မင်းဝံတောင်ကြောတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ် ဒေသများတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

တိုက်ပွဲမှာ ထီးချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ် အစပ်၌ ရှိသော မင်းဝံတောင်ကြောပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၂၆ ရက်နေ့က နေ့ခင်းပိုင်းက ကျောက်အိုက်တောင်နှင့် မော်ကွန်းတောင်တို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကျနော်တို့က ပြောက်ကြားတွေဆိုတော့ လက်ဦးမှုရှိရှိ ပစ် တယ်။ ပြေးတယ်။ အဲ့တော့ ဘေးကင်းတယ်ပေါ့ဗျာ“ ဟု ပြောသည်။

ကားလမ်းအတိုင်း တက်လာသည့် စစ်ကား၃ စီးကို ဒေသခံ PDF တပ်များက ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၁၀ မိနစ်ကျော်ခန့် ကြာဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း PDF တပ်များဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း ပြောဆိုခဲ့သော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များ ပါဝင်ခြင်း ရှိမရှိကိုမူ အဆိုပါ ဒေသခံ PDF အဖွဲ့ဝင် က ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

ဒေသခံအချို့၏ အဆိုရ အရာရှိ တစ်ချို့အပါအဝင် စစ်ကောင်စီဘက်မှ အယောက်၂၀ခန့် ဒဏ်ရာရှိခဲ့ပြီး ကော လင်းဆေးရုံနှင့် ဝန်သိုဆေးရုံများသို့ သယ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များ၏ အကျအဆုံးကို အတည်ပြုရန် ကြိုးစားနေကြောင်း ထီးချိုင့် PDF အဖွဲ့ဝင်တစ်ဦး က ပြော သည်။

*** ZAWGYI ***
မင္းဝံေတာင္ေၾကာတြင္ PDF ႏွင့္ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲျဖစ္။

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၈ ရက္။

စစ္ကိုင္းတိုင္းႏွင့္ ကခ်င္ျပည္နယ္ အစပ္ ေဒသမ်ားတြင္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီ တပ္ဖြဲ႕တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ရာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ထိခိုက္ဒဏ္ရာရမႈမ်ား ရွိခဲ့သည္။

တိုက္ပြဲမွာ ထီးခ်ိဳင့္ၿမိဳ႕နယ္ႏွင့္ အင္းေတာ္ၿမိဳ႕နယ္ အစပ္၌ ရွိေသာ မင္းဝံေတာင္ေၾကာေပၚတြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ဇြန္လ ၂၆ ရက္ေန႔က ေန႔ခင္းပိုင္းက ေက်ာက္အိုက္ေတာင္ႏွင့္ ေမာ္ကြန္းေတာင္တို႔အနီးတြင္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း PDF တပ္ဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

“က်ေနာ္တို႔က ေျပာက္ၾကားေတြဆိုေတာ့ လက္ဦးမႈရွိရွိ ပစ္ တယ္။ ေျပးတယ္။ အဲ့ေတာ့ ေဘးကင္းတယ္ေပါ့ဗ်ာ“ ဟု ေျပာသည္။

ကားလမ္းအတိုင္း တက္လာသည့္ စစ္ကား၃ စီးကို ေဒသခံ PDF တပ္မ်ားက ဆီးႀကိဳတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး တိုက္ပြဲမွာ ၁၀ မိနစ္ေက်ာ္ခန႔္ ၾကာျဖစ္ပြားခဲ့သည္။

တိုက္ပြဲအတြင္း PDF တပ္မ်ားဘက္က ထိခိုက္က်ဆုံးမႈမရွိေၾကာင္း ေျပာဆိုခဲ့ေသာ္လည္း ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တပ္ဖြဲ႕မ်ား ပါဝင္ျခင္း ရွိမရွိကိုမူ အဆိုပါ ေဒသခံ PDF အဖြဲ႕ဝင္ က ေျဖဆိုရန္ ျငင္းပယ္ခဲ့သည္။

ေဒသခံအခ်ိဳ႕၏ အဆိုရ အရာရွိ တစ္ခ်ိဳ႕အပါအဝင္ စစ္ေကာင္စီဘက္မွ အေယာက္၂၀ခန႔္ ဒဏ္ရာရွိခဲ့ၿပီး ေကာ လင္းေဆး႐ုံႏွင့္ ဝန္သိုေဆး႐ုံမ်ားသို႔ သယ္ေဆာင္သြားေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္မ်ား၏ အက်အဆုံးကို အတည္ျပဳရန္ ႀကိဳးစားေနေၾကာင္း ထီးခ်ိဳင့္ PDF အဖြဲ႕ဝင္တစ္ဦး က ေျပာ သည္။