စစ်ကောင်စီတပ်များ မြစ်ကြီးနားရှိ စစ်ရှောင်စခန်းကို ဝင်ရောက်စစ်ဆေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းတစ်ကို စစ်ကောင်စီတပ်များက ယနေ့ ညနေပိုင်းက ဝင်ရောက် စစ်ဆေးခဲ့သည်ဟု စစ်ရှောင်များက ပြောသည်။

မြစ်ကြီးနားမြို့၊ လယ်ကုန်း ရပ်ကွက်ရှိ၊ ဗက်လင်စစ်ရှောင်စခန်းအား ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့်မှ ည ၈ နာရီခွဲ အချိန်ခန့်အထိ စခန်းနေ လူဦးရေနှင့် နာမည်စာရင်းများ လာရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင်တစ်ဦး က “ဟုတ်တယ်၊ စစ်ရှောင်စခန်းကို ရဲတွေလာ၊ အခုနကပဲ ပြန်သွားတယ်။ ၅ နာရီလောက်က တည်းက ရောက်လာတယ်ဟုတ်တယ်။ ည ၈ နာရီကျော်လောက်မှ ပြန်သွားတယ်။ စစ်သားတွေက လူဦးရေ စာရင်းပေါ့လာစစ်တယ်။ အိမ်ထောင်စု စာရင်းထဲကလူနဲ့ စခန်းထဲမှာ နေတဲ့လူ အဲ့ဒါတွေ တစ်ခန်းပြီး တစ်ခန်း ဝင်စစ်တယ်” ဟု ပြောသည်။

အခြားစစ်ရှောင်တစ်ဦး က လည်း “အိမ်ထောင်စုစာရင်းပြောရမလား အဲ့ဒါကိုကြည့်ပြီး ဒီလူက ဘယ်သူလဲ၊ မရှိရင် သူဘယ်သွားလဲ၊ ဘယ်မှာလဲ အဲ့လိုမျိုးတွေ အကုန်လုံးဝင်စစ်တာဟုတ်တယ်။ စစ်သားက အယောက် ၂၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ဘယ်သူ့ကိုမှတော့ ဖမ်းသွားတာမျိုးတော့ မရှိဘူးနော်။ အဓိကတော့ လူစာရင်းလာစစ်တာပေါ့နော်” ဟု ပြောသည်။

စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာတွင်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ဆေးနေ သည်မှာ မှန်ကန်ကြောင်း၊ မည်သည့်ကိစ္စကြောင့် ယခုကဲ့သို့ လာရောက်စစ်ဆေးသည်ကိုတော့ မသိ ဟုသာ အတည်ပြုပြောသည်။

ဗက်လင်စစ်ရှောင်စခန်းသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် တည်ရှိသည်ဖြစ်သော်လည်း တည်နေရာ အားဖြင့်ဖော်ပြရမည်ဆိုပါက မြို့ပြင် ချောင်ကျသည့်နေရာတွင် တည်ရှိသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။

“ကျမတို့ စစ်ရှောင်စခန်းက ဟိုးဇီးလွန်ကို ကျော်၊ ကျားနှစ်ကောင်ရှိတဲ့ ဘုန်းကြီးကျောင်းတွေလည်းကျော်သွား၊ ရှမ်းရွာတွေထဲမှာ၊ ချောင်ထဲမှာပေါ့၊ ကြက်ခြံတွေ၊ ဝက်မွေးမြူရေးခြံတွေ အားလုံးကို ကျော်သွားရတယ်။ ချောင်အရမ်းကျတာဟုတ်တယ်။ သီးသန့်ကြီးလိုဖြစ်နေတာ။ လူတွေလည်း သိပ်မလာဘူးဟုတ်တယ်။ အဲ့ဒါ ဒီနေ့ စစ်သားတွေ ရောက်လာတော့ အကုန်လုံးလန့်သွားကြတာပဲ။ အကြာကြီး တစ်အိမ်ပြီးတစ်အိမ် အသေး စိတ်စစ်တယ်လေ။ ပြီးမှ ပြန်သွားကြတာ” ဗက်လင်စစ်ရှောင်စခန်းမှ စစ်ရှောင်အမျိုးသမီးတစ်ဦး က ပြော သည်။

အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၆၀ ကျော်၊ စစ်ရှောင်လူဦးရေ ၂၀၀ ကျော် ရှိသည့် စခန်းတစ်ခု ဖြစ် သည်။

မြစ်ကြီးနားမြို့ အဝင်ရှိ ဗလမင်းထင်တံတားအနီးက စုပေါင်းဂိတ်အား ဇွန်လ ၂၃ ရက်နေ့ညက ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဗလမင်းထင်တံတားအနီး လုံခြုံရေးများတင်းကြပ်ပြီး စစ် ဆေးမှုများ ပြုလုပ်လျှက်ရှိသလို ယနေ့ ညနေပိုင်းကလည်း ဗက်လင်စစ်ရှောင်စခန်းကို ဝင်ရောက် စစ်ဆေးခဲ့ ခြင်း ဖြစ်သည်။

*** ZAWGYI ***
စစ္ေကာင္စီတပ္မ်ား ျမစ္ႀကီးနားရွိ စစ္ေရွာင္စခန္းကို ဝင္ေရာက္စစ္ေဆး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၅ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ စစ္ေရွာင္စခန္းတစ္ကို စစ္ေကာင္စီတပ္မ်ားက ယေန႔ ညေနပိုင္းက ဝင္ေရာက္ စစ္ေဆးခဲ့သည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕၊ လယ္ကုန္း ရပ္ကြက္ရွိ၊ ဗက္လင္စစ္ေရွာင္စခန္းအား ဇြန္လ ၂၄ ရက္ေန႔ ညေနပိုင္း ၅ နာရီအခ်ိန္ခန႔္မွ ည ၈ နာရီခြဲ အခ်ိန္ခန႔္အထိ စခန္းေန လူဦးေရႏွင့္ နာမည္စာရင္းမ်ား လာေရာက္ စစ္ေဆးခဲ့ျခင္း ျဖစ္သည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

