ကရင်နီ အရပ်သား ၈၀ နီးပါး အသတ်ခံခဲ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုကြောင့် ၅ လတာ ကာလအတွင်း ကရင်နီ ပြည်သူ ၈၀ နီးပါး အသတ်ခံရသည် ဟု ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) က ပြောသည်။

ကရင်နီ လူမှု့အသင်းအဖွဲ့များ ကွန်ယက် (KCSN) ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ် က “ကျနော်တို့ ပြည်နယ် ကရင် နီပြည်နယ်မှာကျတော့ သတ်ဖြတ်ခံရတဲ့ သူတွေက ဇူလိုင်လ ၄ ရက်အထိပေါ့နော။ အဲဒါ ၇၆ ယောက် ရှိပြီပေါ့ နော” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့ အထိ ကရင်နီပြည် အတွင်း က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှ ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် က လက်လှမ်းမှီသလောက်ကောက်ခံ ရရှိထားသည့် စာရင်းများသာ ဖြစ်သည်ဟု KCSN က ပြောသည်။

ထိုသတ်ဖြတ်ခံရသူများသည် တိုက်ပွဲအတွင်း သတ်ဖြတ်ခံရ သူများအပြင် စစ်ကောင်စီတပ်များ၏ အကြောင်း မဲ့ ပစ်ခတ်မှုများကြောင့် သေဆုံးရခြင်း၊ ဖမ်းဆီးချုပ်နှောင်ပြီး သတ်ဖြတ်ခံရခြင်း၊ စစ်ပြေးရှောင်သူများအတွက် စားနပ်ရိက္ခာများ သယ်ယူရာတွင်လည်း သတ်ဖြတ်ခြင်းခံရသူများဖြစ်ပြီး သတ်ဖြတ်ခံရသည့် လူဦးရေသည် အတည်ပြုထားသော ၇၆ ဦးထက် ပိုမိုများပြားနိုင်သည်ဟု KCSN က ဆိုသည်။

ထို ၇၆ ဦးထဲတွင် ဇွန်လ ၂၂ ရက်နေ့မှ ဇူလှိုင် ၄ ရက်နေ့အတွင်း သတ်ဖြတ်ခံရသူ ၁၂ ဦးနှင့် ဇွန်လ ၂၈ ရက်နေ့ ည နေပိုင်းအချိန်က မိုးဗြဲမြို့ မှ ဖယ်ခုံမြို့သို့ ဆိုင်ကယ်စီးလာသော လူငယ် တစ်ဦးအား စစ်ကောင်စီတပ် ခမရ ၄၂၂ မှ ပစ်ခတ် သတ်ဖြတ်ခဲ့သောသူလည်း ပါဝင်သည်ဟု သိရသည်။

သတ်ဖြတ် ခံရသူများထဲတွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်မှ သူများနှင့် အရပ်သားပြည်သူများ ပါဝင်ပြီးများ သော အားဖြင့် ဒီးမော့ဆိုမြို့နယ်မှ အရပ်သားများဖြစ်ကြသည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် (KCSN) ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် ဖမ်းဆီး ခံထားရသူ များလည်း ရှိနေသည်ဟု ခူးကိုရယ်က ဆက်ပြောသည်။

၎င်းက “နောက်ပြီးမှ ဖမ်းဆီးခံရတဲ့ လူတွေက ကျနော်တို့ ဒီ ရီပို့စ်ထဲမှာကျတော့ ၁၃၂ ပေါ့ ဒါပေမယ့် ဒီရက်စွဲနဲ့ပဲ အခုဆိုရင် သူတို့က ပိုတိုးလာတယ်ပေါ့နော။ ၁၃၄ ယောက်လောက်ရှိတယ်။ ဖမ်းဆီးခံရတာက အဲဒီမှာ ထိခိုက် ဒဏ်ရာရတဲ့ လူတွေက ၁၀၂ ယောက်ပေါ့။ သူတို့ စစ်ကောင်စီ တပ် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ် လာတဲ့ဟာတွေပေါ့နော အဲဒါ ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာ ထိခိုက်ဒဏ်ရာ ရတဲ့ဟာတွေကို ကျနော်တို့ ပြုစု ထားတဲ့ဟာပေါ့” ဟု ပြောသည်။

ကရင်နီပြည်နယ် သာမက တစ်နိုင်ငံလုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေ ဆုံးသူ ၈၉၈ ဦး၊ ဖမ်းဆီးခံထားရသူ ၅၁၂၇ ဦး ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ၏ ဇူလိုင်လ ၈ ရက်နေ့ အထိ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင် နေသည့်အပြင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း ဘာသာရေး အဆောက်အအုံများနှင့် ဒေသခံများ၏ အိုးအိမ်များ ထိခိုက် ပျက်ဆီးမှုများလည်း ရှိသည်ဟု ခူးကိုရယ်က ဆိုသည်။

