မိုင်ဂျာယန်တွင် COVID-19 ကြောင့် ကျောင်းများ တပတ်ပိတ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်း ပညာရေး နယ်မြေဖြစ်သည့် မိုင်ဂျာယန်တွင် COVID-19 အတည်ပြုလူနာ ၂ ဦး တွေ့ရှိလာသည့်အတွက် ကျောင်းများကို တပတ်ယာယီပိတ်လိုက်ပြီဟု KIO ၏ COVID-19 ရောဂါ တားဆီး နှိမ်နှင်းရေး ကော်မတီထံမှ သိရသည်။
ဇူလိုင်လ ၇ ရက်နေ့ က မိုင်ဂျာယန်ဒေသသို့ ဝင်ရောက်လာသူများအနက်မှ နှစ်ဦး အား COVID-19 Positive အတည်ပြုလူနာဦးတွေ့ရှိခြင်း ဖြစ်သည်ဟု KIO ၏ COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။
“မိုင်ဂျာယန်မှာ မနေ့က ဟုတ်တယ် ဒီနှစ်ယောက်လို့ ကြားရတယ်။ သူတို့က ပိုပြီးတော့ Cofirm ဖြစ်အောင် နောက်ထပ် ထပ်စစ်ဖို့စီစဉ်နေတယ်။ ဒေသခံတွေ မဟုတ်ဘူး။ အဝေးကလာတဲ့လူတွေပါ။ ထပ်စစ်ထားပါ တယ်” ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။
COVID-19 Positive အတည်ပြုလူနာများ တွေ့ရှိလာရခြင်းကြောင့် လိုင်ဇာနှင့် မိုင်ဂျာယန်မြို့လမ်း ဒွမ်ဘုန်ဂိတ် နှင့် မိုင်ဂျာယန်မြို့ အတွင်းရှိ စာသင်ကျောင်းများအားလုံးနှင့် ဘုရားကျောင်းများအားလုံး ဇူလိုင်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ တစ်ပတ်အကြာပိတ်မည်ဖြစ်သည်ဟု ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်သည့် COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ အစည်အးဝေးအပြီး ထုတ်ပြန်လိုက်သည်။
“ဒီမိုင်ဂျာယန်မှာ Quarantine ဝင် (သီးခြားခွဲနေ) တဲ့လူတွေမှာ သူတို့ကို စစ်လိုက်တဲ့အခါမှာ တချို့မှာ COVID Positive (ရောဂါပိုးရှိ) တွေ့ လာတယ်ဆိုတော့ အနီးအနားမှာ တပတ်အတောအတွင်း ဆေးတွေပြန်စစ်၊ စက်တွေကို ပြန်စစ်ဆေးပြီးမှာပေါ့။ တပတ်လောက် အားလုံးမှာ လူစုလူဝေးရှိတဲ့နေရာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းတွေ ပိတ်တယ်။ ဘုရားကျောင်းတွေပိတ်တယ်။ နောက်ပြီးတော့ ဒီထမင်းဆိုင်တွေကို ပါဆယ်ရောင်းဖို့ ထုတ်ပြန်ထားတာရှိ ပါ တယ်။ ဟင်းသီးဟင်းရွက်စျေးတွေကိုတော့ ရောင်းခွင့်ရှိတယ်။ မနက်ပိုင်းမှာပေါ့နော်။ အဝင်အထွက်တော့ ၅ ရက်နေ့ကတည်းက ပိတ်ထားတယ်” ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ဆက်ပြောသည်။
မိုင်ဂျာယန်မြို့ရှိ ကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများကို တပတ်အကြာ ယာယီပိတ်ထားပြီး စစ်ဆေးမှုများ ပြန်လုပ်ကာ ရောဂါကူးစက်မှု မရှိပါက ပြန်ဖွင့်ပေးမည်ဟု ဆိုသည်။
KIO ထိန်းချုပ်နယ်မြေများဖြစ်သည့် လိုင်ဇာနှင့်မိုင်ဂျာယန် အဝင်အထွက်ဂိတ်များကို ဇူလိုင်လ ၅ ရက်နေ့မှ စတင်ပိတ်ထားခဲ့သော်လည်း မြန်မာနိုင်ငံနေရာအချို့မှ စစ်တပ်က အာဏာသိမ်းပြီးနောက် ကြုံနေရသည့် လုံခြုံ ရေးအခက်အခဲ စိန်ခေါ်မှုများကြောင့် ဝင်ရောက်ခိုလှုံသူများရှိနေသည့်အတွက် မဖြစ်မနေ ဝင်ခွင့်ပေးနေရ သည့် အနေအထားမျိုးနှင့် ကြုံနေရသည်ဟု KIO/KIA က ပြောသည်။
