ပြည်သူများ စစ်ရေး သတိရှိကြရန် KIO ပြောရေးဆိုခွင့်ရှိသူ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်။

မြို့ပြဒေသများအထိ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်သည့်အတွက် စစ်ရေး သတိရှိရန်နှင့် လုံခြုံရေး အတွက် ကြိုတင်ပြင်ဆင်ထားရန် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ကချင်ပြည် သူများအား သတိပေးပြော ဆိုလိုက်သည်။

KIO သတင်းနှင့်ပြန်ကြားရေး တာဝန်သူက ဗိုလ်မှူးကြီး နော်ဘူ က “ပြည်သူလူထုတွေလည်း အရင်နှစ်ထက် ပိုပြီးမှ စစ်ရေးအခြေအနေကို စောင့်ကြည့်ဖို့ စစ်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို နားစွင့်ဖို့ကတော့ လိုမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လို့ရှိရင်က ကိုယ့်မိသားစုအတွက် ကိုယ့်ကိုအ တွက် လုံခြုံရေးတွေလည်း အတတ်နိုင်ဆုံး ကျနော်တို့ အဆင်ပြေသလို လုပ်ထားဖို့တော့ လိုမယ်လို့ ကျနော်ပြော လိုပါတယ်” ဟုပြောသည်။

ဇွန်လ ၂၃ ရက် (ယမန်နေ့) ညက ဗလမင်းထင်တံတားရှိ စစ်ကောင်စီ၏ လုံခြုံရေး တပ်များအား ကချင် လွတ် လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် နေရာအနှံတွင် တိုက်ပွဲများ ဖြစ်ပွားလာနိုင် သည့် အခြေအနေများကြောင့် ပြည်သူများ စစ်ရေး သတိနှင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြောဆို လိုက်ခြင်းဖြစ်သည်။

“ခုအချိန်မှာကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင် ဖြုတ်ချရေးနဲ့ ပတ်သက်လို့ တော်လှန်ရေး လုပ်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာသာ မကပါဘူး။ မြို့ကြီးတွေ ပြကြီးတွေ ရန်ကုန် မန္တလေးမြို့ကအစ ပြည်သူလူထုတွေလည်း ဒီ စစ်အာဏာရှင် ဖြုတ်ချရေးမှာ တော်လှန်ရေး လုပ်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ ဆိုတော့ တိုက်ပွဲတွေကတော့ ကျနော်တို့ KIA မဖြစ်ရင်လည်း အခြား အဖွဲ့အစည်း တွေ PDF တို့ တစ်ခြား အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ အဲဒါနဲ့ ဖြစ်ပြီးမှ တိုက်ပွဲတွေလည်း ဖြစ်တတ်တာပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဗလမင်းထင် တံတား ဖက်သို့ တင့်ကားများ၊ စစ်ကားများဖြင့် စစ်ကူ သွားရောက်ခဲ့သကဲ့သို့ မြစ်ကြီးနားမြို့အနှံ လေယာဉ်ပျံဝဲမှုများ လည်းရှိသည်ဟု ဒေသခံများက ဆိုသည်။

ကချင်ပြည်နယ် အခြေစိုက် ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဋ္ဌ ဟောင်း ဦးကွမ်ဂေါင်အောင်ခမ်းက “မနေ့ညက အသံတွေကြား ပြီးတာနဲ့ လေယာဉ်တွေပျံဝဲ မီးတော့ပိတ်ပြီးမှ ပျံဝဲနေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ သူတို့ အနေနဲ့တော့ ဘာတွေကို ကြည့်နေသလဲတော့ မသိဘူး။ ဒါပေမယ့် လိုမျိုး နေမျိုးညမျိုး ဖြစ်နေတဲ့ဟာ မျိုး ကျတော့ ကျနော်တို့လည်း တကယ်ပဲ စိုးရိမ်တာပေါ့။ ကျနော်တစ်ယောက်တည်းတောင် မကပါဘူး ဒီမှာရှိနေတဲ့ ပြည်သူလူထုတွေ အကုန်လုံးတော့ စိုးရိမ်ကြမှာတော့ အမှန်ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးရှိ မြို့တော်တော်များများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများ ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်း များအကြား တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ် ရေးတပ် PDF တပ်များနှင့်လည်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်။

