မင်းတုန်းမြို့ တွင် COVID-19 ကူးစက်သူများ လာသဖြင့် စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်။

မကွေးတိုင်း၊ မင်းတုန်းမြို့တွင် နှစ်ရက် အတွင်း COVID-19 ပိုးတွေ့လူနာ ၁၉ ဦး အထိ ရှိလာသည့် အတွက် မြို့နေပြည်သူများ ကူးစက်မှုများ ပိုများလာမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

ဇွန် ၂၇ ရက်နေ့ အထိ ၁၁ ဦး တွေ့ရှိခဲ့ပြီးနောက်၊ ယနေ့ ဇွန် ၂၈ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၁၀ နာရီ အချိန်တွင် ဆေးရုံဝန်းထဲမှ ထိစပ်မှုရှိသူများကို ရောဂါပိုးရှိ မရှိ စစ်ဆေးရာ နောက်ထပ် ၈ ဦး ထပ်မံတွေ့ရှိရသည် ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဝန်တမ်းတဦးက အတည်ပြု ပြောသည်။

သရက်ခရိုင်တွင်ပါဝင်သော မင်းတုန်းမြို့ ကိုဗစ်ရောဂါ ကူးစက်သူများထဲတွင် ၈ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် တတိယတန်း ကျောင်းသူ တစ်ဦး တို့ ပါဝင်ပြီး စည်ပင်သာယာဈေး အနီးက အမှတ် ၄ ရပ်ကွက် တွင် ကူးစက်မှုအများဆုံးဖြစ်နေကြောင်း စုံစမ်း သိရှိ ရသည်။

ကျန်းမာရေးဝန်ထမ်းများကို အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး အိန္ဒိယဆေးသည် ၇၅ ရာခိုင်နှုန်း နှင့် ၉၀ ရာခိုင်နှုန်းခန့်သာ အကာအကွယ်ပေးနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦး က ပြောသည်။ လက်ရှိ ကိုဗစ်ဖြစ်ပွားမှု ထိန်းချုပ်ရန် ဝန်ထမ်းအခက်အခဲရှိနေသည်ဟု လည်း ပြောသည်။

”ပထမလှိုင်းကတည်းက သေလူလို့ သတ်မှတ်ထားကြတော့ ကြောက်စိတ်တော့နည်းသွားတာပေါ့ ဝန်ထမ်း တွေ က CDM အလုပ်မဝင်တာများတယ်လေ” ဟု ၎င်းကဆိုသည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းအချိန်တုန်းက လူမှုကူညီရေးအသင်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ် ချုပ်ရေးမှူးများ၏ စုပေါင်းအားကြောင့် ကူးစက်မှု အနည်းငယ်သာရှိခဲ့ပြီး အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း ယခုတတိယလှိုင်း ဟု ဆိုနိုင်သည့် လက်ရှိအခြေအနေသည် စစချင်းမှာပင် ကူးစက်နှုန်းများမြှင့်နေသည့်အတွက် မထိန်းချုပ်နိုင်မှာကို စိုးရိမ်နေကြကြောင်း မြို့ခံများပြောသည်။

ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေသည့် အခြားတစ်ဖက်တွင် စစ်ကောင်စီတပ်များက ညဘက်မှာ သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများ ရှိနေသည့်အတွက် မြို့နေလူထုများက ကိုဗစ် တတိယလှိုင်းကို စိုးရိမ်နေကြ သည့်အပြင် ထိုပစ်ခတ်မှုများကြောင့်လည်း စိုးရိမ်ထိတ်လန့်မှုနှင့် စိတ်ဖိစီးမှုများကို ခံစားနေကြောင်း ဒေသခံများက ပြောသည်။

CDM ဝန်ထမ်းအချို့သာရှိပြီး PDF မရှိသည့် မင်းတုန်းမြို့တွင် လုံခြုံရေးအတွက်ဟု ဆိုကာ သရက်မြို့၊ ကာကွယ် ရေးပစ္စည်းစက်ရုံ – ကပစ မှ လာရောက်လုံခြုံရေးယူထားသည့် စစ်သားများက ပြီးခဲ့သည့် လေးရက်ခန့် က စတင် ပြီး အမှတ် ၁ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်တို့တွင် အကြောင်းမဲ့ သေနတ်ပစ်ဖောက် ခြောက်လှန့်မှုများ ပြုလုပ် နေကြောင်း ပြည်သူများ စိုးရိမ်နေရသည် ဆိုသည်။

