စစ်ကိုင်း-ကချင် အစပ် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်။ စစ်ကောင်စီဘက်မှ ၂၀ ခန့် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်နှင့် အင်းတော်နယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးခဲ့သည်ဟု သိရသည်။
ထီးချိုင့်မြို့နယ်နှင့် အင်းတော်နယ်စပ်၊ ကျောက်အိုက်တောင်တွင် ဇွန်လ ၂ရက် ည ၁၁ နာရီခွဲ အချိန်ခန့် က စစ် ကောင်စီတပ်များနှင့် PDF တပ်တို့အကြား တိုက်ပွဲ ၂ နာရီ ကြာခန့် ဖြစ်ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံး ကြောင်း ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကား ၁၄ စီး သည် အင်းတော်ဘက်မှ မန္တလေးဘက်သို့ဆင်းလာပြီး ထီးချိုင့် အရှေ့ဘက်ကမ်း မြတောင်တွင် နေ့ခင်းပိုင်းတွင်ရပ်နားနေကြောင်း ညဖက်တွင် ယင်း ၁၄ စီးထဲမှ စစ်ကားနှစ်စီး သည် အင်းတော်ဘက်သို့ ပြန်တက်လာစဉ် PDF များ က ကျောက်အိုက်တောင်တွင် ဆီးကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ PDF အဖွဲ့ဝင်က ရှင်းပြသည်။
“နှစ်စီးထဲ ပြန်တက်လာတဲ့ သတင်းကြားလို့ ကျနော်တို့ အပိုင် စောင့်ပစ်တာ။ သူတို့က ညဖက် မလုပ်လောက်ဖူး လို့ထင်နေတာ အလစ်အငိုက်မိသွားတာ“ ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည် ဇွန်လ ၂၆ ရက်ကလည်း ကျောက်အိုက်တောင်တွင် စစ်ကား ၃ စီးကို ထီးချိုင့် PDF တပ်ဖွဲ့ဝင်များက ခြုံခို တိုက်ခိုက်ရာမှုအပြီး တစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ပွဲ ထပ်ဖြစ်ခြင်း ဖြစ်သည်။
ဇွန်လ ၂၆ရက်နေ့ က တိုက်ပွဲတွင်လည်း စစ်ကောင်စီးတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးကြောင်း သေဆုံး၊ ဒဏ်ရာ ရသူ များကို ဝန်သိုနှင့်ကောလင်းရှိ ဆေးရုံများသို့ သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
*** ZAWGYI ***
စစ္ကိုင္း-ကခ်င္ အစပ္ စစ္ေကာင္စီတပ္ႏွင့္ PDF တိုက္ပြဲျဖစ္။ စစ္ေကာင္စီဘက္မွ ၂၀ ခန္႔ ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၃ ရက္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕နယ္ႏွင့္ အင္းေတာ္နယ္စပ္တြင္ စစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ PDF တို႔အၾကား တိုက္ပြဲ ျဖစ္ပြားခဲ့ရာ စစ္ေကာင္စီဘက္က ၂၀ ခန႔္ ေသဆုံးခဲ့သည္ဟု သိရသည္။
ထီးခ်ိဳင့္ၿမိဳ႕နယ္ႏွင့္ အင္းေတာ္နယ္စပ္၊ ေက်ာက္အိုက္ေတာင္တြင္ ဇြန္လ ၂ရက္ ည ၁၁ နာရီခြဲ အခ်ိန္ခန႔္ က စစ္ ေကာင္စီတပ္မ်ားႏွင့္ PDF တပ္တို႔အၾကား တိုက္ပြဲ ၂ နာရီ ၾကာခန႔္ ျဖစ္ရာ စစ္ေကာင္စီဘက္က ၂၀ ခန႔္ ေသဆုံး ေၾကာင္း ထီးခ်ိဳင့္ PDF တပ္ဖြဲ႕ဝင္တစ္ဦး က ေျပာသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ စစ္ကား ၁၄ စီး သည္ အင္းေတာ္ဘက္မွ မႏၲေလးဘက္သို႔ဆင္းလာၿပီး ထီးခ်ိဳင့္ အေရွ႕ဘက္ကမ္း ျမေတာင္တြင္ ေန႔ခင္းပိုင္းတြင္ရပ္နားေနေၾကာင္း ညဖက္တြင္ ယင္း ၁၄ စီးထဲမွ စစ္ကားႏွစ္စီး သည္ အင္းေတာ္ဘက္သို႔ ျပန္တက္လာစဥ္ PDF မ်ား က ေက်ာက္အိုက္ေတာင္တြင္ ဆီးႀကိဳ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါ PDF အဖြဲ႕ဝင္က ရွင္းျပသည္။
“ႏွစ္စီးထဲ ျပန္တက္လာတဲ့ သတင္းၾကားလို႔ က်ေနာ္တို႔ အပိုင္ ေစာင့္ပစ္တာ။ သူတို႔က ညဖက္ မလုပ္ေလာက္ဖူး လို႔ထင္ေနတာ အလစ္အငိုက္မိသြားတာ“ ဟု ၎က ေျပာသည္။
ၿပီးခဲ့သည္ ဇြန္လ ၂၆ ရက္ကလည္း ေက်ာက္အိုက္ေတာင္တြင္ စစ္ကား ၃ စီးကို ထီးခ်ိဳင့္ PDF တပ္ဖြဲ႕ဝင္မ်ားက ၿခဳံခို တိုက္ခိုက္ရာမႈအၿပီး တစ္ပတ္အတြင္း ဒုတိယအႀကိမ္ တိုက္ပြဲ ထပ္ျဖစ္ျခင္း ျဖစ္သည္။
ဇြန္လ ၂၆ရက္ေန႔ က တိုက္ပြဲတြင္လည္း စစ္ေကာင္စီးတပ္ဖြဲ႕ဝင္ ၂၀ ခန႔္ ေသဆုံးေၾကာင္း ေသဆုံး၊ ဒဏ္ရာ ရသူ မ်ားကို ဝန္သိုႏွင့္ေကာလင္းရွိ ေဆး႐ုံမ်ားသို႔ သယ္ေဆာင္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။