စစ်ကောင်စီ တပ်ဖွဲ့များက စစ်ဘေးရှောင်များအပေါ် အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် (KCSN)

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

ကရင်နီ စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်းနှင့် ငွေ ကြေးတောင်းယူခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ကရင်နီ လူမှုအသင်း အဖွဲ့များကွန်ယက် KCSN က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယား(ကရင်နီ) ပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ မြလဲရွာ ကျေးရွာအုပ်စုနှင့် ထီးဖိုး ကလိုး ကျေးရွာ အုပ်စုအတွင်းရှိ စစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်လာပြီးနောက် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း စစ်ဘေးရှောင်များ၏ ပြောဆိုချက်ကို ကိုးကား၍ KCSN ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ် က ပြောသည်။

၎င်းက “သူတို့က IDPs စခန်းတွေအထိ ဒီစစ်ကောင်စီ တပ်တွေက ရောက်လာတယ်လေ။ ဆိုတော့ ဒီ IDPs စခန်း မှာရှိတဲ့ လူတွေကို သူတို့ ရေခပ်ခိုင်းတယ်ပြောတယ်။ ပြီးတော့ ထမင်းတွေ ချက်ခိုင်းတယ်ပြောတယ်။ အဲဒီ တစ်ခုပေါ့နော။ နောက်ပြီးမှ လူထုကို ခြိမ်းခြောက်တာလည်း ရှိတယ်။ နောက်ပြီးမှ IDPs စခန်းမှာ IDPs တွေရဲ့ ပိုင်ဆိုင်မှု လိုပြောရမလား IDPs တွေရဲ့ ပိုက်ဆံတွေကိုလည်း သူတို့ တောင်းယူသွားတယ်ပြောတယ်” ဟု ပြော သည်။

စစ်ဘေးရှောင် စခန်းရှိ စစ်ဘေးရှောင်ပြည်သူများအား လူ့အခွင့်ချိုးဖောက်မှုများကို လုပ်ဆောင်နေသည်သာ မက ဒီမော့ဆိုမြို့နယ်မှ ကျေးရွာများအတွင်းရှိ ဒေသခံများ သိုမှီးထားသည့် ဆန်စပါးနှင့် မွေးမြူထားသည့် အိမ် မွေးတိရစ္ဆာန်များကိုပါ ဖမ်းဆီးယူ ဆောင်သွားကြသည့် ဖြစ်စဉ်များနှင့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုး ဖောက်မှုများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ကြသည် ဟု ဆက်ပြောသည်။

ခူးကိုရယ်က “နောက်ပြီးမှ တစ်ချို့ရွာတွေဆိုရင် ဒီမော့ဆို ဆိုရင် ကျနော်အသိတွေရှိတယ်။ အဲဒါ ရွာထဲက ဆန် စပါးပေါ့နော အဲဒါ သူတို့ စပါးကျီတွေကို သူတို့ဖောက်ပြီးမှ သူတို့ ယူသွားတယ် နောက်ပြီးမှ အိမ်မွေးတိရစ္ဆာန် ပေါ့နော။ အိမ်မွေးတိရစ္ဆာန်ဆိုတာက ကြက်၊ဝက်တို့ အဲလိုတွေပေါ့ သူတို့သတ်စားတာလည်း ရှိတယ်” ဟု ပြော သည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက ဒေသခံများပြည်သူများအတွက် ဖွင့် လှစ်ထားသည့် ကျေးရွာအခြေပြု ဆေးပေးခန်းများကို ဖျက်ဆီးခြင်းနှင့် ဆေးခန်းအတွင်းရှိ ဆေးဝါးများ ကို လည်း ယူဆောင်သွားကြသည်ဟု KCSN က ဆိုသည်။

ဤကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စစ်တပ်က ဟိုးယခင်အဆက်ဆက်က တိုင်းရင်းသား ဒေသများ ရှိ လူသူအရောက်အပေါက်နည်းသည့် ကျေးရွာများတွင် ကျူးလွန်နေသည့် ဖြစ်စဉ်များဖြစ်ပြီး စစ်အာဏာ သိမ်း ပြီးနောက် မြို့ကြီးပြကြီးများ အထိပင် ထိုသို့လုပ်ဆောင်လာခဲ့ကြသည်ဟု တိုင်းရင်းသားများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားလာသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာခဲ့ကြသည်။

