မွန်ပြည်နယ် ကိုဗစ် သေဆုံးမှု ဆက်လက်မြင့်မား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနေ့စဉ် မြင့်တက်နေပြီး နေ့စဉ် အနည်းဆုံး ၁၀ ဦးထက် မနည်း သေဆုံးနေသည်ဟု ကူညီပေးနေသည့် ဒေသအတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

လက်ရှိတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ တစ်ရက်လျှင် အနည်းဆုံး ၁၀ ဦးခန့်ရှိနေပြီး အချို့ရက်များ တွင် သေဆုံးသူ ၂၀ ဦးကျော်အထိလည်း ရှိနေသည်။

“အများစုကတော့ အောက်ဆီဂျင်ကျပြီး သေဆုံးတာများတယ်၊ ဆေးရုံမှာ ဆေးကုသနေတဲ့ လူနာတွေအပြင် သံသယလက္ခဏာနဲ့ နေအိမ်မှာပဲ ဆုံးတဲ့လူတွေလည်း များလာတယ်၊ အခုဆိုရင် နေ့တိုင်းပဲ ၁၀ ယောက်နဲ့ အထက် သေနေတာ” ဟု ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

မွန်ပြည်နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှစပြီး ကိုဗစ်လူနာ သေဆုံးမှုရှိလာကာ ဇူလိုင်လ ၁၅ ရက်နေ့အထိ သေဆုံး ကိုဗစ်လူနာ ၁၅၀ ကျော် ရှိသွားပြီ ဖြစ်သည်။

သေဆုံးသူအများစုသည် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာများ ဖြစ်ပြီး ကိုဗစ်သံသယ လက္ခဏာများဖြင့် နေအိမ်တွင် သေဆုံးသူများလည်းရှိနေသည်ဟု လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစတင်၍ ကိုဗစ်ကူးစက်လူနာများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး တစ်လ ကျော်အတွင်း၌ ကိုဗစ်အတည်ပြုလူနာ ၃၅၀၀ ကျော် ရှိသည်။

လက်ရှိတွင် မွန်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်လုံးတွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်နေပြီး ကူးစက်မှု အများဆုံးမြို့နယ်တို့မှာ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့ဖြစ်ပြီး သံဖြူဇရပ်တွင်လည်း တစ်မြို့နယ်တည်း တွင် ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိသည့် နေ့များလည်း ရှိဟု ဒေသခံများနှင့် ဒေသအတွင်းက ပရဟိတ အသင်း တာဝန်ရှိသူများက ပြောသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီး Isolative Ward-3 (သီးခြားဆောင်-၃) နှင့် Isolative Ward-1 (သီးခြားဆောင်-၁) တို့အပြင် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်နှင့် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံ မှ သိရသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေသည့်အနေအထားကြောင့် ကိုဗစ်ရောဂါ ကာကွယ် ထိန်း ချုပ်နိုင်ရေးအတွက် မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးနှင့် ရေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအားလုံးကို ဆိုင်ထိုင်ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စာထုတ် ညွှန်ကြားထားသည်။

ထို့အပြင် ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း ဇူလိုင် ၁ ရက်နေ့မှစ၍ ကျန်းမာရေးစစ်ဆေးပြီး မှသာ ဝင်ခွင့်ပြုရန် ကန့်သတ်ထားသည်။

*** ZAWGYI ***
မြန္ျပည္နယ္ ကိုဗစ္ ေသဆုံးမႈ ဆက္လက္ျမင့္မား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္။

မြန္ျပည္နယ္တြင္ ကိုဗစ္ကူးစက္မႈေန႔စဥ္ ျမင့္တက္ေနၿပီး ေန႔စဥ္ အနည္းဆုံး ၁၀ ဦးထက္ မနည္း ေသဆုံးေနသည္ဟု ကူညီေပးေနသည့္ ေဒသအတြင္းက လူမႈကယ္ဆယ္ေရးအဖြဲ႕မ်ားက ေျပာသည္။

လက္ရွိတြင္ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ တစ္ရက္လွ်င္ အနည္းဆုံး ၁၀ ဦးခန႔္ရွိေနၿပီး အခ်ိဳ႕ရက္မ်ား တြင္ ေသဆုံးသူ ၂၀ ဦးေက်ာ္အထိလည္း ရွိေနသည္။

