒီပြည်မက ဒီ အများစုရှိတဲ့ တိုင်းရင်းသား လူမျိုးတွေ ကို ကျနော်တို့ အတူတူ လက်တွဲပြီးတော့ ကျနော်တို့ အနာဂတ်ကို ဦးဆောင်ပြီးတော့မှ ကျနော်တို့ လက်တွဲပြီး ဦးဆောင်ပြီးတော့မှ ကျနော်တို့ ပြုပြင်ပြောင်းလဲလို့ရတဲ့ အချိန်ဖြစ်တယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ စစ်အာဏာရှင်တော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၈၇၇ ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရ ၅၀၈၈ ဦးနှင့် ဖမ်းဆီးခံထားရသူများအနက် ၂၁၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။

*** ZAWGYI ***
မတည္ၿငိမ္မႈမ်ား၏ လက္သည္မွာ အာဏာသိမ္းစစ္ေကာင္စီျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၃ ရက္။

လက္ရွိ မတည္ၿငိမ္မႈမ်ား၏ လက္သည္မွာ အာဏာ သိမ္းစစ္ေကာင္စီ (စစ္တပ္) ေၾကာင့္ ျဖစ္သည္ဟု အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ကာကြယ္ေရး ဒု-ဝန္ႀကီးက ေျပာသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကာကြယ္ေရးဝန္ႀကီးဌာန ဒု-ဝန္ႀကီး ေဒၚခင္မမမ်ိဳးကလည္း “ျမန္မာႏိုင္ငံ ျပည္တြင္းစစ္ျဖစ္ခဲ့တဲ့ ႏွစ္ ၇၀ ေက်ာ္ သမိုင္းတစ္ ေလွ်ာက္လုံးဟာဆိုရင္ ျမန္မာႏိုင္ငံထဲမွာ ရွိခဲ့တဲ့ စစ္တပ္ အမည္ခံ လူအုပ္စုတစ္စုသာ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး ဆူပူမႈေတြ မ်ားေနခဲ့ပါတယ္။ ဒီလိုမ်ားျခင္းရဲ႕ အေၾကာင္း အရင္းဟာဆိုလို႔ရွိရင္ က်မတို႔ ျမန္မာႏိုင္ငံမွာ ေပၚေပါက္ခဲ့တဲ့ စစ္တပ္ကသာလွ်င္ ျပည္တြင္းစစ္ရဲ႕ တရားခံ ျဖစ္ ပါတယ္။ အဲ့ေတာ့ ျမန္မာႏိုင္ငံထဲမွာ စစ္ေကာင္စီရဲ႕ စစ္တပ္မရွိ ေတာ့ဘူးဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္း စစ္ လည္း ရွိေတာ့မွာ မဟုတ္ဘူးဆိုတာကို အေလးအနက္ ေျဖၾကားၿပီးေတာ့ တုန႔္ျပန္လိုပါတယ္။” ဟု ေျပာ သည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္ကာ စစ္တပ္က အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံအႏွံ႔ ကာကြယ္ေရးတပ္မ်ား ဖြဲ႕ကာ စစ္ေကာင္စီကို ၿမိဳ႕႐ြာမ်ားအထိ ေတာ္လွန္တိုက္ခိုက္ေနၾကျခင္းသည္ အာဏာသိမ္း စစ္တပ္၏ လုပ္ရပ္ ေၾကာင့္ ျဖစ္ေပၚလာခဲ့သည့္ အက်ိဳးဆက္မ်ားေၾကာင့္ ျဖစ္သည္ဟု တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ NUG အစိုးရ ကာကြယ္ေရးဝန္ႀကီးဌာန ဒု-ဝန္ႀကီးက ေထာက္ျပေျပာဆို လိုက္ျခင္းျဖစ္သည္။

