ပဲခူး လူငယ်တစ်ဦး စစ်ကြောရေးတွင် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။
စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးခဲ့သူ လူငယ်တစ်ဦးကို ဇူလိုင်လ ၃ ရက်နေ့ (ယနေ့) တွင် မြေမြုပ်သင်္ဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်ပြည်မြို့နယ်၊ နဝင်းနယ်မြေ၊ ဖိုးခေါင်ကျေးရွာက စစ်ကောင်စီ၏ စစ်ကြောရေး တွင် သေဆုံးသွားသည့် ကိုစိုးမင်း ၃၄ နှစ် ကို ယနေ့ မွန်းလွဲပိုင်းတွင် မြေမြုပ် သင်္ဂြိုလ်သွားမည်ဟု မိသားစုဝင်များ က ပြောသည်။
ဇွန် ၂၉ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ဇူလိုင် ၁ ရက်တွင် သက်ဆိုင်ရာက အလောင်းလာယူရန် အကြောင်း ကြားလာခဲ့ကြောင်း မိသားစုဝင် တစ်ဦးက ပြောသည်။
စစ်ကောင်စီ ဖမ်းဆီးစဉ်က မြရွာဘုန်းကြီးကျောင်းကို မီးရှို့သည်ဆိုသည့် စွပ်စွဲချက်သက်သက်ဖြင့် ဖမ်းဆီးသွား ခြင်းဖြစ်ပြီး နှိပ်စက်စစ်ဆေးမှုများကြောင့် ညတွင်းချင်းပင် သေဆုံးခြင်းဖြစ်နိုင်သည်ဟု မိသားစုဝင်တစ်ဦး က ပြောသည်။
”ဘာမှရေရာတဲ့ ပြစ်မှုမျိုး သူမလုပ်ဘူး။ အခုတော့ မြင်ရက်စရာ တောင်မရှိဘူး။ တော်တော်လေးကို ရိုက်နှက် ထားတာ အညိုအမဲတွေနဲ့ ကိုင်ကြည့်တော့ လက်ကောက်ဝတ်တွေ ကျိုးနေတယ်”ဟု သေဆုံးသူ၏ မိသားစုဝင် တစ်ဦး က ပြောသည်။
မြရွာဘုန်းကြီးကျောင်းမီးရှို့မည်ဆိုသည့် ကိစ္စမှာ ပုဂ္ဂိုလ်ရေးအရ လူချင်းမတည့်သူ က လီဆယ်တိုင်တန်းမှု သာ ဖြစ်ကြောင်း ဖိုးခေါင် ရွာသားတစ်ဦး ပြောသည်။
စစ်ကောင်စီတပ် ၏ စစ်ကြောရေးတွင် သေဆုံးခဲ့ရသူ ကိုစိုးမင်းသည် သံဖြူလုပ်ငန်းတစ်ခုတွင် တစ်ရက်လျှင် ၇၀၀၀ ကျပ်ဖြင့် လုပ်ခစား အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး၊ ဇနီးဖြစ်သူမှာ အကြား အာရုံချို့တဲ့သူ ဖြစ်ကာ ရပ်ကွက်ထဲတွင် ခဝါသည် (အဝတ်လျော်) အလုပ် လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။
ကိုစိုးမင်း မိသားစုသည် ကျူးကျော်မြေတွင် နေထိုင်ကြရပြီး ၁၁ နှစ် အရွယ် နှင့် ၂ နှစ် အရွယ် သားနှစ်ဦး ကျန်ရစ် ခဲ့သည်။