”ကိုဗစ်က တစ်မှောက်၊ စကစ က တစ်မျိုး၊ ဘာမဟုတ်ညာမဟုတ် ညဘက်တွေမှာ သေနတ်ဖောက် ခြောက်လှန့် နေတယ်။ စိတ်ပျက်စရာ” ဟု သေနတ်သံကြောင့် သောကရောက်နေရသူ မြို့ခံတစ်ဦး က ပြောသည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကာလတွင် မင်းတုန်းမြို့ ၌ ကူးစက်ခံရမှုမှာ စုစုပေါင်း ၁၂ ဦး ခန့်သာရှိခဲ့ပြီး ယခု တစ် ကြိမ်ကူးစက်မှုသည် ၄၈ နာရီ အတွင်း ၁၉ ဦး တွေ့ရှိပြီးနောက် ကိုဗစ်စစ်ဆေးရေးရာတွင် အသုံးပြုသည့် စမ်းသပ် ကရိယာများ မလုံလောက်မှု ဖြစ်လာမှာကို ကျန်းမာရေးဝန်ထမ်းများက စိုးရိမ်နေကြကြောင်း သိရသည်။

မင်းတုန်းမြို့သည် ပုသိမ်-မုံရွာ ကားလမ်းကြီး၏ အနောက်ဘက် ၄ မိုင် ၆ ဖာလုံ ခန့် ဝင်ရသည့် အနောက်ရိုးမ တောင်ရိပ်မှာ တည်ရှိပြီး ပြီးခဲ့သည့် သန်းခေါင်စာရင်းအရ လူဦးရေ ၈ သောင်း ကျော်၊ ကျေးရွာအုပ်စု ၇၆ အုပ်စု ရှိသည်။

*** ZAWGYI ***
မင္းတုန္းၿမိဳ႕ တြင္ COVID-19 ကူးစက္သူမ်ား လာသျဖင့္ စိုးရိမ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၈ ရက္။

မေကြးတိုင္း၊ မင္းတုန္းၿမိဳ႕တြင္ ႏွစ္ရက္ အတြင္း COVID-19 ပိုးေတြ႕လူနာ ၁၉ ဦး အထိ ရွိလာသည့္ အတြက္ ၿမိဳ႕ေနျပည္သူမ်ား ကူးစက္မႈမ်ား ပိုမ်ားလာမည္ကို စိုးရိမ္ထိတ္လန႔္ေနၾကသည္။

ဇြန္ ၂၇ ရက္ေန႔ အထိ ၁၁ ဦး ေတြ႕ရွိခဲ့ၿပီးေနာက္၊ ယေန႔ ဇြန္ ၂၈ ရက္ေန႔ (ယေန႔) နံနက္ပိုင္း ၁၀ နာရီ အခ်ိန္တြင္ ေဆး႐ုံဝန္းထဲမွ ထိစပ္မႈရွိသူမ်ားကို ေရာဂါပိုးရွိ မရွိ စစ္ေဆးရာ ေနာက္ထပ္ ၈ ဦး ထပ္မံေတြ႕ရွိရသည္ ဟု အမည္မေဖာ္လိုသည့္ က်န္းမာေရးဝန္တမ္းတဦးက အတည္ျပဳ ေျပာသည္။

သရက္ခ႐ိုင္တြင္ပါဝင္ေသာ မင္းတုန္းၿမိဳ႕ ကိုဗစ္ေရာဂါ ကူးစက္သူမ်ားထဲတြင္ ၈ လသားအ႐ြယ္ ကေလးငယ္တစ္ဦးႏွင့္ တတိယတန္း ေက်ာင္းသူ တစ္ဦး တို႔ ပါဝင္ၿပီး စည္ပင္သာယာေဈး အနီးက အမွတ္ ၄ ရပ္ကြက္ တြင္ ကူးစက္မႈအမ်ားဆုံးျဖစ္ေနေၾကာင္း စုံစမ္း သိရွိ ရသည္။

က်န္းမာေရးဝန္ထမ္းမ်ားကို အိႏၵိယႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးထိုးေပးၿပီး အိႏၵိယေဆးသည္ ၇၅ ရာခိုင္ႏႈန္း ႏွင့္ ၉၀ ရာခိုင္ႏႈန္းခန႔္သာ အကာအကြယ္ေပးႏိုင္ေၾကာင္း က်န္းမာေရးဝန္ထမ္းတစ္ဦး က ေျပာသည္။ လက္ရွိ ကိုဗစ္ျဖစ္ပြားမႈ ထိန္းခ်ဳပ္ရန္ ဝန္ထမ္းအခက္အခဲရွိေနသည္ဟု လည္း ေျပာသည္။

”ပထမလႈိင္းကတည္းက ေသလူလို႔ သတ္မွတ္ထားၾကေတာ့ ေၾကာက္စိတ္ေတာ့နည္းသြားတာေပါ့ ဝန္ထမ္း ေတြ က CDM အလုပ္မဝင္တာမ်ားတယ္ေလ” ဟု ၎ကဆိုသည္။

