မွန်ပြည်နယ်တွင် အင်္ဂါနေ့ နံနက်ပိုင်းအတွင်း COVID-19 ကြောင့် ၁၁ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
မွန်ပြည်နယ်တွင် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းအတွင်း COVID-19 လူနာ ၁၁ ဦး သေဆုံးသွားကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု နေ့စဉ်မြင့်တက်လာနေပြီး သေဆုံးမှုလည်း ဆက်တိုက်တိုးလာကာ ဇွန်လ ၁၀ ရက်နေ့ ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံး ၃၄ ဦးအထိရှိသွားပြီး ဖြစ်သည်။
“ကိုဗစ်လူနာသေဆုံးမှုကတော့ ဆက်တိုက် တိုးလာနေတယ်။ ဒီနေ့ မနက်ပိုင်းမှာ ၁၁ ဦးသေဆုံးသွားတယ်၊ မနေ့ ကဆိုရင် ၄ ဦး ဟိုတနေ့က ၅ ဦး သေဆုံးသွားတယ်၊ ပိုးတွေ့လူနာ များလာသလို သေဆုံးလူနာတွေလည်း များ လာတယ်” ဟု ကိုဗစ်နှင့် ပတ်သက်ပြီး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့က တာဝန်ရှိသူတစ်ဦး က ပြောသည်။
သေဆုံးသူများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် သက်ကြီးသူအများစု ပါဝင်ပြီး အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်းလည်း ပါဝင်သည်ဟု သိရသည်။
မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်း မှစတင်ပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး တစ်လကျော် အတွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိသွားပြီ ဖြစ်သည်။
လက်ရှိတွင် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်လုံးတွင် ကိုဗစ်ကူးစက်မှုရှိနေပြီး ကူးစက်မှု အများဆုံးကတော့ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ဖြစ်ပြီး သံဖြူဇရပ်တစ်မြို့နယ်တည်းတွင် ကိုဗစ် အတည်ပြုလူနာ ၅၀၀ ခန့် ရှိနေသည်။
COVID-19 အတည်ပြုလူနာများကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီး Isolative Ward-3 နှင့် Isolative Ward-1 တို့ အပြင် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်နှင့် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ သိရသည်။
ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေသည့်အနေအထားကြောင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေး အတွက် မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ် အတွင်းရှိ စားသောက်ဆိုင် ဆိုင်ထိုင်ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က စာထုတ်ညွှန်ကြား ထားသည်။
ထို့အပြင် ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း ဇူလိုင် ၁ ရက်နေ့မှစပြီး ကျန်းမာရေး စစ်ဆေး ပြီး မှသာ ဝင်ခွင့်ပြုရန် ကန့်သတ်လိုက်သည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ အဂၤါေန႔ နံနက္ပိုင္းအတြင္း COVID-19 ေၾကာင့္ ၁၁ ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္။
မြန္ျပည္နယ္တြင္ ဇူလိုင္လ ၆ ရက္ေန႔ နံနက္ပိုင္းအတြင္း COVID-19 လူနာ ၁၁ ဦး ေသဆုံးသြားေၾကာင္း ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာန ႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕မ်ားထံမွ သိရသည္။
ျပည္နယ္အတြင္း ကိုဗစ္ကူးစက္မႈ ေန႔စဥ္ျမင့္တက္လာေနၿပီး ေသဆုံးမႈလည္း ဆက္တိုက္တိုးလာကာ ဇြန္လ ၁၀ ရက္ေန႔ ကေန ဇူလိုင္လ ၆ ရက္ေန႔အထိ ကိုဗစ္ကူးစက္ေရာဂါေၾကာင့္ ေသဆုံး ၃၄ ဦးအထိရွိသြားၿပီး ျဖစ္သည္။
“ကိုဗစ္လူနာေသဆုံးမႈကေတာ့ ဆက္တိုက္ တိုးလာေနတယ္။ ဒီေန႔ မနက္ပိုင္းမွာ ၁၁ ဦးေသဆုံးသြားတယ္၊ မေန႔ ကဆိုရင္ ၄ ဦး ဟိုတေန႔က ၅ ဦး ေသဆုံးသြားတယ္၊ ပိုးေတြ႕လူနာ မ်ားလာသလို ေသဆုံးလူနာေတြလည္း မ်ား လာတယ္” ဟု ကိုဗစ္ႏွင့္ ပတ္သက္ၿပီး ကူညီေပးေနသည့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ တစ္ဖြဲ႕က တာဝန္ရွိသူတစ္ဦး က ေျပာသည္။
ေသဆုံးသူမ်ားသည္ ေရာဂါအခံရွိသည့္ အသက္ ၅၀ ႏွစ္ႏွင့္အထက္ သက္ႀကီးသူအမ်ားစု ပါဝင္ၿပီး အသက္ ၃၀ ဝန္းက်င္ လူလတ္ပိုင္းလည္း ပါဝင္သည္ဟု သိရသည္။
မြန္ျပည္နယ္တြင္ ဇြန္လဆန္းပိုင္း မွစတင္ၿပီး ကိုဗစ္ကူးစက္လူနာ ဆက္တိုက္ျမင့္တက္လာခဲ့ၿပီး တစ္လေက်ာ္ အတြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၁၀၀၀ ေက်ာ္ရွိသြားၿပီ ျဖစ္သည္။
လက္ရွိတြင္ မြန္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္လုံးတြင္ ကိုဗစ္ကူးစက္မႈရွိေနၿပီး ကူးစက္မႈ အမ်ားဆုံးကေတာ့ ေမာ္လၿမိဳင္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္တို႔ျဖစ္ၿပီး သံျဖဴဇရပ္တစ္ၿမိဳ႕နယ္တည္းတြင္ ကိုဗစ္ အတည္ျပဳလူနာ ၅၀၀ ခန႔္ ရွိေနသည္။
COVID-19 အတည္ျပဳလူနာမ်ားကို ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ုံႀကီး Isolative Ward-3 ႏွင့္ Isolative Ward-1 တို႔ အျပင္ ေမာ္လၿမိဳင္တကၠသိုလ္ (၁၀) ၿမိဳ႕နယ္ေဆာင္ႏွင့္ ၿမိဳ႕နယ္အသီးသီးတို႔တြင္လည္း ေဆးကုသေပးေနသည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန မွ သိရသည္။
ျပည္နယ္အတြင္း ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္တက္ေနသည့္အေနအထားေၾကာင့္ ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ ႏိုင္ေရး အတြက္ ေမာ္လၿမိဳင္၊ သံျဖဴဇရပ္ႏွင့္ ေရးၿမိဳ႕နယ္ အတြင္းရွိ စားေသာက္ဆိုင္ ဆိုင္ထိုင္ေရာင္းခ်ျခင္းမျပဳပဲ ပါဆယ္စနစ္ျဖင့္သာ ေရာင္းခ်ရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ က စာထုတ္ၫႊန္ၾကား ထားသည္။
ထို႔အျပင္ ျပည္နယ္အတြင္းသို႔ ဝင္ေရာက္လာသူမ်ားကိုလည္း ဇူလိုင္ ၁ ရက္ေန႔မွစၿပီး က်န္းမာေရး စစ္ေဆး ၿပီး မွသာ ဝင္ခြင့္ျပဳရန္ ကန႔္သတ္လိုက္သည္။