ဘော်လခဲတွင် KNDF၊ KA တို့နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF ၊ ကရင်နီတပ်မတော် K A ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၁၆ ရက်နေ့ (ယနေ့) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု KNDF က ပြောသည်။
ယနေ့ မွန်းလွှဲ ၃နာရီခန့်က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး ကျွန်းပင်ကုန်းအဆင်းတွင် ထိုး စစ်ဆင် လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNDF ၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
KNDF က “ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ အနီး ကျွန်းပင် ကုန်းအဆင်းတွင် ယနေ့ မွန်လွှဲပိုင်း ၂း၄၇ နာရီခန့် ကရင်နီ တပ်မတော် KA နှင့် KNDF ပူးပေါင်း၍ ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ခုခံ တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားကာ တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပါသည်” ဟု ထုတ်ပြန်ချက် တွင် ပြောဆိုထားသည်။
ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို KNDF၊ KA ပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ် ပွားခဲ့ခြင်းဖြစ်သည်ဟု KNDF က ဆိုသည်။
“အကြမ်းဖက်စစ်ကောင်စီဖက်မှ အင်အား ၅၀ ခန့်သည် ထားလဲကျေးရွာ မှ နန်းဖဲ ကျေးရွာဖက်သို့ ထိုးစစ် ဆင် လာသဖြင့် ကရင်နီတပ်မတော် KA နှင့် KNDF ပူးပေါင်းတပ်များက မှိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” ဟု KNDF က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများစွာ ရှိကြောင်းနှင့် သေဆုံးသူ အရေအတွက်ကို အတည် ပြု၍ မရသေးကြောင်း KNDF က ဆိုသည်။
စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု KNDF က ထုတ်ပြန်ထားသော်လည်း NMG အနေဖြင့် အဆိုပါ အခြေအနေနှင့် ပတ်သက်၍ သီးခြား အတည်ပြု၍ မရသေးပေ။
ထို့အပြင် တိုက်ပွဲများကြောင့် နန်းဖဲကျေးရွာမှ ပြည်သူများမှာ စစ်ဘေးလွတ်ရာ ဒေသများသို့ စစ်ဘေးရှောင်နေ ရသည်ဟု သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင်လည်း လွိုင်လင်လေးမြို့နယ်အတွင်း ကရင်နီတပ်မတော်နှင့် စစ်ကောင်စီ တပ်တို့အကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် အနီးအနားရှိ ကျေးရွာပေါင်း ၂၀ နီးပါးက ပြည်သူ ၈၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။
စစ်တပ်မှ စစ်အာဏာသိမ်းပြီးနောက် မေလ ၂၀ ရက်နေ့မှ စတင်ကာ ကယား(ကရင်နီ) ပြည်နယ်တွင် စစ်ကောင် စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ဖြစ်ပွားလာ သကဲ့သို့ ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့်ပါ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလာခဲ့သည်။
တိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ နေရာများသို့ စစ်ဘေးရှောင်နေရပြီး စားသောက်နေထိုင် ရေးအပြင် အဖက်ဖက်မှ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များကို အကူအညီ ပေးနေသူများက ပြောသည်။
လက်ရှိ ကယား(ကရင်နီ) ပြည်နယ်ထဲတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ် KNDF အနေဖြင့် ပြည်သူများကို အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်များကို အမြစ်ပြတ်သည့် အထိ ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်များကို ဆန့်ကျင်တော်လှန်နေသော မည်သည့် အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည် ဟု KNDF က ဆိုသည်။
*** ZAWGYI ***
ေဘာ္လခဲတြင္ KNDF၊ KA တို႔ႏွင့္ စစ္ေကာင္စီ တိုက္ပြဲျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္။
