မြစ်ကြီးနား အထွက် ၂၁ မိုင် ဂိတ်ကို KIA ဝင်တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင် ၂၁ မိုင် စုပေါင်းဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၂ ဦး ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့ဟု သိရသည်။
ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်း ၅ နာရီအချိန်ခန့်က မြစ်ကြီးနားမြို့အဝင်ရှိ ၂၁ မိုင် စုပေါင်းဂိတ်ကို KIA ရင်း ၁၁ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၊ ရဲတပ်သား သေဆုံးမှုအပြင် အရပ်သားသေဆုံးမှုလည်း ရှိခဲ့သည်ဟု ဒေသခံ တစ်ဦး က ပြောသည်။
“တိုက်ပွဲဖြစ်တာတော့ မနက် အစာပိုင်း ၅ နာရီလောက်မှာ ဖြစ်တာ။ တိုက်ပွဲကတော့ နာရီဝက်လောက်ကြာမယ်။ အဲ့ဒီဘေးနားမှာ စားသောက်ဆိုင် ဆိုင်နှစ်ဆိုင်ရှိတယ်။ အဲ့ဆိုင်နှစ်ဆိုင်က ဆိုင်ပိုင်ရှင်နှစ်ယောက်ကို ထိသွားတယ် တဲ့၊ တစ်ယောက်ကတော့ သေသွားတယ်။ တစ်ယောက်ကတော့ အခု ဆေးရုံမှာ ရောက်နေပြီ။ ဆေးကုသနေ တယ်။” ဟု ဒေသခံ တစ်ဦးက ပြောသည်။
တိုက်ခိုက်မှုတွင် ရဲတပ်သားတစ်ဦး သေဆုံးပြီး၊ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရ သည်။
“နောက်ပြီး ရဲလည်း တစ်ယောက်သေသွားတယ်။ မော်တော်ကားက တစ်စီး မီးလောင်သွားတယ်။ ကား လေးစီးကတော့ သေနတ်နဲ့ ပစ်တဲ့အရာတွေ ဖြစ်သွားတယ်။ ပေါက်ကုန်တာပေါ့နော်။ အားလုံးပေါင်းဆိုရင် တော့ ကားက ငါးစီးပေါ့နော်။ အနီးကပ်ဖြစ်ကြတာလို့ ပြောတယ်ဗျ အဲ့ကလူတွေပြောတာက” ဟု ဒေသခံက ဆက်ပြောသည်။
မော်တော်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ရပြီး လေးစီးမှာ သေနတ်များဖြင့် ပစ်ခတ်ခံခဲ့ရပြီး ပျက်စီးသွားသည်ဟု သိရသည်။
“သူတို့ရဲ့ ဂိတ်အဆောက်အဦတွေလား အဲ့ဒါတွေတော့ မီးလောင်တာ မရှိဘူး။ မပျက်စီးဘူး။ နည်းနည်း ပါးပါး အထဲမှာ ထိတာလောက်ပဲရှိတယ်။ အဲ့မှာ မီးလောင်တာက မော်တော်ကားပဲလေ။ တစ်စီးပဲ မီးလောင်တာ” ဟု ဒေသခံ က ဆက်ပြောသည်။
ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် နံနက်ပိုင်း ၅ နာရီအချိန်ခန့်မှ နံနက် ၁၀ နာရီကျော် အချိန်ခန့်အထိ လမ်းပိတ်ထားခဲ့ရပြီး စစ်ကောင်စီတပ်များက လုံခြုံရေးအပြည့်ချထားသည်ဟု သိရသည်။
ထို့အပြင် ယခင်ကထက် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ဆိုသည်။
