ထားဝယ် PDF နှင့် စစ်ကောင်စီ ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်အစပ်တွင် ဒေသန္တရပြည်သူ့ကာကွယ်ရေး PDFတပ်ဖွဲ့နှင့် စကစလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တို့ အကြား (၃)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ထားဝယ်မြို့နယ်နှင့်သရက်ချောင်းမြို့နယ်အစပ် ရောင်းမော်ကျေးရွာ မူလတန်း ကျောင်း၌ ဇူလိုင် ၇ ရက်နေ့ ည ၁၁း၃၀ နာရီ အချိန်ခန့် မှ ဇူလိုင် ၈ ရက်နေ့ နံနက် ၂း၃၀နာရီ အချိန်ထိ နှစ်ဖက်အကြား ၃ နာရီ ကြာ တိုက်ပွဲ ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။
“PDF ဘက် က သက်လတ်အရွယ် အမျိုးသားတစ်ဦးနဲ့ သက်ငယ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၊ နှစ်ယောက် တော့ စာသင်ကျောင်းနားမှာ သေနေတာတွေ့ရတယ်။ ဒီမနက် ၉ နာရီထိုးလောက်တုန်းက အလောင်းလာသယ် သွားပြီ” ဟု မျက်မြင်တွေ့သူ ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။
ရောင်းမော်ကျေးရွာ စာသင်ကျောင်းတွင် လုံခြုံရေးကင်းစောင့်နေသည့် စစ်ကောင်စီက လက်နက်တပ်ဆင် ပေး ထားသော ပြည်သူ့စစ်အဖွဲ့ကို PDF တပ်ဖွဲ့များက လာရောက်ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်ခဲ့ ကြခြင်းဖြစ်ကြောင်း ဒေသခံ ရွာသားတစ်ဦး က ပြောသည်။
ယခု PDF နှင့် တိုက်ပွဲဖြစ်ပွားသည့်အတွင်း ကျောင်းဝင်းအတွင်းမှ ပြန်လည်ပစ်ခတ်ရာတွင်ပါဝင်သည့် အမျိုးသားတစ်ဦးမှာ သူတို့အဖွဲ့သည် ဌာနေ ပြည်သူ့စစ် အဖွဲ့ဖြစ်ကြောင်း ပြောသည်။
“သူတို့က ဆိုင်ကယ်လေးစီးနဲ့ ကျောင်းကို လာပစ်တာ။ ငါတို့က ပြန်ပစ်တာ နှစ်ယောက်ထိသွားတယ်” ဟု စာသင်ကျောင်း ညဘက် ကင်းစောင့်ရာတွင် ပါဝင်သည့် အဆိုပါအမျိုးသားတစ်ဦးက ပြောသည်။
နှစ်ဖက်ကြား ပစ်ခတ်မှုများ စတင်ဖြစ်ပွားပြီး ခဏအကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ကား ၆ စီးခန့် ရောက်လာပြီး သေနတ်သံများနှင့် ဗုံးပေါက်သံများ ဆက်တိုက် ကြားရကြောင်း ရောင်းမော် ကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတဦး က ပြောသည်။
