ပြည်မြို့ အိမ်ပြင်မထွက်ရ အမိန့်ကြောင့် ဝင်ငွေနည်း လုပ်ငန်းများနှင့် အလုပ်သမားများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့တွင် COVID-19 ရောဂါ ပိုးတွေ့ရှိသူများလာသည့်အတွက် စစ်ကောင်စီ က Stay at Home (အိမ်ပြင်မထွက်ရ) အမိန့်ညွန်ကြားချက်ထွက်လာပြီးနောက် ဝင်ငွေနိမ့် တစ်နေ့လုပ်တစ်နေ့စားများ နှင့် အောက် ခြေဝန်ထမ်းများ စားဝတ်နေရေး ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။
ယင်းကြေညာချက် မထုတ်ပြန်မှီက အစားအသောက်အတွက် ကြိုတင်ဝယ်ယူထားသည်များ မရှိသလို ဝယ်ယူ ထားရန်အတွက်လည်း မတတ်နိုင်ဖြစ်နေကြောင်း ညနေဘက် တို့ဟူးအသုပ်စုံ ရောင်းချနေသူ မသန္တာ က ပြော သည်။
”ဒီလိုဘဲ နှာခေါင်းစီးတပ် လက်ဆေးနဲ့ ပြေးပြေးလွှားလွှားရှာစားရတာ။ အရင်လိုလှူမယ့် ပရဟိတ အလှူရှင်တွေလည်း လာမှာမဟုတ်တော့ဘူး။ စစ်တပ်ကလည်း မထင်ရင် မထင်သလို ပစ်ခတ်နေတော့ ကိုဗစ်နဲ့ မသေဘဲ ငတ်သေတော့မယ်”ဟု ၎င်းက ငြီးတွားကာ ပြောသည်။
ပြည်မြို့တွင် ဇူလိုင် ၇ နေ့ တစ်ရက်တည်းတွင် ကိုဗစ်ပိုးတွေ့လူနာသစ် ၅၈ ဦး တွေ့ရှိခဲ့ပြီး စမ်းသပ်နေစဲ အချိန် တွင် တစ်ဦးသေဆုံးသွားသည်။ ထိုသေဆုံးသူမှာလည်း အတည်ပြုလူနာဖြစ်ပြီး သေဆုံးသူ ယနေ့အချိန်ထိ စုစု ပေါင်း ၉ ဦး ရှိလာပြီ ဖြစ်သည်။
ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးတွင်လည်း လူနာ ၂၀၀ ကျော်ခန့် ဆေးကုသမှု ခံယူနေကြသဖြင့် နေရာထိုင်ခင်း မလုံလောက်သောကြောင့် သူနာပြုကျောင်းဆောင်မှာတွင်ပါ ခွဲပြီး ကုသမှု ခံယူနေရသည်ဟု ပြည်မြို့ အခြေစိုက် ပရဟိတ အဖွဲ့ဝင် တစ်ဦး က ပြောသည်။
”ဆေးရုံကြီးမှာရှိတဲ့ လူနာဆောင်တွေနဲ့ မလောက်တော့လို့ သူနာပြုကျောင်းကို ကုသရေးပြောင်းပြီး အဲဒီက ထိစပ်လူနာတွေကိုတော့ ကွန်ပျူတာ တက္ကသိုလ်မှာ ပြောင်းရွှေ့ထားဖို့ ပြင်ဆင်နေတယ်” ဟု ၎င်းက ပြော သည်။
အထူးသဖြင့် Stay at Home ကြောင့် ဆောက်လုပ်ရေးလုပ်သားများ၊ ကျပန်း အလုပ်သမားများ၊ စားသောက်ဆိုင် ဝန်ထမ်းများနှင့် ကျူးကျော်ရပ်ကွက်များတွင် နေထိုင်ကြသူများ အတွက်ရှာဖွေစားသောက်ရန် ခက်ခဲနေကြောင်း သိရသည်။
ယခင်က ဝင်ငွေနိမ့်များအတွက် အလုပ်အကိုင် အခွင့်အလမ်း တစ်ခု ဖြစ်သည့် ညဈေးတန်းက စျေးသည်များ လည်း အပြင်ထွက်ကြသူများ မရှိတော့သဖြင့် ဈေးဆိုင်များ ပိတ်ထားကြောင်း ညစျေးတန်း ဆိုင်တစ်ဆိုင်မှ ဆိုင် အကူ အလုပ်သမ မယုမော် က ပြောသည်။
