အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ပိုမို ဆိုးရွားလာနေကြောင်း အမျိုးသမီးအဖွဲ့များပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုမို လုပ်ဆောင်လာနေသည်ဟု အမျိုးသမီးအဖွဲ့ များ က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများအား ဖမ်းဆီးမှုလည်း ပိုမိုများပြားလာနေသည်ဟု မြန်မာအမျိုးသမီး သမဂ္ဂ (BWU ) အကြံပေး ဒေါ်တင်တင်ညို က ပြောသည်။

၎င်းက “ပိုများလာတယ်လို့ ပြောလို့ရပါတယ်။ ဘာလဲဆို အာဏာသိမ်းတာကို ဆန့်ကျင်တယ်ဆိုတဲ့ နိုင်ငံရေး အရ ဒီလှုပ်ရှားမှု ပြီးလို့ရှိရင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လူ့အခွင့်အရေး ကျင့်သုံးမှုအပေါ်မှာ မူတည်ပြီးတော့ မှ အဖမ်းခံရတယ်။ အချိန်မရွေး အဖမ်းခံရတယ်။ ကိုယ့်အိမ်မှာနေရင်လည်း သံသယမှုနဲ့ လာဖမ်းနိုင်တယ် ဆို တော့ ဒီလိုမျိုး အဖမ်းခံရတဲ့ အမျိုးသမီးတွေက အများကြီးပဲ ဒီအထဲမှာ ဖြစ်နေတယ်ပေါ့။ အမျိုးသမီးပဲ ရှိ သေးတယ်ပေါ့လေ။ ဆိုတော့ တစ်နည်းမဟုတ် တစ်နည်းကတော့ ညှင်းပန်းနှိပ်စက်မှုတွေကတော့ ရှိနေကြ တယ်။ အမျိုးမျိုး ဖိနှိပ်မှုတွေလည်း ရှိနေတယ်။ ဆိုတော့ နံပါတ်အရက အရမ်းကိုလည်း များလာတယ်လို့ ပြော လို့ရတယ်လေ။ ဒါကြောင့်မို့လို့ အာဏာမသိမ်းခင်တုန်းက အခြေအနေနဲ့တော့ အများကြီး ကွာဟမှု ရှိပါတယ်” ဟု ပြောသည်။

အမျိုးသမီးများအား စကားအားဖြင့်သော်လည်ကောင်း၊ ကိုယ်ထိလက်ရောက်ဖြင့်သော်လည်းကောင်း နည်းမျိုး စုံသုံးကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်တွင် ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲကလည်း “အထူးသဖြင့် အမျိုးသမီးတွေပေါ့နော်၊ ဒီစစ်အာဏာသိမ်းမှုတွေကို မဆန့်ကျင်အောင် သူတို့ ခြိမ်းခြောက်ပြီးတော့ လုပ်ဆောင် နေတာ တွေရှိတယ်။ ကျူးလွန်နေတာတွေရှိတယ်။ တစ်ချို့ကျတော့ ဒီဖမ်းဆီးပြီးတဲ့နောက်မှာပေါ့နော စစ် ဆေးမေးမြန်းတာတို့ အဲဒါနဲ့ပဲ လိင်ပိုင်းဆိုင်ရာတွေကို ကျူးလွန်တာတွေ အကြမ်းဖက်တာတွေ ရှိတယ်ပေါ့ နော်။ နောက်တစ်ခုကျတော့ မသိပဲနဲ့ပေါ့နော အဲလိုမျိုး ခေါ်သွားပြီးတော့ အမျိုးမျိုးပေါ့နော။ စွပ်စွဲတယ်ပေါ့ နော်။ ဘယ်သူတွေနဲ့ ချိတ်ဆက်တာလဲ ဘယ်သူတွေနဲ့ အဆယ်အသွယ် ရှိသလဲ၊ ဘာညာ အဲလိုမျိုး စွပ်စွဲပြီး တော့ လိင်ပိုင်းဆိုင်ရာပါ ကျူးလွန်တာတွေရှိတယ်ပေါ့နော်။ အဲလိုပုံစံတွေ ကတော့ ကျမတို့ သိရတယ်” ဟု ပြော သည်။