စစ္ေရွာင္တစ္ဦး က “ဟုတ္တယ္၊ စစ္ေရွာင္စခန္းကို ရဲေတြလာ၊ အခုနကပဲ ျပန္သြားတယ္။ ၅ နာရီေလာက္က တည္းက ေရာက္လာတယ္ဟုတ္တယ္။ ည ၈ နာရီေက်ာ္ေလာက္မွ ျပန္သြားတယ္။ စစ္သားေတြက လူဦးေရ စာရင္းေပါ့လာစစ္တယ္။ အိမ္ေထာင္စု စာရင္းထဲကလူနဲ႔ စခန္းထဲမွာ ေနတဲ့လူ အဲ့ဒါေတြ တစ္ခန္းၿပီး တစ္ခန္း ဝင္စစ္တယ္” ဟု ေျပာသည္။

အျခားစစ္ေရွာင္တစ္ဦး က လည္း “အိမ္ေထာင္စုစာရင္းေျပာရမလား အဲ့ဒါကိုၾကည့္ၿပီး ဒီလူက ဘယ္သူလဲ၊ မရွိရင္ သူဘယ္သြားလဲ၊ ဘယ္မွာလဲ အဲ့လိုမ်ိဳးေတြ အကုန္လုံးဝင္စစ္တာဟုတ္တယ္။ စစ္သားက အေယာက္ ၂၀ ေက်ာ္ေလာက္ေတာ့ ရွိမယ္ထင္တယ္။ ဘယ္သူ႔ကိုမွေတာ့ ဖမ္းသြားတာမ်ိဳးေတာ့ မရွိဘူးေနာ္။ အဓိကေတာ့ လူစာရင္းလာစစ္တာေပါ့ေနာ္” ဟု ေျပာသည္။

စစ္ေရွာင္စခန္း တာဝန္ရွိသူတစ္ဦးအား ဆက္သြယ္ရာတြင္လည္း စစ္ေကာင္စီတပ္မ်ား ဝင္ေရာက္စစ္ေဆးေန သည္မွာ မွန္ကန္ေၾကာင္း၊ မည္သည့္ကိစၥေၾကာင့္ ယခုကဲ့သို႔ လာေရာက္စစ္ေဆးသည္ကိုေတာ့ မသိ ဟုသာ အတည္ျပဳေျပာသည္။

ဗက္လင္စစ္ေရွာင္စခန္းသည္ ျမစ္ႀကီးနားၿမိဳ႕ လယ္ကုန္းရပ္ကြက္တြင္ တည္ရွိသည္ျဖစ္ေသာ္လည္း တည္ေနရာ အားျဖင့္ေဖာ္ျပရမည္ဆိုပါက ၿမိဳ႕ျပင္ ေခ်ာင္က်သည့္ေနရာတြင္ တည္ရွိသည့္ စစ္ေရွာင္စခန္းတစ္ခုျဖစ္သည္။

“က်မတို႔ စစ္ေရွာင္စခန္းက ဟိုးဇီးလြန္ကို ေက်ာ္၊ က်ားႏွစ္ေကာင္ရွိတဲ့ ဘုန္းႀကီးေက်ာင္းေတြလည္းေက်ာ္သြား၊ ရွမ္း႐ြာေတြထဲမွာ၊ ေခ်ာင္ထဲမွာေပါ့၊ ၾကက္ၿခံေတြ၊ ဝက္ေမြးျမဴေရးၿခံေတြ အားလုံးကို ေက်ာ္သြားရတယ္။ ေခ်ာင္အရမ္းက်တာဟုတ္တယ္။ သီးသန႔္ႀကီးလိုျဖစ္ေနတာ။ လူေတြလည္း သိပ္မလာဘူးဟုတ္တယ္။ အဲ့ဒါ ဒီေန႔ စစ္သားေတြ ေရာက္လာေတာ့ အကုန္လုံးလန႔္သြားၾကတာပဲ။ အၾကာႀကီး တစ္အိမ္ၿပီးတစ္အိမ္ အေသး စိတ္စစ္တယ္ေလ။ ၿပီးမွ ျပန္သြားၾကတာ” ဗက္လင္စစ္ေရွာင္စခန္းမွ စစ္ေရွာင္အမ်ိဳးသမီးတစ္ဦး က ေျပာ သည္။

အဆိုပါစစ္ေရွာင္စခန္းတြင္ အိမ္ေထာင္စု ၆၀ ေက်ာ္၊ စစ္ေရွာင္လူဦးေရ ၂၀၀ ေက်ာ္ ရွိသည့္ စခန္းတစ္ခု ျဖစ္ သည္။

ျမစ္ႀကီးနားၿမိဳ႕ အဝင္ရွိ ဗလမင္းထင္တံတားအနီးက စုေပါင္းဂိတ္အား ဇြန္လ ၂၃ ရက္ေန႔ညက ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ ဗလမင္းထင္တံတားအနီး လုံၿခဳံေရးမ်ားတင္းၾကပ္ၿပီး စစ္ ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိသလို ယေန႔ ညေနပိုင္းကလည္း ဗက္လင္စစ္ေရွာင္စခန္းကို ဝင္ေရာက္ စစ္ေဆးခဲ့ ျခင္း ျဖစ္သည္။