ဒုက္ခသည် စခန်းများသို့ လက်နက်ကြီး မပစ်ရန် တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
ကချင် စစ်ရှောင်စခန်းအတွင်း လက်နက်ကြီး ကျရောက်ခဲ့ပြီးနောက် စစ်ရှောင်စခန်းများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း မပြုရန် စစ်ကောင်စီတပ်အား စစ်ရှောင်များ က တောင်းဆိုလိုက်သည်။
ဇွန်လ ၂၃ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်က လိုင်စင်ဒေသအထက်ရှိ လူဦးရေ ၁၆၀၀ ကျော်ရှိသည့် မဂါးယာန် စစ်ရှောင်စခန်းထဲသို့ စစ်ကောင်စီ စစ်တပ်က ပစ်ခတ်လိုက်သည့်အပေါ် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ် သည်။
“ဗမာစစ်တပ်ကို ပြောချင်တာကတော့ လက်နက်ကိုင် အချင်းချင်းသာ တိုက်ခိုက်ကြပါ စစ်ရှောင်စခန်းတွေကို လက်နက်ကြီးတွေ ဗုံးတွေနဲ့ မပစ်ဘဲ မထိခိုက်အောင် သတိထားပေးကြပါလို့ ပြောချင်ပါတယ်” ဟု မဂါးယာန် စစ်ရှောင်စခန်းက စစ်ရှောင်တစ်ဦး က ပြောသည်။
ဇွန်လ ၂၃ ရက်နေ့က မြစ်ကြီးနားမြို့အဝင်ဂိတ် ဗလမင်းထင်တံထားထိပ်က စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် မဂါးယာန်စစ်ရှောင်စခန်းအပါအဝင်၊ လိုင်ဇာ၊ လိုင်စင်နှင့် မိုင်ဂျာယန်ဒေသများရှိ KIA ၏ အရေးပါသည့် တပ်စခန်းကုန်းအချို့အား စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
မဂါးယာန် စစ်ရှောင်စခန်းနေ ပြည်သူတစ်ဦးက “KIA ကိုပြောချင်တာကတော့ အခုလို သူတို့လက်နက်ကိုင်ပြီး တော်လှန် တိုက်ခိုက်နေရတယ်ဆိုတာက ကျမတို့အားလုံး လွတ်မြောက်ဖို့၊ လွတ်လပ်ရေးရဖို့ ကြိုးစားနေတယ် ဆိုတာကို နားလည်ပါတယ် စစ်ရှောင်စခန်းတွေကိုလည်း မပစ်ခတ်ဘူး ဆိုတာ ယုံကြည်ပါတယ်။ ဗမာစစ်တပ် ကို ပြောချင်တာကတော့ စစ်ရှောင်စခန်းတွေကို လက်နက်ကြီးတွေ ဗုံးတွေနဲ့ မပစ်ဘဲ မထိခိုက်အောင်လုပ်ပေးပါ” ဟု ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် အဆိုပါ လက်နက်ကြီးကျည်တစ်လုံးသည် စစ်ရှောင်စခန်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟု စစ်ရှောင်များက ပြော သည်။
“အဲဒီညက ကျတာကတော့ ကျနော်တို့က အိမ်အပေါ်ဘက်မှာ။ လက်နက်ကြီးသံ ကြားလိုက်တာနဲ့ အရမ်းကြောက်ပြီး ချက်ချင်း ကလေးထပိုး၊ အခြေအနေ ပိုဆိုးလာရင် ထွက်ပြေးဖို့ အဆင် သင့် ဖြစ်နေအောင်လို့ ကလေးပိုးပြီး ပြန်စောင့်ကြည့်နေလိုက်တယ်။ ဒါပေမယ့် နောက်ထပ် ပေါက်ကွဲသံ မကြားရတော့လို့ ဘယ်လောက်ဘဲ ကြောက်ကြောက် အိမ်ထဲမှာဘဲ နေနေလိုက်တယ်။ ဗုံးခိုကျင်းကို တွေးလိုက် မိသေးတယ်။ ဒါပေမယ့် ဗုံးခိုကျင်းကလည်း အခုတလော မိုးရွာလို့ ပြိုသွားတာဆိုတော့ ပိုကြောက်သွားတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
