ပြည်သူများ စစ်ရေး သတိရှိကြရန် KIO ပြောရေးဆိုခွင့်ရှိသူ ပြော
မြို့ပြဒေသများအထိ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်သည့်အတွက် စစ်ရေး သတိရှိရန်နှင့် လုံခြုံရေး အတွက် ကြိုတင်ပြင်ဆင်ထားရန် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ကချင်ပြည် သူများအား သတိပေးပြော ဆိုလိုက်သည်။