ထိုအနေအထားများကြောင့် ကချင်ပြည်နယ်ရှိ မြို့ကြီးပြကြီးများသို့ တိုက်ပွဲများ ကူးစက်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ဆက်ပြောသည်။

၎င်းက “အကုန်လုံး တစ်နိုင်ငံလုံးနဲ့ သုံးသပ်ရင်တော့ စစ်တွေကတော့ သူ့ဟာနဲ့သူတော့ ဖြစ်နေတယ် PDF တွေနဲ့ ဖြစ်နေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခြေအနေဟာမျိုးက တအားကြီး ဖြစ်မလား ဆိုတာမျိုး ကျတော့ ကျနော်တို့ မသိဘူး။ ဒါပေမယ့် အကုန်လုံးက ပြင်ဆင်ပြီး မှ လုပ်နေကြတယ် ဆိုတော့ စစ်ကတော့ ဖြစ်လာလိမ့်မယ်လို့ပဲ ကျနော်က ဒီလိုပဲ မြင်ပါတယ်။ ဒါကြောင့်လည်း ကျနော်အနေနဲ့တော့ စိုးရိမ်တယ်ဗျာ။ စိုးရိမ်တာတော့ အမှန်ပေါ့။ အခုအခြေအနေမျိုး ဆက်လက်ပြီးမှ ဖြစ်မယ်ဆိုရင်တော့ စိုးရိမ်မှုတော့ရှိတယ်။ အဲဒီအတိုင်းပဲ အခုဒီမှာ ကချင်ပြည်နယ်ထဲမှာလည်း ကြိုကြိုကြား ကြား စစ်တွေဖြစ်နေတော့ ဒီဟာတွေတော့ အများကြီး ကျနော်တို့ နိုင်ငံရေး သမားတွေ အနေနဲ့တော့ စိုးရိမ်မှုတော့ အများကြီး ရှိနေတယ်လို့တော့ ပြောလိုပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲများကြောင့် ပြည်သူများမှာ စစ်ဘေးလွတ်ရာ နေရာများသို့ ထွက် ပြေး တိမ်းရှောင်နေကြသည်။

တိုက်ပွဲများမှာလည်း တိုင်းရင်းသား ပြည်နယ်များရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ် သည့် ဒေသများတွင်သာမက တိုင်းဒေသအသီးသီးရှိ မြို့ကြီး ပြကြီး များတွင်ပါ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာ သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေး သတိရှိရန်နှင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ကို ပြုလုပ်ထားရန် လိုသည်ဟု KIO/KIA က ဆိုသည်။

*** ZAWGYI ***
ျပည္သူမ်ား စစ္ေရး သတိရွိၾကရန္ KIO ေျပာေရးဆိုခြင့္ရွိသူ ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၄ ရက္။

ၿမိဳ႕ျပေဒသမ်ားအထိ အခ်ိန္မေ႐ြး တိုက္ပြဲ ျဖစ္ပြားလာႏိုင္သည့္အတြက္ စစ္ေရး သတိရွိရန္ႏွင့္ လုံၿခဳံေရး အတြက္ ႀကိဳတင္ျပင္ဆင္ထားရန္ ကခ်င္လြတ္လပ္ေရး အဖြဲ႕ KIO ၏ သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံက ကခ်င္ျပည္ သူမ်ားအား သတိေပးေျပာ ဆိုလိုက္သည္။

KIO သတင္းႏွင့္ျပန္ၾကားေရး တာဝန္သူက ဗိုလ္မႉးႀကီး ေနာ္ဘူ က “ျပည္သူလူထုေတြလည္း အရင္ႏွစ္ထက္ ပိုၿပီးမွ စစ္ေရးအေျခအေနကို ေစာင့္ၾကည့္ဖို႔ စစ္ေရးနဲ႔ ပတ္သက္တဲ့ သတင္းေတြကို နားစြင့္ဖို႔ကေတာ့ လိုမယ္လို႔ က်ေနာ္ထင္ပါတယ္။ အဲဒါေၾကာင့္ အခ်ိန္မေ႐ြး တိုက္ပြဲေတြ ျဖစ္လို႔ရွိရင္က ကိုယ့္မိသားစုအတြက္ ကိုယ့္ကိုအ တြက္ လုံၿခဳံေရးေတြလည္း အတတ္ႏိုင္ဆုံး က်ေနာ္တို႔ အဆင္ေျပသလို လုပ္ထားဖို႔ေတာ့ လိုမယ္လို႔ က်ေနာ္ေျပာ လိုပါတယ္” ဟုေျပာသည္။

