KIA အချက်အချာနေရာများအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA က မြစ်ကြီးနား အနီးဝင်ရောက် ပစ်ခတ်မှုကို လက်တုန့်ပြန်သည့် အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များက KIA စစ်ဌာနချုပ် လိုင်ဇာအပါအဝင် အခြေစိုက် နယ်မြေများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။
ယမန်နေ့ည ၈ နာရီအချိန်ခန့် မြစ်ကြီးနားမြို့အဝင် ဗလမင်းထင် ဧရာဝတီမြစ်ကူး တံတားအနားရှိ စုပေါင်းဂိတ် ကို KIA က ဝင်ရောက်တိုက်ခိုက်ပြီးနောက်တွင် လိုင်ဇာ၊ မိုင်ဂျာယန် နှင့် လိုင်စင် ဒေသများထဲက KIA တပ် စခန်း ကုန်းအချို့အား စစ်ကောင်စီတပ်ဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “မနေ့ကတော့ ၇ နာရီ ၄၅ မိနစ် ၈ နာရီ ဝန်းကျင်လောက်ပေါ့ အဲမှာ မိုင်းနားစုပေါင်းဂိတ်ထဲမှာ KIA ဖက်ကနေ လာပစ်တာ ဖြစ်စဉ်ရှိပါ တယ်။ အဲဒီနောက်ပိုင်း ၈ နာရီခွဲ ၉ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီ စစ်တပ်ဖက်ကနေ ကျနော်တို့ KIA တပ်စခန်းတွေရှိတဲ့ နေရာ တော်တော်များများမှာ လက်နက်ကြီးနဲ့ ရမ်းပစ်တာ ဖြစ်ပါတယ်။ အဲဒီထဲက မိုင်ဂျာ ယန်တို့ပေါ့နော မိုင်ဂျာယန်နဲ့ သိပ်နီးတဲ့ နေရာမှာတော့ မဟုတ်ပါဘူး။ KIA တပ်စခန်းတွေရှိတဲ့ နေရာဖက်မှာ ကျ နော်တို့ လိုင်ဇာပတ်ဝန်းကျင်တွေ နောက် လိုင်စင်တောင်ကြောတစ်လျှောက်တို့ ဖလပ်ဘွမ်လို နောက်ပြီးတော့ တပ်မဟာ ၉ တပ်ရင်း ၆ အဲဒီနေရာဖက်မှာ သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်တာ ဖြစ်ပါတယ်။” ဟု ပြောသည်။
လိုင်ဇာနှင့် လိုင်စင် ဒေသအတွင်းရှိ KIA တပ်စခန်းကုန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကောင် စီတပ်စခန်းများနှင့် ပတ်သက်၍ “ဒေါ့ဖုန်းယန်တို့ ဒီ ဖွန်းပြန်ဘွမ်တို့ ခါရာတို့ အများကြီးရှိပါတယ်။ သူတို့ လက် နက်ကြီးတွေ နောက်ပြီး ဂမ်ဒေါင်တို့ နောက်ပြီးတော့ အရင်တုန်းက ဂိဒေါင် တိုက်ပွဲဖြစ်တဲ့နေရာ အဲဖက်ကနေ လည်း ပစ်လို့ရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
