မြစ်ကြီးနား လုံခြုံရေး တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်။
ယမန်နေ့ ညက ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင် ဗလမင်းထင်တံတားအနီးက စုပေါင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှုများ တင်းကြပ်စွာလုပ်နေပြီး ဗလမင်းထင်တံတားအားလည်း နံနက် ၉ နာရီ ခန့်မှ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဗလမင်းထင်တံတားကို ယနေ့ နံနက်ပိုင်းက ပိတ်ထားခဲ့ပြီး၊ ခတ်ချို စက်လှေဂိတ်ကိုလည်း နံနက်ပိုင်းတွင် ပိတ် ထားသည်ဟု ဒေသခံများက ပြောသည်။
“ဟုတ်တယ် တံတားပိတ်လိုက်တယ်ဆိုတာက၊ မနက်ပိုင်းလုံးဝသွားခွင့်မပြုဘူး။ ၈ နာရီ ကျော်၊ ၉ နာရီလောက် မှ တံတားဖွင့် ပေးတယ်။ ဖွင့်တော့လည်း အဲ့ဒီမှာ စစ်သားတွေကြီးပဲ။ ဖြတ်တဲ့လူမှန်သမျှကို စစ်တယ်။ ဖုန်း စစ် တယ်၊ ဆိုင်ကယ် ဖွင့် ခိုင်းတယ်။ ကားတွေလည်း အကုန်စစ်တယ်။ လုံခြုံရေးအရ စစ်တယ်လို့ပဲ ပြေတယ်လေ။ စစ်တာက စစ် သားတွေပဲ စစ်တာဟုတ်တယ်။ အရင်နေ့တွေကလို ရဲတွေ၊ တခြား လဝကတို့ မော်တော်ပီကယ် တို့ မရှိတော့ဘူး။ စစ်သားတွေပဲ ရှိတယ်” ဟု ဝိုင်းမော် ဒေသခံတစ်ဦးက ပြောသည်။
မိုင်းနားက စျေးသည်တစ်ဦး က လည်း “စစ်နေတာကို သိတယ်လေနော်။ မသွားမလာပဲ နေလို့မှမရတာကိုး။ သွားရတာပဲ။ ကျနော်တို့ဆို စျေးရောင်း စျေးဝယ်လုပ်တဲ့လူတွေလေနော်။ မနက်ဆို အစောကြီး မြစ်ကြီးနားကို စျေးသွားရောင်းတယ်။ ပြီးရင် မြစ်ကြီး နားကနေ စျေးဝယ်ပြီးပြန်လာတယ်။ မသွားလို့မရတော့ ဖွင့်တဲ့ အချိန် သွားရတာပဲ။ ကြောက်ရင်လည်း သွားရ မှာပဲ။ ဒီနေ့ဆို စျေးတောင်သွားမရောင်းရတော့ဘူးလားလို့နော်၊ သွား လို့ရလိုက်လို့ တော်သေးတယ်။ ဒါပေမယ့် လည်း နောက်ကျတာပေါ့နော်” ဟု ပြောသည်။
ထို့အပြင် ယမန်နေ့က တိုက်ခိုက်ခံရမှုကြောင့် အဆိုပါ စုပေါင်းဂိတ်မှာ ရဲတပ်သား နှစ်ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း မိုင်းနား ဒေသခံတစ်ဦးက ပြောသည်။