ဇြန္လ ၂၃ ရက္ (ယမန္ေန႔) ညက ဗလမင္းထင္တံတားရွိ စစ္ေကာင္စီ၏ လုံၿခဳံေရး တပ္မ်ားအား ကခ်င္ လြတ္ လပ္ေရးတပ္မေတာ္ KIA က ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ ေနရာအႏွံတြင္ တိုက္ပြဲမ်ား ျဖစ္ပြားလာႏိုင္ သည့္ အေျခအေနမ်ားေၾကာင့္ ျပည္သူမ်ား စစ္ေရး သတိႏွင့္ လုံၿခဳံေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားရန္ ေျပာဆို လိုက္ျခင္းျဖစ္သည္။

“ခုအခ်ိန္မွာကေတာ့ ျမန္မာႏိုင္ငံ တစ္ႏိုင္ငံလုံးမွာ စစ္အာဏာရွင္ ျဖဳတ္ခ်ေရးနဲ႔ ပတ္သက္လို႔ ေတာ္လွန္ေရး လုပ္ေနတဲ့ အခ်ိန္ကာလျဖစ္ပါတယ္။ က်ေနာ္တို႔ ကခ်င္ျပည္နယ္မွာသာ မကပါဘူး။ ၿမိဳ႕ႀကီးေတြ ျပႀကီးေတြ ရန္ကုန္ မႏၲေလးၿမိဳ႕ကအစ ျပည္သူလူထုေတြလည္း ဒီ စစ္အာဏာရွင္ ျဖဳတ္ခ်ေရးမွာ ေတာ္လွန္ေရး လုပ္ေနတဲ့ အခ်ိန္ကာလျဖစ္ေနတယ္။ ဆိုေတာ့ တိုက္ပြဲေတြကေတာ့ က်ေနာ္တို႔ KIA မျဖစ္ရင္လည္း အျခား အဖြဲ႕အစည္း ေတြ PDF တို႔ တစ္ျခား အဖြဲ႕အစည္းေတြ အမ်ားႀကီးရွိပါတယ္။ အဲဒါနဲ႔ ျဖစ္ၿပီးမွ တိုက္ပြဲေတြလည္း ျဖစ္တတ္ တာေပါ့” ဟု ဗိုလ္မႉးႀကီး ေနာ္ဘူက ေျပာသည္။

ယမန္ေန႔က ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအတြင္း စစ္ေကာင္စီဖက္မွ တိုက္ပြဲျဖစ္ပြားခဲ့သည့္ ဗလမင္းထင္ တံတား ဖက္သို႔ တင့္ကားမ်ား၊ စစ္ကားမ်ားျဖင့္ စစ္ကူ သြားေရာက္ခဲ့သကဲ့သို႔ ျမစ္ႀကီးနားၿမိဳ႕အႏွံ ေလယာဥ္ပ်ံဝဲမႈမ်ား လည္းရွိသည္ဟု ေဒသခံမ်ားက ဆိုသည္။

ကခ်င္ျပည္နယ္ အေျခစိုက္ ကခ်င္ဒီမိုကရက္တစ္ပါတီ KDP ဥကၠ႒ ေဟာင္း ဦးကြမ္ေဂါင္ေအာင္ခမ္းက “မေန႔ညက အသံေတြၾကား ၿပီးတာနဲ႔ ေလယာဥ္ေတြပ်ံဝဲ မီးေတာ့ပိတ္ၿပီးမွ ပ်ံဝဲေနတဲ့ သေဘာမ်ိဳး ျဖစ္ပါတယ္။ သူတို႔ အေနနဲ႔ေတာ့ ဘာေတြကို ၾကည့္ေနသလဲေတာ့ မသိဘူး။ ဒါေပမယ့္ လိုမ်ိဳး ေနမ်ိဳးညမ်ိဳး ျဖစ္ေနတဲ့ဟာ မ်ိဳး က်ေတာ့ က်ေနာ္တို႔လည္း တကယ္ပဲ စိုးရိမ္တာေပါ့။ က်ေနာ္တစ္ေယာက္တည္းေတာင္ မကပါဘူး ဒီမွာရွိေနတဲ့ ျပည္သူလူထုေတြ အကုန္လုံးေတာ့ စိုးရိမ္ၾကမွာေတာ့ အမွန္ျဖစ္ပါတယ္” ဟု ေျပာသည္။

