တောင်ဒဂုံမြို့နယ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အသုဘ ပုံစံတူ အခမ်းအနားကျင်းပ (သတင်းတို)
သတင်းနှင့်မီဒီယာကွန်ရက်။
ဇူလိုင်လ ၃ ရက်၊ ၂၀၂၁ ခုနှစ်။
တောင်ဒဂုံမြို့နယ်နှင့် အရှေ့ဒဂုံမြို့နယ်အတွင်းက လူငယ်အချို့စုပေါင်းကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသုဘ အခမ်းအနား ပုံစံတူ ပြုလုပ်ကာ ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။
ဆန္ဒပြပွဲကို ဇူလိုင် ၃ ရက် (ယနေ့)၊ နံနက်ပိုင်းက တောင်ဒဂုံမြို့နယ် အတွင်းမှာပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင် ၏ ဓါတ်ပုံများနှင့် အခေါင်းတစ်လုံးကို မီးရှို့ခဲ့ ကြသည်။
ဆန္ဒပြပွဲတွင် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဆိုသည့် ကြွေးကြော်သံနှင့် အတူ ကြွေးကြော်သံအချို့ကို ကြွေးကြော် ခဲ့ပြီး အောင်မြင်စွာ လူစူခွဲနိုင်ခဲ့ ကြောင်းသိရသည်။
ယနေ့ဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မွေးနေ့ဟုဆိုကာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆန္ဒထုတ်ဖော်ပွဲများကို ပုံစံမျိုးစုံဖြင့် ကျင်းပနေ ကြသည်။
*** ZAWGYI ***