မော်လမြိုင်တွင် အိမ်ပြင်ထွက် ကပ်ပြားဖြင့်သာ သွားလာခွင့်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေသည့် မော်လမြိုင်မြို့နယ်တွင် အပြင်ထွက်သွားလာခွင့်ကတ်ပြားပါမှသာ အိမ်ပြင်ထွက် သွားလာခွင့်ရှိသည်ဟု မြို့ခံပြည်သူများ ပြောသည်။
မော်လမြိုင်မြို့နယ်ကို ဇူလိုင်လ ၈ ရက်နေ့ကစပြီး နေအိမ်တွင်နေထိုင်ရန် Stay at Home အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။
ထို့နောက်ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်လျှင် အပြင်ထွက်လာခွင့် ကဒ်ပြားတစ်ကဒ်စီ ထုတ်ပေးထားပြီး ထိုကဒ်ပြားဖြင့် တစ်အိမ်လျှင် တစ်ယောက်သာ အပြင်ထွက်သွားလာ ခွင့် ရှိသည်။
“တစ်အိမ် ကဒ်ပြားတစ်ခုပေါ့ အဲဒါကို ရပ်ကွက်ရုံးမှာ သွားယူရပါတယ်။ အဲဒီကဒ်ပြားနဲ့ အပြင်ထွက်ရမယ်၊ ကဒ် ပြားမပါပဲ အပြင်ထွက်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူခံရမယ်လို့ ပြောတယ်။ ကဒ်ပြားအတွက်တော့ ပိုက်ဆံ မပေးရပါဘူး” ဟု မော်လမြိုင် ဈေးကြိုရပ်ကွက်နေ ဒေါ်မိချို က ပြောသည်။
အချို့ရပ်ကွက်များတွင် အပြင်ထွက်သွားလာခွင့် ကတ်ပြားအတွက်ဟု ဆိုကာ ကျပ် ၃၀၀ နှင့် ၁၀၀၀ အကြား ပေးဆောင်နေရခြင်းများလည်း ရှိနေသည်ဟု သိရသည်။
အရေးပေါ်ကျန်းမာရေးကိစ္စ ဖြစ်ပေါ်လာပါက တစ်အိမ် နှစ်ယောက်ထွက်ခွင့်ရှိကြောင်းနှင့် ကဒ်သည် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိသာ အကျုံးဝင်သည် ဟု ကဒ်ပြားပါ စည်းကမ်းချက်တွင် ပါရှိသည်။
ထို့အပြင် ကဒ်ပြားမပါပဲ နေအိမ်အပြင်ထွက်ခြင်း၊ Mask မတပ်ပဲ အပြင်ထွက်ခြင်း၊ အပြင်ထွက်ရသည့် အကြောင်းအရင်း ခိုင်လုံစွာမရှိခြင်း၊ ကဒ်အား အခြားသူတို့ လွှဲပြောင်း/ငှားရမ်းခြင်း မပြုလုပ်ရဟုလည်း စည်း ကမ်းသတ်မှတ် ထားသည်။
ထိုစည်းကမ်းသတ်မှတ်ချက်များအား လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။
မွန်ပြည်နယ်အတွင်း ဇွန်လဆန်းမှစပြီး ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်လာသည့်အပြင် သေဆုံးမှုနှုန်း လည်း မြင့်တက်လာသည့်အတွက် ပြည်နယ်အတွင်း ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ တင်းကြပ်ထားပြီး ပြည်နယ်အတွင်းနှင့် ပြည်နယ်အဝင်အထွက်ကိုလည်း စစ်ကောင်စီက ကန့်သတ်ထားသည်။
မွန်ပြည်နယ်အတွင်း ဇွန်လဆန်းခန့်မှ စတင်၍ ကိုဗစ်ကူးစက်မှုများ တွေ့ရှိလာပြီးနောက် ယခုလ ဇူလိုင်လ ၁၀ ရက်နေ့ အထိ ထုတ်ပြန်ထားသည့်စာရင်းများအရ ပြည်နယ်ထဲတွင် COVID-19 အတည်ပြုလူနာ ၂၀၀၀ ကျော် ရှိပြီဖြစ်ပြီး သေဆုံးသူမှာ ၇၀ ကျော်ရှိသွားပြီဖြစ်သည်ဟု သိရသည်။
