ဒဂုံဆိပ်ကမ်းတွင် အိမ်ထောင်စု ၄၀၀၀ အတွက် WFP မှ ဆန်ဝေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၇ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဇူလိုင်လ ဆန်းတွင် ဆန်ဝေငှခဲ့သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း က သတင်းထုတ်ပြန်ထားသည်။

ဆန်ဝေခြင်းကို ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကူညီဖြန့်ဝေ ပေးခဲ့ခြင်းဖြစ်သည်။

“ဆန်ကကြမ်းတယ်။ သူ့ချည်းချက်ပြီးပူနေတဲ့အချိန်စားတာတောင် ကြမ်းတယ်။ နှစ်အိမ်ထောင်ကို တစ်အိတ် ဝေ တာ။ အိတ်ကြည့်ပြီး ဆန်ကောင်းမယ်ထင်တာ။ ဆန်ကွဲတောင်ပါတယ်”ဟု ၈၇ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦး က ပြောသည်။

စားနပ်ရိက္ခာဖြန့်ဝေရာတွင် အိမ်ထောင်စုတစ်စုကို ဆန် (၁၂ ဒသမ ၅)ပြည်နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်ကိုဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် ရပ်ကွက်များကိုလည်း ဆက်လက်ဖြန့် ဝေနိုင်ရန် စီစဉ်နေကြောင်းကိုလည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထည့်သွင်းဖော်ပြထားသည်။

“ဇီယာနဲ့ ဆန်ကွဲရောထားတဲ့ ပုံစံပေါ့။ ဆန်အချော ၂ လုံး၊ ဒီဆန် ၁ လုံး ရော ချက်တာတောင်မာတယ်။ ကျမတို့ ဆို စားခါနီးမှချက်တာ။ အေးသွားရင်မာလို့” ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦး က ပြောသည်။

ဒဂုံဆိပ်ကမ်း ၈၇ ရပ်ကွက်အတွင်း ဆန်အပြင် ဆီ၊ ဆား၊ ကြက်သွန် စသည့် အခြေခံ စားသောက်ကုန်ပစ္စည်း အချို့လည်း ဝေပေးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိတွင် ဆန်တစ်မျိုးတည်းသာ ရရှိသေး သည်ဟု ဒေသခံများ က ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)သည် မြို့ပြက ဆင်ခြေဖုံးရပ်ကွက်အတွင်း နေထိုင်သူ ၂ သန်းနီးပါး ကို အကူညီပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်က လူသုံးသိန်းကျော်ကိုလည်း ပြီးခဲ့သည့် လပိုင်းကပဲ စားနပ်ရိက္ခာများ ဖြန့်ဝေပေးထားပြီး ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံအတွင်း က လူဦးရေ ၃ သန်းကျော်သည် ၃ လ မှ ၆ လအတွင်း စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာများနှင့် ကြုံရနိုင်သည်ဟု WFP က ဧပြီလတုန်း က ခန့်မှန်းထား ခဲ့သည်။

*** ZAWGYI ***
ဒဂုံဆိပ္ကမ္းတြင္ အိမ္ေထာင္စု ၄၀၀၀ အတြက္ WFP မွ ဆန္ေဝ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၄ ရက္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ၈၇ ရပ္ကြက္အတြင္းရွိ အိမ္ေထာင္စုေပါင္း ၄၀၀၀ ေက်ာ္အတြက္ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕က ဇူလိုင္လ ဆန္းတြင္ ဆန္ေဝငွခဲ့သည္ဟု ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္း က သတင္းထုတ္ျပန္ထားသည္။

ဆန္ေဝျခင္းကို ဇူလိုင္ ၁ ရက္ႏွင့္ ၂ ရက္ေန႔တို႔တြင္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP က စတင္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းက ကူညီျဖန႔္ေဝ ေပးခဲ့ျခင္းျဖစ္သည္။

“ဆန္ကၾကမ္းတယ္။ သူ႔ခ်ည္းခ်က္ၿပီးပူေနတဲ့အခ်ိန္စားတာေတာင္ ၾကမ္းတယ္။ ႏွစ္အိမ္ေထာင္ကို တစ္အိတ္ ေဝ တာ။ အိတ္ၾကည့္ၿပီး ဆန္ေကာင္းမယ္ထင္တာ။ ဆန္ကြဲေတာင္ပါတယ္”ဟု ၈၇ ရပ္ကြက္အတြင္း ေနထိုင္သူ တစ္ဦး က ေျပာသည္။

စားနပ္ရိကၡာျဖန႔္ေဝရာတြင္ အိမ္ေထာင္စုတစ္စုကို ဆန္ (၁၂ ဒသမ ၅)ျပည္ႏႈန္းျဖင့္ အိမ္ေထာင္စုေပါင္း ၄၀၀၀ ေက်ာ္ကိုျဖန႔္ေဝခဲ့ျခင္းျဖစ္ၿပီး ၿမိဳ႕နယ္အတြင္းရွိ က်န္ရွိေနသည့္ ရပ္ကြက္မ်ားကိုလည္း ဆက္လက္ျဖန႔္ ေဝႏိုင္ရန္ စီစဥ္ေနေၾကာင္းကိုလည္း ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းက ထည့္သြင္းေဖာ္ျပထားသည္။

“ဇီယာနဲ႔ ဆန္ကြဲေရာထားတဲ့ ပုံစံေပါ့။ ဆန္အေခ်ာ ၂ လုံး၊ ဒီဆန္ ၁ လုံး ေရာ ခ်က္တာေတာင္မာတယ္။ က်မတို႔ ဆို စားခါနီးမွခ်က္တာ။ ေအးသြားရင္မာလို႔” ဟု ရပ္ကြက္ေနအမ်ိဳးသမီးတစ္ဦး က ေျပာသည္။

ဒဂုံဆိပ္ကမ္း ၈၇ ရပ္ကြက္အတြင္း ဆန္အျပင္ ဆီ၊ ဆား၊ ၾကက္သြန္ စသည့္ အေျခခံ စားေသာက္ကုန္ပစၥည္း အခ်ိဳ႕လည္း ေဝေပးမည္ဟု သတင္းမ်ားထြက္ေပၚေနေသာ္လည္း လက္ရွိတြင္ ဆန္တစ္မ်ိဳးတည္းသာ ရရွိေသး သည္ဟု ေဒသခံမ်ား က ေျပာသည္။

ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP)သည္ ၿမိဳ႕ျပက ဆင္ေျခဖုံးရပ္ကြက္အတြင္း ေနထိုင္သူ ၂ သန္းနီးပါး ကို အကူညီေပးႏိုင္ရန္ စီစဥ္ေနျခင္းျဖစ္ၿပီး လႈိင္သာယာၿမိဳ႕နယ္က လူသုံးသိန္းေက်ာ္ကိုလည္း ၿပီးခဲ့သည့္ လပိုင္းကပဲ စားနပ္ရိကၡာမ်ား ျဖန္႔ေဝေပးထားၿပီး ျဖစ္သည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံတြင္ စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ပိုင္း ႏိုင္ငံအတြင္း က လူဦးေရ ၃ သန္းေက်ာ္သည္ ၃ လ မွ ၆ လအတြင္း စားနပ္ရိကၡာ မလုံေလာက္မႈ ျပႆနာမ်ားႏွင့္ ႀကဳံရႏိုင္သည္ဟု WFP က ဧၿပီလတုန္း က ခန႔္မွန္းထား ခဲ့သည္။