NCA-လက်မှတ်ထိုးအဖွဲ့များ၏ ထိပ်သီးအစည်းဝေး ဒုတိယပိုင်း ဩဂုတ်လတွင် ကျင်းပရန် ထပ်မံသတ်မှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။

အကြိမ်ကြိမ်ရွေ့ဆိုင်းခဲ့သည့် NCA အပစ်ရပ်အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (ဒုတိယပိုင်း) ကို သြဂုတ်လ ပထမအပတ်တွင် ပြုလုပ်ရန် လျာထားသည်ဟု PPST က ပြောသည်။

NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က “ကျနော်တို့ လာမယ့် သြဂုတ်လ ပထမအပတ်မှာ ဆက်လက်လုပ်ဖို့ပေါ့နော။ ဒီ ၁၈/၂၀၂၁ မှာ သြဂုတ်လ ပထမ အပတ်မှာ လုပ်ဖို့ လျာထား သတ်မှတ်ထားပါတယ်ခင်ဗျား” ဟု ပြောသည်။

စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (ဒုတိယပိုင်း) တွင် အစည်းအဝေး ပထမပိုင်းက မပြီးပြတ်သေးသည့် အကြောင်းအရာများနှင့် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများအပေါ်တွင် ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဟု ဆက်ပြောသည်။

နိုင်အောင်မငေးက “ဒီအခြေအနေမှာကတော့ ကြိုတင်စဉ်းစားထားတာ မရှိပါဘူး။ ကျနော်တို့ အစည်းအဝေး ဆုံးဖြတ်ချက်မှာ ကျန်တဲ့ရှိတဲ့ အချက်အလက်တွေကို ပြန်ဆွေးနွေးကြမယ်။ နောက်ပြီးတော့ ဒီကြားက ဖြစ် ပေါ်လာတဲ့ အခြေ အနေတွေအပေါ်မှာ ကြည့်ပြီးတော့ပဲ ဆွေးနွေးကြအုံးမယ်ထင်တယ်” ဟု ပြောသည်။

စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (ဒုတိယပိုင်း) အား လက်ရှိဖြစ်ပွား နေသည့် ကိုဗစ် ကပ်ရောဂါ တတိယလှိုင်း အခြေအနေကြောင့် လူချင်းတွေ့ဆုံဆွေးနွေးမှု ပြုသည်ထက် အွန်လိုင်း အစည်း အဝေးသဘောမျိုးဖြင့် လုပ်ဆောင်သွားဖွယ်ရှိသည် ဟု ဆိုသည်။

NCA အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ) ပိုင်းကို ပြီးခဲ့ သည့် နှစ်အောက်တိုဘာလကတည်းက ပြုလုပ်ရန် စီစဉ်ထားကြသော်လည်း COVID-19 ကပ်ရောဂါ အခြေ အနေများကြောင့် တစ်လပြီး တစ်လ ပြောင်းလဲသတ်မှတ်လာသည်မှာ ယခုအချိန်အထိဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ် သီးခေါင်းဆောင်များ၏ ညီလာခံ ပထမပိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြု လုပ်ခဲ့ကြ သည်။

အဆိုပါ ညီလာခံတွင် အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှုကိစ္စများ၊ PPST မှ ကရင်အမျိုးသား အစည်းအရုံး KNU နုတ်ထွက်စာတင်ထားသည့် ကိစ္စရပ်များ အစရှိသည်များကို ဆွေးနွေး ရာတွင် မပြီးပြတ်ခဲ့သည့်အတွက် ညီလာခံ ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရန် မေလ ၁၈ ရက်နေ့ အစည်း အဝေးတွင် သဘောတူထားခဲ့ကြခြင်း ဖြစ်သည်။

ညီလာခံကို တစ်လအတွင်း ထပ်မံကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ မှာ ဆွေးနွေးပွဲများကြောင့် အားလပ်မှုမရှိခြင်း၊ ထို့အပြင် COVID-19 ကပ်ရောဂါ ဖြစ်ပွားလာခြင်းများကြောင့် ဆွေး နွေးပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းမရှိပဲ ကြန့်ကြာနေခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်ကြသည်။

*** ZAWGYI ***
NCA-လက္မွတ္ထိုးအဖြဲ႕မ်ား၏ ထိပ္သီးအစည္းေဝး ဒုတိယပိုင္း ဩဂုတ္လတြင္ က်င္းပရန္ ထပ္မံသတ္မွတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၈ ရက္။

အႀကိမ္ႀကိမ္ေ႐ြ႕ဆိုင္းခဲ့သည့္ NCA အပစ္ရပ္အဖြဲ႕မ်ား၏ စတုတၳအႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား အစည္းအေဝး (ဒုတိယပိုင္း) ကို ၾသဂုတ္လ ပထမအပတ္တြင္ ျပဳလုပ္ရန္ လ်ာထားသည္ဟု PPST က ေျပာသည္။

NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငး က “က်ေနာ္တို႔ လာမယ့္ ၾသဂုတ္လ ပထမအပတ္မွာ ဆက္လက္လုပ္ဖို႔ေပါ့ေနာ။ ဒီ ၁၈/၂၀၂၁ မွာ ၾသဂုတ္လ ပထမ အပတ္မွာ လုပ္ဖို႔ လ်ာထား သတ္မွတ္ထားပါတယ္ခင္ဗ်ား” ဟု ေျပာသည္။

စတုတၳအႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား အစည္းအေဝး (ဒုတိယပိုင္း) တြင္ အစည္းအေဝး ပထမပိုင္းက မၿပီးျပတ္ေသးသည့္ အေၾကာင္းအရာမ်ားႏွင့္ လက္ရွိ ျဖစ္ေပၚေနသည့္ ႏိုင္ငံေရး အေျခအေနမ်ားအေပၚတြင္ ေဆြးေႏြးမႈမ်ားကို ျပဳလုပ္သြားမည္ဟု ဆက္ေျပာသည္။

ႏိုင္ေအာင္မေငးက “ဒီအေျခအေနမွာကေတာ့ ႀကိဳတင္စဥ္းစားထားတာ မရွိပါဘူး။ က်ေနာ္တို႔ အစည္းအေဝး ဆုံးျဖတ္ခ်က္မွာ က်န္တဲ့ရွိတဲ့ အခ်က္အလက္ေတြကို ျပန္ေဆြးေႏြးၾကမယ္။ ေနာက္ၿပီးေတာ့ ဒီၾကားက ျဖစ္ ေပၚလာတဲ့ အေျခ အေနေတြအေပၚမွာ ၾကည့္ၿပီးေတာ့ပဲ ေဆြးေႏြးၾကအုံးမယ္ထင္တယ္” ဟု ေျပာသည္။

စတုတၳအႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား အစည္းအေဝး (ဒုတိယပိုင္း) အား လက္ရွိျဖစ္ပြား ေနသည့္ ကိုဗစ္ ကပ္ေရာဂါ တတိယလႈိင္း အေျခအေနေၾကာင့္ လူခ်င္းေတြ႕ဆုံေဆြးေႏြးမႈ ျပဳသည္ထက္ အြန္လိုင္း အစည္း အေဝးသေဘာမ်ိဳးျဖင့္ လုပ္ေဆာင္သြားဖြယ္ရွိသည္ ဟု ဆိုသည္။

NCA အပစ္ရပ္ အဖြဲ႕မ်ား၏ စတုတၳအႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား ညီလာခံ (ဒုတိယ) ပိုင္းကို ၿပီးခဲ့ သည့္ ႏွစ္ေအာက္တိုဘာလကတည္းက ျပဳလုပ္ရန္ စီစဥ္ထားၾကေသာ္လည္း COVID-19 ကပ္ေရာဂါ အေျခ အေနမ်ားေၾကာင့္ တစ္လၿပီး တစ္လ ေျပာင္းလဲသတ္မွတ္လာသည္မွာ ယခုအခ်ိန္အထိျဖစ္သည္ဟု သိရသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ေမလ ၁၄ ရက္ကေန ၁၈ ရက္ေန႔အထိ အပစ္ရပ္အဖြဲ႕မ်ား၏ စတုတၳ အႀကိမ္ေျမာက္ ထိပ္ သီးေခါင္းေဆာင္မ်ား၏ ညီလာခံ ပထမပိုင္း အစည္းအေဝးကို ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ က်င္းပျပဳ လုပ္ခဲ့ၾက သည္။

အဆိုပါ ညီလာခံတြင္ အပစ္ရပ္ အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST စုဖြဲ႕မႈကိစၥမ်ား၊ PPST မွ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ႏုတ္ထြက္စာတင္ထားသည့္ ကိစၥရပ္မ်ား အစရွိသည္မ်ားကို ေဆြးေႏြး ရာတြင္ မၿပီးျပတ္ခဲ့သည့္အတြက္ ညီလာခံ ဒုတိယပိုင္းကို ဆက္လက္ျပဳလုပ္ရန္ ေမလ ၁၈ ရက္ေန႔ အစည္း အေဝးတြင္ သေဘာတူထားခဲ့ၾကျခင္း ျဖစ္သည္။

ညီလာခံကို တစ္လအတြင္း ထပ္မံက်င္းပျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား မွာ ေဆြးေႏြးပြဲမ်ားေၾကာင့္ အားလပ္မႈမရွိျခင္း၊ ထို႔အျပင္ COVID-19 ကပ္ေရာဂါ ျဖစ္ပြားလာျခင္းမ်ားေၾကာင့္ ေဆြး ေႏြးပြဲမ်ား က်င္းပျပဳလုပ္ႏိုင္ျခင္းမရွိပဲ ၾကန႔္ၾကာေနခဲ့သည္။

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ပအို႔ဝ္ အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္ၾကသည္။