တအာင္းေက်ာင္းသားလူငယ္အဖြဲ႕က တာဝန္ရွိသူ တစ္ဦး က “အရင္က တိုင္းရင္းသားျပည္နယ္ေတြမွာပဲ တိုက္ပြဲ ေတြျဖစ္ခဲ့တာ။ အခုက ဒီမႏၲေလးတို႔ မုံ႐ြာတို႔၊ ကေလးတို႔ ရန္ကုန္တို႔ အားလုံးမွာျဖစ္လာၿပီ။ မေန႔က မႏၲေလး ျဖစ္ စဥ္လိုမ်ိဳးဆိုရင္ ေတာင္ေပၚေဒသမွာ ျဖစ္ေနၾကလိုမ်ိဳးပါ။ အေျခအေနက ေတာ္ေတာ္ဆိုးလာၿပီ။ ဒီျဖစ္စဥ္ ေတြရဲ႕ တရားခံက တျခားလူ ေတြမဟုတ္ဘူး။ စစ္တပ္ပဲ။ မင္းေအာင္လႈိင္ဦးေဆာင္တဲ့ စစ္တပ္ေၾကာင့္ပါ” ဟု ေျပာသည္။

ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ KPSN က ေျပာေရးဆိုခြင့္ရွိသူ ေစာအဲလက္စ္ က ေန႔တိုင္း လူေတြဖမ္းတယ္၊ ေန႔တိုင္း လူေတြကို ပစ္သတ္တယ္။ ႐ြာေတြမီးရႈိ႕တယ္၊ ႏိုင္ငံတခုလုံးကို စုတ္ျပတ္သတ္ သြားေအာင္ ႏိုင္ငံတစ္ခုလုံးကို ကေမာက္ကမျဖစ္ေအာင္လုပ္တဲ့လူေတြ” ဟု စစ္ေကာင္စီ၏ လုပ္ရပ္မ်ားႏွင့္ ပတ္သက္၍ သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာန ကို ေျပာသည္။

ပင္လုံစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ပိုင္းကစတင္၍ ယေန႔အခ်ိန္ထိ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ လည္း စစ္ရာဇဝတ္မႈမ်ားကို အာဏာသိမ္းစစ္ေကာင္စီက ဆက္လက္က်ဴးလြန္ေနသည္ဟု ကခ်င္အမ်ိဳးသမီးမ်ား အစည္းအ႐ုံး-ထိုင္းႏိုင္ငံ KWAT က ေျပာသည္။

အာဏာသိမ္းၿပီးေနာက္တြင္ စစ္ေကာင္စီတပ္မ်ားက အရပ္သားမ်ားအေပၚ တိုက္ခိုက္မႈမ်ားက ႀကီးမားတဲ့ အိုး အိမ္စြန႔္ခြာ ေ႐ႊ႕ေျပာင္းမႈမ်ားကို ျဖစ္ေပၚေစသည့္အတြက္ မိုးေမာက္ႏွင့္ ဗန္းေမာ္ၿမိဳ႕တို႔တြင္ စစ္ေဘးဒုကၡသည္ အသစ္ ၆၀၀၀ ေက်ာ္တိုးလာသည္ဟု KWAT ၏ ေျပာေရးဆိုခြင့္ရွိသူ မြန္းေနလီ က ေျပာသည္။

