NCA-S များ၏ ဦးဆောင်အဖွဲ့ PPST က တပ်မတော်နှင့် ဆွေးနွေးပွဲများ ရပ်ထားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၇ ရက်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ တစ်စုံလုံးနှင့် စစ်ကောင်စီတို့အကြား ဆွေးနွေးမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး NCA စာချုပ် လက်မှတ်ရေးထိုးစဉ်က ပါဝင်သည့် အသိသက်သေ နိုင်ငံများ၏ အကူအညီ များကို ရယူကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးမှုဖြင့်သာ ဆက်လက်လုပ်ဆောင်သွားမည်ဟု PPST က ပြောသည်။

ဇူလိုင်လ ၁ ရက်၊ ၂ ရက်နှင့် ၆ ရက်၊ ၇ ရက်တို့တွင် ကျင်းပပြုလုပ်သည့် လေးရက်တာ PPST အစည်းအဝေးမှ ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။

“ကျနော်တို့ NCA အကောင်အထည်ဖော်မှုက ခဏရပ်ထားပြီးတော့ ကျနော်တို့ ဒါကို ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ အကောင်အထည်ဖော်မှုမှာပေါ့နော်။ ပါဝင်ဖို့ အသိသက်သေနိုင်ငံများနဲ့ အကူအညီ ရယူ ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမယ်”

နိုင်အောင်မငေးက လာမည့် ကာလ လုပ်ငန်းစဉ်မှာ နည်းလမ်းသစ် တစ်ခုဖြစ်မည်ဟု ပြောသည်။

၎င်းက “ကျနော်တို့ ရှေ့ဆက်လုပ်ငန်းစဉ် အဓိကကတော့ ကျနော်တို့ နိုင်ငံရေး ယဉ်ကျေးမှု အသစ်တစ်ရပ်ပေါ့ နော် ဒီငြိမ်းချမ်းရေး ကိစ္စကို ကျနော်တို့က ဒါဆွေးနွေးမှုပဲ နောက်ဆုံးရလာဒ်ကတော့ ဆွေးနွေးမှုနဲ့ပဲသွားမယ်။ အဲဒီနိုင်ငံရေး ဆွေးနွေးမှုနဲ့ပဲ သွားမယ်ဆိုပြီးတော့ ဒါကိုကျနော်တို့ ဆက်လက်ပြီးတော့ အကောင်အထည်ဖော် သွားမယ်။ နောက်တစ်ခုရှိတာက ကျနော်တို့ ဒီရှေ့ဆက်မှာ ကျနော်တို့ ဒီအသိသက်သေ NCA အသိသက်သေ နိုင်ငံတွေ ပုဂ္ဂိုလ်တွေရဲ့ အကူအညီ ရယူပြီးတော့ ဆက်လက်ဆွေးနွေးဖို့ ကျနော်တို့ ဒီဆွေးနွေးမှု အဝန်းအဝိုင်းမှာ ပါဝင်ဖို့ ကျနော်တို့ ဆက်လက်ကြိုးစားသွားမယ်။ အဲဒီပုံစံ အဓိကက ဒါပဲပေါ့နော်” ဟု ပြောသည်။

သို့သော် PPST အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် တစ်ဖွဲ့ချင်းစီ၏ မူဝါဒအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများကို ဆက်လက်လုပ်ဆောင်ခွင့်ရှိသည်ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

“ကျနော်တို့ PPST နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တပ်မတော် အစိုးရနဲ့တော့ ကျနော်တို့ တွေ့ဆုံမှုမှာတော့ ကျနော်တို့ ခဏရပ်ထားမယ်။ ဒါပေမယ့် Bilateral အနေနဲ့ တစ်ဖွဲ့ချင်းအနေနဲ့ တစ်ပါတီ ချင်းအနေနဲ့ တွေ့ဆုံမှု က သူရဲ့ ပါတီရဲ့ ရပ်တည်ချက်နဲ့ သွားလို့ရပါတယ်ခင်ဗျား။ PPST တစ်ခုလုံးနဲ့ ဒီ NCA-EAOs တစ်ခုလုံးနဲ့ ဆွေး နွေးမှုကိုတော့ ရပ်ဆိုင်းထားမယ်ခင်ဗျာ။”