“စစ်သားတော့ မဟုတ်ဘူးနော်။ အခုဒဏ်ရာ ရတာက ရဲပေါ့၊ အဲ့ဒီဂိတ်က ရဲတွေဟုတ်တယ်။ တချို့ကလည်း သုံး ယောက်လို့ပြောတယ်၊ တချို့ပြောတာလည်း နှစ်ယောက်ပေါ့ ဒဏ်ရာရတာက။ ကျနော်တို့ ဒီမနက် သွားကြည့် တော့ အဲ့ဒီဂိတ်ရဲ့ အရှေ့က ပုံမှန် စောင့်တွေ ထိုင်တဲ့နေရာတွေ အားလုံးပျက်စီးနေတာတော့ တွေ့တယ်။ ရဲတွေ ဘယ်သူမှ မရှိတော့ဘူး။ အစဆို အဲ့ဒီဂိတ်အနောက်မှာရှိတဲ့ စစ်တပ်စခန်းမှာ စစ်သားတွေလည်း ရှိတယ်။ သူတို့ မိသားစုဝင်တွေလည်း နည်းနည်းပါးပါးနေတာဟုတ်တယ်။ ရဲတွေလည်း ထိုင်တယ်။ အခုက မိသားစုဝင်တွေ လည်း ဘယ်သူမှ မရှိတော့ဘူး။ ရဲတွေလည်းမရှိတော့ဘူး။ ဝတ်စုံအပြည့်နဲ့ စစ်သားတွေပဲ ကျန်တယ်။”
လုံခြုံရေးအကြောင်းပြပြီး ဒေသခံပြည်သူများအား စစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီး အထူးသဖြင့် အမျိုးသား များအား တစ်ယောက်မျှအလွတ် မပေးပဲ စစ်ဆေးနေသည်ဟု ပြောသည်။
ဗလမင်းထင်တံတားသည် ပုံမှန်အားဖြင့် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုခြင်း ဖြစ် သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအတွင်းတွင်လည်း စစ်ကောင်စီတပ်များ ရောက် ရှိလာပြီး၊ ခတ်ချို စက်လှေဂိတ်ကိုလည်း ခေတ္တ ပိတ်ထားခဲ့သည်ဟု ဒေသခံများက အတည်ပြု ပြောသည်။
ပြီးခဲ့သည့် နှစ်ရက်လောက်ကလည်း ရဲနှင့် စစ်သားများက ဗလမင်းထင်တံတားတွင် ဖြတ်သန်းသွားလာသည့် ကားများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကားပေါ်တွင် ပါလာသူ အမျိုးသားများကိုလည်း တစ်ဦး မှတ်ပုံတင် များစစ်ခြင်း၊ ဖုန်းများကို စစ်ဆေးခြင်းနှင့် မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ည က ဖြစ်ပွားခဲ့သည့် မြစ်ကြီးနားမြို့အဝင် စုပေါင်းဂိတ်တိုက်ခိုက်ခံရပြီးနောက် ဝိုင်းမော်မြို့နှင့် မြစ်ကြီး နားမြို့ထဲတွင် ရဟတ်ယာဉ်များနှင် ည ၉ နာရီကျော်အထိ လှည့်ပတ်နေပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကနေ တင့်ကား၊ စစ်ကားများနှင့် ကျည်ကာကားများလည်း မြစ်ကြီးနားက ရပ်ကွက်အချို့ထဲတွင် ပတ်မောင်းနေ ပြီး နောက် ဗလမင်းထင်တံတားဘက်ကို မောင်းသွားသည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
