အပတ်စဉ် ရေဒီယို အစီအစဉ် ( ၁၂ – ၇ – ၂၁ )

အပတ်စဉ်ရေဒီယိုအစဉ်အစီကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ –

  • စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ထဲမှာ စစ်ကောင်စီရဲ့ ကား ၂စီးကို ဒေသခံ PDF တပ်တွေနဲ့ KIA ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။
  • စစ်အာဏာသိမ်းပြီးနောက် ၅လတာအတွင်း ကယား(ကရင်နီ)ပြည်နယ်ထဲမှ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ၇၆ ဦးသေဆုံးခဲ့ရပြီဖြစ်ပြီး တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံနေရတဲ့ သတင်းအပြည့်အစုံ၊
  • ကချင်ပြည်နယ်၊ KIO ထိန်းချုပ်နယ်မြေထဲက COVID-19 ကူးစက်မှု အခြေအနေ၊
  • NCA အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင်တွေရဲ့ အစည်းအဝေးအပြီး ဆုံးဖြတ်ချက် သတင်းတွေနဲ့ အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက် ပေးသွားမှာပါရှင်။