ဗလမင်းထင်တံတားအနီး ပစ်ခတ်မှုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

ဇွန်လ ၂၃ ရက်နေ့ (ယနေ့) ည ၈ နာရီခန့်မှ စတင်၍ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားဘက်မှ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး၊ လေယာဉ်ပျံများ ပျံသန်းနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့ ဒေသခံတစ်ဦး က “သေနတ်သံတွေဆို ဆက်တိုက်ပဲ။ ဒိုင်း ဒိုင်း ဒိုင်းနဲ့၊ လက်နက်ကြီး အသံလိုမျိုး လား အကျယ်ကြီးတွေလည်း ကြားရတယ်။ ဆက်တိုက် ပစ်နေကြတာ။ ဗလမင်းထင်တံတားဘက်နေ ကြားနေ ရ တာဟုတ်တယ်။ အခုထိပဲ။ အပေါ်မှာလည်း ဟက်စကီတွေပျံနေတာ၊ ဝဲနေတာပဲ။ မိုင်းနားဘက်မှာလည်း ပြောကြတယ်။ တံတားဟိုဘက်လောက်မှာ ကြားရတာဟုတ်တယ်။ အသံအကျယ်ကြီးပဲ ကြောက်စရာကြီး” ဟု ပြော သည်။

သတင်းနှင့်မီဒီယာကွန်ရက် က ဆက်သွယ်မေးမြန်းစဉ် အဆိုပါ ဒေသခံက “ကြားရလား အခုလည်း ကြားလား ကြားလား လေယာဉ်အသံ သွားနေတုန်း၊ ကြောက်စရာကြီး။ အသံတွေဆို ကြောက်စရာကြီးနော်။ မြေကြီးတွေ တောင် တုန်တယ်။ လူတွေလည်း ကြောက်ပြီး လမ်းပေါ်တွေထွက်နေကြတာ။ ဆူညံနေတာပဲ။ အားလုံး ပုန်းနေ ဖို့လည်း အော်တဲ့လူက အော်နဲ့သိလား” ဟု ပြောသည်။

ယနေ့ ည ၈ နာရီခန့် စတင်၍ သေနတ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အသံများ ကြားရသော်ညလ်း မည်သည့်အဖွဲ့အစည်းများကြား ပစ်ခတ်နေကြသည်ကို မသိသေးဘူးဟု ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်၏ လေယာဉ်များ မြို့အနှံ့ ဆက်တိုက်ပျံဝဲနေသည် ဟု မြစ်ကြီးနားမြို့ခံများ က ပြောသည်။

ဇီးလွန် ရပ်ကွက်ဘက်က ဒေသခံတစ်ဦးကလည်း “ကျနော်တို့ဘက်ကနေလည်း အသံကြားရတယ်။ တိုက်ပွဲဖြစ် တာလား ဘာလားတော့မသိဘူးနော်။ ပစ်နေကြတာ မိနစ် ၂၀၊ ၃၀ လောက်ကြတယ်။ လေယာဉ်ကလည်း ကျနော်တို့ ဇီးလွန်ဘက်မှာ ဆင်းနေသလိုပဲ” ဟု ပြောသည်။

ဗလမင်းထင်တံတားသည် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် တည်ရှိပြီး မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုများနှင့် ပတ်သက်သည့် နောက်ဆက်တွဲ အခြေအနေများကိုလည်း ဆက်လက် သတင်း ဆက်လက် ဖော်ပြ ပေးသွားမည်။

မြို့တော် မြစ်ကြီးနားတွင် ယခုကဲ့သို့ ပစ်ခတ်မှုများ ယခင်က မဖြစ်ခဲ့သော်လည်း ဝိုင်းမော်မြို့-ဒေါ့ဖုန်းယန်-မိုး မောက်-ဗန်းမော် လမ်းတစ်လျှောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်မှာ မတ်လမှစတင်၍ ယနေ့အချိန်ထိဖြစ်သည်။

