သရက်တွင် အာရုဏ်ဆွမ်း ခေတ္တရပ်ဆိုင်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
မကွေးတိုင်း၊ သရက်မြို့တွင် ကိုဗစ်ပိုး တွေ့နှုန်းများလာသည့်အတွက် အာရုဏ်ဆွမ်းလောင်းလှူသည့် အသင်း အားလုံးကို ခေတ္တရပ်ဆိုင်းထားရန် မြို့နယ်သံဃာ့ နာယကဆရာတော် ဘဒ္ဒန္တ သီလဝဆရာတော်ကြီးက တားမြစ် ကြောင်း စာထုတ်ပြန်လိုက်သည်။
ဇူလိုင်လ ၅ ရက်နေ့ က ထုန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် သရက်မြို့ ၏ ကိုဗစ်ပိုးတွေ့လူနာများ မြင့်တက် နေ ပါ၍ ရောဂါထိန်းချုပ်နိုင်ရေးအတွက် သရက်မြို့ပေါ်ရှိ အာရုံဆွမ်းလောင်းအသင်းများအားလုံးကို ဇူလိုင်လ ၇ ရက်နေ့ မှ စတင်ကာ ရပ်ဆိုင်းထားရန် ထည့်သွင်းဖော်ပြထားသည်။
”ဆွမ်းအတွက်က ပူစရာမလိုအောင်စီစဉ်မှာပါ။ ပထမ လှိုင်းတုန်းကလိုဘဲ ဖြစ်မှာပါ။ သေချာတော့ မစီစဉ် ရ သေးဘူး။ အဆင်ပြေမှာပါ” ဟု အမည်မဖေါ် လိုသူ သရက်မြို့က မြို့မိမြို့ဖ တစ်ဦး က ပြောသည်။
ဇွန်လ ၂၆ရက် မှ ဇူလိုင် ၆ရက်နေ့ အထိ သရက်မြို့တွင် COVID-19 ရောဂါ ကူးစက်ခံသူ လူနာ ၆၀ နီးပါးခန့် ရှိနေ ပြီး ဇူလိုင်လ ၅ ရက်နေ့မှ စတင်၍ ဆေးဆိုင်နှင့် စားသောက်ကုန်ဆိုင်သာ ဖွင့်ခွင့်ပေးထားသည်။
အခြားသောဆိုင်များဖြစ်သည့် ဖုန်းဆိုင်များနှင့် ကုန်မာဆိုင်များ စသည်တို့ကို အားလုံးပိတ်ထားရန် အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။
သရက်မြို့ တစ်ရပ်ကွက်လျှင် ဆွမ်းလောင်း အသင်း ၁ သင်း နှုန်းဖြင့် မြို့ပေါ် ရပ်ကွက် ၈ ရပ်ကွက်တွင် ရှစ်သင်း ရှိသည်။ နေ့စဉ် ဝါတွင်း ဝါပ အမြဲရှိကာ ဆွမ်းလောင်းအသင်း အချို့၏ သက်တမ်းသည် နှစ် ၈ဝ ခန့် ရှိပြီ ဖြစ် ကြောင်း မြို့မိ မြို့ဖ တစ်ဦးက ပြောသည်။
သရက်မြို့ပေါ် နယ်နိမိတ်အတွင်း ဘုန်းကြီးကျောင်း ၅၀ ကျော်ရှိရာ ဆရာတော် ဝါဆို သံဃာ သာမဏေ ပေါင်း အပါး ၂၁၀ ခန့် ရှိသည်ဟု မြို့နယ် သံဃနယက ဆရာတော်ထံမှ သိရသည်။