KIO/KIA အနေဖြင့် မြန်မာနိုင်ငံနေရာအနှံ့တွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ အသွင်ပြောင်းကာ တတိယလှိုင်းကူးစက်မှုများ အပြင်းအထန်ဖြစ်ပွားလာနေသည့်အတွက် လူနေထူထပ်သည့် လိုင်ဇာနှင့် မိုင်ဂျာ ယန်မြို့များအတွင်း ကူးစက်မှုများမြှင့်တက်လာမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ကန့်သတ်ချက်များ ပြန် လည်ချမှတ်ရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က ပြောသည်။
ဇူလိုင်လ ၆ ရက်နေ့ကလည်း KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အတွင်း ဝင်ရောက်လာသူများအနက် ၄ ဦး တွင် COVID-19 ရောဂါပိုးတွေ့ရှိရာ ယခုခါ ၎င်းတို့ သီးခြား သတ်မှတ်ထားသည့်နေရာတွင် ဆေးကုသပေးနေရ သည် ဟု ဆိုသည်။
၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းခင်ကာလအထိ KIO ထိန်းချုပ်နယ်မြေ အတွင်း COVID-19 ရောဂါကူးစက်မှု မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ယခု ဇူလိုင်လ ပထမ အပတ်အထိ ဝင်ရောက်လာသူများထဲမှ ရောဂါ ကူးစက်ခံရသူများရှိလာခဲ့ရာ လိုင်ဇာတွင် ၂၀ ဦး၊ မိုင်ဂျာယန်တွင် ၂ ဦး၊ စုစုပေါင်း ၂၂ ဦး ရှိပြီ ဖြစ်သည်။
*** ZAWGYI ***
မိုင္ဂ်ာယန္တြင္ COVID-19 ေၾကာင့္ ေက်ာင္းမ်ား တပတ္ပိတ္မည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၈ ရက္။
ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO နယ္ေျမအတြင္း ပညာေရး နယ္ေျမျဖစ္သည့္ မိုင္ဂ်ာယန္တြင္ COVID-19 အတည္ျပဳလူနာ ၂ ဦး ေတြ႕ရွိလာသည့္အတြက္ ေက်ာင္းမ်ားကို တပတ္ယာယီပိတ္လိုက္ၿပီဟု KIO ၏ COVID-19 ေရာဂါ တားဆီး ႏွိမ္ႏွင္းေရး ေကာ္မတီထံမွ သိရသည္။
ဇူလိုင္လ ၇ ရက္ေန႔ က မိုင္ဂ်ာယန္ေဒသသို႔ ဝင္ေရာက္လာသူမ်ားအနက္မွ ႏွစ္ဦး အား COVID-19 Positive အတည္ျပဳလူနာဦးေတြ႕ရွိျခင္း ျဖစ္သည္ဟု KIO ၏ COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ အတြင္း ေရးမႉး ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။
“မိုင္ဂ်ာယန္မွာ မေန႔က ဟုတ္တယ္ ဒီႏွစ္ေယာက္လို႔ ၾကားရတယ္။ သူတို႔က ပိုၿပီးေတာ့ Cofirm ျဖစ္ေအာင္ ေနာက္ထပ္ ထပ္စစ္ဖို႔စီစဥ္ေနတယ္။ ေဒသခံေတြ မဟုတ္ဘူး။ အေဝးကလာတဲ့လူေတြပါ။ ထပ္စစ္ထားပါ တယ္” ဟု ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။
COVID-19 Positive အတည္ျပဳလူနာမ်ား ေတြ႕ရွိလာရျခင္းေၾကာင့္ လိုင္ဇာႏွင့္ မိုင္ဂ်ာယန္ၿမိဳ႕လမ္း ဒြမ္ဘုန္ဂိတ္ ႏွင့္ မိုင္ဂ်ာယန္ၿမိဳ႕ အတြင္းရွိ စာသင္ေက်ာင္းမ်ားအားလုံးႏွင့္ ဘုရားေက်ာင္းမ်ားအားလုံး ဇူလိုင္လ ၈ ရက္ေန႔မွ ၁၇ ရက္ေန႔အထိ တစ္ပတ္အၾကာပိတ္မည္ျဖစ္သည္ဟု ဇူလိုင္လ ၇ ရက္ေန႔က ျပဳလုပ္သည့္ COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ အစည္အးေဝးအၿပီး ထုတ္ျပန္လိုက္သည္။
