တနင်္သာရီတိုင်း ခရီးသည်တင်ယာဉ်ပြေးဆွဲမှု ရပ်ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
တနင်္သာရီတိုင်းဒေသကြီး အတွင်းနှင့် ပြင်ပသို့ သွားလာပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များအားလုံး ဇူလိုင် လ ၁၇ ရက်နေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားရန် တိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ အသိပေးကြေငြာ လိုက်သည်။
တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်အရ အထက်ပါ အတိုင်း ကန့်သတ်ရခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှာ ဦးစီးမှူး ဒေါ်သက်သက်ဦး က ပြောသည်။
“အချိန်ကာလကိုတော့ အကန့်အသတ်မရှိဆိုပြီး သတ်မှတ်ထားပါတယ်။ ရောဂါကူးစက်မှု လျော့ကျလာရင် တော့ ပြန်ဖွင့်ပေးမှာပေါ့” ဟု ဒေါ်သက်သက်ဦး က ပြောသည်။
လက်ရှိ တနင်္သာရီတိုင်းအတွင်း COVID-19 ရောဂါ ဖြစ်ပွားသူ အများစုမှာ အခြား တိုင်းဒေသကြီးများ၊ ပြည်နယ် များသို့ သွားလာနေကြသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ နှင့် ခရီးသွား ပြည်သူ အချို့ ပါဝင်နေကြောင်း စိစစ်တွေ့ ရှိနေရသည်ဟု သိရှိရသည် ။
ကုန်တင်ယာဉ်များနှင့် ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မနေသွား လာရမည့် သူများလွဲပြီး ကျန်ခရီးသည်များကိုတော့ တိုင်းဒေသကြီးအတွင်းဖြစ်စေ၊ တိုင်းဒေသကြီး ပြင်ပဖြစ်စေ သွားလာခွင့် ကန့်သတ်ရာတွင် အကျုံးဝင်ကြောင်း ဒေါ်သက်သက်ဦး က ပြောသည်။
တိုင်းဒေသကြီးအတွင်း ဆိုရာတွင် ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ မောတောင်နှင့် ကော့သောင်း စသည့် နေရာ ဒေသ များသို့ ပြေးဆွဲပို့ဆောင်နေသည့် ခရီးသည်တင် ယာဉ်ငယ်လိုင်းများလည်း ပါဝင်သည်။
မဖြစ်မနေ ခရီးသွားရမည်ဆိုပါက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်၊ ခရိုင် တို့၏ ခွင့်ပြုချက်၊ COVID-19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်တို့ ပါရမည်ဖြစ်သည်ဟု သိရသည်။
အိမ်စီးကားများမှာမူ ယာဉ်မောင်းအပါအဝင် စုစုပေါင်း လေးဦးသာ လိုက်ပါခွင့်ရှိမည်ဖြစ်ပြီး ကုန်တင်ယာဉ် များတွင်လည်း ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်(စပါယ်ယာ)တစ်ဦး ပေါင်း ၂ ဦးသာ လိုက်ပါခွင့်ပြုသည်။
“ကုန်ကားတွေ သတ်မှတ်စည်းကမ်းနဲ့ သွားလာခွင့်ရတယ်ဗျ၊ ခရီးသည်တင် မှန်လုံကုန်ကားတွေ မပါဘူးလို့ သိရ တယ်၊ အဲ့ဒီလိုရှင်းအောင်လုပ်ဖို့ စီစစ်ဖို့လိုတယ်၊ ဘာလို့လဲဆိုတော့၊ အရင်ကိုဗစ်ကာလတွေတုန်းက ခရီးသည် ယာဉ်တွေ ပိတ်ပြီး ကုန်ကားသွားခွင့်ရတော့ တချို့မှန်လုံတွေက ကုန်တွေကြားမှာ ခရီးသည် ခိုးတင်တဲ့ ပြဿ နာတွေ ရှိဖူးတယ်ဗျ” ဟု မြိတ်ကုန်ကားအသင်း မှ တာဝန်ရှိသူတဦးက ပြောသည်။
ယာဉ်များတွင် လိုက်ပါလာမည့်သူများ အားလုံးသည် ကျန်းမာရေးစစ်ဆေးချက် အထောက်အထားနှင့် ခွင့်ပြု ချက်များ စစ်ဆေးရေးဂိတ်တွင် ပြနိုင်ရမှသာ ဝင်ထွက်ဖြတ်သန်းသွားလာခွင့် ပြုမည်ဟု သိရသည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား ပြည်သူများ လိုက်နာကြရန် အသိပေး နှိုး ဆော် တိုက်တွန်းထားသော်လည်း လိုက်နာမှု အားနည်း နေကြောင်း တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာမှု မရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ နှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည် ။
