စစ်ကောင်စီကို နိုင်ငံတကာ ဥပဒေများဖြင့် တရားစွဲရန် NUG ပြင်ဆင်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်။

လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုန်း သတ် ဖြတ်မှုများ စသည့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်သည့် အမှုများဖြင့် အာဏာသိမ်း စစ်ကောင်စီအား တရားစွဲဆိုနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG က အချက်အလက်များစု ဆောင်း ပြင်ဆင်နေသည်ဟု ပြောသည်။

NUG အစိုးရ က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် NUG ၏ တရားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး က ပြောသည်။

“အဓိကက သူတို့ပြေးလို့မလွှတ်တာက Crimes Against Humanity ပါ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ပြစ်မှုကို ကျူးလွန်တာဖြစ်တယ်။ ဒါကို အဓိကထားပြီးတော့ တင်ပြသွားမှာဖြစ်တယ်။ တပြိုင်နက်တည်းမှာပဲ သူတို့ သည် War Crime လို့ခေါ်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ War Crimes က ကျနော်တို့ ဒုတိယဦးစားပေးနဲ့ ကျနော်တို့ စွဲတင်မယ့်ကိစ္စဖြစ်ပါတယ်။” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲများသည် လူမျိုးတုန်းသတ်ဖြတ်မှုကိုလည်း ကျူးလွန်နေကြောင်း ဆက်ပြောသည်။ “နောက်တစ်ခုကတော့ Genocides ပါ၊ Genocides ဟာ ကျနော်တို့ professional အရ သက်သေပြဖို့ကိုတော့ နည်းနည်းလေးခက်ပါတယ်။ တစ်ခုကတော့ Genocides ဖြစ်ဖို့အတွက်ဆိုရင် systematically (စနစ်တကျ) လုပ်တာဖြစ်ရမယ်။ နောက်တစ်ခုက တစ်နိုင်ငံလုံး မှာ အဲ့ပုံစံနဲ့ လုပ်နေတာဖြစ်ရမယ်။ ဒီနှစ်ခုကို သက်သေပြဖို့ လိုပါတယ်။”

လက်ရှိ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုး ဖောက်နေမှုများသည် လူမျိုးတုန်းသတ်ဖြတ်မှုများကို ကျူးလွန်နေခြင်း ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး က ဆက်ပြောသည်။

“ဒါကြောင့်မို့လို့ ဒီမှာ ကျနော်တို့ ချင်း ပြည်နယ်မှာ ဖြစ်တဲ့ကိစ္စနဲ့ ကယားပြည်နယ်မှာ ဖြစ်တဲ့ကိစ္စက Genocides ကို ဦးတည်နေတဲ့ လူမျိုးတုန်း သတ် ဖြတ်မှု ကို ဦးတည်နေတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ သက်သေ ပြရမယ်။ အခုန တုန်းက အပေါ်မှာ ပြောခဲ့သလို crime against humanities ကတော့ သေချာပေါက် ကျုးလွန်နေတယ်။ ဒီ အတွက် ကျနော်တို့ ဒါကို ဦးစား ပေးပြီးတော့ လုပ်နေတယ်။ ဘယ်လိုမှ ပြေးလို့မရဘူး။ တပြိုင်နက်တည်းမှာ လည်း War Crime နဲ့ နောက်ဆုံး ကတော့ Genocides လူမျိုးတုန်းသတ်ဖြတ်မှုကို ကျနော်တို့ တွဲပြီးတော့ တင်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါ တယ်။ ဒါကတော့ ကျနော်တို့ တရားစွဲဆိုနိုင်တဲ့ လမ်းကြောင်းတွေကို ကျနော် တို့ ရွေးထားတာ ဖြစ်တယ်လို့ တင်ပြချင်ပါတယ်။”