“ဒီမိုင္ဂ်ာယန္မွာ Quarantine ဝင္ (သီးျခားခြဲေန) တဲ့လူေတြမွာ သူတို႔ကို စစ္လိုက္တဲ့အခါမွာ တခ်ိဳ႕မွာ COVID Positive (ေရာဂါပိုးရွိ) ေတြ႕ လာတယ္ဆိုေတာ့ အနီးအနားမွာ တပတ္အေတာအတြင္း ေဆးေတြျပန္စစ္၊ စက္ေတြကို ျပန္စစ္ေဆးၿပီးမွာေပါ့။ တပတ္ေလာက္ အားလုံးမွာ လူစုလူေဝးရွိတဲ့ေနရာေတြကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ေက်ာင္းေတြ ပိတ္တယ္။ ဘုရားေက်ာင္းေတြပိတ္တယ္။ ေနာက္ၿပီးေတာ့ ဒီထမင္းဆိုင္ေတြကို ပါဆယ္ေရာင္းဖို႔ ထုတ္ျပန္ထားတာရွိ ပါ တယ္။ ဟင္းသီးဟင္း႐ြက္ေစ်းေတြကိုေတာ့ ေရာင္းခြင့္ရွိတယ္။ မနက္ပိုင္းမွာေပါ့ေနာ္။ အဝင္အထြက္ေတာ့ ၅ ရက္ေန႔ကတည္းက ပိတ္ထားတယ္” ဟု ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ဆက္ေျပာသည္။
မိုင္ဂ်ာယန္ၿမိဳ႕ရွိ ေက်ာင္းမ်ားႏွင့္ ဘုရားရွိခိုးေက်ာင္းမ်ားကို တပတ္အၾကာ ယာယီပိတ္ထားၿပီး စစ္ေဆးမႈမ်ား ျပန္လုပ္ကာ ေရာဂါကူးစက္မႈ မရွိပါက ျပန္ဖြင့္ေပးမည္ဟု ဆိုသည္။
KIO ထိန္းခ်ဳပ္နယ္ေျမမ်ားျဖစ္သည့္ လိုင္ဇာႏွင့္မိုင္ဂ်ာယန္ အဝင္အထြက္ဂိတ္မ်ားကို ဇူလိုင္လ ၅ ရက္ေန႔မွ စတင္ပိတ္ထားခဲ့ေသာ္လည္း ျမန္မာႏိုင္ငံေနရာအခ်ိဳ႕မွ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႀကဳံေနရသည့္ လုံၿခဳံ ေရးအခက္အခဲ စိန္ေခၚမႈမ်ားေၾကာင့္ ဝင္ေရာက္ခိုလႈံသူမ်ားရွိေနသည့္အတြက္ မျဖစ္မေန ဝင္ခြင့္ေပးေနရ သည့္ အေနအထားမ်ိဳးႏွင့္ ႀကဳံေနရသည္ဟု KIO/KIA က ေျပာသည္။
KIO/KIA အေနျဖင့္ ျမန္မာႏိုင္ငံေနရာအႏွံ႔တြင္ ျဖစ္ပြားေနသည့္ COVID-19 ကပ္ေရာဂါ အသြင္ေျပာင္းကာ တတိယလႈိင္းကူးစက္မႈမ်ား အျပင္းအထန္ျဖစ္ပြားလာေနသည့္အတြက္ လူေနထူထပ္သည့္ လိုင္ဇာႏွင့္ မိုင္ဂ်ာ ယန္ၿမိဳ႕မ်ားအတြင္း ကူးစက္မႈမ်ားျမႇင့္တက္လာမည္ကို စိုးရိမ္သည့္အတြက္ ယခုကဲ့သို႔ ကန႔္သတ္ခ်က္မ်ား ျပန္ လည္ခ်မွတ္ရျခင္း ျဖစ္သည္ဟု ဗိုလ္မႉးႀကီးလဖိုင္ဟိန္းေဝါမ္ က ေျပာသည္။
ဇူလိုင္လ ၆ ရက္ေန႔ကလည္း KIO ဗဟိုဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕အတြင္း ဝင္ေရာက္လာသူမ်ားအနက္ ၄ ဦး တြင္ COVID-19 ေရာဂါပိုးေတြ႕ရွိရာ ယခုခါ ၎တို႔ သီးျခား သတ္မွတ္ထားသည့္ေနရာတြင္ ေဆးကုသေပးေနရ သည္ ဟု ဆိုသည္။
၂၀၂၀ ခုႏွစ္ တစ္ႏွစ္ပတ္လုံးႏွင့္ ၂၀၂၁ ခုႏွစ္ စစ္အာဏာ မသိမ္းခင္ကာလအထိ KIO ထိန္းခ်ဳပ္နယ္ေျမ အတြင္း COVID-19 ေရာဂါကူးစက္မႈ မရွိခဲ့ေသာ္လည္း ယခုႏွစ္ မတ္လခန႔္မွစတင္၍ ယခု ဇူလိုင္လ ပထမ အပတ္အထိ ဝင္ေရာက္လာသူမ်ားထဲမွ ေရာဂါ ကူးစက္ခံရသူမ်ားရွိလာခဲ့ရာ လိုင္ဇာတြင္ ၂၀ ဦး၊ မိုင္ဂ်ာယန္တြင္ ၂ ဦး၊ စုစုေပါင္း ၂၂ ဦး ရွိၿပီ ျဖစ္သည္။