နမ့်ခမ်းတွင် ပေါက်ကွဲမှုများ ဖြစ်၊ ၂ ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေပြီး ထိခိုက်ဒဏ်ရာ ရရှိသူများ လည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၂၈ ရက်နေ့ (ယနေ့) မွန်းလွဲ ၁ နာရီကျော် အချိန်ခန့်က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အား အလို မရှိကြောင်း ပြည်သူများက ဆန္ဒထုတ်ဖော်နေကြရာ ဆန္ဒထုတ်ဖော်မှု အဆုံးသတ်သည့်အချိန် မွန်းလွဲ ၂ နာရီကျော် အချိန်တွင် ဆန္ဒပြလူအုပ်အကြား ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဖြစ်တာက ၂ နာရီလောက်မှာ ဖြစ်တာဗျ။ အဲ့မှာက ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ယောက်ထိတယ်။ ပြီး ရင် အမျိုးသားနှစ်ယောက်ထိတယ်။ အဲ့မှာပဲ ပွဲချင်းပြီး တစ်ယောက်သေတယ်။ နောက်တစ်ယောက်ကတော့ ဆန့်ငင်ဆန့်ငင်နဲ့ ပြီးမှ သေသွားတယ်။ အမျိုးသမီးနှစ်ဦးရဲ့ အခြေအနေက တစ်ဦးက စိုးရိမ်ရတယ်။ တစ်ဦး က လက်ထိသွားတယ်။ အမျိုးသား နှစ်ဦးရဲ့ နားမှာက သူတို့ဘေးမှာပေါ့ ပစ္စတို တစ်လက်ထွက်လာတာ တွေ့ တယ်။ ပြုတ်ကျနေတာပေါ့” ဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်ခဲ့သူ တစ်ဦးက ပြောသည်။
နမ့်ခမ်းမြို့က ရှမ်းလူငယ်များက ဦးဆောင်ပြီး ရှမ်းဒေသခံပြည်သူ ၂၀၀ ကျော်က SSPP/SSA အား အလိုမရှိကြောင်း၊ SSPP က ဖမ်းဆီးသွားသည့် ရှမ်းအမျိုးသားအား ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အမည်မဖော်လိုသူ နမ့်ခမ်း ဒေသခံတစ်ဦး က “ဖြစ်စဉ်ကတော့ ဒီနေ့ ရှမ်းလူငယ်တွေက SSPP အလိုမရှိ ကြောင်းကို ဆန္ဒထုတ်ဖော်တာပေါ့နော်။ ဟိုးတနေ့က မန်ဆွမ်းဘက်က လူတစ်ယောက်ကို SSPP က ဖမ်း သွားတာပေါ့၊ အဲ့ဒါကို ရွာသားတွေနဲ့ လူထုတွေက သွားပြီးတော့မှ တောင်းတယ်ပေါ့။ သေတယ်ဆိုလည်း အလောင်းပေးပေါ့ဗျာ၊ သွားတောင်းတာပေါ့၊ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးမှ ဒီနေ့ နေ့လည် တစ်နာရီလောက်မှာ ဆန္ဒထုတ်ဖော်ကြတာ ပေါ့။ ဆန္ဒထုတ်ဖော်ပြီးမှ သူတို့က အပြန်ပေါ့၊ မြို့တစ်ပတ်ပတ်ပြီးချိန်မှာ အဲ့မှာ ဗုံးနဲ့ ပစ်သွားတယ်ပေါ့၊ လက်ပစ်ဗုံး ၄ လုံးနဲ့ ပစ်သွားတာ” ဟု ပြောသည်။
ပေါက်ကွဲမှုမှာ နမ့်ခမ်းမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်က စျေးအနီး၊ မြို့လယ်ဘုရားကြီးရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ အမျိုးသားနှစ်ဦးမှာ အမျိုးသမီး နှစ်ဦး ထိခိုက်ခဲ့သည့် ဗုံးပစ်ခဲ့သူများနှင့် တစ်ဖွဲ့တည်း ဖြစ်သည်ဟုလည်း နမ့်ခမ်း မြို့ခံများက ပြောသည်။