ကယားျပည္နယ္ ေဘာလခဲၿမိဳ႕နယ္တြင္ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ဖြဲ႕ KNDF ၊ ကရင္နီတပ္မေတာ္ K A ပူးေပါင္းတပ္တို႔ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား ဇူလိုင္လ ၁၆ ရက္ေန႔ (ယေန႔) တြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္ ဟု KNDF က ေျပာသည္။
ယေန႔ မြန္းလႊဲ ၃နာရီခန႔္က ေဘာလခဲၿမိဳ႕နယ္ နန္းဖဲေက်း႐ြာအနီး ကြၽန္းပင္ကုန္းအဆင္းတြင္ ထိုး စစ္ဆင္ လာေသာ စစ္ေကာင္စီတပ္ႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု KNDF ၏ ယေန႔ ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။
KNDF က “ေဘာလခဲၿမိဳ႕နယ္ နန္းဖဲေက်း႐ြာ အနီး ကြၽန္းပင္ ကုန္းအဆင္းတြင္ ယေန႔ မြန္လႊဲပိုင္း ၂း၄၇ နာရီခန႔္ ကရင္နီ တပ္မေတာ္ KA ႏွင့္ KNDF ပူးေပါင္း၍ ထိုးစစ္ဆင္လာေသာ အၾကမ္းဖက္ စစ္ေကာင္စီတပ္မ်ားကို ခုခံ တိုက္ခိုက္ခဲ့သျဖင့္ ႏွစ္ဖက္ပစ္ခတ္မႈမ်ား ျဖစ္ပြားကာ တိုက္ပြဲ နာရီဝက္ခန႔္ ျဖစ္ပြားခဲ့ပါသည္” ဟု ထုတ္ျပန္ခ်က္ တြင္ ေျပာဆိုထားသည္။
ထိုးစစ္ဆင္လာသည့္ စစ္ေကာင္စီတပ္မ်ားကို KNDF၊ KA ပူးေပါင္းတပ္တို႔က မိုင္းဆြဲတိုက္ခိုက္ရာမွ တိုက္ပြဲ ျဖစ္ ပြားခဲ့ျခင္းျဖစ္သည္ဟု KNDF က ဆိုသည္။
“အၾကမ္းဖက္စစ္ေကာင္စီဖက္မွ အင္အား ၅၀ ခန႔္သည္ ထားလဲေက်း႐ြာ မွ နန္းဖဲ ေက်း႐ြာဖက္သို႔ ထိုးစစ္ ဆင္ လာသျဖင့္ ကရင္နီတပ္မေတာ္ KA ႏွင့္ KNDF ပူးေပါင္းတပ္မ်ားက မႈိင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္” ဟု KNDF က ေျပာသည္။
တိုက္ပြဲအတြင္း စစ္ေကာင္စီဖက္မွ ထိခိုက္ေသဆုံးမႈမ်ားစြာ ရွိေၾကာင္းႏွင့္ ေသဆုံးသူ အေရအတြက္ကို အတည္ ျပဳ၍ မရေသးေၾကာင္း KNDF က ဆိုသည္။
စစ္ေကာင္စီဖက္မွ ထိခိုက္ေသဆုံးမႈမ်ားရွိသည္ဟု KNDF က ထုတ္ျပန္ထားေသာ္လည္း NMG အေနျဖင့္ အဆိုပါ အေျခအေနႏွင့္ ပတ္သက္၍ သီးျခား အတည္ျပဳ၍ မရေသးေပ။
ထို႔အျပင္ တိုက္ပြဲမ်ားေၾကာင့္ နန္းဖဲေက်း႐ြာမွ ျပည္သူမ်ားမွာ စစ္ေဘးလြတ္ရာ ေဒသမ်ားသို႔ စစ္ေဘးေရွာင္ေန ရသည္ဟု သိရသည္။
ဇူလိုင္လ ၁၂ ရက္ေန႔ႏွင့္ ၁၃ ရက္ေန႔တို႔တြင္လည္း လြိဳင္လင္ေလးၿမိဳ႕နယ္အတြင္း ကရင္နီတပ္မေတာ္ႏွင့္ စစ္ေကာင္စီ တပ္တို႔အၾကား ႏွစ္ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြားခဲ့သည့္အတြက္ အနီးအနားရွိ ေက်း႐ြာေပါင္း ၂၀ နီးပါးက ျပည္သူ ၈၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။
စစ္တပ္မွ စစ္အာဏာသိမ္းၿပီးေနာက္ ေမလ ၂၀ ရက္ေန႔မွ စတင္ကာ ကယား(ကရင္နီ) ျပည္နယ္တြင္ စစ္ေကာင္ စီတပ္မ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္တို႔ တိုက္ပြဲမ်ား ျဖစ္ပြားလာ သကဲ့သို႔ ေဒသအေျခစိုက္ တိုင္းရင္းသား လက္နက္ကိုင္ တပ္မ်ားႏွင့္ပါ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲျဖစ္ပြားလာခဲ့သည္။
တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားမွာ စစ္ေဘးလြတ္ရာ ေနရာမ်ားသို႔ စစ္ေဘးေရွာင္ေနရၿပီး စားေသာက္ေနထိုင္ ေရးအျပင္ အဖက္ဖက္မွ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရသည္ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီ ေပးေနသူမ်ားက ေျပာသည္။
လက္ရွိ ကယား(ကရင္နီ) ျပည္နယ္ထဲတြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး ကရင္နီအမ်ိဳးသားမ်ား ကာ ကြယ္ေရးတပ္ KNDF အေနျဖင့္ ျပည္သူမ်ားကို အၾကမ္းဖက္ေနသည့္ စစ္ေကာင္စီတပ္မ်ားကို အျမစ္ျပတ္သည့္ အထိ ဆက္လက္တိုက္ခိုက္ သြားမည္ျဖစ္ၿပီး စစ္ေကာင္စီတပ္မ်ားကို ဆန႔္က်င္ေတာ္လွန္ေနေသာ မည္သည့္ အဖြဲ႕အစည္းမ်ားႏွင့္မဆို ပူးေပါင္းေဆာင္႐ြက္သြားမည္ ဟု KNDF က ဆိုသည္။