ျမစ္ႀကီးနား လုံၿခဳံေရး တင္းၾကပ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၄ ရက္။
ယမန္ေန႔ ညက ျဖစ္ပြားခဲ့သည့္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕အဝင္ ဗလမင္းထင္တံတားအနီးက စုေပါင္းဂိတ္ တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေဆးမႈမ်ား တင္းၾကပ္စြာလုပ္ေနၿပီး ဗလမင္းထင္တံတားအားလည္း နံနက္ ၉ နာရီ ခန႔္မွ ျဖတ္သန္းသြားလာခြင့္ျပဳခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ဗလမင္းထင္တံတားကို ယေန႔ နံနက္ပိုင္းက ပိတ္ထားခဲ့ၿပီး၊ ခတ္ခ်ိဳ စက္ေလွဂိတ္ကိုလည္း နံနက္ပိုင္းတြင္ ပိတ္ ထားသည္ဟု ေဒသခံမ်ားက ေျပာသည္။
“ဟုတ္တယ္ တံတားပိတ္လိုက္တယ္ဆိုတာက၊ မနက္ပိုင္းလုံးဝသြားခြင့္မျပဳဘူး။ ၈ နာရီ ေက်ာ္၊ ၉ နာရီေလာက္ မွ တံတားဖြင့္ ေပးတယ္။ ဖြင့္ေတာ့လည္း အဲ့ဒီမွာ စစ္သားေတြႀကီးပဲ။ ျဖတ္တဲ့လူမွန္သမွ်ကို စစ္တယ္။ ဖုန္း စစ္ တယ္၊ ဆိုင္ကယ္ ဖြင့္ ခိုင္းတယ္။ ကားေတြလည္း အကုန္စစ္တယ္။ လုံၿခဳံေရးအရ စစ္တယ္လို႔ပဲ ေျပတယ္ေလ။ စစ္တာက စစ္ သားေတြပဲ စစ္တာဟုတ္တယ္။ အရင္ေန႔ေတြကလို ရဲေတြ၊ တျခား လဝကတို႔ ေမာ္ေတာ္ပီကယ္ တို႔ မရွိေတာ့ဘူး။ စစ္သားေတြပဲ ရွိတယ္” ဟု ဝိုင္းေမာ္ ေဒသခံတစ္ဦးက ေျပာသည္။
မိုင္းနားက ေစ်းသည္တစ္ဦး က လည္း “စစ္ေနတာကို သိတယ္ေလေနာ္။ မသြားမလာပဲ ေနလို႔မွမရတာကိုး။ သြားရတာပဲ။ က်ေနာ္တို႔ဆို ေစ်းေရာင္း ေစ်းဝယ္လုပ္တဲ့လူေတြေလေနာ္။ မနက္ဆို အေစာႀကီး ျမစ္ႀကီးနားကို ေစ်းသြားေရာင္းတယ္။ ၿပီးရင္ ျမစ္ႀကီး နားကေန ေစ်းဝယ္ၿပီးျပန္လာတယ္။ မသြားလို႔မရေတာ့ ဖြင့္တဲ့ အခ်ိန္ သြားရတာပဲ။ ေၾကာက္ရင္လည္း သြားရ မွာပဲ။ ဒီေန႔ဆို ေစ်းေတာင္သြားမေရာင္းရေတာ့ဘူးလားလို႔ေနာ္၊ သြား လို႔ရလိုက္လို႔ ေတာ္ေသးတယ္။ ဒါေပမယ့္ လည္း ေနာက္က်တာေပါ့ေနာ္” ဟု ေျပာသည္။
ထို႔အျပင္ ယမန္ေန႔က တိုက္ခိုက္ခံရမႈေၾကာင့္ အဆိုပါ စုေပါင္းဂိတ္မွာ ရဲတပ္သား ႏွစ္ဦးထက္မနည္း ထိခိုက္ ဒဏ္ရာ ရရွိခဲ့သည္ဟုလည္း မိုင္းနား ေဒသခံတစ္ဦးက ေျပာသည္။