*** ZAWGYI ***
ဗလမင္းထင္တံတားအနီး ပစ္ခတ္မႈျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၃ ရက္။

ဇြန္လ ၂၃ ရက္ေန႔ (ယေန႔) ည ၈ နာရီခန႔္မွ စတင္၍ ျမစ္ႀကီးနားၿမိဳ႕၊ ဗလမင္းထင္တံတားဘက္မွ ပစ္ခတ္သံမ်ား ဆက္တိုက္ထြက္ေပၚလာၿပီး၊ ေလယာဥ္ပ်ံမ်ား ပ်ံသန္းေနသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕ ေဒသခံတစ္ဦး က “ေသနတ္သံေတြဆို ဆက္တိုက္ပဲ။ ဒိုင္း ဒိုင္း ဒိုင္းနဲ႔၊ လက္နက္ႀကီး အသံလိုမ်ိဳး လား အက်ယ္ႀကီးေတြလည္း ၾကားရတယ္။ ဆက္တိုက္ ပစ္ေနၾကတာ။ ဗလမင္းထင္တံတားဘက္ေန ၾကားေန ရ တာဟုတ္တယ္။ အခုထိပဲ။ အေပၚမွာလည္း ဟက္စကီေတြပ်ံေနတာ၊ ဝဲေနတာပဲ။ မိုင္းနားဘက္မွာလည္း ေျပာၾကတယ္။ တံတားဟိုဘက္ေလာက္မွာ ၾကားရတာဟုတ္တယ္။ အသံအက်ယ္ႀကီးပဲ ေၾကာက္စရာႀကီး” ဟု ေျပာ သည္။

သတင္းႏွင့္မီဒီယာကြန္ရက္ က ဆက္သြယ္ေမးျမန္းစဥ္ အဆိုပါ ေဒသခံက “ၾကားရလား အခုလည္း ၾကားလား ၾကားလား ေလယာဥ္အသံ သြားေနတုန္း၊ ေၾကာက္စရာႀကီး။ အသံေတြဆို ေၾကာက္စရာႀကီးေနာ္။ ေျမႀကီးေတြ ေတာင္ တုန္တယ္။ လူေတြလည္း ေၾကာက္ၿပီး လမ္းေပၚေတြထြက္ေနၾကတာ။ ဆူညံေနတာပဲ။ အားလုံး ပုန္းေန ဖို႔လည္း ေအာ္တဲ့လူက ေအာ္နဲ႔သိလား” ဟု ေျပာသည္။

ယေန႔ ည ၈ နာရီခန႔္ စတင္၍ ေသနတ္မ်ား၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနသည့္ အသံမ်ား ၾကားရေသာ္ညလ္း မည္သည့္အဖြဲ႕အစည္းမ်ားၾကား ပစ္ခတ္ေနၾကသည္ကို မသိေသးဘူးဟု ေဒသခံမ်ားက ေျပာသည္။

ထိုသို႔ ပစ္ခတ္သံမ်ား ထြက္ေပၚလာၿပီးေနာက္ စစ္ေကာင္စီတပ္၏ ေလယာဥ္မ်ား ၿမိဳ႕အႏွံ႔ ဆက္တိုက္ပ်ံဝဲေနသည္ ဟု ျမစ္ႀကီးနားၿမိဳ႕ခံမ်ား က ေျပာသည္။

ဇီးလြန္ ရပ္ကြက္ဘက္က ေဒသခံတစ္ဦးကလည္း “က်ေနာ္တို႔ဘက္ကေနလည္း အသံၾကားရတယ္။ တိုက္ပြဲျဖစ္ တာလား ဘာလားေတာ့မသိဘူးေနာ္။ ပစ္ေနၾကတာ မိနစ္ ၂၀၊ ၃၀ ေလာက္ၾကတယ္။ ေလယာဥ္ကလည္း က်ေနာ္တို႔ ဇီးလြန္ဘက္မွာ ဆင္းေနသလိုပဲ” ဟု ေျပာသည္။

ဗလမင္းထင္တံတားသည္ ျမစ္ႀကီးနားၿမိဳ႕၊ မန္ခိန္ရပ္ကြက္တြင္ တည္ရွိၿပီး ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ဝိုင္းေမာ္ၿမိဳ႕ကို ဆက္သြယ္ထားသည့္ ဧရာဝတီျမစ္ကူးတံတားတစ္စင္းျဖစ္သည္။

အဆိုပါ ပစ္ခတ္မႈမ်ားႏွင့္ ပတ္သက္သည့္ ေနာက္ဆက္တြဲ အေျခအေနမ်ားကိုလည္း ဆက္လက္ သတင္း ဆက္လက္ ေဖာ္ျပ ေပးသြားမည္။

ၿမိဳ႕ေတာ္ ျမစ္ႀကီးနားတြင္ ယခုကဲ့သို႔ ပစ္ခတ္မႈမ်ား ယခင္က မျဖစ္ခဲ့ေသာ္လည္း ဝိုင္းေမာ္ၿမိဳ႕-ေဒါ့ဖုန္းယန္-မိုး ေမာက္-ဗန္းေမာ္ လမ္းတစ္ေလွ်ာက္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား တိုက္ပြဲမ်ား၊ ပစ္ခတ္မႈမ်ား ျဖစ္ပြားေနသည္မွာ မတ္လမွစတင္၍ ယေန႔အခ်ိန္ထိျဖစ္သည္။