NUG အစိုးရ၏ လက်ခံရရှိထားသည့် စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်မှုများနှင့် ပတ်သက်၍ ပြစ်မှုပေါင်း လေးသိန်းကျော် ရရှိထားပြီဖြစ်ပြီး အဆိုပါ အမှုများထဲမှ အမှုပေါင်း ၂၈၀၀၀ ကျော်ကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးပြီဟု NUG အစိုးရ ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ က ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အတိုချုံ့နဲ့ ပြောမယ်ဆိုရင် Case (အမှု) ပေါင်း လေးသိန်းကျော်ကို ကျနော်တို့က ၂၈၀၀၀ အထိကို အင်အား အကောင်းဆုံး verify (စီစစ်အတည်ပြု) အဖြစ်ဆုံးနဲ့ Case အကြီးမားဆုံးကို ပြန်လည်ကောက်ယူတယ်။ အဲ့ဒီ နှစ်သောင်းကျော် ထဲကနေပြီးတော့ အခုနက ကျနော်ပြောတဲ့ ကျွမ်းကျင်သူတွေနဲ့ ၄၀၀ ကို ပြန်ရွေးတယ်။ အဲ့ ၄၀၀ ထဲမှာ တောင် မှ ကျနော်တို့က ၂၀၀ ကိုပြန်ရွေးမယ်။ ဒါကို ကျနော်တို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ ကျနော် တို့ ငှားထားတဲ့ law firm (ရှေ့နေရုံး) နဲ့ ပြန်ဆွေးနွေးပြီးတော့ ကျနော်တို့ ICC (နိုင်ငံတကာ ရာဇဝတ် ခုံရုံး) ကို တင်ပြသွားမှာ ဖြစ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုကျူးလွန်မှုများအတွက် အဓိက တာဝန်ရှိသည့် ပုဂ္ဂိုလ်ဖြစ်ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် အချုပ်ခန်းထဲတွင် နေရမည့်အစား အပြင်မှာရှိနေခြင်းကြောင့် NUG အစိုးရအနေဖြင့် အမြန်ဆုံးအပြစ် ပေးအရေးယူနိုင်ရေး ICC နှင့် နိုင်ငံတကာမှ အရေးယူနိုင်မည့် နည်းလမ်းများကို လုပ်ဆောင်နေ သည်ဟု ဆက်ပြောသည်။

“Case ပေါင်းက လေးသိန်းကျော်ရပြီ။ အဲ့ဒီ လေးသိန်းကျော်ထဲမှာ ကျနော်တို့က ကမ္ဘာ့စံချိန်စံနှုန်းနဲ့ ICC မှာ သွားနိုင်ဖို့ သွားနိုင်တဲ့ Case က verify ဖြစ်ဖို့လိုသလို အပြည်ပြည်ဆိုင်ရာရဲ့ တရားရုံးအသွားအလာနဲ့ ကိုက်ညီ တဲ့ Format ရှိတယ်။ ပြီးတော့ တဖက်မှာဆိုရင် IIMM (မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သော ယန္တယား) လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂက ဖွဲ့ထားတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး ကော်မတီရှိတယ်။ ဒါနဲ့လည်း ကျနော်တို့ လက်တွဲနေတယ်။ ပြီးတော့ ဒီဘက် ဆိုရင် ကမ္ဘာ့ရှေ့နေအဖွဲ့အစည်းကြီးနဲ့ ချိတ်ဆက် ပြီးတော့ သူတို့ကို ငှားထားတာပေါ့။ သူတို့ကို Legal team (ဥပဒေဆိုင်ရာ အဖွဲ့) ကို ငှားထားတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ က ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများကို အင်အားအလွန်အကျွံသုံးပြီး ရိုက်နှက်ဖမ်းဆီးမှုများအပြင် ဖမ်းဆီးပြီး စစ်မေးချိန် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသွားသူ အနည်းဆုံး ၂၂ ဦးရှိပြီ ဖြစ်သည်ဟု အမျိုး သားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စာရင်းများ အရ သိရ သည်။

စစ်ကောင်စီ၏ တာဝန်ရှိသူများကို ပြည်တွင်းပြည်ပဥပဒေများနှင့် အရေးယူရန် NUG က ကြိုးပမ်းသွားမည်ဟု ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခံရသူများ အကူညီပေးရေး ဆိုင်ရာ နေ့တွင် NUG ၏ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ဝေါဟာရများ
Crimes Against Humanity – လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများ
War Crime – စစ်ရာဇဝတ်မှု
Genocide – လူမျိုးတုံး သတ်ဖြတ်မှု
Professional – ပညာရပ်နှင့် ဆိုင်သော
systematically- စနစ်ကျစွာ
case- အမှု
verify -စီစစ်အတည်ပြုသည်
ICC – နိုင်ငံတကာ ရာဇဝတ်ခုံရုံး
law Farm- ရှေ့နေရုံး
IIMM – မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သော ယန္တယား
Format – စံပုံစံ
Legal Team – ဥပဒေ ဆိုင်ရာ အဖွဲ့

