မြစ်ကြီးနားတွင် ပြန်လွှတ်ပေးသူ ၁၄၀ ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်။

အာဏာသိမ်းဆန့်ကျင်ရာတွင် ပါဝင်သည့်အတွက် ဖမ်းဆီးခံခဲ့ရသူ ၁၄၀ခန့် မြစ်ကြီးနားအကျဉ်းထောင် အတွင်း က ဇွန်လ ၃၀ရက်နေ့ ညနေပိုင်းကပြန်လွတ်လာကြောင်း မိသားစုဝင်များထံမှ သိရသည်။

မြစ်ကြီးနားထောင်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံရပြီး၊ တရားရင်ဆိုင် နေရဆဲ အမျိုးသား ၉၀ ကျော်နှင့် အမျိုးသမီး၄၀ ကျော် ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

ယခု ပြန်လည်လွတ်မြောက်လာသူတွေထဲတွင် သတင်းထောက်များ၊ ရှေ့နေများနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ အခြားဝန်ကြီးများ ပါဝင်ခြင်း မရှိသေး ဟု သိရသည်။

အာဏာသိမ်းစစ်အစိုးရကတော့ ကချင်တစ်ပြည်နယ်လုံးမှာ ဆူပူဆန္ဒပြသူများနှင့် စပ်လျဉ်း၍ ဖမ်းဆီးအရေး ယူထားသူများ အနက် အမျိုးသား ၉၅ဦး၊အမျိုးသမီး ၅၀ ဦးကို ပထမဦးစားပေးပြန်လွတ်ပေးခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂအထွေညီလာခံဆုံးဖြတ်ချက်နှင့် နိုင်ငံတာကာဖိအားတစ်ချို့ကြောင့် ၎င်းတို့အတွက် အန္တရယ်မရှိသူဟု ယူဆသူများအား စစ်ကောင်စီက ဦးစားလွတ်ပေးခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အကဲခတ်တစ်ဦး က မှတ်ချက် ပြုပြောဆိုသည်။

“ဘာပဲဖြစ်ဖြစ် အခုလို လွတ်လာတာ ကောင်းပါတယ်။ ဘာလို့ဆို နဂိုကတည်းက ဖမ်းဖို့မလိုဘဲ ဖမ်းထားသူ တွေပဲဟာ“ ဟု ၎င်းကဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည်ဟုဆိုကာ ဖမ်းဆီးထားသော အကျဉ်းသားများထဲမှ ၂၃ဝဝ နီးပါးကို ဇွန်လ ၃ဝ ရက်နေ့ မနေ့က ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းထားသူ ၅ဝဝဝ ကျော်ရှိသည့်အတွက် ကျန်လူ ၃ဝဝဝ ခန့်သည် အကျဉ်းထောင်နှင့် ရွှေပြည်သာ စစ်ကြော ရေးစခန်းများကဲ့ သို့ နေရာများထဲတွင် ရှိနေဆဲဖြစ်သည်။

*** ZAWGYI ***
ျမစ္ႀကီးနားတြင္ ျပန္လႊတ္ေပးသူ ၁၄၀ ရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၁ ရက္။

အာဏာသိမ္းဆန႔္က်င္ရာတြင္ ပါဝင္သည့္အတြက္ ဖမ္းဆီးခံခဲ့ရသူ ၁၄၀ခန႔္ ျမစ္ႀကီးနားအက်ဥ္းေထာင္ အတြင္း က ဇြန္လ ၃၀ရက္ေန႔ ညေနပိုင္းကျပန္လြတ္လာေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

ျမစ္ႀကီးနားေထာင္တြင္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံရၿပီး၊ တရားရင္ဆိုင္ ေနရဆဲ အမ်ိဳးသား ၉၀ ေက်ာ္ႏွင့္ အမ်ိဳးသမီး၄၀ ေက်ာ္ ျပန္လည္လြတ္ေျမာက္လာေၾကာင္းသိရသည္။

ယခု ျပန္လည္လြတ္ေျမာက္လာသူေတြထဲတြင္ သတင္းေထာက္မ်ား၊ ေရွ႕ေနမ်ားႏွင့္ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ အျခားဝန္ႀကီးမ်ား ပါဝင္ျခင္း မရွိေသး ဟု သိရသည္။

အာဏာသိမ္းစစ္အစိုးရကေတာ့ ကခ်င္တစ္ျပည္နယ္လုံးမွာ ဆူပူဆႏၵျပသူမ်ားႏွင့္ စပ္လ်ဥ္း၍ ဖမ္းဆီးအေရး ယူထားသူမ်ား အနက္ အမ်ိဳးသား ၉၅ဦး၊အမ်ိဳးသမီး ၅၀ ဦးကို ပထမဦးစားေပးျပန္လြတ္ေပးခဲ့ေၾကာင္း သတင္း ထုတ္ျပန္ထားသည္။

ကုလသမဂၢအေထြညီလာခံဆုံးျဖတ္ခ်က္ႏွင့္ ႏိုင္ငံတာကာဖိအားတစ္ခ်ိဳ႕ေၾကာင့္ ၎တို႔အတြက္ အႏၲရယ္မရွိသူဟု ယူဆသူမ်ားအား စစ္ေကာင္စီက ဦးစားလြတ္ေပးျခင္း ျဖစ္ႏိုင္သည္ဟု ႏိုင္ငံေရး အကဲခတ္တစ္ဦး က မွတ္ခ်က္ ျပဳေျပာဆိုသည္။

“ဘာပဲျဖစ္ျဖစ္ အခုလို လြတ္လာတာ ေကာင္းပါတယ္။ ဘာလို႔ဆို နဂိုကတည္းက ဖမ္းဖို႔မလိုဘဲ ဖမ္းထားသူ ေတြပဲဟာ“ ဟု ၎ကဆိုသည္။

အာဏာသိမ္းစစ္ေကာင္စီက ၎တို႔ကို ဆန႔္က်င္သည္ဟုဆိုကာ ဖမ္းဆီးထားေသာ အက်ဥ္းသားမ်ားထဲမွ ၂၃ဝဝ နီးပါးကို ဇြန္လ ၃ဝ ရက္ေန႔ မေန႔က ျပန္လႊတ္ေပးခဲ့သည္။

ဖမ္းထားသူ ၅ဝဝဝ ေက်ာ္ရွိသည့္အတြက္ က်န္လူ ၃ဝဝဝ ခန႔္သည္ အက်ဥ္းေထာင္ႏွင့္ ေ႐ႊျပည္သာ စစ္ေၾကာ ေရးစခန္းမ်ားကဲ့ သို႔ ေနရာမ်ားထဲတြင္ ရွိေနဆဲျဖစ္သည္။