ကသာတွင် KIA နှင့် တပ်မတော်အကြား တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များအကြား နှစ်ရက်အတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်လက်နက် ပစ္စည်းများ နှင့် ရိက္ခာများတင်ဆောင်ပြီး ကသာဆိပ်ကမ်းမှထွက်ခွါသွားသည့် ပင်လုံသင်္ဘောကို မိုးဒါကျေးရွာအနီးတွင် KIA က လက်နက်ကြီးဖြင့် ပစ်လိုက်ပြီးနောက် သင်္ဘောမီးပေါ်တွင် မီးတောက်ကြီးများတွေ့ခဲ့ရသည်ဟု ဒေသခံများက အတည်ပြုပြော ကြားသည်။

ဒေသခံများ အဆိုအရ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် မိုးဒါလေး အထက်ဆိပ်သာ ဘုရားအနီး နတ်သမီးမှော်တွင် သင်္ဘော ဆိုက်ကပ်ပြီး ဆင်ကုန်းတိုင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်များ တက်သွားခဲ့သည်။

ပင်လုံသင်္ဘော ဆက်လက်ဆန်တက်ရာ ညနေ ၅နာရီခန့်တွင် ရွှေကူတွင် ထပ်မံပစ်ခတ်ခံရကြောင်း စုံစမ်း သိရသည်။

ပြီးခဲ့သည့် ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိုးဒါးကြီးကျေးရွာအရှေ့ဘက် ဆင်ကူးရွာအနီး မိုးပင်မြို့လမ်းဆုံနှင့် ရွှေကျောင်းကုန်း အနီးတွင်လည်း နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ် တိုက်ခိုက်ကြသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

KIA နှင့် PDFတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့၊ နန်စီပွန် ကျောက်စိမ်းမှော်ဒေသရှိ စစ်ကောင်စီ တပ်စခန်း အချို့အား ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ကသာခရိုင် အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းဖြစ်သည်။

*** ZAWGYI ***
ကသာတြင္ KIA ႏွင့္ တပ္မေတာ္အၾကား တိုက္ပြဲ ခပ္စိပ္စိပ္ ျဖစ္ပြား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၈ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕နယ္တြင္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တပ္ဖြဲ႕မ်ားအၾကား ႏွစ္ရက္အတြင္း တိုက္ပြဲ ငါးႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ဇြန္လ ၂၆ ရက္ေန႔ မြန္းလြဲ ၁ နာရီ အခ်ိန္ခန႔္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ စစ္လက္နက္ ပစၥည္းမ်ား ႏွင့္ ရိကၡာမ်ားတင္ေဆာင္ၿပီး ကသာဆိပ္ကမ္းမွထြက္ခြါသြားသည့္ ပင္လုံသေဘၤာကို မိုးဒါေက်း႐ြာအနီးတြင္ KIA က လက္နက္ႀကီးျဖင့္ ပစ္လိုက္ၿပီးေနာက္ သေဘၤာမီးေပၚတြင္ မီးေတာက္ႀကီးမ်ားေတြ႕ခဲ့ရသည္ဟု ေဒသခံမ်ားက အတည္ျပဳေျပာ ၾကားသည္။

ေဒသခံမ်ား အဆိုအရ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ မိုးဒါေလး အထက္ဆိပ္သာ ဘုရားအနီး နတ္သမီးေမွာ္တြင္ သေဘၤာ ဆိုက္ကပ္ၿပီး ဆင္ကုန္းတိုင္ေက်း႐ြာဘက္သို႔ စစ္ေကာင္စီတပ္မ်ား တက္သြားခဲ့သည္။

ပင္လုံသေဘၤာ ဆက္လက္ဆန္တက္ရာ ညေန ၅နာရီခန႔္တြင္ ေ႐ႊကူတြင္ ထပ္မံပစ္ခတ္ခံရေၾကာင္း စုံစမ္း သိရသည္။

ၿပီးခဲ့သည့္ ၂၄ ရက္ေန႔ နံနက္ ၉ နာရီခန႔္တြင္ မိုးဒါးႀကီးေက်း႐ြာအေရွ႕ဘက္ ဆင္ကူး႐ြာအနီး မိုးပင္ၿမိဳ႕လမ္းဆုံႏွင့္ ေ႐ႊေက်ာင္းကုန္း အနီးတြင္လည္း ႏွစ္ဖက္ၾကား တိုက္ပြဲျပင္းထန္ခဲ့ၿပီး လက္နက္ႀကီး လက္နက္ငယ္မ်ား ပစ္ခတ္ တိုက္ခိုက္ၾကသျဖင့္ ေဒသခံျပည္သူမ်ား ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

KIA ႏွင့္ PDFတို႔ ပူးေပါင္းၿပီး စစ္ေကာင္စီတပ္မ်ားကို တိုက္ခိုက္ရာ ဇြန္လ ၂၄ ရက္ေန႔ တစ္ရက္တည္းတြင္ တိုက္ပြဲ ၃ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္မွ ၂ ဦး ေသဆုံးၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့ ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေမလ ၂၂ ရက္ေန႔ကလည္း ခ်င္းတြင္းျမစ္အထက္ပိုင္း ခႏၲီးၿမိဳ႕၊ နန္စီပြန္ ေက်ာက္စိမ္းေမွာ္ေဒသရွိ စစ္ေကာင္စီ တပ္စခန္း အခ်ိဳ႕အား ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ေနာက္ပိုင္း ကသာခ႐ိုင္ အပါအဝင္ စစ္ကိုင္းတိုင္း အထက္ပိုင္းတြင္ တိုက္ပြဲမ်ား ခပ္စိပ္စိပ္ ျဖစ္ပြားလာျခင္းျဖစ္သည္။