*** ZAWGYI ***
စစ္ေကာင္စီကို ႏိုင္ငံတကာ ဥပေဒမ်ားျဖင့္ တရားစြဲရန္ NUG ျပင္ဆင္ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၉ ရက္။

လူသားျဖစ္တည္မႈကို ဆန႔္က်င္သည့္ ရာဇဝတ္မႈမ်ား၊ စစ္ရာဇဝတ္မႈမ်ားႏွင့္ လူမ်ိဳးတုန္း သတ္ ျဖတ္မႈမ်ား စသည့္ ႏိုင္ငံတကာ ဥပေဒမ်ားကို ခ်ိဳးေဖာက္သည့္ အမႈမ်ားျဖင့္ အာဏာသိမ္း စစ္ေကာင္စီအား တရားစြဲဆိုႏိုင္ေရး အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က အခ်က္အလက္မ်ားစု ေဆာင္း ျပင္ဆင္ေနသည္ဟု ေျပာသည္။

NUG အစိုးရ က ျပဳလုပ္သည့္ ဒုတိယအႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲတြင္ NUG ၏ တရားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းဦး က ေျပာသည္။

“အဓိကက သူတို႔ေျပးလို႔မလႊတ္တာက Crimes Against Humanity ပါ လူသားျဖစ္မႈကို ဆန႔္က်င္တဲ့ ျပစ္မႈကို က်ဴးလြန္တာျဖစ္တယ္။ ဒါကို အဓိကထားၿပီးေတာ့ တင္ျပသြားမွာျဖစ္တယ္။ တၿပိဳင္နက္တည္းမွာပဲ သူတို႔ သည္ War Crime လို႔ေခၚတဲ့ စစ္ရာဇဝတ္မႈကို က်ဴးလြန္ေနတာလည္း ျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ War Crimes က က်ေနာ္တို႔ ဒုတိယဦးစားေပးနဲ႔ က်ေနာ္တို႔ စြဲတင္မယ့္ကိစၥျဖစ္ပါတယ္။” ဟု ေျပာသည္။

စစ္ေကာင္စီ တပ္ဖြဲမ်ားသည္ လူမ်ိဳးတုန္းသတ္ျဖတ္မႈကိုလည္း က်ဴးလြန္ေနေၾကာင္း ဆက္ေျပာသည္။ “ေနာက္တစ္ခုကေတာ့ Genocides ပါ၊ Genocides ဟာ က်ေနာ္တို႔ professional အရ သက္ေသျပဖို႔ကိုေတာ့ နည္းနည္းေလးခက္ပါတယ္။ တစ္ခုကေတာ့ Genocides ျဖစ္ဖို႔အတြက္ဆိုရင္ systematically (စနစ္တက်) လုပ္တာျဖစ္ရမယ္။ ေနာက္တစ္ခုက တစ္ႏိုင္ငံလုံး မွာ အဲ့ပုံစံနဲ႔ လုပ္ေနတာျဖစ္ရမယ္။ ဒီႏွစ္ခုကို သက္ေသျပဖို႔ လိုပါတယ္။”

လက္ရွိ ခ်င္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ျဖစ္ပြားေနသည့္ စစ္ေကာင္စီတပ္မ်ား၏ လူ႔အခြင့္အေရးခ်ိဳး ေဖာက္ေနမႈမ်ားသည္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားကို က်ဴးလြန္ေနျခင္း ျဖစ္သည္ဟု ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းဦး က ဆက္ေျပာသည္။