၂၁ မိုင် စုပေါင်းဂိတ်ကို KIA ရင်း ၁၁ က ဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အဆိုပါသတင်းမှာ မှန်ကန်ကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် သွားတိုက်ရသည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကို မသိရသေးဘူးဟု သတင်းမီဒီယာများအား ပြောသည်။
၂၁ မိုင် စုပေါင်းဂိတ်သည် မြစ်ကြီးနားမြို့အဝင်ဖြစ်သည့် မြစ်ကြီးနား-မန္တလေး လမ်းမကြီးပေါ်တွင် တည်ရှိပြီး၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ ဖားကန့်၊ တနိုင်း၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်တို့ ဘက်မှ ဝင်လာသည့် ကားများအား စစ်ဆေးသည့် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထိုင်သည့် ဂိတ်တစ်ဂိတ်ဖြစ်သည်။
အလားတူ ဇွန်လ ၂၃ ရက်နေ့ကလည်း မြစ်ကြီးနားအဝင်ဂိတ်ဖြစ်သည့် ဗလမင်းထင်တံထားထိပ်က စုပေါင်းဂိတ် ကို KIA က ဝင်ရောက်တိုက်ခဲ့ရာ အဆိုပါဂိတ်မှာ မြစ်ကြီးနား-လွယ်ဂျယ်၊ ဗန်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ ချီဖွေ၊ ပန်ဝါ သည့် မြို့များမှ ဝင်ရောက်လာသည့် ကားများအား စစ်ဆေးသည့် ဂိတ်ဖြစ်သည်။
*** ZAWGYI ***
ျမစ္ႀကီးနား အထြက္ ၂၁ မိုင္ ဂိတ္ကို KIA ဝင္တိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္။
ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ အဝင္ ၂၁ မိုင္ စုေပါင္းဂိတ္ကို ဝင္ ေရာက္တိုက္ခိုက္ခဲ့ရာ အနည္းဆုံး ၂ ဦး ထိခိုက္ေသဆုံးမႈမ်ားျဖစ္ပြားခဲ့ဟု သိရသည္။
ဇြန္လ ၃၀ ရက္ေန႔ နံနက္ပိုင္း ၅ နာရီအခ်ိန္ခန႔္က ျမစ္ႀကီးနားၿမိဳ႕အဝင္ရွိ ၂၁ မိုင္ စုေပါင္းဂိတ္ကို KIA ရင္း ၁၁ က ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ၊ ရဲတပ္သား ေသဆုံးမႈအျပင္ အရပ္သားေသဆုံးမႈလည္း ရွိခဲ့သည္ဟု ေဒသခံ တစ္ဦး က ေျပာသည္။
“တိုက္ပြဲျဖစ္တာေတာ့ မနက္ အစာပိုင္း ၅ နာရီေလာက္မွာ ျဖစ္တာ။ တိုက္ပြဲကေတာ့ နာရီဝက္ေလာက္ၾကာမယ္။ အဲ့ဒီေဘးနားမွာ စားေသာက္ဆိုင္ ဆိုင္ႏွစ္ဆိုင္ရွိတယ္။ အဲ့ဆိုင္ႏွစ္ဆိုင္က ဆိုင္ပိုင္ရွင္ႏွစ္ေယာက္ကို ထိသြားတယ္ တဲ့၊ တစ္ေယာက္ကေတာ့ ေသသြားတယ္။ တစ္ေယာက္ကေတာ့ အခု ေဆး႐ုံမွာ ေရာက္ေနၿပီ။ ေဆးကုသေန တယ္။” ဟု ေဒသခံ တစ္ဦးက ေျပာသည္။