“အဲ့နားက လူတွေပြောပြချက်အရတော့ ဆိုင်ကယ်နှစ်စီးနဲ့လာပြီးမှ တစ်စီးက ဗုံးနဲ့ပစ်တာပေါ့၊ အခု သေသွားတဲ့ လူ နှစ်ယောက်က ဗုံးနဲ့လာပစ်တဲ့အဖွဲ့ထဲက လူလို့ပြောတယ်။ ဆိုင်ကယ်နှစ်စီးလာတဲ့အထဲမှာ အရှေ့တစ်စီးက ပစ်တာ၊ အနောက်က သူတို့ဆိုင်ကယ်တစ်စီးကိုပဲ ထိသွားတယ်။ အဲ့လိုမျိုးပြောတယ်” ဟု လုံခြုံရေးအရ အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
သတင်းနှင့် မီဒီယာ ကွန်ရက်က ထိုသူများ မည်သည့်အဖွဲ့မှ ဖြစ်သည် လူထုကြား ဗုံးပစ်ခဲ့သူများနှင့် တစ်ဖွဲ့တည်းဖြစ်သည်ဆိုသည့် အချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
သို့သော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီးနှစ်ဦးမှာ သာမန်ပြည်သူများသာ ဖြစ်ပြီး ယခုခါ ၎င်းတို့အားလုံးကို နမ့်ခမ်းဆေးရုံကြီးတွင် ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေရသည်ဟု ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူ အမျိုး သမီးနှစ်ဦးအနက် တစ်ဦးမှာ အသက်အန္တရာယ် စိုးရမ်ရသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။
“ဆန္ဒပြတဲ့လူအုပ်ထဲကို ဗုံးပစ်တာ၊ အဲ့ဒါ လူအုပ်ထဲတော့ မဝင်ဘူး။ ဆိုင်ကယ်နဲ့သွားရင်း ပစ်သွားတာ။ အမျိုး သမီး နှစ်ဦးကတော့ သူတို့ကတော့ ထိတဲ့နေရာက အမျိုးသားနှစ်ဦး ထိတဲ့နေရာနဲ့ နည်းနည်းတော့ အလှမ်းဝေး တယ်ဗျ။ သူတို့က ဆန္ဒပြတဲ့လူတွေရဲ့ အရှေ့ဘက်ပေါ့၊ အဲ့မှာ ထိတာ။ အဲ့ဒီအမျိုးသမီးတွေကတော့ လာပစ်တဲ့ လူတွေနဲ့ ဘာမှ မဆိုင်ဘူး။ ပြည်သူပဲ။ သူတို့အခုက ဆေးရုံရောက်နေပြီ။ အားလုံးကို ဆေးရုံကိုခေါ်သွားပြီ။”
ဆိုင်ကယ်နှစ်စီးဖြင့် လူလေးယောက်က ဆန္ဒပြ လူအုပ်ထဲ လက်ပစ်ဗုံးလေးလုံးပစ်ပြီးနောက် အချင်းချင်း ပစ်မိ ပြီး နှစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့က ရှမ်းလူငယ်များဦးဆောင်ပြီး ရှမ်းပြည်သူ ၂၀၀ ကျော်ခန့် က နမ့်ခမ်းမြို့ နယ်၊ မန်ဆွမ်းကျေးရွာက ရွာသားတစ်ဦး ဖမ်းဆီးခံရပြီးနောက် သေဆုံးမှု၊ စစ်သားစုဆောင်းသည့်ကိစ္စများနှင့် ပတ်သက်၍ SSPP/SSA အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြစဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