“ဒါေၾကာင့္မို႔လို႔ ဒီမွာ က်ေနာ္တို႔ ခ်င္း ျပည္နယ္မွာ ျဖစ္တဲ့ကိစၥနဲ႔ ကယားျပည္နယ္မွာ ျဖစ္တဲ့ကိစၥက Genocides ကို ဦးတည္ေနတဲ့ လူမ်ိဳးတုန္း သတ္ ျဖတ္မႈ ကို ဦးတည္ေနတဲ့ ကိစၥမ်ိဳးျဖစ္ပါတယ္။ သက္ေသ ျပရမယ္။ အခုန တုန္းက အေပၚမွာ ေျပာခဲ့သလို crime against humanities ကေတာ့ ေသခ်ာေပါက္ က်ဳးလြန္ေနတယ္။ ဒီ အတြက္ က်ေနာ္တို႔ ဒါကို ဦးစား ေပးၿပီးေတာ့ လုပ္ေနတယ္။ ဘယ္လိုမွ ေျပးလို႔မရဘူး။ တၿပိဳင္နက္တည္းမွာ လည္း War Crime နဲ႔ ေနာက္ဆုံး ကေတာ့ Genocides လူမ်ိဳးတုန္းသတ္ျဖတ္မႈကို က်ေနာ္တို႔ တြဲၿပီးေတာ့ တင္ႏိုင္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါ တယ္။ ဒါကေတာ့ က်ေနာ္တို႔ တရားစြဲဆိုႏိုင္တဲ့ လမ္းေၾကာင္းေတြကို က်ေနာ္ တို႔ ေ႐ြးထားတာ ျဖစ္တယ္လို႔ တင္ျပခ်င္ပါတယ္။”

NUG အစိုးရ၏ လက္ခံရရွိထားသည့္ စစ္ေကာင္စီ၏ ျပည္သူလူထုအေပၚ က်ဴးလြန္မႈမ်ားႏွင့္ ပတ္သက္၍ ျပစ္မႈေပါင္း ေလးသိန္းေက်ာ္ ရရွိထားၿပီျဖစ္ၿပီး အဆိုပါ အမႈမ်ားထဲမွ အမႈေပါင္း ၂၈၀၀၀ ေက်ာ္ကိုလည္း စစ္ေဆးမႈေတြ လုပ္ေဆာင္ၿပီးၿပီဟု NUG အစိုးရ ၏ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဆာဆာ က ဇြန္လ ၂၆ ရက္ေန႔က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

“အတိုခ်ဳံ႕နဲ႔ ေျပာမယ္ဆိုရင္ Case (အမႈ) ေပါင္း ေလးသိန္းေက်ာ္ကို က်ေနာ္တို႔က ၂၈၀၀၀ အထိကို အင္အား အေကာင္းဆုံး verify (စီစစ္အတည္ျပဳ) အျဖစ္ဆုံးနဲ႔ Case အႀကီးမားဆုံးကို ျပန္လည္ေကာက္ယူတယ္။ အဲ့ဒီ ႏွစ္ေသာင္းေက်ာ္ ထဲကေနၿပီးေတာ့ အခုနက က်ေနာ္ေျပာတဲ့ ကြၽမ္းက်င္သူေတြနဲ႔ ၄၀၀ ကို ျပန္ေ႐ြးတယ္။ အဲ့ ၄၀၀ ထဲမွာ ေတာင္ မွ က်ေနာ္တို႔က ၂၀၀ ကိုျပန္ေ႐ြးမယ္။ ဒါကို က်ေနာ္တို႔ ဥပေဒကြၽမ္းက်င္သူေတြနဲ႔ က်ေနာ္ တို႔ ငွားထားတဲ့ law firm (ေရွ႕ေန႐ုံး) နဲ႔ ျပန္ေဆြးေႏြးၿပီးေတာ့ က်ေနာ္တို႔ ICC (ႏိုင္ငံတကာ ရာဇဝတ္ ခုံ႐ုံး) ကို တင္ျပသြားမွာ ျဖစ္ပါတယ္။”

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယခုက်ဴးလြန္မႈမ်ားအတြက္ အဓိက တာဝန္ရွိသည့္ ပုဂၢိဳလ္ျဖစ္ၿပီး အဆိုပါ ရာဇဝတ္မႈမ်ားအတြက္ အခ်ဳပ္ခန္းထဲတြင္ ေနရမည့္အစား အျပင္မွာရွိေနျခင္းေၾကာင့္ NUG အစိုးရအေနျဖင့္ အျမန္ဆုံးအျပစ္ ေပးအေရးယူႏိုင္ေရး ICC ႏွင့္ ႏိုင္ငံတကာမွ အေရးယူႏိုင္မည့္ နည္းလမ္းမ်ားကို လုပ္ေဆာင္ေန သည္ဟု ဆက္ေျပာသည္။