NCA စာချုပ်တွင် ပါရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုင်ရာ အကောင်အထည်မှုများကို PPST အနေဖြင့် ရပ် ဆိုင်းထား မည်ဆိုသော်လည်း ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူလူထုများ၏ အသက်အိုးအိမ် ကာကွယ်ရေး စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို NCA စံသတ်မှတ် ချက်နှင့် အညီ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ၄ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး ထိုအစည်းအဝေးတွင် PPST စုဖွဲ့မှုဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ ပြည်ထောင်စုအ တွင်း ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ လူမှုရေးများနှင့် အထွေထွေ အကြပ်အတည်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြသည်ဟု သိရသည်။

NCA အပစ်ရပ် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

Photo – NCAs – EAO

*** ZAWGYI ***
NCA-S မ်ား၏ ဦးေဆာင္အဖြဲ႕ PPST က တပ္မေတာ္ႏွင့္ ေဆြးေႏြးပြဲမ်ား ရပ္ထားမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၇ ရက္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အဖြဲ႕ တစ္စုံလုံးႏွင့္ စစ္ေကာင္စီတို႔အၾကား ေဆြးေႏြးမႈမ်ားကို ရပ္ ဆိုင္းထားမည္ျဖစ္ၿပီး NCA စာခ်ဳပ္ လက္မွတ္ေရးထိုးစဥ္က ပါဝင္သည့္ အသိသက္ေသ ႏိုင္ငံမ်ား၏ အကူအညီ မ်ားကို ရယူကာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ေဆြးေႏြးမႈျဖင့္သာ ဆက္လက္လုပ္ေဆာင္သြားမည္ဟု PPST က ေျပာသည္။

ဇူလိုင္လ ၁ ရက္၊ ၂ ရက္ႏွင့္ ၆ ရက္၊ ၇ ရက္တို႔တြင္ က်င္းပျပဳလုပ္သည့္ ေလးရက္တာ PPST အစည္းအေဝးမွ ထိုသို႔ ဆုံးျဖတ္လိုက္ျခင္း ျဖစ္သည္ဟု PPST ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငးက ေျပာသည္။

“က်ေနာ္တို႔ NCA အေကာင္အထည္ေဖာ္မႈက ခဏရပ္ထားၿပီးေတာ့ က်ေနာ္တို႔ ဒါကို ၿငိမ္း ခ်မ္းေရး ေဆြးေႏြးပြဲ အေကာင္အထည္ေဖာ္မႈမွာေပါ့ေနာ္။ ပါဝင္ဖို႔ အသိသက္ေသႏိုင္ငံမ်ားနဲ႔ အကူအညီ ရယူ ၿပီးေတာ့ ဆက္လက္လုပ္ေဆာင္သြားမယ္”