ပထမလႈိင္းႏွင့္ ဒုတိယလႈိင္းအခ်ိန္တုန္းက လူမႈကူညီေရးအသင္းမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၊ ေက်း႐ြာအုပ္ ခ်ဳပ္ေရးမႉးမ်ား၏ စုေပါင္းအားေၾကာင့္ ကူးစက္မႈ အနည္းငယ္သာရွိခဲ့ၿပီး ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္း ယခုတတိယလႈိင္း ဟု ဆိုႏိုင္သည့္ လက္ရွိအေျခအေနသည္ စစခ်င္းမွာပင္ ကူးစက္ႏႈန္းမ်ားျမႇင့္ေနသည့္အတြက္ မထိန္းခ်ဳပ္ႏိုင္မွာကို စိုးရိမ္ေနၾကေၾကာင္း ၿမိဳ႕ခံမ်ားေျပာသည္။

ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္တက္ေနသည့္ အျခားတစ္ဖက္တြင္ စစ္ေကာင္စီတပ္မ်ားက ညဘက္မွာ ေသနတ္ျဖင့္ အေၾကာင္းမဲ့ ပစ္ခတ္မႈမ်ား ရွိေနသည့္အတြက္ ၿမိဳ႕ေနလူထုမ်ားက ကိုဗစ္ တတိယလႈိင္းကို စိုးရိမ္ေနၾက သည့္အျပင္ ထိုပစ္ခတ္မႈမ်ားေၾကာင့္လည္း စိုးရိမ္ထိတ္လန႔္မႈႏွင့္ စိတ္ဖိစီးမႈမ်ားကို ခံစားေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

CDM ဝန္ထမ္းအခ်ိဳ႕သာရွိၿပီး PDF မရွိသည့္ မင္းတုန္းၿမိဳ႕တြင္ လုံၿခဳံေရးအတြက္ဟု ဆိုကာ သရက္ၿမိဳ႕၊ ကာကြယ္ ေရးပစၥည္းစက္႐ုံ – ကပစ မွ လာေရာက္လုံၿခဳံေရးယူထားသည့္ စစ္သားမ်ားက ၿပီးခဲ့သည့္ ေလးရက္ခန႔္ က စတင္ ၿပီး အမွတ္ ၁ ရပ္ကြက္၊ အမွတ္ ၄ ရပ္ကြက္တို႔တြင္ အေၾကာင္းမဲ့ ေသနတ္ပစ္ေဖာက္ ေျခာက္လွန႔္မႈမ်ား ျပဳလုပ္ ေနေၾကာင္း ျပည္သူမ်ား စိုးရိမ္ေနရသည္ ဆိုသည္။

”ကိုဗစ္က တစ္ေမွာက္၊ စကစ က တစ္မ်ိဳး၊ ဘာမဟုတ္ညာမဟုတ္ ညဘက္ေတြမွာ ေသနတ္ေဖာက္ ေျခာက္လွန႔္ ေနတယ္။ စိတ္ပ်က္စရာ” ဟု ေသနတ္သံေၾကာင့္ ေသာကေရာက္ေနရသူ ၿမိဳ႕ခံတစ္ဦး က ေျပာသည္။

ပထမလႈိင္းႏွင့္ ဒုတိယလႈိင္း ကာလတြင္ မင္းတုန္းၿမိဳ႕ ၌ ကူးစက္ခံရမႈမွာ စုစုေပါင္း ၁၂ ဦး ခန႔္သာရွိခဲ့ၿပီး ယခု တစ္ ႀကိမ္ကူးစက္မႈသည္ ၄၈ နာရီ အတြင္း ၁၉ ဦး ေတြ႕ရွိၿပီးေနာက္ ကိုဗစ္စစ္ေဆးေရးရာတြင္ အသုံးျပဳသည့္ စမ္းသပ္ ကရိယာမ်ား မလုံေလာက္မႈ ျဖစ္လာမွာကို က်န္းမာေရးဝန္ထမ္းမ်ားက စိုးရိမ္ေနၾကေၾကာင္း သိရသည္။

မင္းတုန္းၿမိဳ႕သည္ ပုသိမ္-မုံ႐ြာ ကားလမ္းႀကီး၏ အေနာက္ဘက္ ၄ မိုင္ ၆ ဖာလုံ ခန႔္ ဝင္ရသည့္ အေနာက္႐ိုးမ ေတာင္ရိပ္မွာ တည္ရွိၿပီး ၿပီးခဲ့သည့္ သန္းေခါင္စာရင္းအရ လူဦးေရ ၈ ေသာင္း ေက်ာ္၊ ေက်း႐ြာအုပ္စု ၇၆ အုပ္စု ရွိသည္။