အလားတူ မိုင်ဂျာယန်ဘက်ကို ပစ်ခတ်ခဲ့သည်နှင့် ပတ်သက်၍ “တော်တော်များများရှိပါတယ်။ စိန်လုံဘွမ်လေ အဲဖက်က သူတို့ တပ်စခန်း တွေ ချထားတဲ့နေရာတွေ တော်တော် များများနေရာမှာ သူတို့ ဦးထားတာ ရှိပါ တယ်။ အဲဒါကလည်း ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့သော်လည်း KIA ဘက်က ပြန်လည်ပစ်ခတ်ခဲ့ခြင်း မရှိသည့်အတွက် အဆိုပါ နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် မြစ်ကြီးနားမြို့ အဝင်က စုပေါင်း ဂိတ်အနီးတွင် နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူ က “ကျနော်တို့ KIA တပ်စခန်းတွေ ရှိတဲ့နေရာမှာ လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့တာကိုတော့ ကျနော်တို့လည်း တုန့် ပြန်ပြီးတော့ ပြန်ပစ်တာကိုတော့ မရှိပါဘူး။ အဲမှာ တိုက်ပွဲဖြစ်တာကတော့ မရှိပါဘူး။ ဒါပေမယ့် မိုင်းနား စုပေါင်း ဂိတ်မှာကတော့ KIA ဖက်နေ လာပစ်တဲ့ဟာ အပြန်အလှန်တိုက်ပွဲတွေ တိုက်ပွဲငယ် လေးတွေကတော့ ဖြစ်တာ ပေါ့။ အဲဒီနောက်ပိုင်းမှာကတော့ KIA က ပြန်ဆုတ်သွားတယ်။ ဆုတ်သွားတဲ့ နောက် ပိုင်းမှာ စစ်ကောင်စီဖက်က တော့ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ လာပြီးမှ တိုက်ပွဲကြီးပုံစံဖြစ်သွားတာပေါ့ အဲဒီနေရာမှာကတော့” ဟု ပြောသည်။
မည်သည့်ကိစ္စကြောင့် အဆိုပါ စုပေါင်းဂိတ်ကို မြေပြင်ရှိ KIA အဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်သည်ကို မသိရသေးဘူးဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
စစ်ကောင်စီတပ်များက မြစ်ကြီးနားဘက်မှ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ မိုးမောက် စသည့်နေရာများသို့ စစ်အင်အား၊ လူအင်အားများ ပို့နေသည့် အတွက် ဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများက ခန့်မှန်း ပြောဆို နေ ကြသည်။ မကြာသေးမီက ဒေါ့ဖုန်းယန်အနီး စစ်သည်တင်ဆောင်သော စစ်ကောင်စီတပ်ဖွဲ့မှ ကားများကို KIA က ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။
မြစ်ကြီးနားမြို့အဝင် စုပေါင်းဂိတ်အား ယမန်နေ့ညက KIA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ည ၉ နာရီခွဲအချိန် ခန့်ထိ မြို့အနှံ့ ရဟတ်ယာဉ်များ ပျံသန်းခဲ့သည့်အတွက် ဒေသခံပြည်သူများက လေယာဉ်ပျံများဖြင့် ဗုံးကြဲလာ မည်ကို စိုးရိမ်ပြီး အနီးအနားဝန်းကျင်က ဒေသခံများမှာ နေရာပြောင်းရွှေ့အိပ်ခဲ့ကြရသည်ဟု သိရသည်။
*** ZAWGYI ***
KIA အခ်က္အခ်ာေနရာမ်ားအနီးသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၄ ရက္။
ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ျမစ္ႀကီးနား အနီးဝင္ေရာက္ ပစ္ခတ္မႈကို လက္တုန႔္ျပန္သည့္ အေနျဖင့္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားက KIA စစ္ဌာနခ်ဳပ္ လိုင္ဇာအပါအဝင္ အေျခစိုက္ နယ္ေျမမ်ားသို႔ လက္နက္ႀကီးမ်ား ပစ္ခတ္ခဲ့သည္။
ယမန္ေန႔ည ၈ နာရီအခ်ိန္ခန႔္ ျမစ္ႀကီးနားၿမိဳ႕အဝင္ ဗလမင္းထင္ ဧရာဝတီျမစ္ကူး တံတားအနားရွိ စုေပါင္းဂိတ္ ကို KIA က ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္တြင္ လိုင္ဇာ၊ မိုင္ဂ်ာယန္ ႏွင့္ လိုင္စင္ ေဒသမ်ားထဲက KIA တပ္ စခန္း ကုန္းအခ်ိဳ႕အား စစ္ေကာင္စီတပ္ဘက္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္။
ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က “မေန႔ကေတာ့ ၇ နာရီ ၄၅ မိနစ္ ၈ နာရီ ဝန္းက်င္ေလာက္ေပါ့ အဲမွာ မိုင္းနားစုေပါင္းဂိတ္ထဲမွာ KIA ဖက္ကေန လာပစ္တာ ျဖစ္စဥ္ရွိပါ တယ္။ အဲဒီေနာက္ပိုင္း ၈ နာရီခြဲ ၉ နာရီ ဝန္းက်င္ေလာက္မွာ စစ္ေကာင္စီ စစ္တပ္ဖက္ကေန က်ေနာ္တို႔ KIA တပ္စခန္းေတြရွိတဲ့ ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ လက္နက္ႀကီးနဲ႔ ရမ္းပစ္တာ ျဖစ္ပါတယ္။ အဲဒီထဲက မိုင္ဂ်ာ ယန္တို႔ေပါ့ေနာ မိုင္ဂ်ာယန္နဲ႔ သိပ္နီးတဲ့ ေနရာမွာေတာ့ မဟုတ္ပါဘူး။ KIA တပ္စခန္းေတြရွိတဲ့ ေနရာဖက္မွာ က် ေနာ္တို႔ လိုင္ဇာပတ္ဝန္းက်င္ေတြ ေနာက္ လိုင္စင္ေတာင္ေၾကာတစ္ေလွ်ာက္တို႔ ဖလပ္ဘြမ္လို ေနာက္ၿပီးေတာ့ တပ္မဟာ ၉ တပ္ရင္း ၆ အဲဒီေနရာဖက္မွာ သူတို႔က လက္နက္ႀကီးနဲ႔ လွမ္းပစ္တာ ျဖစ္ပါတယ္။” ဟု ေျပာသည္။
လိုင္ဇာႏွင့္ လိုင္စင္ ေဒသအတြင္းရွိ KIA တပ္စခန္းကုန္းမ်ားကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည့္ စစ္ေကာင္ စီတပ္စခန္းမ်ားႏွင့္ ပတ္သက္၍ “ေဒါ့ဖုန္းယန္တို႔ ဒီ ဖြန္းျပန္ဘြမ္တို႔ ခါရာတို႔ အမ်ားႀကီးရွိပါတယ္။ သူတို႔ လက္ နက္ႀကီးေတြ ေနာက္ၿပီး ဂမ္ေဒါင္တို႔ ေနာက္ၿပီးေတာ့ အရင္တုန္းက ဂိေဒါင္ တိုက္ပြဲျဖစ္တဲ့ေနရာ အဲဖက္ကေန လည္း ပစ္လို႔ရပါတယ္” ဟု ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။