ထို့အပြင် ပြည်သူများ သိုမှီးထားသည့် ဆန်စပါးနှင့် မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်များကိုပါ ဖမ်းဆီးယူ ဆောင်သွားကြသည့် ဖြစ်စဉ်များနှင့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ကောင်စီ တပ်ဖွဲ့ဝင် များက လုပ်ဆောင်ခဲ့ကြသည်ဟု KCSN ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ တောတောင်များထဲတွင် သာမက မြို့ကြီး ပြကြီးများတွင်ပါ စစ်ကောင်စီတပ်များက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ဖြစ်ပွားလာသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နှင့်ပါ တိုက်ပွဲဖြစ်ပွားလာခဲ့ကြသည်။

တိုက်ပွဲများအတွင်း ဒေသခံ ပြည်သူများမှာ စစ်ကောင်စီတပ်များ၏ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံ ရခြင်း နှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့အပြင် စစ်ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး စိုးရိမ်ကြောက်ရွံ့မှုများနှင့် နေထိုင်နေရသည်ဟု အကူအညီပေးသူများ က ဆိုသည်။

*** ZAWGYI ***
ကရင္နီ အရပ္သား ၈၀ နီးပါး အသတ္ခံခဲ့ရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၉ ရက္။

စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္မ်ား၏ အၾကမ္းဖက္မႈေၾကာင့္ ၅ လတာ ကာလအတြင္း ကရင္နီ ျပည္သူ ၈၀ နီးပါး အသတ္ခံရသည္ ဟု ကရင္နီ လူမႈအသင္းအဖြဲ႕မ်ားကြန္ယက္ (KCSN) က ေျပာသည္။

ကရင္နီ လူမႈ႕အသင္းအဖြဲ႕မ်ား ကြန္ယက္ (KCSN) ေျပာေရးဆိုခြင့္ရွိသူ ခူးကိုရယ္ က “က်ေနာ္တို႔ ျပည္နယ္ ကရင္ နီျပည္နယ္မွာက်ေတာ့ သတ္ျဖတ္ခံရတဲ့ သူေတြက ဇူလိုင္လ ၄ ရက္အထိေပါ့ေနာ။ အဲဒါ ၇၆ ေယာက္ ရွိၿပီေပါ့ ေနာ” ဟု ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ဇူလိုင္လ ၄ ရက္ေန႔ အထိ ကရင္နီျပည္ အတြင္း က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားထဲမွ ကရင္နီ လူမႈအသင္းအဖြဲ႕မ်ား ကြန္ယက္ က လက္လွမ္းမွီသေလာက္ေကာက္ခံ ရရွိထားသည့္ စာရင္းမ်ားသာ ျဖစ္သည္ဟု KCSN က ေျပာသည္။

ထိုသတ္ျဖတ္ခံရသူမ်ားသည္ တိုက္ပြဲအတြင္း သတ္ျဖတ္ခံရ သူမ်ားအျပင္ စစ္ေကာင္စီတပ္မ်ား၏ အေၾကာင္း မဲ့ ပစ္ခတ္မႈမ်ားေၾကာင့္ ေသဆုံးရျခင္း၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး သတ္ျဖတ္ခံရျခင္း၊ စစ္ေျပးေရွာင္သူမ်ားအတြက္ စားနပ္ရိကၡာမ်ား သယ္ယူရာတြင္လည္း သတ္ျဖတ္ျခင္းခံရသူမ်ားျဖစ္ၿပီး သတ္ျဖတ္ခံရသည့္ လူဦးေရသည္ အတည္ျပဳထားေသာ ၇၆ ဦးထက္ ပိုမိုမ်ားျပားႏိုင္သည္ဟု KCSN က ဆိုသည္။

ထို ၇၆ ဦးထဲတြင္ ဇြန္လ ၂၂ ရက္ေန႔မွ ဇူလႈိင္ ၄ ရက္ေန႔အတြင္း သတ္ျဖတ္ခံရသူ ၁၂ ဦးႏွင့္ ဇြန္လ ၂၈ ရက္ေန႔ ည ေနပိုင္းအခ်ိန္က မိုးၿဗဲၿမိဳ႕ မွ ဖယ္ခုံၿမိဳ႕သို႔ ဆိုင္ကယ္စီးလာေသာ လူငယ္ တစ္ဦးအား စစ္ေကာင္စီတပ္ ခမရ ၄၂၂ မွ ပစ္ခတ္ သတ္ျဖတ္ခဲ့ေသာသူလည္း ပါဝင္သည္ဟု သိရသည္။