တိုက်ပွဲဖြစ်ပွားရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များဘက်မှ (၂) ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီ လက်အောက် ခံ ပြည်သူ့စစ်တပ်ဖွဲ့ဘက်တွင် အကျအဆုံးမရှိကြောင်းနှင့် သို့သော် နှစ်ဘက်စလုံးတွင် ဒဏ်ရာရသူများရှိကြောင်း ကနဦးကြားသိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင်လ ၈ ရက်နေ့ (ယနေ့) နံနက် ၆ နာရီ အချိန်ခန့်တွင် ရောင်းမော်ကျေးရွာ တွင်းရှိ အသက် ၄၀ ကျော် ခန့်ရှိ လင်မယားနှစ်ဦး၊ ကွမ်းယာရောင်းနေသူ အမျိုးသားတစ်ဦးနှင့် နောက်ထပ် အမျိုးသားတစ်ဦး စုစုပေါင်း( ၄ )ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းမှာ စာသင်ကျောင်း အနီးဝန်းကျင်ရှိ နေအိမ်များနှင့် လမ်းကြားများကိုလည်း စစ် ကောင်စီ တပ်ဖွဲ့ဝင်များက အဓိကထား ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ပျူစောထီး အဖွဲ့မှ တအိမ်တက်ဆင်း လိုက်လံပြသနေသည်ဟု ရောင်းမော်ရွာသားများက ပြောသည်။
ထားဝယ် PDF နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုသည် တနင်္သာရီ တိုင်းဒေသကြီးအတွင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအတွင်း ပထမဆုံးသော တိုက်ပွဲ တစ်ခုဖြစ်ပြီး အနီးရှိ မြိတ်(ဘိတ်)၊ ပုလောနှင့် ကော့သောင်းမြို့တို့တွင် လက်ရှိအချိန်ထိ ငြိမ်သက်နေဆဲ ဖြစ်သည်ဟု သိရှိ ရသည်။
*** ZAWGYI ***
ထားဝယ္ PDF ႏွင့္ စစ္ေကာင္စီ ျပည္သူ႔စစ္တို႔ တိုက္ပြဲျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၈ ရက္။
တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕နယ္ႏွင့္ သရက္ေခ်ာင္းၿမိဳ႕နယ္အစပ္တြင္ ေဒသႏၲရျပည္သူ႔ကာကြယ္ေရး PDFတပ္ဖြဲ႕ႏွင့္ စကစလက္ေအာက္ခံ ျပည္သူ႔စစ္တပ္ဖြဲ႕တို႔ အၾကား (၃)နာရီၾကာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရ သည္။
ထားဝယ္ၿမိဳ႕နယ္ႏွင့္သရက္ေခ်ာင္းၿမိဳ႕နယ္အစပ္ ေရာင္းေမာ္ေက်း႐ြာ မူလတန္း ေက်ာင္း၌ ဇူလိုင္ ၇ ရက္ေန႔ ည ၁၁း၃၀ နာရီ အခ်ိန္ခန႔္ မွ ဇူလိုင္ ၈ ရက္ေန႔ နံနက္ ၂း၃၀နာရီ အခ်ိန္ထိ ႏွစ္ဖက္အၾကား ၃ နာရီ ၾကာ တိုက္ပြဲ ျဖစ္ ပြားခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ေသဆုံးမႈမ်ားရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။
“PDF ဘက္ က သက္လတ္အ႐ြယ္ အမ်ိဳးသားတစ္ဦးနဲ႔ သက္ငယ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦး၊ ႏွစ္ေယာက္ ေတာ့ စာသင္ေက်ာင္းနားမွာ ေသေနတာေတြ႕ရတယ္။ ဒီမနက္ ၉ နာရီထိုးေလာက္တုန္းက အေလာင္းလာသယ္ သြားၿပီ” ဟု မ်က္ျမင္ေတြ႕သူ ေဒသခံအမ်ိဳးသားတစ္ဦး က ေျပာသည္။
ေရာင္းေမာ္ေက်း႐ြာ စာသင္ေက်ာင္းတြင္ လုံၿခဳံေရးကင္းေစာင့္ေနသည့္ စစ္ေကာင္စီက လက္နက္တပ္ဆင္ ေပး ထားေသာ ျပည္သူ႔စစ္အဖြဲ႕ကို PDF တပ္ဖြဲ႕မ်ားက လာေရာက္ပစ္ခတ္ရာမွ အျပန္အလွန္ ပစ္ခတ္ခဲ့ ၾကျခင္းျဖစ္ေၾကာင္း ေဒသခံ ႐ြာသားတစ္ဦး က ေျပာသည္။
ယခု PDF ႏွင့္ တိုက္ပြဲျဖစ္ပြားသည့္အတြင္း ေက်ာင္းဝင္းအတြင္းမွ ျပန္လည္ပစ္ခတ္ရာတြင္ပါဝင္သည့္ အမ်ိဳးသားတစ္ဦးမွာ သူတို႔အဖြဲ႕သည္ ဌာေန ျပည္သူ႔စစ္ အဖြဲ႕ျဖစ္ေၾကာင္း ေျပာသည္။
“သူတို႔က ဆိုင္ကယ္ေလးစီးနဲ႔ ေက်ာင္းကို လာပစ္တာ။ ငါတို႔က ျပန္ပစ္တာ ႏွစ္ေယာက္ထိသြားတယ္” ဟု စာသင္ေက်ာင္း ညဘက္ ကင္းေစာင့္ရာတြင္ ပါဝင္သည့္ အဆိုပါအမ်ိဳးသားတစ္ဦးက ေျပာသည္။
ႏွစ္ဖက္ၾကား ပစ္ခတ္မႈမ်ား စတင္ျဖစ္ပြားၿပီး ခဏအၾကာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား စီးနင္းလိုက္ပါလာသည့္ စစ္ကား ၆ စီးခန႔္ ေရာက္လာၿပီး ေသနတ္သံမ်ားႏွင့္ ဗုံးေပါက္သံမ်ား ဆက္တိုက္ ၾကားရေၾကာင္း ေရာင္းေမာ္ ေက်း႐ြာတြင္ ေနထိုင္သူ အမ်ိဳးသမီးတဦး က ေျပာသည္။
တိုက္ပြဲျဖစ္ပြားရာတြင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF မ်ားဘက္မွ (၂) ဦးက်ဆုံးခဲ့ၿပီး စစ္ေကာင္စီ လက္ေအာက္ ခံ ျပည္သူ႔စစ္တပ္ဖြဲ႕ဘက္တြင္ အက်အဆုံးမရွိေၾကာင္းႏွင့္ သို႔ေသာ္ ႏွစ္ဘက္စလုံးတြင္ ဒဏ္ရာရသူမ်ားရွိေၾကာင္း ကနဦးၾကားသိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဇူလိုင္လ ၈ ရက္ေန႔ (ယေန႔) နံနက္ ၆ နာရီ အခ်ိန္ခန႔္တြင္ ေရာင္းေမာ္ေက်း႐ြာ တြင္းရွိ အသက္ ၄၀ ေက်ာ္ ခန႔္ရွိ လင္မယားႏွစ္ဦး၊ ကြမ္းယာေရာင္းေနသူ အမ်ိဳးသားတစ္ဦးႏွင့္ ေနာက္ထပ္ အမ်ိဳးသားတစ္ဦး စုစုေပါင္း( ၄ )ဦးကို စစ္တပ္က ဖမ္းဆီးေခၚေဆာင္သြားသည္ဟု သိရသည္။
ထို႔အျပင္ ယေန႔ နံနက္ပိုင္းမွာ စာသင္ေက်ာင္း အနီးဝန္းက်င္ရွိ ေနအိမ္မ်ားႏွင့္ လမ္းၾကားမ်ားကိုလည္း စစ္ ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက အဓိကထား ဝင္ေရာက္ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ၿပီး ပ်ဴေစာထီး အဖြဲ႕မွ တအိမ္တက္ဆင္း လိုက္လံျပသေနသည္ဟု ေရာင္းေမာ္႐ြာသားမ်ားက ေျပာသည္။
ထားဝယ္ PDF ႏွင့္ စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္တပ္ဖြဲ႕တို႔ အျပန္အလွန္ ပစ္ခတ္မႈသည္ တနသၤာရီ တိုင္းေဒသႀကီးအတြင္း စစ္အာဏာရွင္စနစ္တိုက္ဖ်က္ေရး ေႏြဦးေတာ္လွန္ေရးအတြင္း ပထမဆုံးေသာ တိုက္ပြဲ တစ္ခုျဖစ္ၿပီး အနီးရွိ ၿမိတ္(ဘိတ္)၊ ပုေလာႏွင့္ ေကာ့ေသာင္းၿမိဳ႕တို႔တြင္ လက္ရွိအခ်ိန္ထိ ၿငိမ္သက္ေနဆဲ ျဖစ္သည္ဟု သိရွိ ရသည္။