*** ZAWGYI ***
ေမာ္လၿမိဳင္တြင္ အိမ္ျပင္ထြက္ ကပ္ျပားျဖင့္သာ သြားလာခြင့္ျပဳ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၂ ရက္။
COVID-19 ကူးစက္မႈႏႈန္း ျမင့္တက္ေနသည့္ ေမာ္လၿမိဳင္ၿမိဳ႕နယ္တြင္ အျပင္ထြက္သြားလာခြင့္ကတ္ျပားပါမွသာ အိမ္ျပင္ထြက္ သြားလာခြင့္ရွိသည္ဟု ၿမိဳ႕ခံျပည္သူမ်ား ေျပာသည္။
ေမာ္လၿမိဳင္ၿမိဳ႕နယ္ကို ဇူလိုင္လ ၈ ရက္ေန႔ကစၿပီး ေနအိမ္တြင္ေနထိုင္ရန္ Stay at Home အျဖစ္ သတ္မွတ္ေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ေၾကညာထားသည္။
ထို႔ေနာက္ရပ္ကြက္အတြင္းရွိ ေနအိမ္မ်ားအား တစ္အိမ္လွ်င္ အျပင္ထြက္လာခြင့္ ကဒ္ျပားတစ္ကဒ္စီ ထုတ္ေပးထားၿပီး ထိုကဒ္ျပားျဖင့္ တစ္အိမ္လွ်င္ တစ္ေယာက္သာ အျပင္ထြက္သြားလာ ခြင့္ ရွိသည္။
“တစ္အိမ္ ကဒ္ျပားတစ္ခုေပါ့ အဲဒါကို ရပ္ကြက္႐ုံးမွာ သြားယူရပါတယ္။ အဲဒီကဒ္ျပားနဲ႔ အျပင္ထြက္ရမယ္၊ ကဒ္ ျပားမပါပဲ အျပင္ထြက္လို႔ စစ္ေဆးေတြ႕ရွိခဲ့ရင္ အေရးယူခံရမယ္လို႔ ေျပာတယ္။ ကဒ္ျပားအတြက္ေတာ့ ပိုက္ဆံ မေပးရပါဘူး” ဟု ေမာ္လၿမိဳင္ ေစ်းႀကိဳရပ္ကြက္ေန ေဒၚမိခ်ိဳ က ေျပာသည္။
အခ်ိဳ႕ရပ္ကြက္မ်ားတြင္ အျပင္ထြက္သြားလာခြင့္ ကတ္ျပားအတြက္ဟု ဆိုကာ က်ပ္ ၃၀၀ ႏွင့္ ၁၀၀၀ အၾကား ေပးေဆာင္ေနရျခင္းမ်ားလည္း ရွိေနသည္ဟု သိရသည္။
အေရးေပၚက်န္းမာေရးကိစၥ ျဖစ္ေပၚလာပါက တစ္အိမ္ ႏွစ္ေယာက္ထြက္ခြင့္ရွိေၾကာင္းႏွင့္ ကဒ္သည္ နံနက္ ၄ နာရီမွ ည ၁၀ နာရီအထိသာ အက်ဳံးဝင္သည္ ဟု ကဒ္ျပားပါ စည္းကမ္းခ်က္တြင္ ပါရွိသည္။
ထို႔အျပင္ ကဒ္ျပားမပါပဲ ေနအိမ္အျပင္ထြက္ျခင္း၊ Mask မတပ္ပဲ အျပင္ထြက္ျခင္း၊ အျပင္ထြက္ရသည့္ အေၾကာင္းအရင္း ခိုင္လုံစြာမရွိျခင္း၊ ကဒ္အား အျခားသူတို႔ လႊဲေျပာင္း/ငွားရမ္းျခင္း မျပဳလုပ္ရဟုလည္း စည္း ကမ္းသတ္မွတ္ ထားသည္။
ထိုစည္းကမ္းသတ္မွတ္ခ်က္မ်ားအား လိုက္နာမႈမရွိပါက တည္ဆဲဥပေဒအရ အေရးယူမည္ဟု စစ္ေကာင္စီက ေၾကညာထားသည္။
မြန္ျပည္နယ္အတြင္း ဇြန္လဆန္းမွစၿပီး ကိုဗစ္ကူးစက္မႈႏႈန္း ဆက္တိုက္ျမင့္တက္လာသည့္အျပင္ ေသဆုံးမႈႏႈန္း လည္း ျမင့္တက္လာသည့္အတြက္ ျပည္နယ္အတြင္း ကိုဗစ္စည္းကမ္းသတ္မွတ္ခ်က္မ်ား တင္းၾကပ္ထားၿပီး ျပည္နယ္အတြင္းႏွင့္ ျပည္နယ္အဝင္အထြက္ကိုလည္း စစ္ေကာင္စီက ကန႔္သတ္ထားသည္။
မြန္ျပည္နယ္အတြင္း ဇြန္လဆန္းခန႔္မွ စတင္၍ ကိုဗစ္ကူးစက္မႈမ်ား ေတြ႕ရွိလာၿပီးေနာက္ ယခုလ ဇူလိုင္လ ၁၀ ရက္ေန႔ အထိ ထုတ္ျပန္ထားသည့္စာရင္းမ်ားအရ ျပည္နယ္ထဲတြင္ COVID-19 အတည္ျပဳလူနာ ၂၀၀၀ ေက်ာ္ ရွိၿပီျဖစ္ၿပီး ေသဆုံးသူမွာ ၇၀ ေက်ာ္ရွိသြားၿပီျဖစ္သည္ဟု သိရသည္။