လက္ရွိတြင္ တိုင္းႏွင့္ျပည္နယ္ ေဒသအသီးသီးရွိ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အ စည္းမ်ား ထိန္းခ်ဳပ္ထားသည့္ ေဒသမ်ားတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ တိုင္းရင္းသား လက္နက္ ကိုင္ အဖြဲ႕ အစည္း မ်ားအၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသကဲ့သို႔ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG က ဖြဲ႕စည္းထားသည့္ ျပည္သူ႔ ကာကြယ္ ေရးတပ္ PDF တပ္မ်ားႏွင့္လည္း စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနသည္။

ထိုအေနအထားမ်ားေၾကာင့္ ကခ်င္ျပည္နယ္ရွိ ၿမိဳ႕ႀကီးျပႀကီးမ်ားသို႔ တိုက္ပြဲမ်ား ကူးစက္ျဖစ္ပြားလာမည္ကို စိုးရိမ္ေၾကာင္း ဦးကြမ္ေဂါင္ေအာင္ခမ္းက ဆက္ေျပာသည္။

၎က “အကုန္လုံး တစ္ႏိုင္ငံလုံးနဲ႔ သုံးသပ္ရင္ေတာ့ စစ္ေတြကေတာ့ သူ႔ဟာနဲ႔သူေတာ့ ျဖစ္ေနတယ္ PDF ေတြနဲ႔ ျဖစ္ေနတဲ့ သေဘာမ်ိဳး ျဖစ္ပါတယ္။ ဒါေပမယ့္ အခုအေျခအေနဟာမ်ိဳးက တအားႀကီး ျဖစ္မလား ဆိုတာမ်ိဳး က်ေတာ့ က်ေနာ္တို႔ မသိဘူး။ ဒါေပမယ့္ အကုန္လုံးက ျပင္ဆင္ၿပီး မွ လုပ္ေနၾကတယ္ ဆိုေတာ့ စစ္ကေတာ့ ျဖစ္လာလိမ့္မယ္လို႔ပဲ က်ေနာ္က ဒီလိုပဲ ျမင္ပါတယ္။ ဒါေၾကာင့္လည္း က်ေနာ္အေနနဲ႔ေတာ့ စိုးရိမ္တယ္ဗ်ာ။ စိုးရိမ္တာေတာ့ အမွန္ေပါ့။ အခုအေျခအေနမ်ိဳး ဆက္လက္ၿပီးမွ ျဖစ္မယ္ဆိုရင္ေတာ့ စိုးရိမ္မႈေတာ့ရွိတယ္။ အဲဒီအတိုင္းပဲ အခုဒီမွာ ကခ်င္ျပည္နယ္ထဲမွာလည္း ႀကိဳႀကိဳၾကား ၾကား စစ္ေတြျဖစ္ေနေတာ့ ဒီဟာေတြေတာ့ အမ်ားႀကီး က်ေနာ္တို႔ ႏိုင္ငံေရး သမားေတြ အေနနဲ႔ေတာ့ စိုးရိမ္မႈေတာ့ အမ်ားႀကီး ရွိေနတယ္လို႔ေတာ့ ေျပာလိုပါတယ္” ဟုေျပာသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္ကာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံအႏွံ႔ တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားလာခဲ့ၿပီး တိုက္ပြဲမ်ားေၾကာင့္ ျပည္သူမ်ားမွာ စစ္ေဘးလြတ္ရာ ေနရာမ်ားသို႔ ထြက္ ေျပး တိမ္းေရွာင္ေနၾကသည္။

တိုက္ပြဲမ်ားမွာလည္း တိုင္းရင္းသား ျပည္နယ္မ်ားရွိ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ထိန္းခ်ဳပ္ သည့္ ေဒသမ်ားတြင္သာမက တိုင္းေဒသအသီးသီးရွိ ၿမိဳ႕ႀကီး ျပႀကီး မ်ားတြင္ပါ ဆက္တိုက္ဆိုသလို ျဖစ္ပြားလာ သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ စစ္ေရး သတိရွိရန္ႏွင့္ လုံၿခဳံေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ကို ျပဳလုပ္ထားရန္ လိုသည္ဟု KIO/KIA က ဆိုသည္။