မြိတ်တွင် အမျိုးသမီးတစ်ဦးက ရွှေ ၃ ပိဿာနီးပါးနှင့် ငွေကျပ် သိန်း တစ်သောင်းခွဲကျော်လိမ်လည် ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊အမျိုးသမီး တစ်ဦးသည် ရွှေ ၂ပိဿာ ၇၀ကျပ်သားနှင့် ကျပ်ငွေသိန်း တစ်သောင်းခွဲ ကျော်ကို လိမ်လည်ကာ တိမ်းရှောင်သွားကြောင်း သိရ သည်။
ပုလောမြို့တွင်နေထိုင်သူ အသက် ၃၁နှစ် အရွယ် အမျိုးသမီး တစ်ဦးက မြိတ်မြို့ ရွှေဆိုင် ၂ဆိုင်က ရွှေများ၊ အထည်ဆိုင်များနှင့် ပုလောမြို့နယ်များမှ လူ ၂၅ ဦးခန့်ထံမှ ရွှေ နှင့်ငွေသားများ လိမ်လည်ကာ တိမ်းရှောင်သွားကြောင်း ငွေကြေးဆုံးရှုံးသူများထံမှ သိရသည်။
“မြိတ်မြို့က ရွှေဆိုင်ပိုင်ရှင်တွေနဲ့ အထည်ဆိုင်တွေဆီက အလိမ်ခံရတဲ့တန်ဖိုးက ရွှေ၊ ငွေသားနဲ့ အထည်ဖိုးတွေ ဟာ ရွှေ ၂ပိဿာ ၇၀ သားနီးပါးနဲ့ ငွေကျပ်သိန်းပေါင်း ၁၅၀၀၀(သိန်းတစ်သောင်းခွဲ) ရှိတယ်၊ ပလော ရဲစခန်းမှာ လည်း အမှုဖွင့်ထားတယ်၊ ရှေ့နေတွေနဲ့လည်း တိုင်ပင်နေတယ်” ဟု ရွှေဆိုင်ပိုင်ရှင် တစ်ဦးက အတည်ပြု ပြော သည်။
အဆိုပါ လိမ်လည်ခံရသူများမှာ မြိတ်၊ ကော့သောင်း၊ ပုလော နှင့် ရန်ကုန်မြို့ကြီးများမှ ဖြစ်ပြီး လိမ်လည်ခံရသူ ၂၅ ဦးခန့်ရှိပြီး တစ်ဦးလျှင် သိန်း ၂၀ မှ သိန်း ၂၀၀၀ ကျော် အထိ လိမ်လည်ခံထားကြရသည် ဟု သိရသည်။
လိမ်လည်သူမှာ ပုလောမြို့၊ ခရေပင်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမနံဘေးတွင် နေထိုင်ပြီး ပုလောမြို့ ဈေးကြီးတွင် လင်းမေနှိုင်း ရွှေဆိုင်နှင့် လင်းလင်းအထည်ဆိုင် အမည်များဖြင့် ဆိုင်၂ ဆိုင်ဖွင့်လှစ်ကာ နေထိုင်သူ မလင်းလင်းမိုး ဆိုသူ ဟု သိရသည်။ သတင်းနှင့် မီဒီယာ ကွန်ရက်က မလင်းလင်းမိုးအား ဆက်သွယ်၍ မရပါ။
ပြီးခဲ့သည့် တနင်္လာနေ့ အထိ မက်စင်ဂျာမှတဆင့် ဆက်သွယ်ကာ ငွေပြန်များ လွှဲပေးနေပြီး ကြာသပတေးနေ့ နံနက် ၁၁နာရီအချိန်ခန့် အထိ မက်ဆင်ဂျာအသုံးပြုနေခြင်းကို တွေ့ရကြောင်း၊ ထို့နောက် ဇူလိုင် ၉ ရက်နေ့တွင် ငွေများလိုအပ်လာသည့်အတွက် ကြွေးရှင်အချို့ လိုက်သွားချိန်မှ ၎င်းတို့အလိမ်ခံရမှန်း သိရကြောင်း မြိတ်မြို့ က အခြား ရွှေဆိုင်ပိုင်ရှင်တစ်ဦး က ဆက်ပြောသည်။