တိုက္ခိုက္မႈတြင္ ရဲတပ္သားတစ္ဦး ေသဆုံးၿပီး၊ တစ္ဦး ဒဏ္ရာ ရရွိခဲ့သည္ဟု သိရ သည္။
“ေနာက္ၿပီး ရဲလည္း တစ္ေယာက္ေသသြားတယ္။ ေမာ္ေတာ္ကားက တစ္စီး မီးေလာင္သြားတယ္။ ကား ေလးစီးကေတာ့ ေသနတ္နဲ႔ ပစ္တဲ့အရာေတြ ျဖစ္သြားတယ္။ ေပါက္ကုန္တာေပါ့ေနာ္။ အားလုံးေပါင္းဆိုရင္ ေတာ့ ကားက ငါးစီးေပါ့ေနာ္။ အနီးကပ္ျဖစ္ၾကတာလို႔ ေျပာတယ္ဗ် အဲ့ကလူေတြေျပာတာက” ဟု ေဒသခံက ဆက္ေျပာသည္။
ေမာ္ေတာ္ကားတစ္စီး မီးေလာင္ပ်က္စီးခဲ့ရၿပီး ေလးစီးမွာ ေသနတ္မ်ားျဖင့္ ပစ္ခတ္ခံခဲ့ရၿပီး ပ်က္စီးသြားသည္ဟု သိရသည္။
“သူတို႔ရဲ႕ ဂိတ္အေဆာက္အဦေတြလား အဲ့ဒါေတြေတာ့ မီးေလာင္တာ မရွိဘူး။ မပ်က္စီးဘူး။ နည္းနည္း ပါးပါး အထဲမွာ ထိတာေလာက္ပဲရွိတယ္။ အဲ့မွာ မီးေလာင္တာက ေမာ္ေတာ္ကားပဲေလ။ တစ္စီးပဲ မီးေလာင္တာ” ဟု ေဒသခံ က ဆက္ေျပာသည္။
ထိုသို႔ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည့္အတြက္ နံနက္ပိုင္း ၅ နာရီအခ်ိန္ခန႔္မွ နံနက္ ၁၀ နာရီေက်ာ္ အခ်ိန္ခန႔္အထိ လမ္းပိတ္ထားခဲ့ရၿပီး စစ္ေကာင္စီတပ္မ်ားက လုံၿခဳံေရးအျပည့္ခ်ထားသည္ဟု သိရသည္။
ထို႔အျပင္ ယခင္ကထက္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟုလည္း ေဒသခံမ်ားက ဆိုသည္။
၂၁ မိုင္ စုေပါင္းဂိတ္ကို KIA ရင္း ၁၁ က ဝင္ေရာက္တိုက္ခိုက္မႈႏွင့္ ပတ္သက္၍ KIO သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက အဆိုပါသတင္းမွာ မွန္ကန္ေၾကာင္း၊ သို႔ေသာ္လည္း မိမိအေနျဖင့္ သြားတိုက္ရသည့္ကိစၥႏွင့္ပတ္သက္၍ အေသးစိတ္ကို မသိရေသးဘူးဟု သတင္းမီဒီယာမ်ားအား ေျပာသည္။
၂၁ မိုင္ စုေပါင္းဂိတ္သည္ ျမစ္ႀကီးနားၿမိဳ႕အဝင္ျဖစ္သည့္ ျမစ္ႀကီးနား-မႏၲေလး လမ္းမႀကီးေပၚတြင္ တည္ရွိၿပီး၊ မိုးေကာင္း၊ မိုးညႇင္း၊ ဟိုပင္၊ ဖားကန႔္၊ တႏိုင္း၊ စစ္ကိုင္း၊ မႏၲေလး၊ ရန္ကုန္တို႔ ဘက္မွ ဝင္လာသည့္ ကားမ်ားအား စစ္ေဆးသည့္ ဌာနဆိုင္ရာေပါင္းစုံ စုေပါင္းထိုင္သည့္ ဂိတ္တစ္ဂိတ္ျဖစ္သည္။
အလားတူ ဇြန္လ ၂၃ ရက္ေန႔ကလည္း ျမစ္ႀကီးနားအဝင္ဂိတ္ျဖစ္သည့္ ဗလမင္းထင္တံထားထိပ္က စုေပါင္းဂိတ္ ကို KIA က ဝင္ေရာက္တိုက္ခဲ့ရာ အဆိုပါဂိတ္မွာ ျမစ္ႀကီးနား-လြယ္ဂ်ယ္၊ ဗန္းေမာ္၊ မိုးေမာက္၊ ေဒါ့ဖုန္းယန္၊ ခ်ီေဖြ၊ ပန္ဝါ သည့္ ၿမိဳ႕မ်ားမွ ဝင္ေရာက္လာသည့္ ကားမ်ားအား စစ္ေဆးသည့္ ဂိတ္ျဖစ္သည္။