*** ZAWGYI ***
သရက္တြင္ အာ႐ုဏ္ဆြမ္း ေခတၱရပ္ဆိုင္းမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္။
မေကြးတိုင္း၊ သရက္ၿမိဳ႕တြင္ ကိုဗစ္ပိုး ေတြ႕ႏႈန္းမ်ားလာသည့္အတြက္ အာ႐ုဏ္ဆြမ္းေလာင္းလႉသည့္ အသင္း အားလုံးကို ေခတၱရပ္ဆိုင္းထားရန္ ၿမိဳ႕နယ္သံဃာ့ နာယကဆရာေတာ္ ဘဒၵႏၲ သီလဝဆရာေတာ္ႀကီးက တားျမစ္ ေၾကာင္း စာထုတ္ျပန္လိုက္သည္။
ဇူလိုင္လ ၅ ရက္ေန႔ က ထုန္ထားသည့္ ထုတ္ျပန္ခ်က္ထဲတြင္ သရက္ၿမိဳ႕ ၏ ကိုဗစ္ပိုးေတြ႕လူနာမ်ား ျမင့္တက္ ေန ပါ၍ ေရာဂါထိန္းခ်ဳပ္ႏိုင္ေရးအတြက္ သရက္ၿမိဳ႕ေပၚရွိ အာ႐ုံဆြမ္းေလာင္းအသင္းမ်ားအားလုံးကို ဇူလိုင္လ ၇ ရက္ေန႔ မွ စတင္ကာ ရပ္ဆိုင္းထားရန္ ထည့္သြင္းေဖာ္ျပထားသည္။
”ဆြမ္းအတြက္က ပူစရာမလိုေအာင္စီစဥ္မွာပါ။ ပထမ လႈိင္းတုန္းကလိုဘဲ ျဖစ္မွာပါ။ ေသခ်ာေတာ့ မစီစဥ္ ရ ေသးဘူး။ အဆင္ေျပမွာပါ” ဟု အမည္မေဖၚ လိုသူ သရက္ၿမိဳ႕က ၿမိဳ႕မိၿမိဳ႕ဖ တစ္ဦး က ေျပာသည္။
ဇြန္လ ၂၆ရက္ မွ ဇူလိုင္ ၆ရက္ေန႔ အထိ သရက္ၿမိဳ႕တြင္ COVID-19 ေရာဂါ ကူးစက္ခံသူ လူနာ ၆၀ နီးပါးခန႔္ ရွိေန ၿပီး ဇူလိုင္လ ၅ ရက္ေန႔မွ စတင္၍ ေဆးဆိုင္ႏွင့္ စားေသာက္ကုန္ဆိုင္သာ ဖြင့္ခြင့္ေပးထားသည္။
အျခားေသာဆိုင္မ်ားျဖစ္သည့္ ဖုန္းဆိုင္မ်ားႏွင့္ ကုန္မာဆိုင္မ်ား စသည္တို႔ကို အားလုံးပိတ္ထားရန္ အာဏာသိမ္း စစ္ေကာင္စီက ၫႊန္ၾကားထားေၾကာင္း သိရသည္။
သရက္ၿမိဳ႕ တစ္ရပ္ကြက္လွ်င္ ဆြမ္းေလာင္း အသင္း ၁ သင္း ႏႈန္းျဖင့္ ၿမိဳ႕ေပၚ ရပ္ကြက္ ၈ ရပ္ကြက္တြင္ ရွစ္သင္း ရွိသည္။ ေန႔စဥ္ ဝါတြင္း ဝါပ အၿမဲရွိကာ ဆြမ္းေလာင္းအသင္း အခ်ိဳ႕၏ သက္တမ္းသည္ ႏွစ္ ၈ဝ ခန႔္ ရွိၿပီ ျဖစ္ ေၾကာင္း ၿမိဳ႕မိ ၿမိဳ႕ဖ တစ္ဦးက ေျပာသည္။
သရက္ၿမိဳ႕ေပၚ နယ္နိမိတ္အတြင္း ဘုန္းႀကီးေက်ာင္း ၅၀ ေက်ာ္ရွိရာ ဆရာေတာ္ ဝါဆို သံဃာ သာမေဏ ေပါင္း အပါး ၂၁၀ ခန႔္ ရွိသည္ဟု ၿမိဳ႕နယ္ သံဃနယက ဆရာေတာ္ထံမွ သိရသည္။