*** ZAWGYI ***
နမ့္ခမ္းတြင္ ေပါက္ကြဲမႈမ်ား ျဖစ္၊ ၂ ဦးေသ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၈ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ နမ့္ခမ္းၿမိဳ႕တြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ရာ ႏွစ္ဦးေသၿပီး ထိခိုက္ဒဏ္ရာ ရရွိသူမ်ား လည္း ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။
ဇြန္လ ၂၈ ရက္ေန႔ (ယေန႔) မြန္းလြဲ ၁ နာရီေက်ာ္ အခ်ိန္ခန႔္က ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA အား အလို မရွိေၾကာင္း ျပည္သူမ်ားက ဆႏၵထုတ္ေဖာ္ေနၾကရာ ဆႏၵထုတ္ေဖာ္မႈ အဆုံးသတ္သည့္အခ်ိန္ မြန္းလြဲ ၂ နာရီေက်ာ္ အခ်ိန္တြင္ ဆႏၵျပလူအုပ္အၾကား ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
“ျဖစ္တာက ၂ နာရီေလာက္မွာ ျဖစ္တာဗ်။ အဲ့မွာက ဆိုင္ကယ္စီးလာတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ထိတယ္။ ၿပီး ရင္ အမ်ိဳးသားႏွစ္ေယာက္ထိတယ္။ အဲ့မွာပဲ ပြဲခ်င္းၿပီး တစ္ေယာက္ေသတယ္။ ေနာက္တစ္ေယာက္ကေတာ့ ဆန႔္ငင္ဆန႔္ငင္နဲ႔ ၿပီးမွ ေသသြားတယ္။ အမ်ိဳးသမီးႏွစ္ဦးရဲ႕ အေျခအေနက တစ္ဦးက စိုးရိမ္ရတယ္။ တစ္ဦး က လက္ထိသြားတယ္။ အမ်ိဳးသား ႏွစ္ဦးရဲ႕ နားမွာက သူတို႔ေဘးမွာေပါ့ ပစၥတို တစ္လက္ထြက္လာတာ ေတြ႕ တယ္။ ျပဳတ္က်ေနတာေပါ့” ျဖစ္စဥ္ႏွင့္ပတ္သက္၍ မ်က္ျမင္ခဲ့သူ တစ္ဦးက ေျပာသည္။
နမ့္ခမ္းၿမိဳ႕က ရွမ္းလူငယ္မ်ားက ဦးေဆာင္ၿပီး ရွမ္းေဒသခံျပည္သူ ၂၀၀ ေက်ာ္က SSPP/SSA အား အလိုမရွိေၾကာင္း၊ SSPP က ဖမ္းဆီးသြားသည့္ ရွမ္းအမ်ိဳးသားအား ျပန္လႊတ္ေပးရန္ ဆႏၵထုတ္ေဖာ္စဥ္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
အမည္မေဖာ္လိုသူ နမ့္ခမ္း ေဒသခံတစ္ဦး က “ျဖစ္စဥ္ကေတာ့ ဒီေန႔ ရွမ္းလူငယ္ေတြက SSPP အလိုမရွိ ေၾကာင္းကို ဆႏၵထုတ္ေဖာ္တာေပါ့ေနာ္။ ဟိုးတေန႔က မန္ဆြမ္းဘက္က လူတစ္ေယာက္ကို SSPP က ဖမ္း သြားတာေပါ့၊ အဲ့ဒါကို ႐ြာသားေတြနဲ႔ လူထုေတြက သြားၿပီးေတာ့မွ ေတာင္းတယ္ေပါ့။ ေသတယ္ဆိုလည္း အေလာင္းေပးေပါ့ဗ်ာ၊ သြားေတာင္းတာေပါ့၊ အဲ့ကိစၥနဲ႔ ပတ္သက္ၿပီးမွ ဒီေန႔ ေန႔လည္ တစ္နာရီေလာက္မွာ ဆႏၵထုတ္ေဖာ္ၾကတာ ေပါ့။ ဆႏၵထုတ္ေဖာ္ၿပီးမွ သူတို႔က အျပန္ေပါ့၊ ၿမိဳ႕တစ္ပတ္ပတ္ၿပီးခ်ိန္မွာ အဲ့မွာ ဗုံးနဲ႔ ပစ္သြားတယ္ေပါ့၊ လက္ပစ္ဗုံး ၄ လုံးနဲ႔ ပစ္သြားတာ” ဟု ေျပာသည္။