ဒေါ်တင်တင်ညိုကလည်း “ဥပမာဆိုလို့ရှိရင် မိန်းမကိုယ်ကို အဲလိုမျိုး အရာဝတ္တုတွေနဲ့ ထိုးသွင်းတဲ့ ကိစ္စတွေက အစ လုပ်တာ တစ်ချို့ကကျတော့လည်း စိတ်ဒဏ်ရာ ရအောင် မုဒိမ်းကျင့်မယ်၊ ဘာညာ ခြိမ်းခြောက်တာတွေ က အစပေါ့နော်။ ဒါမျိုးလေးတွေက ရှိတယ်။ နောက်အမျိုးမျိုး နှိပ်စက်တယ်။ ဒါတွေကတော့ရှိနေတယ်” ဟု ပြောသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အနေဖြင့် စစ်ကောင်စီတပ်၏ အမျိုးသမီးများအပေါ် လိင်အကြမ်း ဖက်မှု အများကြီးထဲမှ အချို့အကြောင်းအရာများကို အချက်အလက် တိတိကျကျဖြင့် ရရှိထားပြီး စိုးရိမ် ကြောက်ရွံ့မှုများကြောင့် ပြောမပြကြသည့် အမျိုးသမီး အရေအတွက်လည်း များစွာ ရှိနေသေးသည်ဟု ပြော သည်။

WLB က ရရှိထားသည့် အကြောင်းအရာ အချက်အလက်အချို့မှာ ၎င်းတို့ လက်လှမ်းမှီသလောက်သာ ဖြစ် ကြောင်းနှင့် လက်လှမ်းမမှီ သည့် အမှုများစွာ ရှိနေသေးသည်ဟု နော်ဆဲဆဲ က ဆိုသည်။

စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်အာဏာမသိမ်းခင် တိုင်းရင်းသား ဒေသများတွင် အများဆုံး လုပ်ဆောင်ခဲ့ကြသော်လည်း အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာ အထိ လုပ်ဆောင်လာကြသည်ဟု အမျိုးသမီး အဖွဲ့များက ပြောသည်။

ဒေါ်တင်တင်ညိုက “ဒါကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်တာပါ။ ဆိုတဲ့အခါကျတော့ မြို့ပေါ်မှာဆိုရင်လည်း နိုင်ငံရေးအရ လှုပ်ရှားတာမျိုးဖြစ်ရင် အမျိုးသမီးတွေ အဖမ်းခံရတယ်။ နှိပ်စက်ခံရတယ်။ ညှင်းပန်းခံရတယ်။ နောက်ပြီးတော့ ခါကျလို့ရှိရင် တကယ့် နယ်တွေ တောတွေ ဖက်မှာဆိုရင်လည်းပဲ နိုင်ငံရေးအရ ခုနလိုပေါ့နော ဒီစစ်အာဏာရှင်စနစ် ဆန့်ကျင်လို့ ဖမ်းခံရတဲ့ အမျိုးသမီးတွေ ဒီအပေါ်မှာ အကြမ်းဖက် ချိုးဖောက်မှုတွေ က တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်နေတယ်။ ဒါအင်မတန်မှ စိတ်ပူစရာကောင်း တဲ့ အတိုင်းအတာ အနေအထားလို့လည်း ပြောလို့ ရပါတယ်” ဟု ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကြောင့် စစ် ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် လူထုများထဲတွင် အမျိုးသမီး တော်တော်များများပါဝင်လျက်ရှိပြီး ထို အမျိုးသမီးများမှာ နည်းမျိုးစုံဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ခံနေရသည်ဟု ဆိုသည်။

စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အာဏာမသိမ်းခင်က စစ်မြေပြင်တွင် စစ်ဆင်ရေးဗျူဟာ တစ်ခု၊ စစ်လက်နက် တစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်း၊ အထူးသဖြင့် ကချင်၊ ကရင်၊ ရှမ်း၊ အစရှိသည့် တိုင်းရင်းသား ပြည်နယ်များနှင့် ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများတွင် အသုံးပြုခဲ့သည်ကို တွေ့ရ ကြောင်း နော်ဆဲဆဲ က ဆိုသည်။

အာဏာသိမ်းပြီးနောက် အခြေအနေနှင့် ပတ်သက်၍ “အခု ဒီအာဏာသိမ်းတဲ့ အချိန်မှာဆိုရင်လည်း ဖြစ်လာတဲ့ အခင်းအကျင်း ပဋိပက္ခကြား ထဲမှာ ဆိုရင်လည်း ဒီဗျူဟာ ကို သုံးတယ်ပေါ့နော။ ကျမတို့ ဒီအထူးသဖြင့် ထောင်ထဲမှာ အချုပ်ထဲ ရောက်တာပဲဖြစ်ဖြစ် ထောင်ထဲ ရောက်တာပဲဖြစ်ဖြစ် အများကြီးရှိတယ် အမျိုးသမီး တွေ ဘယ်လို အခြေအနေတွေ ဖြစ်နေမလဲ ဆိုရင်လည်း ကျမတို့ မသိရတာတွေလည်း အများကြီး ရှိနေတယ် ပေါ့နော” ဟု နော်ဆဲဆဲ က ပြောသည်။