“Case ေပါင္းက ေလးသိန္းေက်ာ္ရၿပီ။ အဲ့ဒီ ေလးသိန္းေက်ာ္ထဲမွာ က်ေနာ္တို႔က ကမာၻ႔စံခ်ိန္စံႏႈန္းနဲ႔ ICC မွာ သြားႏိုင္ဖို႔ သြားႏိုင္တဲ့ Case က verify ျဖစ္ဖို႔လိုသလို အျပည္ျပည္ဆိုင္ရာရဲ႕ တရား႐ုံးအသြားအလာနဲ႔ ကိုက္ညီ တဲ့ Format ရွိတယ္။ ၿပီးေတာ့ တဖက္မွာဆိုရင္ IIMM (ျမန္မာႏိုင္ငံဆိုင္ရာ ႏိုင္ငံတကာ လြတ္လပ္ေသာ ယႏၲယား) လို႔ေခၚတဲ့ ကမာၻ႔ကုလသမဂၢက ဖြဲ႕ထားတဲ့ ျမန္မာႏိုင္ငံ ဆိုင္ရာ အထူးစုံစမ္းစစ္ေဆးေရး ေကာ္မတီရွိတယ္။ ဒါနဲ႔လည္း က်ေနာ္တို႔ လက္တြဲေနတယ္။ ၿပီးေတာ့ ဒီဘက္ ဆိုရင္ ကမာၻ႔ေရွ႕ေနအဖြဲ႕အစည္းႀကီးနဲ႔ ခ်ိတ္ဆက္ ၿပီးေတာ့ သူတို႔ကို ငွားထားတာေပါ့။ သူတို႔ကို Legal team (ဥပေဒဆိုင္ရာ အဖြဲ႕) ကို ငွားထားတယ္” ဟု ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဆာဆာ က ဆက္ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျပည္သူမ်ားကို အင္အားအလြန္အကြၽံသုံးၿပီး ႐ိုက္ႏွက္ဖမ္းဆီးမႈမ်ားအျပင္ ဖမ္းဆီးၿပီး စစ္ေမးခ်ိန္ ညႇဥ္းပန္းႏွိပ္စက္မႈမ်ားေၾကာင့္ ေသဆုံးသြားသူ အနည္းဆုံး ၂၂ ဦးရွိၿပီ ျဖစ္သည္ဟု အမ်ိဳး သားညီၫြတ္ေရးအစိုးရ NUG ၏ လူ႔အခြင့္ေရးဆိုင္ရာဝန္ႀကီးဌာန ထုတ္ျပန္ထားသည့္ စာရင္းမ်ား အရ သိရ သည္။

စစ္ေကာင္စီ၏ တာဝန္ရွိသူမ်ားကို ျပည္တြင္းျပည္ပဥပေဒမ်ားႏွင့္ အေရးယူရန္ NUG က ႀကိဳးပမ္းသြားမည္ဟု ဇြန္လ ၂၆ ရက္ေန႔တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ ႏွိပ္စက္ညႇဥ္းပန္းခံရသူမ်ား အကူညီေပးေရး ဆိုင္ရာ ေန႔တြင္ NUG ၏ လူအခြင့္အေရးဆိုင္ရာဝန္ႀကီးဌာန က ထုတ္ျပန္ထားသည္။

ေဝါဟာရမ်ား
Crimes Against Humanity – လူသားျဖစ္မႈကို ဆန႔္က်င္ေသာ ရာဇဝတ္မႈမ်ား
War Crime – စစ္ရာဇဝတ္မႈ
Genocide – လူမ်ိဳးတုံး သတ္ျဖတ္မႈ
Professional – ပညာရပ္ႏွင့္ ဆိုင္ေသာ
systematically- စနစ္က်စြာ
case- အမႈ
verify -စီစစ္အတည္ျပဳသည္
ICC – ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး
law Farm- ေရွ႕ေန႐ုံး
IIMM – ျမန္မာႏိုင္ငံဆိုင္ရာ ႏိုင္ငံတကာ လြတ္လပ္ေသာ ယႏၲယား
Format – စံပုံစံ
Legal Team – ဥပေဒ ဆိုင္ရာ အဖြဲ႕