ႏိုင္ေအာင္မေငးက လာမည့္ ကာလ လုပ္ငန္းစဥ္မွာ နည္းလမ္းသစ္ တစ္ခုျဖစ္မည္ဟု ေျပာသည္။

၎က “က်ေနာ္တို႔ ေရွ႕ဆက္လုပ္ငန္းစဥ္ အဓိကကေတာ့ က်ေနာ္တို႔ ႏိုင္ငံေရး ယဥ္ေက်းမႈ အသစ္တစ္ရပ္ေပါ့ ေနာ္ ဒီၿငိမ္းခ်မ္းေရး ကိစၥကို က်ေနာ္တို႔က ဒါေဆြးေႏြးမႈပဲ ေနာက္ဆုံးရလာဒ္ကေတာ့ ေဆြးေႏြးမႈနဲ႔ပဲသြားမယ္။ အဲဒီႏိုင္ငံေရး ေဆြးေႏြးမႈနဲ႔ပဲ သြားမယ္ဆိုၿပီးေတာ့ ဒါကိုက်ေနာ္တို႔ ဆက္လက္ၿပီးေတာ့ အေကာင္အထည္ေဖာ္ သြားမယ္။ ေနာက္တစ္ခုရွိတာက က်ေနာ္တို႔ ဒီေရွ႕ဆက္မွာ က်ေနာ္တို႔ ဒီအသိသက္ေသ NCA အသိသက္ေသ ႏိုင္ငံေတြ ပုဂၢိဳလ္ေတြရဲ႕ အကူအညီ ရယူၿပီးေတာ့ ဆက္လက္ေဆြးေႏြးဖို႔ က်ေနာ္တို႔ ဒီေဆြးေႏြးမႈ အဝန္းအဝိုင္းမွာ ပါဝင္ဖို႔ က်ေနာ္တို႔ ဆက္လက္ႀကိဳးစားသြားမယ္။ အဲဒီပုံစံ အဓိကက ဒါပဲေပါ့ေနာ္” ဟု ေျပာသည္။

သို႔ေသာ္ PPST အဖြဲ႕ဝင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ တစ္ဖြဲ႕ခ်င္းစီ၏ မူဝါဒအတိုင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ခြင့္ရွိသည္ဟု ႏိုင္ေအာင္မေငးက ဆက္ေျပာသည္။

“က်ေနာ္တို႔ PPST နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ တပ္မေတာ္ အစိုးရနဲ႔ေတာ့ က်ေနာ္တို႔ ေတြ႕ဆုံမႈမွာေတာ့ က်ေနာ္တို႔ ခဏရပ္ထားမယ္။ ဒါေပမယ့္ Bilateral အေနနဲ႔ တစ္ဖြဲ႕ခ်င္းအေနနဲ႔ တစ္ပါတီ ခ်င္းအေနနဲ႔ ေတြ႕ဆုံမႈ က သူရဲ႕ ပါတီရဲ႕ ရပ္တည္ခ်က္နဲ႔ သြားလို႔ရပါတယ္ခင္ဗ်ား။ PPST တစ္ခုလုံးနဲ႔ ဒီ NCA-EAOs တစ္ခုလုံးနဲ႔ ေဆြး ေႏြးမႈကိုေတာ့ ရပ္ဆိုင္းထားမယ္ခင္ဗ်ာ။”

NCA စာခ်ဳပ္တြင္ ပါရွိသည့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ဆိုင္ရာ အေကာင္အထည္မႈမ်ားကို PPST အေနျဖင့္ ရပ္ ဆိုင္းထား မည္ဆိုေသာ္လည္း ဖက္ဒရယ္ ဒီမိုကေရစီတည္ေဆာက္ေရး၊ လူ႔အခြင့္အေရးဆိုင္ရာကိစၥရပ္မ်ား၊ ျပည္သူလူထုမ်ား၏ အသက္အိုးအိမ္ ကာကြယ္ေရး ေစာင့္ေရွာက္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို NCA စံသတ္မွတ္ ခ်က္ႏွင့္ အညီ ဆက္လက္လုပ္ေဆာင္သြားမည္ဟု ဆိုသည္။

NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အစည္းအေဝးကို အြန္လိုင္းမွတစ္ဆင့္ ၄ ရက္တာ က်င္းပခဲ့တာျဖစ္ၿပီး ထိုအစည္းအေဝးတြင္ PPST စုဖြဲ႕မႈဆိုင္ရာ ကိစၥရပ္မ်ား၊ လက္ရွိ ျပည္ေထာင္စုအ တြင္း ရင္ဆိုင္ေနရသည့္ ႏိုင္ငံေရး၊ လူမႈေရးမ်ားႏွင့္ အေထြေထြ အၾကပ္အတည္းမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးခဲ့ ၾကသည္ဟု သိရသည္။

NCA အပစ္ရပ္ အဖြဲ႕မ်ားမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ ေျမာက္ေရးပါတီ ALP၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။

Photo – NCAs – EAO