“ပုလောက သူ့အိမ်ရောက်တဲ့အခါမှာ အိမ်ရှေ့မှာ ကြိုးတားထားပြီး ဘေးတပေါက်ဖွင့်ထားတယ်၊ အိမ်သားတွေ ကို အကျိုးအကြောင်း မေးကြည့်တော့ သူမရှိတော့ပါဘူး။ ငွေကြေးကိစ္စ သူတို့နဲ့မဆိုင်ဘူး။ တာဝန်လဲ မယူနိုင် ဘူး ပြောတဲ့အတွက် ပုလောမြို့မရဲစခန်းမှာ အမှုသွားဖွင့်ခဲ့ပါတယ်။ သူ့အိမ်ရှေ့မှာ ငွေအကြွေးတောင်းဖို့ စောင့် နေကြတဲ့သူတွေ အတော်များများတွေ့ခဲ့ရတယ်” ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင် က ပြောသည်။
အိမ်အနီးပါတ်ဝန်းကျင်နှင့် မိတ်ဆွေများကို အနံ့မရဖြစ်နေသည်ဟု သတင်းလွှင့်ကာ နေအိမ်အား Stay at Home Quarantine ဝင်ဟန်ပြုကာ ကြိုးတားခဲ့ပြီး ရှောင်တိမ်းသွားခြင်းဖြစ်ကြောင်း ပုလောမြို့ခံများက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပုလောမြို့မ ရဲစခန်းတာဝန်ရှိသူများက မလင်းလင်းမိုး နေအိမ်အား သွားရောက် စစ်ဆေးကာ ကာယကံရှင်များ၏ အမှုဖွင့်ခြင်း လက်ခံခဲ့ပြီး လိမ်လည်ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသမီး အား ဖမ်းဆီးရမိရေးလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ – ကြွေးရှင်များ သွားရောက်စောင့်ဆိုင်းနေသည့်ပုံ
*** ZAWGYI ***
ၿမိတ္တြင္ အမ်ိဳးသမီးတစ္ဦးက ေ႐ႊ ၃ ပိႆာနီးပါးႏွင့္ ေငြက်ပ္ သိန္း တစ္ေသာင္းခြဲေက်ာ္လိမ္လည္ ထြက္ေျပး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၂ ရက္။
တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ခ႐ိုင္၊အမ်ိဳးသမီး တစ္ဦးသည္ ေ႐ႊ ၂ပိႆာ ၇၀က်ပ္သားႏွင့္ က်ပ္ေငြသိန္း တစ္ေသာင္းခြဲ ေက်ာ္ကို လိမ္လည္ကာ တိမ္းေရွာင္သြားေၾကာင္း သိရ သည္။
ပုေလာၿမိဳ႕တြင္ေနထိုင္သူ အသက္ ၃၁ႏွစ္ အ႐ြယ္ အမ်ိဳးသမီး တစ္ဦးက ၿမိတ္ၿမိဳ႕ ေ႐ႊဆိုင္ ၂ဆိုင္က ေ႐ႊမ်ား၊ အထည္ဆိုင္မ်ားႏွင့္ ပုေလာၿမိဳ႕နယ္မ်ားမွ လူ ၂၅ ဦးခန႔္ထံမွ ေ႐ႊ ႏွင့္ေငြသားမ်ား လိမ္လည္ကာ တိမ္းေရွာင္သြားေၾကာင္း ေငြေၾကးဆုံးရႈံးသူမ်ားထံမွ သိရသည္။
“ၿမိတ္ၿမိဳ႕က ေ႐ႊဆိုင္ပိုင္ရွင္ေတြနဲ႔ အထည္ဆိုင္ေတြဆီက အလိမ္ခံရတဲ့တန္ဖိုးက ေ႐ႊ၊ ေငြသားနဲ႔ အထည္ဖိုးေတြ ဟာ ေ႐ႊ ၂ပိႆာ ၇၀ သားနီးပါးနဲ႔ ေငြက်ပ္သိန္းေပါင္း ၁၅၀၀၀(သိန္းတစ္ေသာင္းခြဲ) ရွိတယ္၊ ပေလာ ရဲစခန္းမွာ လည္း အမႈဖြင့္ထားတယ္၊ ေရွ႕ေနေတြနဲ႔လည္း တိုင္ပင္ေနတယ္” ဟု ေ႐ႊဆိုင္ပိုင္ရွင္ တစ္ဦးက အတည္ျပဳ ေျပာ သည္။