”အလုပ်လုပ်ချင်လည်း ဘာအလုပ်မှမရှိဘူး။ ဘာစားရပါ့မလဲ။ လူတွေအပြင် မထွက်ကြတော့ တောင်းစားရမယ့် သူတောင် မရှိဘူး” ဟု မယုမော် က ပြောသည်။
ပြည်မြို့တွင် ယနေ့အထိ ဆေးရုံဆင်းခွင့်ရသူ ၂၄ ဦးနှင့် သေဆုံး ၉ ဦးရှိ ပြီဟု သိရသည်။
ပြည်မြို့ကို စစ်ကောင်စီက ဇူလိုင် ၆ ရက်မှ စတင်၍ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားပြီး ယနေ့ နံနက်မှစတင်၍ ပြည်မြို့၏ အဝင်အထွက်ဂိတ်များကို ပိတ်ထားလိုက်ကာ ဝင်ထွက်ခွင့်များပါ ပိတ်ထားကြောင်း ဒေသခံများ က ပြောသည်။
ပြည်မြို့သည် ခရိုင်ရုံးစိုက်ရာမြို့ကြီးတစ်မြို့ဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်း ရှိ အချက်အခြာကျသည့် မြို့တစ် မြို့ လည်းဖြစ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း အရ ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာ ၅၅ ရွာ၊ လူဦး နှစ်သိန်းခွဲကျော်ရှိပြီး လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာလျှင် လူ ၃၂၀ ခန့်နေထိုင်ကြောင်း သိရသည်။
*** ZAWGYI ***
ျပည္ၿမိဳ႕ အိမ္ျပင္မထြက္ရ အမိန႔္ေၾကာင့္ ဝင္ေငြနည္း လုပ္ငန္းမ်ားႏွင့္ အလုပ္သမားမ်ား အခက္ႀကဳံ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္။
ပဲခူးတိုင္းေဒသႀကီး အေနာက္ျခမ္း ျပည္ၿမိဳ႕တြင္ COVID-19 ေရာဂါ ပိုးေတြ႕ရွိသူမ်ားလာသည့္အတြက္ စစ္ေကာင္စီ က Stay at Home (အိမ္ျပင္မထြက္ရ) အမိန႔္ၫြန္ၾကားခ်က္ထြက္လာၿပီးေနာက္ ဝင္ေငြနိမ့္ တစ္ေန႔လုပ္တစ္ေန႔စားမ်ား ႏွင့္ ေအာက္ ေျခဝန္ထမ္းမ်ား စားဝတ္ေနေရး ပိုမိုခက္ခဲလာမည္ကို စိုးရိမ္ေနၾကသည္။
ယင္းေၾကညာခ်က္ မထုတ္ျပန္မွီက အစားအေသာက္အတြက္ ႀကိဳတင္ဝယ္ယူထားသည္မ်ား မရွိသလို ဝယ္ယူ ထားရန္အတြက္လည္း မတတ္ႏိုင္ျဖစ္ေနေၾကာင္း ညေနဘက္ တို႔ဟူးအသုပ္စုံ ေရာင္းခ်ေနသူ မသႏၲာ က ေျပာ သည္။
”ဒီလိုဘဲ ႏွာေခါင္းစီးတပ္ လက္ေဆးနဲ႔ ေျပးေျပးလႊားလႊားရွာစားရတာ။ အရင္လိုလႉမယ့္ ပရဟိတ အလႉရွင္ေတြလည္း လာမွာမဟုတ္ေတာ့ဘူး။ စစ္တပ္ကလည္း မထင္ရင္ မထင္သလို ပစ္ခတ္ေနေတာ့ ကိုဗစ္နဲ႔ မေသဘဲ ငတ္ေသေတာ့မယ္”ဟု ၎က ၿငီးတြားကာ ေျပာသည္။