“အမ်ားစုကေတာ့ ေအာက္ဆီဂ်င္က်ၿပီး ေသဆုံးတာမ်ားတယ္၊ ေဆး႐ုံမွာ ေဆးကုသေနတဲ့ လူနာေတြအျပင္ သံသယလကၡဏာနဲ႔ ေနအိမ္မွာပဲ ဆုံးတဲ့လူေတြလည္း မ်ားလာတယ္၊ အခုဆိုရင္ ေန႔တိုင္းပဲ ၁၀ ေယာက္နဲ႔ အထက္ ေသေနတာ” ဟု ကိုဗစ္-၁၉ ႏွင့္ ပတ္သက္၍ ကူညီေပးေနသည့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

မြန္ျပည္နယ္တြင္ ဇြန္လ ၁၀ ရက္ေန႔မွစၿပီး ကိုဗစ္လူနာ ေသဆုံးမႈရွိလာကာ ဇူလိုင္လ ၁၅ ရက္ေန႔အထိ ေသဆုံး ကိုဗစ္လူနာ ၁၅၀ ေက်ာ္ ရွိသြားၿပီ ျဖစ္သည္။

ေသဆုံးသူအမ်ားစုသည္ ေဆး႐ုံတြင္ တက္ေရာက္ ေဆးကုသမႈ ခံယူေနရသည့္ ကိုဗစ္အတည္ျပဳလူနာမ်ား ျဖစ္ၿပီး ကိုဗစ္သံသယ လကၡဏာမ်ားျဖင့္ ေနအိမ္တြင္ ေသဆုံးသူမ်ားလည္းရွိေနသည္ဟု လူမႈကယ္ဆယ္ေရး အဖြဲ႕မ်ားထံမွ သိရသည္။

မြန္ျပည္နယ္တြင္ ဇြန္လဆန္းပိုင္းခန႔္မွစတင္၍ ကိုဗစ္ကူးစက္လူနာမ်ား ဆက္တိုက္ျမင့္တက္လာခဲ့ၿပီး တစ္လ ေက်ာ္အတြင္း၌ ကိုဗစ္အတည္ျပဳလူနာ ၃၅၀၀ ေက်ာ္ ရွိသည္။

လက္ရွိတြင္ မြန္ျပည္နယ္ အတြင္းရွိ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္လုံးတြင္ ကိုဗစ္ကူးစက္မႈမ်ား ျမင့္တက္ေနၿပီး ကူးစက္မႈ အမ်ားဆုံးၿမိဳ႕နယ္တို႔မွာ ေမာ္လၿမိဳင္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္တို႔ျဖစ္ၿပီး သံျဖဴဇရပ္တြင္လည္း တစ္ၿမိဳ႕နယ္တည္း တြင္ ကိုဗစ္အတည္ျပဳလူနာ ၁၀၀၀ ေက်ာ္ရွိသည့္ ေန႔မ်ားလည္း ရွိဟု ေဒသခံမ်ားႏွင့္ ေဒသအတြင္းက ပရဟိတ အသင္း တာဝန္ရွိသူမ်ားက ေျပာသည္။

ကိုဗစ္အတည္ျပဳလူနာမ်ားကို ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ုံႀကီး Isolative Ward-3 (သီးျခားေဆာင္-၃) ႏွင့္ Isolative Ward-1 (သီးျခားေဆာင္-၁) တို႔အျပင္ ေမာ္လၿမိဳင္တကၠသိုလ္ (၁၀) ၿမိဳ႕နယ္ေဆာင္ႏွင့္ ၿမိဳ႕နယ္အသီးသီးတို႔တြင္လည္း ေဆးကုသေပးေနသည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနထံ မွ သိရသည္။

ျပည္နယ္အတြင္း ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္တက္ေနသည့္အေနအထားေၾကာင့္ ကိုဗစ္ေရာဂါ ကာကြယ္ ထိန္း ခ်ဳပ္ႏိုင္ေရးအတြက္ ေမာ္လၿမိဳင္၊ သံျဖဴဇရပ္၊ ေရးႏွင့္ ေရးၿမိဳ႕နယ္အတြင္းရွိ စားေသာက္ဆိုင္မ်ားအားလုံးကို ဆိုင္ထိုင္ေရာင္းခ်ျခင္းမျပဳပဲ ပါဆယ္စနစ္ျဖင့္သာ ေရာင္းခ်ရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕က စာထုတ္ ၫႊန္ၾကားထားသည္။

ထို႔အျပင္ ျပည္နယ္အတြင္းသို႔ ဝင္ေရာက္လာသူမ်ားကိုလည္း ဇူလိုင္ ၁ ရက္ေန႔မွစ၍ က်န္းမာေရးစစ္ေဆးၿပီး မွသာ ဝင္ခြင့္ျပဳရန္ ကန႔္သတ္ထားသည္။