တိုက်ပွဲများအတွင်း ဒေသခံ ပြည်သူများမှာ စစ်ကောင်စီတပ်များ၏ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံရခြင်း နှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့အပြင် စစ်ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်များက စစ်ရှောင်စခန်းများအတွင်းသို့ ရောက်ရှိလာသည့်အတွက် စစ်ဘေးရှာင် နေ ကြရသည့် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်ရွံ့မှုများနှင့် ဘဝလုံခြုံမှု မရှိသည့် အခြေအနေသို့ ရောက်ရှိ နေသည်ဟု အရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN က ဆိုသည်။

*** ZAWGYI ***
စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက စစ္ေဘးေရွာင္မ်ားအေပၚ အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား က်ဴးလြန္ (KCSN)

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၉ ရက္။

ကရင္နီ စစ္ေဘးေရွာင္မ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၿခိမ္းေျခာက္ျခင္း၊ အတင္းအဓမၼခိုင္းေစျခင္းႏွင့္ ေငြ ေၾကးေတာင္းယူျခင္း စသည့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္ဟု ကရင္နီ လူမႈအသင္း အဖြဲ႕မ်ားကြန္ယက္ KCSN က ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ကယား(ကရင္နီ) ျပည္နယ္ ဒီေမာ့ဆိုၿမိဳ႕နယ္ရွိ ျမလဲ႐ြာ ေက်း႐ြာအုပ္စုႏွင့္ ထီးဖိုး ကလိုး ေက်း႐ြာ အုပ္စုအတြင္းရွိ စစ္ေဘးေရွာင္စခန္းသို႔ ဝင္ေရာက္လာၿပီးေနာက္ ထိုသို႔ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ ေၾကာင္း စစ္ေဘးေရွာင္မ်ား၏ ေျပာဆိုခ်က္ကို ကိုးကား၍ KCSN ေျပာေရးဆိုခြင့္ရွိသူ ခူးကိုရယ္ က ေျပာသည္။

၎က “သူတို႔က IDPs စခန္းေတြအထိ ဒီစစ္ေကာင္စီ တပ္ေတြက ေရာက္လာတယ္ေလ။ ဆိုေတာ့ ဒီ IDPs စခန္း မွာရွိတဲ့ လူေတြကို သူတို႔ ေရခပ္ခိုင္းတယ္ေျပာတယ္။ ၿပီးေတာ့ ထမင္းေတြ ခ်က္ခိုင္းတယ္ေျပာတယ္။ အဲဒီ တစ္ခုေပါ့ေနာ။ ေနာက္ၿပီးမွ လူထုကို ၿခိမ္းေျခာက္တာလည္း ရွိတယ္။ ေနာက္ၿပီးမွ IDPs စခန္းမွာ IDPs ေတြရဲ႕ ပိုင္ဆိုင္မႈ လိုေျပာရမလား IDPs ေတြရဲ႕ ပိုက္ဆံေတြကိုလည္း သူတို႔ ေတာင္းယူသြားတယ္ေျပာတယ္” ဟု ေျပာ သည္။

စစ္ေဘးေရွာင္ စခန္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအား လူ႔အခြင့္ခ်ိဳးေဖာက္မႈမ်ားကို လုပ္ေဆာင္ေနသည္သာ မက ဒီေမာ့ဆိုၿမိဳ႕နယ္မွ ေက်း႐ြာမ်ားအတြင္းရွိ ေဒသခံမ်ား သိုမွီးထားသည့္ ဆန္စပါးႏွင့္ ေမြးျမဴထားသည့္ အိမ္ ေမြးတိရစာၦန္မ်ားကိုပါ ဖမ္းဆီးယူ ေဆာင္သြားၾကသည့္ ျဖစ္စဥ္မ်ားႏွင့္ အမ်ိဳးမ်ိဳးေသာ လူ႔အခြင့္အေရး ခ်ိဳး ေဖာက္မႈမ်ားကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက လုပ္ေဆာင္ခဲ့ၾကသည္ ဟု ဆက္ေျပာသည္။