ျပည္ၿမိဳ႕တြင္ ဇူလိုင္ ၇ ေန႔ တစ္ရက္တည္းတြင္ ကိုဗစ္ပိုးေတြ႕လူနာသစ္ ၅၈ ဦး ေတြ႕ရွိခဲ့ၿပီး စမ္းသပ္ေနစဲ အခ်ိန္ တြင္ တစ္ဦးေသဆုံးသြားသည္။ ထိုေသဆုံးသူမွာလည္း အတည္ျပဳလူနာျဖစ္ၿပီး ေသဆုံးသူ ယေန႔အခ်ိန္ထိ စုစု ေပါင္း ၉ ဦး ရွိလာၿပီ ျဖစ္သည္။
ျပည္ၿမိဳ႕ ကုတင္ ၅၀၀ ေဆး႐ုံႀကီးတြင္လည္း လူနာ ၂၀၀ ေက်ာ္ခန႔္ ေဆးကုသမႈ ခံယူေနၾကသျဖင့္ ေနရာထိုင္ခင္း မလုံေလာက္ေသာေၾကာင့္ သူနာျပဳေက်ာင္းေဆာင္မွာတြင္ပါ ခြဲၿပီး ကုသမႈ ခံယူေနရသည္ဟု ျပည္ၿမိဳ႕ အေျခစိုက္ ပရဟိတ အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။
”ေဆး႐ုံႀကီးမွာရွိတဲ့ လူနာေဆာင္ေတြနဲ႔ မေလာက္ေတာ့လို႔ သူနာျပဳေက်ာင္းကို ကုသေရးေျပာင္းၿပီး အဲဒီက ထိစပ္လူနာေတြကိုေတာ့ ကြန္ပ်ဴတာ တကၠသိုလ္မွာ ေျပာင္းေ႐ႊ႕ထားဖို႔ ျပင္ဆင္ေနတယ္” ဟု ၎က ေျပာ သည္။
အထူးသျဖင့္ Stay at Home ေၾကာင့္ ေဆာက္လုပ္ေရးလုပ္သားမ်ား၊ က်ပန္း အလုပ္သမားမ်ား၊ စားေသာက္ဆိုင္ ဝန္ထမ္းမ်ားႏွင့္ က်ဴးေက်ာ္ရပ္ကြက္မ်ားတြင္ ေနထိုင္ၾကသူမ်ား အတြက္ရွာေဖြစားေသာက္ရန္ ခက္ခဲေနေၾကာင္း သိရသည္။
ယခင္က ဝင္ေငြနိမ့္မ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္း တစ္ခု ျဖစ္သည့္ ညေဈးတန္းက ေစ်းသည္မ်ား လည္း အျပင္ထြက္ၾကသူမ်ား မရွိေတာ့သျဖင့္ ေဈးဆိုင္မ်ား ပိတ္ထားေၾကာင္း ညေစ်းတန္း ဆိုင္တစ္ဆိုင္မွ ဆိုင္ အကူ အလုပ္သမ မယုေမာ္ က ေျပာသည္။
”အလုပ္လုပ္ခ်င္လည္း ဘာအလုပ္မွမရွိဘူး။ ဘာစားရပါ့မလဲ။ လူေတြအျပင္ မထြက္ၾကေတာ့ ေတာင္းစားရမယ့္ သူေတာင္ မရွိဘူး” ဟု မယုေမာ္ က ေျပာသည္။
ျပည္ၿမိဳ႕တြင္ ယေန႔အထိ ေဆး႐ုံဆင္းခြင့္ရသူ ၂၄ ဦးႏွင့္ ေသဆုံး ၉ ဦးရွိ ၿပီဟု သိရသည္။
ျပည္ၿမိဳ႕ကို စစ္ေကာင္စီက ဇူလိုင္ ၆ ရက္မွ စတင္၍ Stay at Home ၿမိဳ႕နယ္အျဖစ္ သတ္မွတ္ထားၿပီး ယေန႔ နံနက္မွစတင္၍ ျပည္ၿမိဳ႕၏ အဝင္အထြက္ဂိတ္မ်ားကို ပိတ္ထားလိုက္ကာ ဝင္ထြက္ခြင့္မ်ားပါ ပိတ္ထားေၾကာင္း ေဒသခံမ်ား က ေျပာသည္။
ျပည္ၿမိဳ႕သည္ ခ႐ိုင္႐ုံးစိုက္ရာၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ၿပီး ပဲခူးတိုင္းအေနာက္ျခမ္း ရွိ အခ်က္အျခာက်သည့္ ၿမိဳ႕တစ္ ၿမိဳ႕ လည္းျဖစ္သည္။
၂၀၁၄ ခုႏွစ္ သန္းေခါင္းစာရင္း အရ ရပ္ကြက္ ၁၀ ရပ္ကြက္၊ ေက်း႐ြာ ၅၅ ႐ြာ၊ လူဦး ႏွစ္သိန္းခြဲေက်ာ္ရွိၿပီး လူဦးေရ သိပ္သည္းဆမွာ တစ္စတုရန္း ကီလိုမီတာလွ်င္ လူ ၃၂၀ ခန႔္ေနထိုင္ေၾကာင္း သိရသည္။