ထို့ကြောင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပြည်သူများအား နည်းမျိုးစုံဖြင့် သတ် ဖြတ်နေသည့် စစ်ကောင်စီတပ်အား အမြန်ဆုံး အပြစ်ပေး အရေးယူနိုင်ရန် ကုလသမဂ္ဂ အဖွဲ့များ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီလုပ်ဆောင်ပေးရန် အမျိုးသမီးအဖွဲ့များက တောင်းဆိုသည်ဟု ဆိုသည်။

Photo – BWU

*** ZAWGYI ***
အမ်ိဳးသမီးမ်ားအေပၚ လိင္အၾကမ္းဖက္မႈ ပိုမို ဆိုး႐ြားလာေနေၾကာင္း အမ်ိဳးသမီးအဖြဲ႕မ်ားေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ ဇူလိုင္လ ၁ ရက္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္မ်ားက အမ်ိဳးသမီးမ်ားအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား ပိုမို လုပ္ေဆာင္လာေနသည္ဟု အမ်ိဳးသမီးအဖြဲ႕ မ်ား က ေျပာသည္။

စစ္အာဏာသိမ္းၿပီးေနာက္ အမ်ိဳးသမီးမ်ားအား ဖမ္းဆီးမႈလည္း ပိုမိုမ်ားျပားလာေနသည္ဟု ျမန္မာအမ်ိဳးသမီး သမဂၢ (BWU ) အႀကံေပး ေဒၚတင္တင္ညိဳ က ေျပာသည္။

၎က “ပိုမ်ားလာတယ္လို႔ ေျပာလို႔ရပါတယ္။ ဘာလဲဆို အာဏာသိမ္းတာကို ဆန႔္က်င္တယ္ဆိုတဲ့ ႏိုင္ငံေရး အရ ဒီလႈပ္ရွားမႈ ၿပီးလို႔ရွိရင္ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ လူ႔အခြင့္အေရး က်င့္သုံးမႈအေပၚမွာ မူတည္ၿပီးေတာ့ မွ အဖမ္းခံရတယ္။ အခ်ိန္မေ႐ြး အဖမ္းခံရတယ္။ ကိုယ့္အိမ္မွာေနရင္လည္း သံသယမႈနဲ႔ လာဖမ္းႏိုင္တယ္ ဆို ေတာ့ ဒီလိုမ်ိဳး အဖမ္းခံရတဲ့ အမ်ိဳးသမီးေတြက အမ်ားႀကီးပဲ ဒီအထဲမွာ ျဖစ္ေနတယ္ေပါ့။ အမ်ိဳးသမီးပဲ ရွိ ေသးတယ္ေပါ့ေလ။ ဆိုေတာ့ တစ္နည္းမဟုတ္ တစ္နည္းကေတာ့ ညႇင္းပန္းႏွိပ္စက္မႈေတြကေတာ့ ရွိေနၾက တယ္။ အမ်ိဳးမ်ိဳး ဖိႏွိပ္မႈေတြလည္း ရွိေနတယ္။ ဆိုေတာ့ နံပါတ္အရက အရမ္းကိုလည္း မ်ားလာတယ္လို႔ ေျပာ လို႔ရတယ္ေလ။ ဒါေၾကာင့္မို႔လို႔ အာဏာမသိမ္းခင္တုန္းက အေျခအေနနဲ႔ေတာ့ အမ်ားႀကီး ကြာဟမႈ ရွိပါတယ္” ဟု ေျပာသည္။

အမ်ိဳးသမီးမ်ားအား စကားအားျဖင့္ေသာ္လည္ေကာင္း၊ ကိုယ္ထိလက္ေရာက္ျဖင့္ေသာ္လည္းေကာင္း နည္းမ်ိဳး စုံသုံးကာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားကို စစ္ေကာင္စီတပ္က အာဏာသိမ္းၿပီးေနာက္တြင္ ဆက္လက္ လုပ္ေဆာင္ေနသည္ဟု ဆိုသည္။

အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ (ျမန္မာႏိုင္ငံ) WLB အေထြေထြ အတြင္းေရးမႉး ေနာ္ဆဲဆဲကလည္း “အထူးသျဖင့္ အမ်ိဳးသမီးေတြေပါ့ေနာ္၊ ဒီစစ္အာဏာသိမ္းမႈေတြကို မဆန႔္က်င္ေအာင္ သူတို႔ ၿခိမ္းေျခာက္ၿပီးေတာ့ လုပ္ေဆာင္ ေနတာ ေတြရွိတယ္။ က်ဴးလြန္ေနတာေတြရွိတယ္။ တစ္ခ်ိဳ႕က်ေတာ့ ဒီဖမ္းဆီးၿပီးတဲ့ေနာက္မွာေပါ့ေနာ စစ္ ေဆးေမးျမန္းတာတို႔ အဲဒါနဲ႔ပဲ လိင္ပိုင္းဆိုင္ရာေတြကို က်ဴးလြန္တာေတြ အၾကမ္းဖက္တာေတြ ရွိတယ္ေပါ့ ေနာ္။ ေနာက္တစ္ခုက်ေတာ့ မသိပဲနဲ႔ေပါ့ေနာ အဲလိုမ်ိဳး ေခၚသြားၿပီးေတာ့ အမ်ိဳးမ်ိဳးေပါ့ေနာ။ စြပ္စြဲတယ္ေပါ့ ေနာ္။ ဘယ္သူေတြနဲ႔ ခ်ိတ္ဆက္တာလဲ ဘယ္သူေတြနဲ႔ အဆယ္အသြယ္ ရွိသလဲ၊ ဘာညာ အဲလိုမ်ိဳး စြပ္စြဲၿပီး ေတာ့ လိင္ပိုင္းဆိုင္ရာပါ က်ဴးလြန္တာေတြရွိတယ္ေပါ့ေနာ္။ အဲလိုပုံစံေတြ ကေတာ့ က်မတို႔ သိရတယ္” ဟု ေျပာ သည္။

ေဒၚတင္တင္ညိဳကလည္း “ဥပမာဆိုလို႔ရွိရင္ မိန္းမကိုယ္ကို အဲလိုမ်ိဳး အရာဝတၱဳေတြနဲ႔ ထိုးသြင္းတဲ့ ကိစၥေတြက အစ လုပ္တာ တစ္ခ်ိဳ႕ကက်ေတာ့လည္း စိတ္ဒဏ္ရာ ရေအာင္ မုဒိမ္းက်င့္မယ္၊ ဘာညာ ၿခိမ္းေျခာက္တာေတြ က အစေပါ့ေနာ္။ ဒါမ်ိဳးေလးေတြက ရွိတယ္။ ေနာက္အမ်ိဳးမ်ိဳး ႏွိပ္စက္တယ္။ ဒါေတြကေတာ့ရွိေနတယ္” ဟု ေျပာသည္။

အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ (ျမန္မာႏိုင္ငံ) WLB အေနျဖင့္ စစ္ေကာင္စီတပ္၏ အမ်ိဳးသမီးမ်ားအေပၚ လိင္အၾကမ္း ဖက္မႈ အမ်ားႀကီးထဲမွ အခ်ိဳ႕အေၾကာင္းအရာမ်ားကို အခ်က္အလက္ တိတိက်က်ျဖင့္ ရရွိထားၿပီး စိုးရိမ္ ေၾကာက္႐ြံ႕မႈမ်ားေၾကာင့္ ေျပာမျပၾကသည့္ အမ်ိဳးသမီး အေရအတြက္လည္း မ်ားစြာ ရွိေနေသးသည္ဟု ေျပာ သည္။

WLB က ရရွိထားသည့္ အေၾကာင္းအရာ အခ်က္အလက္အခ်ိဳ႕မွာ ၎တို႔ လက္လွမ္းမွီသေလာက္သာ ျဖစ္ ေၾကာင္းႏွင့္ လက္လွမ္းမမွီ သည့္ အမႈမ်ားစြာ ရွိေနေသးသည္ဟု ေနာ္ဆဲဆဲ က ဆိုသည္။

စစ္တပ္က အမ်ိဳးသမီးမ်ားအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားကို စစ္အာဏာမသိမ္းခင္ တိုင္းရင္းသား ေဒသမ်ားတြင္ အမ်ားဆုံး လုပ္ေဆာင္ခဲ့ၾကေသာ္လည္း အာဏာသိမ္းၿပီးေနာက္ တစ္ႏိုင္ငံလုံး အတိုင္းအတာ အထိ လုပ္ေဆာင္လာၾကသည္ဟု အမ်ိဳးသမီး အဖြဲ႕မ်ားက ေျပာသည္။