“ဒီတိုက္ပြဲျဖစ္တာ မဟုတ္ပဲနဲ႔ ဗမာစစ္တပ္ကေန ျပည္သူလူထုေတြ ေနထိုင္တဲ့ ရပ္႐ြာေတြမွာ လက္နက္ႀကီးေတြ နဲ႔ ပစ္ခတ္တာေတြ။ ဒါေၾကာင့္ မို႔လို႔ ျပည္သူလူထုေတြ ထြက္ေျပးတိမ္းေရွာင္ရတယ္။ ၿပီးလို႔ရွိရင္ သူတို႔ရဲ႕ အိုး အိမ္ စည္းစိမ္ေတြ ဖ်က္ဆီးခံရတာေပါ့။ ဆိုေတာ့ အခု ဒီျပည္သူလူထုေတြ ထြက္ေျပးတိမ္းေရွာင္ခဲ့ရတဲ့ ျပည္သူ လူထုေပါင္း ေျခာက္ေထာင္ေက်ာ္ေလာက္ ရွိမယ္ေပါ့ေနာ။ ဆိုေတာ့ ဒီထြက္ေျပးတိမ္းေရွာင္တဲ့ေနရာေတြမွာ ျပည္သူလူထုေတြရဲ႕ ေနရာေတြမွာ စစ္တပ္က ျပန္ၿပီးေတာ့ အေျခခ်ထားတာေပါ့ေနာ။ ဆိုေတာ့ အေျခခ်ထား တာေတြမကဘူး။ ျပည္သူလူထုေတြရဲ႕ စည္းစိမ္ဥစၥာေတြ ၿပီးလို႔ရွိရင္ ကြၽဲႏြားတိရစာၦန္ေတြေပါ့ေနာ္။ ဒါကို လုယူ တယ္။ ၿပီးလိုရွိရင္ ဖ်က္ဆီးတယ္။”

ယေန႔ျဖစ္ေပၚေနသည့္ ႏိုင္ငံေရးအေျခအေနမ်ားအရ ျပည္မ ဟု ေခၚသည့္ ဗမာအမ်ားစုေနထိုင္သည့္ ၿမိဳ႕ျပႀကီး မ်ားတြင္လည္း တိုင္းရင္းသားျပည္နယ္မ်ားနည္းတူ စစ္ေကာင္စီတပ္မ်ား၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား ေပၚ ေပၚထင္ထင္ရွိလာေနသည့္ ယခုအခ်ိန္သည္ အားလုံးပူးေပါင္း၍ စစ္ေကာင္စီတပ္မ်ားကို တိုက္ထုတ္ရန္ အခ်ိန္ ျဖစ္သည္ဟု ေစာအဲလက္စ္ က ဆက္ေျပာသည္။

“လြန္ခဲ့တဲ့ႏွစ္ ႏွစ္ဆယ္ သုံးဆယ္အတြင္းမွာ က်ေနာ္တို႔ မျမင္ခဲ့တဲ့ ျပည္မက ဗမာလူမ်ိဳးေတြ ဗမာတိုင္းရင္းသား လူမ်ိဳးေတြက အာဏာရွင္ကို ဆန႔္က်င္ၿပီးေတာ့ ရရာ လက္နက္စြဲကိုင္ ရရာတဲ့နည္းနဲ႔ အမ်ိဳးမ်ိဳးဆန႔္က်င္ေနတဲ့ အခ်ိန္မွာ က်ေနာ္တို႔ တိုင္းရင္းသား လက္နက္ကိုင္ေတြက ဒီျပည္မက ဒီ အမ်ားစုရွိတဲ့ တိုင္းရင္းသား လူမ်ိဳးေတြ ကို က်ေနာ္တို႔ အတူတူ လက္တြဲၿပီးေတာ့ က်ေနာ္တို႔ အနာဂတ္ကို ဦးေဆာင္ၿပီးေတာ့မွ က်ေနာ္တို႔ လက္တြဲၿပီး ဦးေဆာင္ၿပီးေတာ့မွ က်ေနာ္တို႔ ျပဳျပင္ေျပာင္းလဲလို႔ရတဲ့ အခ်ိန္ျဖစ္တယ္။”

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ စာရင္းမ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ဇြန္လ ၂၃ ရက္ေန႔အထိ စစ္အာဏာရွင္ေတာ္လွန္ေရးတြင္ က်ဆုံးခဲ့ရသူ ၈၇၇ ဦး၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားရ ၅၀၈၈ ဦးႏွင့္ ဖမ္းဆီးခံထားရသူမ်ားအနက္ ၂၁၀ ဦးမွာ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသည္ဟု သိရသည္။