မကွေးတွင် 7 July နေ့ ဆန္ဒပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
မကွေးတိုင်းဒေသကြီးအတွင်းက မကွေးနှင့် မြိုင် မြို့နယ်များတွင် ယနေ့တွင် ၅၉ နှစ်မြောက် 7 July ရက် အထိမ်းအမှတ်အတွက်ပါ ရည်ရွယ်၍ ပူးတွဲ ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သိရသည်။
ဇူလိုင် ၇ရက်၊ နံနက်ပိုင်းက မကွေးမြို့ ၏ လူစည်ကားသည့် လမ်းထောင့်များနှင့် နေရာအတော်များများတွင် သတင်းပေးများနှင့် လက်နက်အပြည့်အစုံဝတ်ဆင်ထားသည့် ယူနီဖောင်းဝတ်လုံခြုံရေးများ ချထားသည့်ကြားမှ GZ များက နေစဉ်ရက်ဆက် ဆန္ဒထုတ်ဖော်နေကြခြင်း ဖြစ်ကြောင်း မကွေးမြို့ခံတစ်ဦး က ပြောသည်။
“ကလေးတွေက ဆန္ဒထုတ်ဖော်တာကို အရဲစွန့် လုပ်ကြတာ။ ဖမ်းမယ် ပစ်မယ် နှိပ်စက်မယ် ဒါတွေလုပ်မယ် ဆို တာကို သိပေမယ့် အဓမ္မအာဏာသိမ်း စစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒပြတာ၊ ဆန္ဒထုတ်ဖော်တာကို နေရာ တိုင်း နေ့တိုင်း မရ ရတဲ့နည်းနဲ့ လုပ်ကြတာ” ဟု အဆိုပါ မြို့ခံ က ပြောသည်။
မကွေးတိုင်း ဒေသကြီး အတွင်းမှ မြိုင်၊ ပခုက္ကူ၊ မကွေး၊ နတ်မောက်နှင့် အခြားမြို့နယ်များတွင်လည်း စစ်အာဏာ ရှင် အလိုမရှိကြောင်း နေ့စဉ် ဆန္ဒထုတ်ဖော်နေကြကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၇ ရက်နေ့ တွင် ကျရောက်သည့် ၅၉ နှစ်ပြည့် 7 July အထိမ်းအမှတ် “၇.၇.၆၂ မမေ့ကြနဲ့” ဆို သည့် စာတန်းများကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကန့်ကွက် ဆန္ဒပြခဲ့ခြင်းများကိုလည်း မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်များနှင့် ကျေးလက်ဒေသများ အထိ ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။
Photo – Credit
*** ZAWGYI ***
မေကြးတြင္ 7 July ေန႔ ဆႏၵျပ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္။
မေကြးတိုင္းေဒသႀကီးအတြင္းက မေကြးႏွင့္ ၿမိဳင္ ၿမိဳ႕နယ္မ်ားတြင္ ယေန႔တြင္ ၅၉ ႏွစ္ေျမာက္ 7 July ရက္ အထိမ္းအမွတ္အတြက္ပါ ရည္႐ြယ္၍ ပူးတြဲ ဆႏၵထုတ္ ေဖာ္ခဲ့ၾကေၾကာင္း သိရသည္။
ဇူလိုင္ ၇ရက္၊ နံနက္ပိုင္းက မေကြးၿမိဳ႕ ၏ လူစည္ကားသည့္ လမ္းေထာင့္မ်ားႏွင့္ ေနရာအေတာ္မ်ားမ်ားတြင္ သတင္းေပးမ်ားႏွင့္ လက္နက္အျပည့္အစုံဝတ္ဆင္ထားသည့္ ယူနီေဖာင္းဝတ္လုံၿခဳံေရးမ်ား ခ်ထားသည့္ၾကားမွ GZ မ်ားက ေနစဥ္ရက္ဆက္ ဆႏၵထုတ္ေဖာ္ေနၾကျခင္း ျဖစ္ေၾကာင္း မေကြးၿမိဳ႕ခံတစ္ဦး က ေျပာသည္။
“ကေလးေတြက ဆႏၵထုတ္ေဖာ္တာကို အရဲစြန႔္ လုပ္ၾကတာ။ ဖမ္းမယ္ ပစ္မယ္ ႏွိပ္စက္မယ္ ဒါေတြလုပ္မယ္ ဆို တာကို သိေပမယ့္ အဓမၼအာဏာသိမ္း စစ္ေကာင္စီအလိုမရွိေၾကာင္း ဆႏၵျပတာ၊ ဆႏၵထုတ္ေဖာ္တာကို ေနရာ တိုင္း ေန႔တိုင္း မရ ရတဲ့နည္းနဲ႔ လုပ္ၾကတာ” ဟု အဆိုပါ ၿမိဳ႕ခံ က ေျပာသည္။
မေကြးတိုင္း ေဒသႀကီး အတြင္းမွ ၿမိဳင္၊ ပခုကၠဴ၊ မေကြး၊ နတ္ေမာက္ႏွင့္ အျခားၿမိဳ႕နယ္မ်ားတြင္လည္း စစ္အာဏာ ရွင္ အလိုမရွိေၾကာင္း ေန႔စဥ္ ဆႏၵထုတ္ေဖာ္ေနၾကေၾကာင္း သိရသည္။
ယေန႔ ဇူလိုင္ ၇ ရက္ေန႔ တြင္ က်ေရာက္သည့္ ၅၉ ႏွစ္ျပည့္ 7 July အထိမ္းအမွတ္ “၇.၇.၆၂ မေမ့ၾကနဲ႔” ဆို သည့္ စာတန္းမ်ားကိုင္ေဆာင္ၿပီး စစ္အာဏာရွင္ကို အလိုမရွိေၾကာင္း ကန႔္ကြက္ ဆႏၵျပခဲ့ျခင္းမ်ားကိုလည္း ျမန္မာႏိုင္ငံတဝွမ္းရွိ ၿမိဳ႕နယ္မ်ားႏွင့္ ေက်းလက္ေဒသမ်ား အထိ ဆႏၵထုတ္ေဖာ္ၾကေၾကာင္း သိရသည္။
Photo – Credit