သတ္ျဖတ္ ခံရသူမ်ားထဲတြင္ ကရင္နီျပည္သူ႔ကာကြယ္ေရးတပ္မွ သူမ်ားႏွင့္ အရပ္သားျပည္သူမ်ား ပါဝင္ၿပီးမ်ား ေသာ အားျဖင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္မွ အရပ္သားမ်ားျဖစ္ၾကသည္ဟု ကရင္နီ လူမႈအသင္းအဖြဲ႕မ်ား ကြန္ယက္ (KCSN) ေျပာေရးဆိုခြင့္ရွိသူ က ဆိုသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ အၾကမ္းဖက္မႈေၾကာင့္ ေသဆုံးသူမ်ားအျပင္ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားႏွင့္ ဖမ္းဆီး ခံထားရသူ မ်ားလည္း ရွိေနသည္ဟု ခူးကိုရယ္က ဆက္ေျပာသည္။

၎က “ေနာက္ၿပီးမွ ဖမ္းဆီးခံရတဲ့ လူေတြက က်ေနာ္တို႔ ဒီ ရီပို႔စ္ထဲမွာက်ေတာ့ ၁၃၂ ေပါ့ ဒါေပမယ့္ ဒီရက္စြဲနဲ႔ပဲ အခုဆိုရင္ သူတို႔က ပိုတိုးလာတယ္ေပါ့ေနာ။ ၁၃၄ ေယာက္ေလာက္ရွိတယ္။ ဖမ္းဆီးခံရတာက အဲဒီမွာ ထိခိုက္ ဒဏ္ရာရတဲ့ လူေတြက ၁၀၂ ေယာက္ေပါ့။ သူတို႔ စစ္ေကာင္စီ တပ္ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာ ျဖစ္ေပၚ လာတဲ့ဟာေတြေပါ့ေနာ အဲဒါ ဖမ္းဆီးခံရတာ သတ္ျဖတ္ခံရတာ ထိခိုက္ဒဏ္ရာ ရတဲ့ဟာေတြကို က်ေနာ္တို႔ ျပဳစု ထားတဲ့ဟာေပါ့” ဟု ေျပာသည္။

ကရင္နီျပည္နယ္ သာမက တစ္ႏိုင္ငံလုံးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ အၾကမ္းဖက္ သတ္ျဖတ္မႈေၾကာင့္ ေသ ဆုံးသူ ၈၉၈ ဦး၊ ဖမ္းဆီးခံထားရသူ ၅၁၂၇ ဦး ရွိသည္ဟု ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP ၏ ဇူလိုင္လ ၈ ရက္ေန႔ အထိ ထုတ္ျပန္ခ်က္အရ သိရသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ျပည္သူမ်ားအား အၾကမ္းဖက္သတ္ျဖတ္ျခင္းႏွင့္ ဖမ္းဆီးႏွိပ္စက္မႈမ်ား လုပ္ေဆာင္ ေနသည့္အျပင္ လက္နက္ႀကီး ပစ္ခတ္မႈမ်ားေၾကာင့္လည္း ဘာသာေရး အေဆာက္အအုံမ်ားႏွင့္ ေဒသခံမ်ား၏ အိုးအိမ္မ်ား ထိခိုက္ ပ်က္ဆီးမႈမ်ားလည္း ရွိသည္ဟု ခူးကိုရယ္က ဆိုသည္။

ထို႔အျပင္ ျပည္သူမ်ား သိုမွီးထားသည့္ ဆန္စပါးႏွင့္ ေမြးျမဴထားသည့္ အိမ္ေမြးတိရစာၦန္မ်ားကိုပါ ဖမ္းဆီးယူ ေဆာင္သြားၾကသည့္ ျဖစ္စဥ္မ်ားႏွင့္ အမ်ိဳးမ်ိဳးေသာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ မ်ားက လုပ္ေဆာင္ခဲ့ၾကသည္ဟု KCSN ေျပာေရး ဆိုခြင့္ရွိသူက ေျပာသည္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကယား(ကရင္နီ) ျပည္နယ္အတြင္းရွိ ေတာေတာင္မ်ားထဲတြင္ သာမက ၿမိဳ႕ႀကီး ျပႀကီးမ်ားတြင္ပါ စစ္ေကာင္စီတပ္မ်ားက တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးတပ္မ်ားအၾကား တိုက္ပြဲ ျဖစ္ပြားလာသကဲ့သို႔ ျပည္သူ႔ကာကြယ္ေရးတပ္ PDF တို႔ႏွင့္ပါ တိုက္ပြဲျဖစ္ပြားလာခဲ့ၾကသည္။

တိုက္ပြဲမ်ားအတြင္း ေဒသခံ ျပည္သူမ်ားမွာ စစ္ေကာင္စီတပ္မ်ား၏ သတ္ျဖတ္ခံရျခင္း၊ ဖမ္းဆီးႏွိပ္စက္ခံ ရျခင္း ႏွင့္ ထိခိုက္ဒဏ္ရာရရွိျခင္းတို႔အျပင္ စစ္ေဘးလြတ္ရာေဒသမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည့္အတြက္ အခက္အခဲအမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ေနရၿပီး စိုးရိမ္ေၾကာက္႐ြံ႕မႈမ်ားႏွင့္ ေနထိုင္ေနရသည္ဟု အကူအညီေပးသူမ်ား က ဆိုသည္။