ထိုလက်နက်ကြီးကျည်သည် မဂါးယာန်စစ်ရှောင်စခန်းထဲ့ မိသားစု ၅ ဦး နေထိုင်သည့် နေအိမ်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျည်အပိုင်းအစများလည်း အနီးအနားလွှင့်စင်ခဲ့သည်ဟု သိရသည်။ သို့သော် ထိခိုက်ဒဏ်ရာ ရရှိ မှု မရှိခဲ့ပေ။
စစ်ရှောင်အချို့မှာ စခန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကြောက်လန့်ပြီး ဗုံးခိုကျင်းတွင် တစ်ညလုံး ပုန်းခိုကာ အိပ်ခဲ့သူများလည်း ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလကလည်း မဂါးယာန်စစ်ရှောင်စခန်း အထက်ရှိ ကုန်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ကျည်တစ်လုံးပစ်ခတ်ခဲ့ပြီး က ယခုအကြိမ် ကျရောက်ပေါက်ကွဲမှုမှာ ၂၀၂၁ ခုနစ် အတွင်း နှစ်ကြိမ်မြောက် ဖြစ် သည်။
မဂါးယာန် စစ်ရှောင်စခန်းသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ KIO ထိန်းချုပ်နယ်မြေဖြစ်သည့် တရုတ်-မြန်မာ နယ်စပ်တွင် ရှိသော ပါဂျောင်၊ မှတ်တိုင် ၆ စခန်း၊ ရှအစ်ယာန်၊ ဝေကြိုင်စခန်း တို့အနက် တစ်ခု ဖြစ်ပြီး အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ စုစုပေါင်း ၁၆၀၀ ကျော် ရှိသော စခန်းတစ်ခု ဖြစ်သည်။
*** ZAWGYI ***
ဒုကၡသည္ စခန္းမ်ားသို႔ လက္နက္ႀကီး မပစ္ရန္ ေတာင္းဆို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၅ ရက္။
ကခ်င္ စစ္ေရွာင္စခန္းအတြင္း လက္နက္ႀကီး က်ေရာက္ခဲ့ၿပီးေနာက္ စစ္ေရွာင္စခန္းမ်ားထဲသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္း မျပဳရန္ စစ္ေကာင္စီတပ္အား စစ္ေရွာင္မ်ား က ေတာင္းဆိုလိုက္သည္။
ဇြန္လ ၂၃ ရက္ေန႔ ည ၁၁ နာရီ အခ်ိန္ခန႔္က လိုင္စင္ေဒသအထက္ရွိ လူဦးေရ ၁၆၀၀ ေက်ာ္ရွိသည့္ မဂါးယာန္ စစ္ေရွာင္စခန္းထဲသို႔ စစ္ေကာင္စီ စစ္တပ္က ပစ္ခတ္လိုက္သည့္အေပၚ ယခုကဲ့သို႔ ေတာင္းဆိုလိုက္ျခင္း ျဖစ္ သည္။
“ဗမာစစ္တပ္ကို ေျပာခ်င္တာကေတာ့ လက္နက္ကိုင္ အခ်င္းခ်င္းသာ တိုက္ခိုက္ၾကပါ စစ္ေရွာင္စခန္းေတြကို လက္နက္ႀကီးေတြ ဗုံးေတြနဲ႔ မပစ္ဘဲ မထိခိုက္ေအာင္ သတိထားေပးၾကပါလို႔ ေျပာခ်င္ပါတယ္” ဟု မဂါးယာန္ စစ္ေရွာင္စခန္းက စစ္ေရွာင္တစ္ဦး က ေျပာသည္။
ဇြန္လ ၂၃ ရက္ေန႔က ျမစ္ႀကီးနားၿမိဳ႕အဝင္ဂိတ္ ဗလမင္းထင္တံထားထိပ္က စုေပါင္းဂိတ္ကို ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ မဂါးယာန္စစ္ေရွာင္စခန္းအပါအဝင္၊ လိုင္ဇာ၊ လိုင္စင္ႏွင့္ မိုင္ဂ်ာယန္ေဒသမ်ားရွိ KIA ၏ အေရးပါသည့္ တပ္စခန္းကုန္းအခ်ိဳ႕အား စစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ား ျဖင့္ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္။