*** ZAWGYI ***
တနသၤာရီတိုင္း ခရီးသည္တင္ယာဥ္ေျပးဆြဲမႈ ရပ္ဆိုင္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္။
တနသၤာရီတိုင္းေဒသႀကီး အတြင္းႏွင့္ ျပင္ပသို႔ သြားလာေျပးဆြဲေနသည့္ ခရီးသည္တင္ ယာဥ္မ်ားအားလုံး ဇူလိုင္ လ ၁၇ ရက္ေန႔မွ စတင္၍ ရက္အကန႔္အသတ္မရွိ ယာယီရပ္ဆိုင္းထားရန္ တိုင္းေဒသႀကီး ပို႔ေဆာင္ေရး စီမံကိန္း ဦးစီးဌာနမွ အသိေပးေၾကျငာ လိုက္သည္။
တိုင္းေဒသႀကီး COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီ၏ ၫႊန္ၾကားခ်က္အရ အထက္ပါ အတိုင္း ကန႔္သတ္ရျခင္းျဖစ္သည္ဟု တိုင္းေဒသႀကီး ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာနမွာ ဦးစီးမႉး ေဒၚသက္သက္ဦး က ေျပာသည္။
“အခ်ိန္ကာလကိုေတာ့ အကန႔္အသတ္မရွိဆိုၿပီး သတ္မွတ္ထားပါတယ္။ ေရာဂါကူးစက္မႈ ေလ်ာ့က်လာရင္ ေတာ့ ျပန္ဖြင့္ေပးမွာေပါ့” ဟု ေဒၚသက္သက္ဦး က ေျပာသည္။
လက္ရွိ တနသၤာရီတိုင္းအတြင္း COVID-19 ေရာဂါ ျဖစ္ပြားသူ အမ်ားစုမွာ အျခား တိုင္းေဒသႀကီးမ်ား၊ ျပည္နယ္ မ်ားသို႔ သြားလာေနၾကသည့္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္မ်ား ႏွင့္ ခရီးသြား ျပည္သူ အခ်ိဳ႕ ပါဝင္ေနေၾကာင္း စိစစ္ေတြ႕ ရွိေနရသည္ဟု သိရွိရသည္ ။
ကုန္တင္ယာဥ္မ်ားႏွင့္ က်န္းမာေရး၊ ပညာေရး၊ လူမူေရး စသည့္ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ မျဖစ္မေနသြား လာရမည့္ သူမ်ားလြဲၿပီး က်န္ခရီးသည္မ်ားကိုေတာ့ တိုင္းေဒသႀကီးအတြင္းျဖစ္ေစ၊ တိုင္းေဒသႀကီး ျပင္ပျဖစ္ေစ သြားလာခြင့္ ကန႔္သတ္ရာတြင္ အက်ဳံးဝင္ေၾကာင္း ေဒၚသက္သက္ဦး က ေျပာသည္။
တိုင္းေဒသႀကီးအတြင္း ဆိုရာတြင္ ထားဝယ္၊ ၿမိတ္၊ တနသၤာရီ၊ ေမာေတာင္ႏွင့္ ေကာ့ေသာင္း စသည့္ ေနရာ ေဒသ မ်ားသို႔ ေျပးဆြဲပို႔ေဆာင္ေနသည့္ ခရီးသည္တင္ ယာဥ္ငယ္လိုင္းမ်ားလည္း ပါဝင္သည္။
မျဖစ္မေန ခရီးသြားရမည္ဆိုပါက ေက်း႐ြာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္၊ ခ႐ိုင္ တို႔၏ ခြင့္ျပဳခ်က္၊ COVID-19 ကင္းရွင္းေၾကာင္း က်န္းမာေရးေထာက္ခံခ်က္တို႔ ပါရမည္ျဖစ္သည္ဟု သိရသည္။
အိမ္စီးကားမ်ားမွာမူ ယာဥ္ေမာင္းအပါအဝင္ စုစုေပါင္း ေလးဦးသာ လိုက္ပါခြင့္ရွိမည္ျဖစ္ၿပီး ကုန္တင္ယာဥ္ မ်ားတြင္လည္း ယာဥ္ေမာင္းသူႏွင့္ ယာဥ္ေနာက္လိုက္(စပါယ္ယာ)တစ္ဦး ေပါင္း ၂ ဦးသာ လိုက္ပါခြင့္ျပဳသည္။
“ကုန္ကားေတြ သတ္မွတ္စည္းကမ္းနဲ႔ သြားလာခြင့္ရတယ္ဗ်၊ ခရီးသည္တင္ မွန္လုံကုန္ကားေတြ မပါဘူးလို႔ သိရ တယ္၊ အဲ့ဒီလိုရွင္းေအာင္လုပ္ဖို႔ စီစစ္ဖို႔လိုတယ္၊ ဘာလို႔လဲဆိုေတာ့၊ အရင္ကိုဗစ္ကာလေတြတုန္းက ခရီးသည္ ယာဥ္ေတြ ပိတ္ၿပီး ကုန္ကားသြားခြင့္ရေတာ့ တခ်ိဳ႕မွန္လုံေတြက ကုန္ေတြၾကားမွာ ခရီးသည္ ခိုးတင္တဲ့ ျပႆ နာေတြ ရွိဖူးတယ္ဗ်” ဟု ၿမိတ္ကုန္ကားအသင္း မွ တာဝန္ရွိသူတဦးက ေျပာသည္။
ယာဥ္မ်ားတြင္ လိုက္ပါလာမည့္သူမ်ား အားလုံးသည္ က်န္းမာေရးစစ္ေဆးခ်က္ အေထာက္အထားႏွင့္ ခြင့္ျပဳ ခ်က္မ်ား စစ္ေဆးေရးဂိတ္တြင္ ျပႏိုင္ရမွသာ ဝင္ထြက္ျဖတ္သန္းသြားလာခြင့္ ျပဳမည္ဟု သိရသည္။
က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအား ျပည္သူမ်ား လိုက္နာၾကရန္ အသိေပး ႏႈိး ေဆာ္ တိုက္တြန္းထားေသာ္လည္း လိုက္နာမႈ အားနည္း ေနေၾကာင္း တိုင္းေဒသႀကီး COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ထုတ္ျပန္ထားသည့္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာမႈ မရွိပါက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ႏွင့္ အညီ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ ။