စစ်ကောင်စီ ကား နှစ်စီးကို ကသာတွင် PDF နှင့် KIA ခြုံခိုတိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။
ကသာမြို့မှ ဗန်းမော်မြို့ ဘက်သို့အထွက် ကားကြီးကွင်းဟုခေါ်ကြသည့် ကျွဲဈေး၊ နွားဈေး အနီးတွင် စစ်ကောင် စီတပ်မှ ကား ၂ စီးကို ဒေသခံ PDF တပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့က ခြုံခိုတိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၉ ရက်နေ့ (ယနေ့) ည ၆နာရီခွဲ အချိန်ခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှုများ နာရီဝက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်များသည် မြို့တွင်း ပြန်လည်ဆုတ်ခဲ့ရကြောင်း ကသာမြို့ အမှတ် ၉ ရပ်ကွက် တွင် နေထိုင်သူ အသက် ၅၀ကျော် အမျိုးသမီးတစ်ဦး က ပြောသည်။
“အုန်း၊ အုန်း ဆိုတဲ့အသံကြီးဆက်တိုက်ကြားရတယ်။ မီးခိုးလုံးတွေတက်လာလဲမြင်ရတယ်“ ဟု ၎င်းက ပြော သည်။
ကသာမြို့တွင် နေထိုင်သည်မှာ နှစ်ပေါင်း ၅၀ကျော်ခန့်ရှိပြီး ယခုကဲ့သို့သော ပေါက်ကွဲသံများ၊ သေနတ်သံများ၊ တိုက်ပွဲသံကို ပထမဆုံး ကြားဖူးခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။
ယခင်က PDF တပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာသည် ကာသာမြို့မှ ၁၀ ခန့်ဝေးသည့် မိုးဒါးကြီး (မိုးတားကြီး)၊ မိုးဒါးလေး တဝိုက်မှာသာဖြစ်ပြီး ယခု ကသာမြို့အနီးအထိ ကပ်ဖြစ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲဖြစ်ပြီး အချိန် အနည်းငယ်အတွင်း စစ်ကောင်စီက လေယာဉ်ပျံနှစ်စီးပျံသန်းသွားသည်ကိုလည်း တွေ့ရကြောင်း ကသာမြို့ခံ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် မိုးဒါးကြီး(မိုးတားကြီး) ကျေးရွာ အရှေ့ဘက် ဆင်ကူးရွာ အနီး မိုးးပင်မြို့လမ်းဆုံနှင့် ရွှေကျောင်းကုန်း အနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက်ကြသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံ တစ်ဦး က ပြောသည်သည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က လည်း ရဲစခန်းအနီးရှိ ကသာမြို့ အထက်တန်းကျောင်း အမှတ် ၁ တွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့သည်။
PDF များရှိသည်ဟုဆိုကာ မိုးဒါးကြီး (မိုးတားကြီး) ကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီတပ် က ဇွန်လ ၃၁ ရက် က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။
စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ ကသာမြို့သည် KIA တပ်ဖွဲ့များ လှုပ်ရှားသည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူ မြို့နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တို့နှင့် နယ်မြေ ဆက် စပ်နေသည့် မြို့နယ် တစ်ခု ဖြစ်သည်။