အဆိုပါ လိမ္လည္ခံရသူမ်ားမွာ ၿမိတ္၊ ေကာ့ေသာင္း၊ ပုေလာ ႏွင့္ ရန္ကုန္ၿမိဳ႕ႀကီးမ်ားမွ ျဖစ္ၿပီး လိမ္လည္ခံရသူ ၂၅ ဦးခန႔္ရွိၿပီး တစ္ဦးလွ်င္ သိန္း ၂၀ မွ သိန္း ၂၀၀၀ ေက်ာ္ အထိ လိမ္လည္ခံထားၾကရသည္ ဟု သိရသည္။
လိမ္လည္သူမွာ ပုေလာၿမိဳ႕၊ ခေရပင္လမ္း၊ အမွတ္(၂)ရပ္ကြက္၊ ၿမိဳ႕နယ္ခန္းမနံေဘးတြင္ ေနထိုင္ၿပီး ပုေလာၿမိဳ႕ ေဈးႀကီးတြင္ လင္းေမႏႈိင္း ေ႐ႊဆိုင္ႏွင့္ လင္းလင္းအထည္ဆိုင္ အမည္မ်ားျဖင့္ ဆိုင္၂ ဆိုင္ဖြင့္လွစ္ကာ ေနထိုင္သူ မလင္းလင္းမိုး ဆိုသူ ဟု သိရသည္။ သတင္းႏွင့္ မီဒီယာ ကြန္ရက္က မလင္းလင္းမိုးအား ဆက္သြယ္၍ မရပါ။
ၿပီးခဲ့သည့္ တနလၤာေန႔ အထိ မက္စင္ဂ်ာမွတဆင့္ ဆက္သြယ္ကာ ေငြျပန္မ်ား လႊဲေပးေနၿပီး ၾကာသပေတးေန႔ နံနက္ ၁၁နာရီအခ်ိန္ခန႔္ အထိ မက္ဆင္ဂ်ာအသုံးျပဳေနျခင္းကို ေတြ႕ရေၾကာင္း၊ ထို႔ေနာက္ ဇူလိုင္ ၉ ရက္ေန႔တြင္ ေငြမ်ားလိုအပ္လာသည့္အတြက္ ေႂကြးရွင္အခ်ိဳ႕ လိုက္သြားခ်ိန္မွ ၎တို႔အလိမ္ခံရမွန္း သိရေၾကာင္း ၿမိတ္ၿမိဳ႕ က အျခား ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦး က ဆက္ေျပာသည္။
“ပုေလာက သူ႔အိမ္ေရာက္တဲ့အခါမွာ အိမ္ေရွ႕မွာ ႀကိဳးတားထားၿပီး ေဘးတေပါက္ဖြင့္ထားတယ္၊ အိမ္သားေတြ ကို အက်ိဳးအေၾကာင္း ေမးၾကည့္ေတာ့ သူမရွိေတာ့ပါဘူး။ ေငြေၾကးကိစၥ သူတို႔နဲ႔မဆိုင္ဘူး။ တာဝန္လဲ မယူႏိုင္ ဘူး ေျပာတဲ့အတြက္ ပုေလာၿမိဳ႕မရဲစခန္းမွာ အမႈသြားဖြင့္ခဲ့ပါတယ္။ သူ႔အိမ္ေရွ႕မွာ ေငြအေႂကြးေတာင္းဖို႔ ေစာင့္ ေနၾကတဲ့သူေတြ အေတာ္မ်ားမ်ားေတြ႕ခဲ့ရတယ္” ဟု အဆိုပါ ေ႐ႊဆိုင္ပိုင္ရွင္ က ေျပာသည္။
အိမ္အနီးပါတ္ဝန္းက်င္ႏွင့္ မိတ္ေဆြမ်ားကို အနံ႔မရျဖစ္ေနသည္ဟု သတင္းလႊင့္ကာ ေနအိမ္အား Stay at Home Quarantine ဝင္ဟန္ျပဳကာ ႀကိဳးတားခဲ့ၿပီး ေရွာင္တိမ္းသြားျခင္းျဖစ္ေၾကာင္း ပုေလာၿမိဳ႕ခံမ်ားက ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ပုေလာၿမိဳ႕မ ရဲစခန္းတာဝန္ရွိသူမ်ားက မလင္းလင္းမိုး ေနအိမ္အား သြားေရာက္ စစ္ေဆးကာ ကာယကံရွင္မ်ား၏ အမႈဖြင့္ျခင္း လက္ခံခဲ့ၿပီး လိမ္လည္ထြက္ေျပးတိမ္းေရွာင္ေနသည့္ အမ်ိဳးသမီး အား ဖမ္းဆီးရမိေရးလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ဓါတ္ပုံ – ေႂကြးရွင္မ်ား သြားေရာက္ေစာင့္ဆိုင္းေနသည့္ပုံ