ေပါက္ကြဲမႈမွာ နမ့္ခမ္းၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚက ေစ်းအနီး၊ ၿမိဳ႕လယ္ဘုရားႀကီးေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ေသဆုံးသူ အမ်ိဳးသားႏွစ္ဦးမွာ အမ်ိဳးသမီး ႏွစ္ဦး ထိခိုက္ခဲ့သည့္ ဗုံးပစ္ခဲ့သူမ်ားႏွင့္ တစ္ဖြဲ႕တည္း ျဖစ္သည္ဟုလည္း နမ့္ခမ္း ၿမိဳ႕ခံမ်ားက ေျပာသည္။
“အဲ့နားက လူေတြေျပာျပခ်က္အရေတာ့ ဆိုင္ကယ္ႏွစ္စီးနဲ႔လာၿပီးမွ တစ္စီးက ဗုံးနဲ႔ပစ္တာေပါ့၊ အခု ေသသြားတဲ့ လူ ႏွစ္ေယာက္က ဗုံးနဲ႔လာပစ္တဲ့အဖြဲ႕ထဲက လူလို႔ေျပာတယ္။ ဆိုင္ကယ္ႏွစ္စီးလာတဲ့အထဲမွာ အေရွ႕တစ္စီးက ပစ္တာ၊ အေနာက္က သူတို႔ဆိုင္ကယ္တစ္စီးကိုပဲ ထိသြားတယ္။ အဲ့လိုမ်ိဳးေျပာတယ္” ဟု လုံၿခဳံေရးအရ အမည္ မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။
သတင္းႏွင့္ မီဒီယာ ကြန္ရက္က ထိုသူမ်ား မည္သည့္အဖြဲ႕မွ ျဖစ္သည္ လူထုၾကား ဗုံးပစ္ခဲ့သူမ်ားႏွင့္ တစ္ဖြဲ႕တည္းျဖစ္သည္ဆိုသည့္ အခ်က္ကို သီးျခား အတည္ျပဳႏိုင္ျခင္း မရွိပါ။
သို႔ေသာ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည့္ အမ်ိဳးသမီးႏွစ္ဦးမွာ သာမန္ျပည္သူမ်ားသာ ျဖစ္ၿပီး ယခုခါ ၎တို႔အားလုံးကို နမ့္ခမ္းေဆး႐ုံႀကီးတြင္ ပို႔ေဆာင္ထားၿပီး ေဆးကုသမႈ ခံယူေနရသည္ဟု ေျပာသည္။ ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳး သမီးႏွစ္ဦးအနက္ တစ္ဦးမွာ အသက္အႏၲရာယ္ စိုးရမ္ရသည္ဟု ၎ေဒသခံက ဆက္ေျပာသည္။
“ဆႏၵျပတဲ့လူအုပ္ထဲကို ဗုံးပစ္တာ၊ အဲ့ဒါ လူအုပ္ထဲေတာ့ မဝင္ဘူး။ ဆိုင္ကယ္နဲ႔သြားရင္း ပစ္သြားတာ။ အမ်ိဳး သမီး ႏွစ္ဦးကေတာ့ သူတို႔ကေတာ့ ထိတဲ့ေနရာက အမ်ိဳးသားႏွစ္ဦး ထိတဲ့ေနရာနဲ႔ နည္းနည္းေတာ့ အလွမ္းေဝး တယ္ဗ်။ သူတို႔က ဆႏၵျပတဲ့လူေတြရဲ႕ အေရွ႕ဘက္ေပါ့၊ အဲ့မွာ ထိတာ။ အဲ့ဒီအမ်ိဳးသမီးေတြကေတာ့ လာပစ္တဲ့ လူေတြနဲ႔ ဘာမွ မဆိုင္ဘူး။ ျပည္သူပဲ။ သူတို႔အခုက ေဆး႐ုံေရာက္ေနၿပီ။ အားလုံးကို ေဆး႐ုံကိုေခၚသြားၿပီ။”
ဆိုင္ကယ္ႏွစ္စီးျဖင့္ လူေလးေယာက္က ဆႏၵျပ လူအုပ္ထဲ လက္ပစ္ဗုံးေလးလုံးပစ္ၿပီးေနာက္ အခ်င္းခ်င္း ပစ္မိ ၿပီး ႏွစ္ဦး ေသဆုံးခဲ့ရျခင္းျဖစ္သည္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ နမ့္ခမ္းၿမိဳ႕က ရွမ္းလူငယ္မ်ားဦးေဆာင္ၿပီး ရွမ္းျပည္သူ ၂၀၀ ေက်ာ္ခန႔္ က နမ့္ခမ္းၿမိဳ႕ နယ္၊ မန္ဆြမ္းေက်း႐ြာက ႐ြာသားတစ္ဦး ဖမ္းဆီးခံရၿပီးေနာက္ ေသဆုံးမႈ၊ စစ္သားစုေဆာင္းသည့္ကိစၥမ်ားႏွင့္ ပတ္သက္၍ SSPP/SSA အား အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ၾကစဥ္ ဗုံးေပါက္ကြဲခဲ့ျခင္း ျဖစ္သည္။