ပုလောမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် ပေါက်ကွဲမှု ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းက စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံထားသူ အုပ်ချုပ်ရေးမှူး တစ်ဦး၏ နေအိမ်တွင် ဇူလိုင်လ ၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရ သည်။

ပုလောမြို့နယ်ထဲက လက္ကူးကျေးရွာအုပ်ချုပ်ရေးမှူး သက်နိုင်၏ နေအိမ်တွင် ဇူလိုင် ၅ ရက်နေ့၊ နံနက်၂ နာရီ ခွဲ အချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဗုံးပေါက်သံအကျယ်ကြီးကြားလိုက်တယ်။ သိပ်မကြာဘူး။ စစ်သား ၇ ယောက်လောက် အုပ်ကြီး သက်နိုင် အိမ်ကို ရောက်လာတယ်၊ ရွာထဲမှာ မသင်္ကာတဲ့ အိမ်တွေကို လိုက်လံစစ်ဆေး ရှာဖွေနေတယ် အုပ်ချုပ်ရေးမှူး အိမ်ကိုလည်း မနက်ပိုင်းကစပြီး လုံခြုံရေး ယူပေးထားတာ တွေ့ရတယ်” ဟု လက္ကူးကျေးရွာတွင် နေထိုင်သူ တစ်ဦး က အတည်ပြု ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးသက်နိုင်၏ အိမ်ရှေ့ဝရံတာနှင့် အိမ်ရှေ့ခန်း အချို့ပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာရ သေဆုံးမှုတော့မရှိကြောင်း သိရသည်။

လက္ကူးကျေးရွာက ဦးသက်နိုင်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ က ခန့်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်ပြီး ကျေးရွာနှင့်ဒေသတွင်းက သတင်းများကို စစ်ကောင်စီကို သတင်း ပေးနေသူ တစ်ဦးဟု ဒေသခံများ စွပ်စွဲထားသူ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ကလည်း ပုလောမြို့ အမှတ် (၃)ရပ်ကွက်က အုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ ဆရာမ ဒေါ်အိဇာထွန်း အိမ်လည်းပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ လက္ကူးကျေးရွာက ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည့်သည့်ဖွဲ့အစည်းက မည့်သည့်အတွက်ကြောင့် ပြု လုပ်သွားသည်ကို ထုတ်ပြန်ကြေညာြခင်း မရှိပါ။

ယခုကာလတွင် ဒေသအနှံအပြား၌ ဗုံးခွဲခြင်းများ၊ ပေါက်ကွဲမှုများ၊ သတင်းပေး(အရပ်သားအခေါ် ဒလန်) သုတ် သင်ခြင်းများသည် ဖြစ်ရိုးဖြစ်စဉ် တစ်ခု အနေဖြင့် ဖြစ်လာနေပြီး တာဝန်ခံမှု တာဝန်ယူမှု မရှိကြပဲ စစ်ကောင်စီ ကလည်း နီးစပ်ရာ လူများ ကို ဖမ်းဆီးနှိပ်စက်နေသည့် နောက်ဆက်တွဲကိစ္စရပ်များ ဖြစ်လာနေသည်။

*** ZAWGYI ***
ပုေလာၿမိဳ႕နယ္အတြင္း ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးအိမ္ ေပါက္ကြဲမႈ ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၅ ရက္။

တနသၤာရီတိုင္းေဒသႀကီး ပုေလာၿမိဳ႕နယ္အတြင္းက စစ္ေကာင္စီသတင္းေပးဟု စြပ္စြဲခံထားသူ အုပ္ခ်ဳပ္ေရးမႉး တစ္ဦး၏ ေနအိမ္တြင္ ဇူလိုင္လ ၅ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ ေပါက္ကြဲမႈ တစ္ခု ျဖစ္ပြားခဲ့သည္ဟု သိရ သည္။

ပုေလာၿမိဳ႕နယ္ထဲက လကၠဴးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး သက္ႏိုင္၏ ေနအိမ္တြင္ ဇူလိုင္ ၅ ရက္ေန႔၊ နံနက္၂ နာရီ ခြဲ အခ်ိန္ခန႔္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

“ဗုံးေပါက္သံအက်ယ္ႀကီးၾကားလိုက္တယ္။ သိပ္မၾကာဘူး။ စစ္သား ၇ ေယာက္ေလာက္ အုပ္ႀကီး သက္ႏိုင္ အိမ္ကို ေရာက္လာတယ္၊ ႐ြာထဲမွာ မသကၤာတဲ့ အိမ္ေတြကို လိုက္လံစစ္ေဆး ရွာေဖြေနတယ္ အုပ္ခ်ဳပ္ေရးမႉး အိမ္ကိုလည္း မနက္ပိုင္းကစၿပီး လုံၿခဳံေရး ယူေပးထားတာ ေတြ႕ရတယ္” ဟု လကၠဴးေက်း႐ြာတြင္ ေနထိုင္သူ တစ္ဦး က အတည္ျပဳ ေျပာသည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ ဦးသက္ႏိုင္၏ အိမ္ေရွ႕ဝရံတာႏွင့္ အိမ္ေရွ႕ခန္း အခ်ိဳ႕ပ်က္စီးခဲ့ၿပီး လူထိခိုက္ ဒဏ္ရာရ ေသဆုံးမႈေတာ့မရွိေၾကာင္း သိရသည္။

လကၠဴးေက်း႐ြာက ဦးသက္ႏိုင္သည္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီ က ခန႔္ထားသည့္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ျဖစ္ၿပီး ေက်း႐ြာႏွင့္ေဒသတြင္းက သတင္းမ်ားကို စစ္ေကာင္စီကို သတင္း ေပးေနသူ တစ္ဦးဟု ေဒသခံမ်ား စြပ္စြဲထားသူ ျဖစ္သည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၄ ရက္ေန႔ကလည္း ပုေလာၿမိဳ႕ အမွတ္ (၃)ရပ္ကြက္က အုပ္ခ်ဳပ္ေရးမႉး၏ သမီးျဖစ္သူ ဆရာမ ေဒၚအိဇာထြန္း အိမ္လည္းေပါက္ကြဲမႈ ျဖစ္ခဲ့သည္ဟု သိရသည္။

အဆိုပါ လကၠဴးေက်း႐ြာက ေပါက္ကြဲမႈႏွင့္ ပတ္သက္၍ မည့္သည့္ဖြဲ႕အစည္းက မည့္သည့္အတြက္ေၾကာင့္ ျပဳ လုပ္သြားသည္ကို ထုတ္ျပန္ေၾကညာျခင္း မရွိပါ။

ယခုကာလတြင္ ေဒသအႏွံအျပား၌ ဗုံးခြဲျခင္းမ်ား၊ ေပါက္ကြဲမႈမ်ား၊ သတင္းေပး(အရပ္သားအေခၚ ဒလန္) သုတ္ သင္ျခင္းမ်ားသည္ ျဖစ္႐ိုးျဖစ္စဥ္ တစ္ခု အေနျဖင့္ ျဖစ္လာေနၿပီး တာဝန္ခံမႈ တာဝန္ယူမႈ မရွိၾကပဲ စစ္ေကာင္စီ ကလည္း နီးစပ္ရာ လူမ်ား ကို ဖမ္းဆီးႏွိပ္စက္ေနသည့္ ေနာက္ဆက္တြဲကိစၥရပ္မ်ား ျဖစ္လာေနသည္။