ဗန်းမောက်တွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူ ၂၀၀ ကျော်ခန့် COVID-19 ကူးစက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်။
စစ်ကိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့တွင် COVID-19 ရောဂါ လက္ခဏာ တွေ့ရှိသူ အရေအတွက်မှာ စစ်ကောင်စီထုတ်ပြန်ချက်နှင့် ဒေသခံ စာရင်းများ ကွာဟနေသည်ဟု ဒေသခံများက ပြောသည်။
ဗန်းမောက်မြို့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည့်စာရင်းအရ COVID-19 ရောဂါ တွေ့ရှိသူ ၁၀၈ ဦး သာရှိ သည်ဟု ထုတ်ပြန်ထားရာ ဒေသခံများက ရရှိထားသည့် အချက်အလက်စာရင်းများအရ အယောက် ၂၀၀ ကျော် အထိ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။
ဗန်းမောက်တွင် တတိယတန်းကျောင်းသား တစ်ဦးအပါအဝင် COVID-19 ရောဂါ ပိုးတွေ့ရှိသူ ၁၀၈ ဦး အထိ ရှိ လာသဖြင့် ဈေးဆိုင်အချို့လည်း ပိတ်သိမ်းခိုင်းထားပြီး လိုအပ်သည့် ကျန်းမာရေးလုပ်ငန်းများကို လျှင်မြန်စွာ ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။
ဗန်းမောက် ကိုဗစ်ကူးစက်မှုသည် ပန်းသတင်း စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင် မှ စတင် ပျံနှံခဲ့ခြင်း ဖြစ်နိုင် ပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးကို စစ်ဆေးလျှင် ၁၀ဦးခန့် ပိုးတွေ့နေရကြောင်း အမှန်တကယ်တွေ့ရှိသည့် အရေအတွက် ထက် လျှော့ပြောထားခြင်း ဖြစ်သည်ဟု CDM ဝင်ထားသူ ကျန်းမာရေးအသိုင်းအဝိုင်း ဝေဖန် ပြောဆို နေကြ သည်။
ဗန်းမောက်တွင် အထက်တန်းကျောင်းတစ်ကျောင်းသာရှိပြီး ကလေးအချို့ထံမှလည်း ပိုးတွေ့ရှိနေသော်လည်း ယခုအချိန်ထိ ကျောင်းများ ဆက်လက်ဖွင့်နေဆဲဖြစ်၍ ကလေးများအတွက် စိုးရိမ်သည်ဟု ကျောင်းသား မိဘ တစ်ဦး က ပြောသည်။
“လူကြီးတွေကူးတာထက် ကလေးတွေကူးမှာ စိုးရိမ်တယ်။ကျောင်းတွေအမြန်ပြန်ပိတ်ပေးစေချင်တယ်“ ဟု အဆိုပါ ကျောင်းသားမိဘ က ပြောသည်။
ဗန်းမောက်ဆေးရုံတွင် ကိုဗစ်ရှိမရှိ စစ်ဆေးလိုလျှင်လည်း တစ်ဦးကို ကျပ်တစ်သောင်းခန့်ပေးပြီးမှ ဆေးစစ်ရ သည်ဟု သိရသည်။
ပထမလှိုင်း ကာလကတည်းက ပိတ်ထားခဲ့သည့် ပန်းသတင်း စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်သည် ယခု စစ်ကောင်စီ လက်ထက်မှ ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွက် တတိယလှိုင်းဟု သတ်မှတ်နေသည့် ယခုအကြိမ် COVID-19 ကူးစက်မှုများတွင် ဗန်းမောက် မြို့တွင် ရဲဝန်ထမ်းအချို့ ပါဝင်နေသည်ဟု သိရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ရပ်ကွက် ၃ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၇အုပ်စု ရှိသည့် ဗန်းမောက်မြို့ တွင် လူဦးရေ တစ်သိန်း တစ်သောင်းကျော်ရှိပြီး လူဦးရေသိပ်သည်ဆမှာ တစ်စတုရန်းကီလိုလျှင် ၃၃ ဦး ခန့်ရှိ ကြောင်း သိရသည်။