ခူးကိုရယ္က “ေနာက္ၿပီးမွ တစ္ခ်ိဳ႕႐ြာေတြဆိုရင္ ဒီေမာ့ဆို ဆိုရင္ က်ေနာ္အသိေတြရွိတယ္။ အဲဒါ ႐ြာထဲက ဆန္ စပါးေပါ့ေနာ အဲဒါ သူတို႔ စပါးက်ီေတြကို သူတို႔ေဖာက္ၿပီးမွ သူတို႔ ယူသြားတယ္ ေနာက္ၿပီးမွ အိမ္ေမြးတိရစာၦန္ ေပါ့ေနာ။ အိမ္ေမြးတိရစာၦန္ဆိုတာက ၾကက္၊ဝက္တို႔ အဲလိုေတြေပါ့ သူတို႔သတ္စားတာလည္း ရွိတယ္” ဟု ေျပာ သည္။

ထို႔အျပင္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားက ေဒသခံမ်ားျပည္သူမ်ားအတြက္ ဖြင့္ လွစ္ထားသည့္ ေက်း႐ြာအေျချပဳ ေဆးေပးခန္းမ်ားကို ဖ်က္ဆီးျခင္းႏွင့္ ေဆးခန္းအတြင္းရွိ ေဆးဝါးမ်ား ကို လည္း ယူေဆာင္သြားၾကသည္ဟု KCSN က ဆိုသည္။

ဤကဲ့သို႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားသည္ စစ္တပ္က ဟိုးယခင္အဆက္ဆက္က တိုင္းရင္းသား ေဒသမ်ား ရွိ လူသူအေရာက္အေပါက္နည္းသည့္ ေက်း႐ြာမ်ားတြင္ က်ဴးလြန္ေနသည့္ ျဖစ္စဥ္မ်ားျဖစ္ၿပီး စစ္အာဏာ သိမ္း ၿပီးေနာက္ ၿမိဳ႕ႀကီးျပႀကီးမ်ား အထိပင္ ထိုသို႔လုပ္ေဆာင္လာခဲ့ၾကသည္ဟု တိုင္းရင္းသားမ်ားက ေျပာသည္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကယား(ကရင္နီ) ျပည္နယ္တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ တိုင္းရင္းသား လက္ နက္ကိုင္ ေတာ္လွန္ေရးတပ္မ်ားအၾကား တိုက္ပြဲျဖစ္ပြားလာသကဲ့သို႔ ျပည္သူ႔ကာကြယ္ေရးတပ္ PDF တို႔ႏွင့္ စစ္ ေကာင္စီတပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားလာခဲ့ၾကသည္။

တိုက္ပြဲမ်ားအတြင္း ေဒသခံ ျပည္သူမ်ားမွာ စစ္ေကာင္စီတပ္မ်ား၏ သတ္ျဖတ္ခံရျခင္း၊ ဖမ္းဆီးႏွိပ္စက္ခံရျခင္း ႏွင့္ ထိခိုက္ဒဏ္ရာရရွိျခင္းတို႔အျပင္ စစ္ေဘးလြတ္ရာေဒသမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည့္အတြက္ ေနထိုင္စားေသာက္ေရးအျပင္ အဖက္ဖက္မွ အခက္အခဲ အမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ေနရသည္ဟု ဆိုသည္။

ထို႔အျပင္ စစ္ေကာင္စီတပ္မ်ားက စစ္ေရွာင္စခန္းမ်ားအတြင္းသို႔ ေရာက္ရွိလာသည့္အတြက္ စစ္ေဘးရွာင္ ေန ၾကရသည့္ ေဒသခံျပည္သူမ်ားမွာ စိုးရိမ္ေၾကာက္႐ြံ႕မႈမ်ားႏွင့္ ဘဝလုံၿခဳံမႈ မရွိသည့္ အေျခအေနသို႔ ေရာက္ရွိ ေနသည္ဟု အရင္နီ လူမႈအသင္းအဖြဲ႕မ်ား ကြန္ယက္ KCSN က ဆိုသည္။