စစ်ကောင်စီ၏ လက်အောက်ခံ များဖြစ်ကြသည့် ရဲ၊ စစ်တပ်၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေးတွင် သေ ဆုံးခဲ့သူများထဲတွင် ရန်ကုန်တိုင်းပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ ရွှေပြည်သာ မြို့ နယ် က စု-အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အဖွဲ့ ဝင် ကိုကျော်ကျော် ခေါ် ကိုအဂ္ဂမိုးညို၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ပုလဲမြို့မှကဗျာဆရာ ကိုခက်သီ တို့ကဲ့ သို့ လူသိများသည့် ထင်ရှားသူများ အပါအဝင် ပြည်မြို့က ကိုစိုးဝင်း နှင့်ဆိုပါက တစ်နိုင်ငံလုံးတွင် ၂၈ ဦး ခန့် ရှိပြီး ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း စာရင်းအရ သိရသည်။
ဖိုးခေါင်ကျေးရွာသည် ပြည်မြို့၏ နဝင်းချောင်း တဘက်ကမ်းတွင် တည်ရှိပြီး မြရွာသကြားစက်လမ်း မှ တဆင့် ပြည်-အောင်လံ ဝက်ထီးကန်ဘက်သို့ ပြန်ထွက်သည့် လမ်းပေါ်ရှိ အရေးပါသော လမ်းဘေးရွာ တစ်ရွာ ဖြစ် သည်။
*** ZAWGYI ***
ပဲခူး လူငယ္တစ္ဦး စစ္ေၾကာေရးတြင္ ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၃ ရက္။
စစ္ေကာင္စီ၏ စစ္ေၾကာေရးတြင္ ေသဆုံးခဲ့သူ လူငယ္တစ္ဦးကို ဇူလိုင္လ ၃ ရက္ေန႔ (ယေန႔) တြင္ ေျမျမဳပ္သၿဂႋဳလ္မည္ဟု မိသားစုဝင္မ်ားက ေျပာသည္။
ပဲခူးတိုင္းအေနာက္ျခမ္း၊ ျပည္ခ႐ိုင္ျပည္ၿမိဳ႕နယ္၊ နဝင္းနယ္ေျမ၊ ဖိုးေခါင္ေက်း႐ြာက စစ္ေကာင္စီ၏ စစ္ေၾကာေရး တြင္ ေသဆုံးသြားသည့္ ကိုစိုးမင္း ၃၄ ႏွစ္ ကို ယေန႔ မြန္းလြဲပိုင္းတြင္ ေျမျမဳပ္ သၿဂႋဳလ္သြားမည္ဟု မိသားစုဝင္မ်ား က ေျပာသည္။
ဇြန္ ၂၉ ရက္ေန႔က ဖမ္းဆီးသြားၿပီးေနာက္ ဇူလိုင္ ၁ ရက္တြင္ သက္ဆိုင္ရာက အေလာင္းလာယူရန္ အေၾကာင္း ၾကားလာခဲ့ေၾကာင္း မိသားစုဝင္ တစ္ဦးက ေျပာသည္။
စစ္ေကာင္စီ ဖမ္းဆီးစဥ္က ျမ႐ြာဘုန္းႀကီးေက်ာင္းကို မီးရႈိ႕သည္ဆိုသည့္ စြပ္စြဲခ်က္သက္သက္ျဖင့္ ဖမ္းဆီးသြား ျခင္းျဖစ္ၿပီး ႏွိပ္စက္စစ္ေဆးမႈမ်ားေၾကာင့္ ညတြင္းခ်င္းပင္ ေသဆုံးျခင္းျဖစ္ႏိုင္သည္ဟု မိသားစုဝင္တစ္ဦး က ေျပာသည္။