*** ZAWGYI ***
စစ္ေကာင္စီ ကား ႏွစ္စီးကို ကသာတြင္ PDF ႏွင့္ KIA ၿခဳံခိုတိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၉ ရက္။
ကသာၿမိဳ႕မွ ဗန္းေမာ္ၿမိဳ႕ ဘက္သို႔အထြက္ ကားႀကီးကြင္းဟုေခၚၾကသည့္ ကြၽဲေဈး၊ ႏြားေဈး အနီးတြင္ စစ္ေကာင္ စီတပ္မွ ကား ၂ စီးကို ေဒသခံ PDF တပ္ဖြဲ႕မ်ားႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ပူးေပါင္းတပ္ဖြဲ႕တို႔က ၿခဳံခိုတိုက္ခဲ့ေၾကာင္း သိရသည္။
ဇူလိုင္လ ၉ ရက္ေန႔ (ယေန႔) ည ၆နာရီခြဲ အခ်ိန္ခန႔္က တိုက္ပြဲစတင္ျဖစ္ပြားခဲ့ၿပီး ႏွစ္ဘက္ပစ္ခတ္မႈမ်ား နာရီဝက္ ၾကာျမင့္ခဲ့ၿပီး စစ္ေကာင္စီတပ္မ်ားသည္ ၿမိဳ႕တြင္း ျပန္လည္ဆုတ္ခဲ့ရေၾကာင္း ကသာၿမိဳ႕ အမွတ္ ၉ ရပ္ကြက္ တြင္ ေနထိုင္သူ အသက္ ၅၀ေက်ာ္ အမ်ိဳးသမီးတစ္ဦး က ေျပာသည္။
“အုန္း၊ အုန္း ဆိုတဲ့အသံႀကီးဆက္တိုက္ၾကားရတယ္။ မီးခိုးလုံးေတြတက္လာလဲျမင္ရတယ္“ ဟု ၎က ေျပာ သည္။
ကသာၿမိဳ႕တြင္ ေနထိုင္သည္မွာ ႏွစ္ေပါင္း ၅၀ေက်ာ္ခန႔္ရွိၿပီး ယခုကဲ့သို႔ေသာ ေပါက္ကြဲသံမ်ား၊ ေသနတ္သံမ်ား၊ တိုက္ပြဲသံကို ပထမဆုံး ၾကားဖူးျခင္းျဖစ္သည္ ဟု ၎က ဆိုသည္။
ယခင္က PDF တပ္မ်ားႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည့္ ေနရာသည္ ကာသာၿမိဳ႕မွ ၁၀ ခန႔္ေဝးသည့္ မိုးဒါးႀကီး (မိုးတားႀကီး)၊ မိုးဒါးေလး တဝိုက္မွာသာျဖစ္ၿပီး ယခု ကသာၿမိဳ႕အနီးအထိ ကပ္ျဖစ္ျခင္း ျဖစ္ေၾကာင္း သိရသည္။
ယင္းတိုက္ပြဲျဖစ္ၿပီး အခ်ိန္ အနည္းငယ္အတြင္း စစ္ေကာင္စီက ေလယာဥ္ပ်ံႏွစ္စီးပ်ံသန္းသြားသည္ကိုလည္း ေတြ႕ရေၾကာင္း ကသာၿမိဳ႕ခံ တစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ဇြန္လ ၂၄ ရက္ နံနက္ ၉ နာရီ အခ်ိန္ခန႔္တြင္ မိုးဒါးႀကီး(မိုးတားႀကီး) ေက်း႐ြာ အေရွ႕ဘက္ ဆင္ကူး႐ြာ အနီး မိုးးပင္ၿမိဳ႕လမ္းဆုံႏွင့္ ေ႐ႊေက်ာင္းကုန္း အနီးတြင္ တိုက္ပြဲျပင္းထန္ခဲ့ၿပီး လက္နက္ႀကီး လက္နက္ငယ္မ်ား ပစ္ခတ္တိုက္ခိုက္ၾကသျဖင့္ ေဒသခံျပည္သူမ်ား ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကေၾကာင္း ေဒသခံ တစ္ဦး က ေျပာသည္သည္။
ၿပီးခဲ့သည့္ ဇြန္လ ၃၀ ရက္ေန႔က လည္း ရဲစခန္းအနီးရွိ ကသာၿမိဳ႕ အထက္တန္းေက်ာင္း အမွတ္ ၁ တြင္ ဗုံးေပါက္ ကြဲမႈ ျဖစ္ပြားခဲ့သည္။
PDF မ်ားရွိသည္ဟုဆိုကာ မိုးဒါးႀကီး (မိုးတားႀကီး) ေက်း႐ြာအုပ္စု အတြင္းသို႔ စစ္ေကာင္စီတပ္ က ဇြန္လ ၃၁ ရက္ က တိုက္ေလယာဥ္ျဖင့္ ဗုံးႀကဲ တိုက္ခိုက္ခဲ့ေသးသည္။
စစ္ကိုင္းတိုင္းေျမာက္ပိုင္းရွိ ကသာၿမိဳ႕သည္ KIA တပ္ဖြဲ႕မ်ား လႈပ္ရွားသည့္ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ခ႐ိုင္၊ ေ႐ႊကူ ၿမိဳ႕နယ္၊ မိုးညႇင္းခ႐ိုင္၊ မိုးညႇင္းၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မိုးမိတ္ခ႐ိုင္ မဘိမ္းၿမိဳ႕နယ္တို႔ႏွင့္ နယ္ေျမ ဆက္ စပ္ေနသည့္ ၿမိဳ႕နယ္ တစ္ခု ျဖစ္သည္။