*** ZAWGYI ***
ဗန္းေမာက္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားအပါအဝင္ လူ ၂၀၀ ေက်ာ္ခန႔္ COVID-19 ကူးစက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂ ရက္။
စစ္ကိုင္းေဒသႀကီး၊ ကသာခ႐ိုင္၊ ဗန္းေမာက္ၿမိဳ႕တြင္ COVID-19 ေရာဂါ လကၡဏာ ေတြ႕ရွိသူ အေရအတြက္မွာ စစ္ေကာင္စီထုတ္ျပန္ခ်က္ႏွင့္ ေဒသခံ စာရင္းမ်ား ကြာဟေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ဗန္းေမာက္ၿမိဳ႕တြင္ စစ္ေကာင္စီက ထုတ္ျပန္ထားသည့္စာရင္းအရ COVID-19 ေရာဂါ ေတြ႕ရွိသူ ၁၀၈ ဦး သာရွိ သည္ဟု ထုတ္ျပန္ထားရာ ေဒသခံမ်ားက ရရွိထားသည့္ အခ်က္အလက္စာရင္းမ်ားအရ အေယာက္ ၂၀၀ ေက်ာ္ အထိ ရွိႏိုင္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ဗန္းေမာက္တြင္ တတိယတန္းေက်ာင္းသား တစ္ဦးအပါအဝင္ COVID-19 ေရာဂါ ပိုးေတြ႕ရွိသူ ၁၀၈ ဦး အထိ ရွိ လာသျဖင့္ ေဈးဆိုင္အခ်ိဳ႕လည္း ပိတ္သိမ္းခိုင္းထားၿပီး လိုအပ္သည့္ က်န္းမာေရးလုပ္ငန္းမ်ားကို လွ်င္ျမန္စြာ ေဆာင္႐ြက္ေနေၾကာင္း သက္ဆိုင္ရာက သတင္းထုတ္ျပန္ထားသည္။
ဗန္းေမာက္ ကိုဗစ္ကူးစက္မႈသည္ ပန္းသတင္း စားေသာက္ဆိုင္ႏွင့္ ကာရာအိုေကဆိုင္ မွ စတင္ ပ်ံႏွံခဲ့ျခင္း ျဖစ္ႏိုင္ ၿပီး ရဲတပ္ဖြဲ႕ဝင္ ၁၉ ဦးကို စစ္ေဆးလွ်င္ ၁၀ဦးခန႔္ ပိုးေတြ႕ေနရေၾကာင္း အမွန္တကယ္ေတြ႕ရွိသည့္ အေရအတြက္ ထက္ ေလွ်ာ့ေျပာထားျခင္း ျဖစ္သည္ဟု CDM ဝင္ထားသူ က်န္းမာေရးအသိုင္းအဝိုင္း ေဝဖန္ ေျပာဆို ေနၾက သည္။
ဗန္းေမာက္တြင္ အထက္တန္းေက်ာင္းတစ္ေက်ာင္းသာရွိၿပီး ကေလးအခ်ိဳ႕ထံမွလည္း ပိုးေတြ႕ရွိေနေသာ္လည္း ယခုအခ်ိန္ထိ ေက်ာင္းမ်ား ဆက္လက္ဖြင့္ေနဆဲျဖစ္၍ ကေလးမ်ားအတြက္ စိုးရိမ္သည္ဟု ေက်ာင္းသား မိဘ တစ္ဦး က ေျပာသည္။
“လူႀကီးေတြကူးတာထက္ ကေလးေတြကူးမွာ စိုးရိမ္တယ္။ေက်ာင္းေတြအျမန္ျပန္ပိတ္ေပးေစခ်င္တယ္“ ဟု အဆိုပါ ေက်ာင္းသားမိဘ က ေျပာသည္။
ဗန္းေမာက္ေဆး႐ုံတြင္ ကိုဗစ္ရွိမရွိ စစ္ေဆးလိုလွ်င္လည္း တစ္ဦးကို က်ပ္တစ္ေသာင္းခန႔္ေပးၿပီးမွ ေဆးစစ္ရ သည္ဟု သိရသည္။
ပထမလႈိင္း ကာလကတည္းက ပိတ္ထားခဲ့သည့္ ပန္းသတင္း စားေသာက္ဆိုင္ႏွင့္ ကာရာအိုေကဆိုင္သည္ ယခု စစ္ေကာင္စီ လက္ထက္မွ ျပန္လည္ဖြင့္လွစ္ျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံအတြက္ တတိယလႈိင္းဟု သတ္မွတ္ေနသည့္ ယခုအႀကိမ္ COVID-19 ကူးစက္မႈမ်ားတြင္ ဗန္းေမာက္ ၿမိဳ႕တြင္ ရဲဝန္ထမ္းအခ်ိဳ႕ ပါဝင္ေနသည္ဟု သိရသည္။
၂၀၁၄ ခုႏွစ္ သန္းေခါင္းစာရင္းအရ ရပ္ကြက္ ၃ရပ္ကြက္၊ ေက်း႐ြာအုပ္စု ၄၇အုပ္စု ရွိသည့္ ဗန္းေမာက္ၿမိဳ႕ တြင္ လူဦးေရ တစ္သိန္း တစ္ေသာင္းေက်ာ္ရွိၿပီး လူဦးေရသိပ္သည္ဆမွာ တစ္စတုရန္းကီလိုလွ်င္ ၃၃ ဦး ခန႔္ရွိ ေၾကာင္း သိရသည္။