အလားတူ မိုင္ဂ်ာယန္ဘက္ကို ပစ္ခတ္ခဲ့သည္ႏွင့္ ပတ္သက္၍ “ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ စိန္လုံဘြမ္ေလ အဲဖက္က သူတို႔ တပ္စခန္း ေတြ ခ်ထားတဲ့ေနရာေတြ ေတာ္ေတာ္ မ်ားမ်ားေနရာမွာ သူတို႔ ဦးထားတာ ရွိပါ တယ္။ အဲဒါကလည္း ရွိပါတယ္” ဟု ၎က ဆက္ေျပာသည္။
ထိုသို႔ စစ္ေကာင္စီတပ္ဘက္က ပစ္ခတ္ခဲ့ေသာ္လည္း KIA ဘက္က ျပန္လည္ပစ္ခတ္ခဲ့ျခင္း မရွိသည့္အတြက္ အဆိုပါ ေနရာမ်ားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ျခင္းမရွိေသာ္လည္း ယမန္ေန႔ညက ျဖစ္ပြားခဲ့သည့္ ျမစ္ႀကီးနားၿမိဳ႕ အဝင္က စုေပါင္း ဂိတ္အနီးတြင္ ႏွစ္ဖက္ၾကား အျပန္အလွန္ပစ္ခတ္မႈမ်ား ရွိခဲ့သည္ဟု ေျပာသည္။
ဗိုလ္မႉးႀကီးေနာ္ဘူ က “က်ေနာ္တို႔ KIA တပ္စခန္းေတြ ရွိတဲ့ေနရာမွာ လက္နက္ႀကီးနဲ႔ လွမ္းပစ္တဲ့တာကိုေတာ့ က်ေနာ္တို႔လည္း တုန႔္ ျပန္ၿပီးေတာ့ ျပန္ပစ္တာကိုေတာ့ မရွိပါဘူး။ အဲမွာ တိုက္ပြဲျဖစ္တာကေတာ့ မရွိပါဘူး။ ဒါေပမယ့္ မိုင္းနား စုေပါင္း ဂိတ္မွာကေတာ့ KIA ဖက္ေန လာပစ္တဲ့ဟာ အျပန္အလွန္တိုက္ပြဲေတြ တိုက္ပြဲငယ္ ေလးေတြကေတာ့ ျဖစ္တာ ေပါ့။ အဲဒီေနာက္ပိုင္းမွာကေတာ့ KIA က ျပန္ဆုတ္သြားတယ္။ ဆုတ္သြားတဲ့ ေနာက္ ပိုင္းမွာ စစ္ေကာင္စီဖက္က ေတာ့ လက္နက္ငယ္ လက္နက္ႀကီးေတြနဲ႔ လာၿပီးမွ တိုက္ပြဲႀကီးပုံစံျဖစ္သြားတာေပါ့ အဲဒီေနရာမွာကေတာ့” ဟု ေျပာသည္။
မည္သည့္ကိစၥေၾကာင့္ အဆိုပါ စုေပါင္းဂိတ္ကို ေျမျပင္ရွိ KIA အဖြဲ႕ဝင္မ်ားက သြားေရာက္ တိုက္ခိုက္သည္ကို မသိရေသးဘူးဟု ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။
စစ္ေကာင္စီတပ္မ်ားက ျမစ္ႀကီးနားဘက္မွ ဝိုင္းေမာ္၊ ေဒါ့ဖုန္းယန္၊ မိုးေမာက္ စသည့္ေနရာမ်ားသို႔ စစ္အင္အား၊ လူအင္အားမ်ား ပို႔ေနသည့္ အတြက္ ျဖစ္ႏိုင္သည္ဟု ေဒသခံျပည္သူမ်ားက ခန႔္မွန္း ေျပာဆို ေန ၾကသည္။ မၾကာေသးမီက ေဒါ့ဖုန္းယန္အနီး စစ္သည္တင္ေဆာင္ေသာ စစ္ေကာင္စီတပ္ဖြဲ႕မွ ကားမ်ားကို KIA က ပစ္ခတ္တိုက္ခိုက္မႈမ်ား ျဖစ္ခဲ့သည္။
ျမစ္ႀကီးနားၿမိဳ႕အဝင္ စုေပါင္းဂိတ္အား ယမန္ေန႔ညက KIA က ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ ည ၉ နာရီခြဲအခ်ိန္ ခန႔္ထိ ၿမိဳ႕အႏွံ႔ ရဟတ္ယာဥ္မ်ား ပ်ံသန္းခဲ့သည့္အတြက္ ေဒသခံျပည္သူမ်ားက ေလယာဥ္ပ်ံမ်ားျဖင့္ ဗုံးႀကဲလာ မည္ကို စိုးရိမ္ၿပီး အနီးအနားဝန္းက်င္က ေဒသခံမ်ားမွာ ေနရာေျပာင္းေ႐ႊ႕အိပ္ခဲ့ၾကရသည္ဟု သိရသည္။