မဂါးယာန္ စစ္ေရွာင္စခန္းေန ျပည္သူတစ္ဦးက “KIA ကိုေျပာခ်င္တာကေတာ့ အခုလို သူတို႔လက္နက္ကိုင္ၿပီး ေတာ္လွန္ တိုက္ခိုက္ေနရတယ္ဆိုတာက က်မတို႔အားလုံး လြတ္ေျမာက္ဖို႔၊ လြတ္လပ္ေရးရဖို႔ ႀကိဳးစားေနတယ္ ဆိုတာကို နားလည္ပါတယ္ စစ္ေရွာင္စခန္းေတြကိုလည္း မပစ္ခတ္ဘူး ဆိုတာ ယုံၾကည္ပါတယ္။ ဗမာစစ္တပ္ ကို ေျပာခ်င္တာကေတာ့ စစ္ေရွာင္စခန္းေတြကို လက္နက္ႀကီးေတြ ဗုံးေတြနဲ႔ မပစ္ဘဲ မထိခိုက္ေအာင္လုပ္ေပးပါ” ဟု ေျပာသည္။
အာဏာသိမ္းစစ္ေကာင္စီတပ္က ပစ္ခတ္လိုက္သည့္ အဆိုပါ လက္နက္ႀကီးက်ည္တစ္လုံးသည္ စစ္ေရွာင္စခန္း အတြင္း က်ေရာက္ေပါက္ကြဲခဲ့ျခင္းေၾကာင့္ စစ္ေရွာင္မ်ား စိုးရိမ္ထိတ္လန႔္ခဲ့ရသည္ဟု စစ္ေရွာင္မ်ားက ေျပာ သည္။
“အဲဒီညက က်တာကေတာ့ က်ေနာ္တို႔က အိမ္အေပၚဘက္မွာ။ လက္နက္ႀကီးသံ ၾကားလိုက္တာနဲ႔ အရမ္းေၾကာက္ၿပီး ခ်က္ခ်င္း ကေလးထပိုး၊ အေျခအေန ပိုဆိုးလာရင္ ထြက္ေျပးဖို႔ အဆင္ သင့္ ျဖစ္ေနေအာင္လို႔ ကေလးပိုးၿပီး ျပန္ေစာင့္ၾကည့္ေနလိုက္တယ္။ ဒါေပမယ့္ ေနာက္ထပ္ ေပါက္ကြဲသံ မၾကားရေတာ့လို႔ ဘယ္ေလာက္ဘဲ ေၾကာက္ေၾကာက္ အိမ္ထဲမွာဘဲ ေနေနလိုက္တယ္။ ဗုံးခိုက်င္းကို ေတြးလိုက္ မိေသးတယ္။ ဒါေပမယ့္ ဗုံးခိုက်င္းကလည္း အခုတေလာ မိုး႐ြာလို႔ ၿပိဳသြားတာဆိုေတာ့ ပိုေၾကာက္သြားတယ္” ဟု စစ္ေရွာင္တစ္ဦးက ေျပာသည္။
ထိုလက္နက္ႀကီးက်ည္သည္ မဂါးယာန္စစ္ေရွာင္စခန္းထဲ့ မိသားစု ၅ ဦး ေနထိုင္သည့္ ေနအိမ္အနီး က်ေရာက္ ေပါက္ကြဲခဲ့ၿပီး က်ည္အပိုင္းအစမ်ားလည္း အနီးအနားလႊင့္စင္ခဲ့သည္ဟု သိရသည္။ သို႔ေသာ္ ထိခိုက္ဒဏ္ရာ ရရွိ မႈ မရွိခဲ့ေပ။
စစ္ေရွာင္အခ်ိဳ႕မွာ စခန္းအတြင္း လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေၾကာက္လန႔္ၿပီး ဗုံးခိုက်င္းတြင္ တစ္ညလုံး ပုန္းခိုကာ အိပ္ခဲ့သူမ်ားလည္း ရွိသည္ဟု သိရသည္။
ၿပီးခဲ့သည့္ ဧၿပီလကလည္း မဂါးယာန္စစ္ေရွာင္စခန္း အထက္ရွိ ကုန္းတြင္ စစ္ေကာင္စီတပ္က လက္နက္ႀကီး က်ည္တစ္လုံးပစ္ခတ္ခဲ့ၿပီး က ယခုအႀကိမ္ က်ေရာက္ေပါက္ကြဲမႈမွာ ၂၀၂၁ ခုနစ္ အတြင္း ႏွစ္ႀကိမ္ေျမာက္ ျဖစ္ သည္။
မဂါးယာန္ စစ္ေရွာင္စခန္းသည္ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ KIO ထိန္းခ်ဳပ္နယ္ေျမျဖစ္သည့္ တ႐ုတ္-ျမန္မာ နယ္စပ္တြင္ ရွိေသာ ပါေဂ်ာင္၊ မွတ္တိုင္ ၆ စခန္း၊ ရွအစ္ယာန္၊ ေဝႀကိဳင္စခန္း တို႔အနက္ တစ္ခု ျဖစ္ၿပီး အိမ္ေထာင္စု ၄၀၀ ေက်ာ္၊ လူဦးေရ စုစုေပါင္း ၁၆၀၀ ေက်ာ္ ရွိေသာ စခန္းတစ္ခု ျဖစ္သည္။