“စစ္သားေတာ့ မဟုတ္ဘူးေနာ္။ အခုဒဏ္ရာ ရတာက ရဲေပါ့၊ အဲ့ဒီဂိတ္က ရဲေတြဟုတ္တယ္။ တခ်ိဳ႕ကလည္း သုံး ေယာက္လို႔ေျပာတယ္၊ တခ်ိဳ႕ေျပာတာလည္း ႏွစ္ေယာက္ေပါ့ ဒဏ္ရာရတာက။ က်ေနာ္တို႔ ဒီမနက္ သြားၾကည့္ ေတာ့ အဲ့ဒီဂိတ္ရဲ႕ အေရွ႕က ပုံမွန္ ေစာင့္ေတြ ထိုင္တဲ့ေနရာေတြ အားလုံးပ်က္စီးေနတာေတာ့ ေတြ႕တယ္။ ရဲေတြ ဘယ္သူမွ မရွိေတာ့ဘူး။ အစဆို အဲ့ဒီဂိတ္အေနာက္မွာရွိတဲ့ စစ္တပ္စခန္းမွာ စစ္သားေတြလည္း ရွိတယ္။ သူတို႔ မိသားစုဝင္ေတြလည္း နည္းနည္းပါးပါးေနတာဟုတ္တယ္။ ရဲေတြလည္း ထိုင္တယ္။ အခုက မိသားစုဝင္ေတြ လည္း ဘယ္သူမွ မရွိေတာ့ဘူး။ ရဲေတြလည္းမရွိေတာ့ဘူး။ ဝတ္စုံအျပည့္နဲ႔ စစ္သားေတြပဲ က်န္တယ္။”
လုံၿခဳံေရးအေၾကာင္းျပၿပီး ေဒသခံျပည္သူမ်ားအား စစ္ေဆးမႈမ်ားျပဳလုပ္လွ်က္ရွိၿပီး အထူးသျဖင့္ အမ်ိဳးသား မ်ားအား တစ္ေယာက္မွ်အလြတ္ မေပးပဲ စစ္ေဆးေနသည္ဟု ေျပာသည္။
ဗလမင္းထင္တံတားသည္ ပုံမွန္အားျဖင့္ နံနက္ ၅ နာရီမွ ည ၉ နာရီအထိ ျဖတ္သန္းသြားလာခြင့္ျပဳျခင္း ျဖစ္ သည္။
အလားတူ ယေန႔နံနက္ပိုင္းတြင္ ဝိုင္းေမာ္ၿမိဳ႕နယ္ ခတ္ခ်ိဳေက်း႐ြာအတြင္းတြင္လည္း စစ္ေကာင္စီတပ္မ်ား ေရာက္ ရွိလာၿပီး၊ ခတ္ခ်ိဳ စက္ေလွဂိတ္ကိုလည္း ေခတၱ ပိတ္ထားခဲ့သည္ဟု ေဒသခံမ်ားက အတည္ျပဳ ေျပာသည္။
ၿပီးခဲ့သည့္ ႏွစ္ရက္ေလာက္ကလည္း ရဲႏွင့္ စစ္သားမ်ားက ဗလမင္းထင္တံတားတြင္ ျဖတ္သန္းသြားလာသည့္ ကားမ်ားကို စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ကားေပၚတြင္ ပါလာသူ အမ်ိဳးသားမ်ားကိုလည္း တစ္ဦး မွတ္ပုံတင္ မ်ားစစ္ျခင္း၊ ဖုန္းမ်ားကို စစ္ေဆးျခင္းႏွင့္ ေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့သည္ဟု သိရသည္။
ယမန္ေန႔ည က ျဖစ္ပြားခဲ့သည့္ ျမစ္ႀကီးနားၿမိဳ႕အဝင္ စုေပါင္းဂိတ္တိုက္ခိုက္ခံရၿပီးေနာက္ ဝိုင္းေမာ္ၿမိဳ႕ႏွင့္ ျမစ္ႀကီး နားၿမိဳ႕ထဲတြင္ ရဟတ္ယာဥ္မ်ားႏွင္ ည ၉ နာရီေက်ာ္အထိ လွည့္ပတ္ေနၿပီး ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ကေန တင့္ကား၊ စစ္ကားမ်ားႏွင့္ က်ည္ကာကားမ်ားလည္း ျမစ္ႀကီးနားက ရပ္ကြက္အခ်ိဳ႕ထဲတြင္ ပတ္ေမာင္းေန ၿပီး ေနာက္ ဗလမင္းထင္တံတားဘက္ကို ေမာင္းသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။