ကသာ အထက ၁ တွင် ပေါက်ကွဲမှု ဖြစ်။ စစ်ဆေးမှု တင်းကြပ်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ အထက ၁ တွင် ယမန်နေ့မနက် ၅နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကား၊ ဆိုင်ကယ် နှင့် လမ်းသွားလမ်းလာများအား စစ်ဆေးမှုများ တင်းကြပ်နေကြောင်း မြို့ခံများက ပြောကြားသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ကသာမြို့မှ မန္တလေး၊ ဗန်းမောက်နှင့်အခြား မြို့များသို့ ထွက်မည့် ယာဉ် လိုင်းများနှင့် ခရီးသည်များကို မြို့လယ်ဗိုလ်ချုပ်ကြေးရုပ်နားတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများက ပြောကြားသည်။

ကသာမြို့က အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁ ဗုံးပေါက်မှုတွင် ထိခိုက်ဒဏ်ရာသူမရှိသော်လည်း ကျောင်း၏ အရှေ့ဘက်အပေါက် အုတ်တိုင်အောက်ခြေ အက်ကွဲ သွားကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

ကသာမြို့ တွင် အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃ ဆိုပြီး သုံးကျောင်းရှိရာ အထ က ၁ သည် ရဲစခန်းအနီးတွင် တည်ရှိသည်။

အမှတ် ၁ အထက ကျောင်းမှ ကျောင်း ဆရာ၊ ဆရာမ အများစုမှာ CDM ဝင်နေချိန်တွင် CDM မဝင်သည့် ဆရာမ တစ်ချို့က စာသင်ကြားပေးနေခြင်းဖြစ်သည်။

ထို့အပြင် အထက ၁ ကျောင်းတွင် စစ်ကောင်စီက စီစဉ်သည့် မွန်းမံသင်တန်းဖွင့်ခဲ့ပြီး CDM မဝင်သည့် ဆရာ/ဆရာမအချို့လည်း သင်တန်းတက်ခဲ့သည့် ကျောင်းဖြစ်သည်ဟု သိရသည်။

*** ZAWGYI ***
ကသာ အထက ၁ တြင္ ေပါက္ကြဲမႈ ျဖစ္။ စစ္ေဆးမႈ တင္းၾကပ္။

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္။

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕ရွိ အထက ၁ တြင္ ယမန္ေန႔မနက္ ၅နာရီခန႔္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ကား၊ ဆိုင္ကယ္ ႏွင့္ လမ္းသြားလမ္းလာမ်ားအား စစ္ေဆးမႈမ်ား တင္းၾကပ္ေနေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာၾကားသည္။

ဗုံးေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ပိုင္းတြင္ ကသာၿမိဳ႕မွ မႏၲေလး၊ ဗန္းေမာက္ႏွင့္အျခား ၿမိဳ႕မ်ားသို႔ ထြက္မည့္ ယာဥ္ လိုင္းမ်ားႏွင့္ ခရီးသည္မ်ားကို ၿမိဳ႕လယ္ဗိုလ္ခ်ဳပ္ေၾကး႐ုပ္နားတြင္ စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာၾကားသည္။

ကသာၿမိဳ႕က အေျခခံပညာအထက္တန္းေက်ာင္း အမွတ္ ၁ ဗုံးေပါက္မႈတြင္ ထိခိုက္ဒဏ္ရာသူမရွိေသာ္လည္း ေက်ာင္း၏ အေရွ႕ဘက္အေပါက္ အုတ္တိုင္ေအာက္ေျခ အက္ကြဲ သြားေၾကာင္း ေက်ာင္းသားမိဘတစ္ဦးက ေျပာၾကားသည္။

ကသာၿမိဳ႕ တြင္ အေျခခံပညာအထက္တန္းေက်ာင္း အမွတ္ ၁၊ အမွတ္ ၂၊ အမွတ္ ၃ ဆိုၿပီး သုံးေက်ာင္းရွိရာ အထ က ၁ သည္ ရဲစခန္းအနီးတြင္ တည္ရွိသည္။

အမွတ္ ၁ အထက ေက်ာင္းမွ ေက်ာင္း ဆရာ၊ ဆရာမ အမ်ားစုမွာ CDM ဝင္ေနခ်ိန္တြင္ CDM မဝင္သည့္ ဆရာမ တစ္ခ်ိဳ႕က စာသင္ၾကားေပးေနျခင္းျဖစ္သည္။

ထို႔အျပင္ အထက ၁ ေက်ာင္းတြင္ စစ္ေကာင္စီက စီစဥ္သည့္ မြန္းမံသင္တန္းဖြင့္ခဲ့ၿပီး CDM မဝင္သည့္ ဆရာ/ဆရာမအခ်ိဳ႕လည္း သင္တန္းတက္ခဲ့သည့္ ေက်ာင္းျဖစ္သည္ဟု သိရသည္။