”ဘာမွေရရာတဲ့ ျပစ္မႈမ်ိဳး သူမလုပ္ဘူး။ အခုေတာ့ ျမင္ရက္စရာ ေတာင္မရွိဘူး။ ေတာ္ေတာ္ေလးကို ႐ိုက္ႏွက္ ထားတာ အညိဳအမဲေတြနဲ႔ ကိုင္ၾကည့္ေတာ့ လက္ေကာက္ဝတ္ေတြ က်ိဳးေနတယ္”ဟု ေသဆုံးသူ၏ မိသားစုဝင္ တစ္ဦး က ေျပာသည္။
ျမ႐ြာဘုန္းႀကီးေက်ာင္းမီးရႈိ႕မည္ဆိုသည့္ ကိစၥမွာ ပုဂၢိဳလ္ေရးအရ လူခ်င္းမတည့္သူ က လီဆယ္တိုင္တန္းမႈ သာ ျဖစ္ေၾကာင္း ဖိုးေခါင္ ႐ြာသားတစ္ဦး ေျပာသည္။
စစ္ေကာင္စီတပ္ ၏ စစ္ေၾကာေရးတြင္ ေသဆုံးခဲ့ရသူ ကိုစိုးမင္းသည္ သံျဖဴလုပ္ငန္းတစ္ခုတြင္ တစ္ရက္လွ်င္ ၇၀၀၀ က်ပ္ျဖင့္ လုပ္ခစား အလုပ္လုပ္ကိုင္ေနသူ တစ္ဦးျဖစ္ၿပီး၊ ဇနီးျဖစ္သူမွာ အၾကား အာ႐ုံခ်ိဳ႕တဲ့သူ ျဖစ္ကာ ရပ္ကြက္ထဲတြင္ ခဝါသည္ (အဝတ္ေလ်ာ္) အလုပ္ လုပ္ကိုင္သူျဖစ္ေၾကာင္း သိရသည္။
ကိုစိုးမင္း မိသားစုသည္ က်ဴးေက်ာ္ေျမတြင္ ေနထိုင္ၾကရၿပီး ၁၁ ႏွစ္ အ႐ြယ္ ႏွင့္ ၂ ႏွစ္ အ႐ြယ္ သားႏွစ္ဦး က်န္ရစ္ ခဲ့သည္။
စစ္ေကာင္စီ၏ လက္ေအာက္ခံ မ်ားျဖစ္ၾကသည့္ ရဲ၊ စစ္တပ္၏ ဖမ္းဆီးႏွိပ္စက္မႈေၾကာင့္ စစ္ေၾကာေရးတြင္ ေသ ဆုံးခဲ့သူမ်ားထဲတြင္ ရန္ကုန္တိုင္းပန္းဘဲတန္းၿမိဳ႕နယ္ NLD ရပ္ေက်းအဖြဲ႕ဝင္ ဦးခင္ေမာင္လတ္၊ ေ႐ႊျပည္သာ ၿမိဳ႕ နယ္ က စု-အသက္ေမြးဝမ္းေက်ာင္းသိပၸံ တာဝန္ခံ ကိုေဇာ္ျမတ္လင္း၊ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ NLD အဖြဲ႕ ဝင္ ကိုေက်ာ္ေက်ာ္ ေခၚ ကိုအဂၢမိုးညိဳ၊ ခ်င္းတြင္းျမစ္ အေနာက္ဘက္ကမ္း ပုလဲၿမိဳ႕မွကဗ်ာဆရာ ကိုခက္သီ တို႔ကဲ့ သို႔ လူသိမ်ားသည့္ ထင္ရွားသူမ်ား အပါအဝင္ ျပည္ၿမိဳ႕က ကိုစိုးဝင္း ႏွင့္ဆိုပါက တစ္ႏိုင္ငံလုံးတြင္ ၂၈ ဦး ခန႔္ ရွိၿပီး ျဖစ္ေၾကာင္း ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း စာရင္းအရ သိရသည္။
ဖိုးေခါင္ေက်း႐ြာသည္ ျပည္ၿမိဳ႕၏ နဝင္းေခ်ာင္း တဘက္ကမ္းတြင္ တည္ရွိၿပီး ျမ႐ြာသၾကားစက္လမ္း မွ တဆင့္ ျပည္-ေအာင္လံ ဝက္ထီးကန္ဘက္သို႔ ျပန္ထြက္သည့္ လမ္းေပၚရွိ အေရးပါေသာ လမ္းေဘး႐ြာ တစ္႐ြာ ျဖစ္ သည္။