ေဒၚတင္တင္ညိဳက “ဒါကတစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ျဖစ္တာပါ။ ဆိုတဲ့အခါက်ေတာ့ ၿမိဳ႕ေပၚမွာဆိုရင္လည္း ႏိုင္ငံေရးအရ လႈပ္ရွားတာမ်ိဳးျဖစ္ရင္ အမ်ိဳးသမီးေတြ အဖမ္းခံရတယ္။ ႏွိပ္စက္ခံရတယ္။ ညႇင္းပန္းခံရတယ္။ ေနာက္ၿပီးေတာ့ ခါက်လို႔ရွိရင္ တကယ့္ နယ္ေတြ ေတာေတြ ဖက္မွာဆိုရင္လည္းပဲ ႏိုင္ငံေရးအရ ခုနလိုေပါ့ေနာ ဒီစစ္အာဏာရွင္စနစ္ ဆန႔္က်င္လို႔ ဖမ္းခံရတဲ့ အမ်ိဳးသမီးေတြ ဒီအေပၚမွာ အၾကမ္းဖက္ ခ်ိဳးေဖာက္မႈေတြ က ေတာ့ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ကို ျဖစ္ေနတယ္။ ဒါအင္မတန္မွ စိတ္ပူစရာေကာင္း တဲ့ အတိုင္းအတာ အေနအထားလို႔လည္း ေျပာလို႔ ရပါတယ္” ဟု ဆက္ေျပာသည္။

စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံအႏွံ႔တြင္ စစ္အာဏာရွင္ အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္မႈမ်ားေၾကာင့္ စစ္ ေကာင္စီ၏ ဖမ္းဆီးျခင္းကို ခံရသည့္ လူထုမ်ားထဲတြင္ အမ်ိဳးသမီး ေတာ္ေတာ္မ်ားမ်ားပါဝင္လ်က္ရွိၿပီး ထို အမ်ိဳးသမီးမ်ားမွာ နည္းမ်ိဳးစုံျဖင့္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားကို ခံေနရသည္ဟု ဆိုသည္။

စစ္တပ္က အမ်ိဳးသမီးမ်ားအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားကို အာဏာမသိမ္းခင္က စစ္ေျမျပင္တြင္ စစ္ဆင္ေရးဗ်ဴဟာ တစ္ခု၊ စစ္လက္နက္ တစ္ခုအျဖစ္ အသုံးျပဳခဲ့ေၾကာင္း၊ အထူးသျဖင့္ ကခ်င္၊ ကရင္၊ ရွမ္း၊ အစရွိသည့္ တိုင္းရင္းသား ျပည္နယ္မ်ားႏွင့္ ႐ိုဟင္ဂ်ာ လူမႈအသိုင္းအဝိုင္းမ်ားတြင္ အသုံးျပဳခဲ့သည္ကို ေတြ႕ရ ေၾကာင္း ေနာ္ဆဲဆဲ က ဆိုသည္။

အာဏာသိမ္းၿပီးေနာက္ အေျခအေနႏွင့္ ပတ္သက္၍ “အခု ဒီအာဏာသိမ္းတဲ့ အခ်ိန္မွာဆိုရင္လည္း ျဖစ္လာတဲ့ အခင္းအက်င္း ပဋိပကၡၾကား ထဲမွာ ဆိုရင္လည္း ဒီဗ်ဴဟာ ကို သုံးတယ္ေပါ့ေနာ။ က်မတို႔ ဒီအထူးသျဖင့္ ေထာင္ထဲမွာ အခ်ဳပ္ထဲ ေရာက္တာပဲျဖစ္ျဖစ္ ေထာင္ထဲ ေရာက္တာပဲျဖစ္ျဖစ္ အမ်ားႀကီးရွိတယ္ အမ်ိဳးသမီး ေတြ ဘယ္လို အေျခအေနေတြ ျဖစ္ေနမလဲ ဆိုရင္လည္း က်မတို႔ မသိရတာေတြလည္း အမ်ားႀကီး ရွိေနတယ္ ေပါ့ေနာ” ဟု ေနာ္ဆဲဆဲ က ေျပာသည္။

ထို႔ေၾကာင့္ အမ်ိဳးသမီးမ်ားအား လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားႏွင့္ ျပည္သူမ်ားအား နည္းမ်ိဳးစုံျဖင့္ သတ္ ျဖတ္ေနသည့္ စစ္ေကာင္စီတပ္အား အျမန္ဆုံး အျပစ္ေပး အေရးယူႏိုင္ရန္ ကုလသမဂၢ အဖြဲ႕မ်ား အပါအဝင္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားက ကူညီလုပ္ေဆာင္ေပးရန္ အမ်ိဳးသမီးအဖြဲ႕မ်ားက ေတာင္းဆိုသည္ဟု ဆိုသည္။

Photo – BWU