အင်းစိန်ထောင်တွင် စစ်ကောင်စီ ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ ရက်။
ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အတွင်းတွင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကြွေးကြော်သံများ၊ သွေးသစ္စာ သီချင်းများဖြင့် ၂နာရီကျော်အကြာ ကြွေးကြော်ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၆နာရီ ၄၅ မိနစ်ခန့် ကြွေးကြော်သံများကြားသဖြင့် အပြင်ထွက်ကြည့်ရာ အပြင်တွင် ချီတက်လာသူ များမတွေ့ရဘဲ ထောင်တွင်းမှ ကြွေးကြော်သံများ၊ သီချင်းသံများဖြစ်နေသည်ကို တွေ့ရပြီးသည်ဟု အင်းစိန်ထောင်အနီး နေထိုင်သူများက ပြောသည်။
စစ်အာဏာရှင်စနစ်ကျဆုံးရေး ဒို့အရေး၊ ဒို့အရေး၊ သပိတ် သပိတ် မှောက် မှောက်၊ ပြည်သူအာဏာ ပြည်သူ ပြန် ပေးဆိုသည့် ကြွေးကြော်းသံများကြားရသကဲ့သို့ အရေးကြီးပြီ ညီနောင်အပေါင်းတို့ ဆိုသည့် သွေးသစ္စာ သီချင်းသံကိုကြားရသည် ဟု အင်းစိန်ထောင်အနီး အောက် မင်္ဂလာဒုံ လမ်းမကြီးဘေးတွင် နေထိုင်သူတစ်ဦးက က ပြောသည်။
“ကျနော် ဒီနားမှာ တစ်သက်လုံးနေလာတာ ဒါမျိုးတစ်ခါမျှမကြားဘူး။ မှတ်မှတ်ရရ နာဂစ်တုန်းကတော့ ထောင် ထဲက သေနတ်သံတစ်ချက်တော့ ကြားဖူးတယ်“ ဟု အင်းစိန်ထောင်ဘေးတွင် နှစ်ပေါင်း ၃၀ ကျော်နေထိုင်သူ အမျိုးသားကြီးတစ်ဦး က ပြောသည်။
အဆိုပါ ကြွေးကြော်သံများသည် အင်းစိန်ထောင်အတွင်း နိုင်ငံရေးသမားများထားသည့် သီးသန့်အဆောင်ဘက်မှ ဖြစ်နိုင်ကြောင်း အင်းစိန်ထောင်အနီး အောက်မင်္ဂလာဒုံ လမ်းမကြီးဘေးတွင်င် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့သော ကြွေးကြော်သံများနှင့်အတူ အင်းစိန်ထောင်အတွင်းသို့ စစ်ကောင်စီကားများ ဝင်သွားသည့် ရုပ်သံ ဗွီဒီယိုဖိုင် ကလစ်အချို့လည်း အင်တာနက်စာမျက်နှာပေါ်တွင် တက်လာခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် “ယနေ့ဖြစ်ပွားခဲ့သော အင်းစိန် ထောင်တွင်း ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ အကျဉ်းသားများအပေါ် ပြင်းထန်ပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ် စက်ခြင်းများကို ထောင်အာဏာပိုင်များနှင့် စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်မည်ကို များစွာစိုးရိမ်မိ ပါသည်” ဟု ဇူလိုင်လ ၂၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြပွဲနှင့်ပတ်သက်၍ အရေးပေါ်ထုတ်ပြန် ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာအစိုးရများအနေဖြင့်လည်း မတရားဖမ်းဆီးထိန်းသိမ်းခံအကျဉ်းသားများ၏ အသက်ရှင်သန်ခွင့်နှင့် အမြန်ဆုံးလွှတ်ပေးရေးတို့အတွက် အာဏာသိမ်းစစ်အုပ်စုကို အဖက်ဖက်မှ ဖိအားပေးရန် AAPP က တောင်းဆို ထားသည်။
ပုံမှန်အားဖြင့် အကျဉ်းသား ငါးထောင်ခန့်သာ ထိန်းသိမ်းနိုင်သည့် အင်းစိန်ထောင်တွင် လက်ရှိ အချုပ်သားများ အပါအဝင် အကျဉ်းသား တစ်သောင်းကျော်ခန့် ချုပ်နှောင်ထားကြောင်းသိရသည်။
အကျဉ်းဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အင်းစိန်ထောင်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄၀ ခန့်ရှိပြီး ဇူလိုင်လ ၈ ရက်နေ့က စတင်၍ အင်းစိန်ထောင်ကို Semi Lockdowm ချထားကြောင်း သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့ AAPP ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့ အထိ အကျဉ်း ထောင်များနှင့် စစ်ကြောရေး စခန်းများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး(နွေဦးတော်လှန်ရေး) အတွင်း ချုပ်နှောင် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၅၃၃၃ ဦး ရှိပြီဟု သိရသည်။
*** ZAWGYI ***
အင္းစိန္ေထာင္တြင္ စစ္ေကာင္စီ ဆန႔္က်င္ေရး ေႂကြးေၾကာ္သံမ်ားျဖင့္ ဆႏၵျပ
သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၂၃ ရက္။
ရန္ကုန္ၿမိဳ႕ရွိ အင္းစိန္ေထာင္ အတြင္းတြင္ ဇူလိုင္လ ၂၃ ရက္ေန႔ နံနက္ပိုင္းက ေႂကြးေၾကာ္သံမ်ား၊ ေသြးသစၥာ သီခ်င္းမ်ားျဖင့္ ၂နာရီေက်ာ္အၾကာ ေႂကြးေၾကာ္ဆႏၵျပမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ယေန႔ နံနက္ ၆နာရီ ၄၅ မိနစ္ခန႔္ ေႂကြးေၾကာ္သံမ်ားၾကားသျဖင့္ အျပင္ထြက္ၾကည့္ရာ အျပင္တြင္ ခ်ီတက္လာသူ မ်ားမေတြ႕ရဘဲ ေထာင္တြင္းမွ ေႂကြးေၾကာ္သံမ်ား၊ သီခ်င္းသံမ်ားျဖစ္ေနသည္ကို ေတြ႕ရၿပီးသည္ဟု အင္းစိန္ေထာင္အနီး ေနထိုင္သူမ်ားက ေျပာသည္။
စစ္အာဏာရွင္စနစ္က်ဆုံးေရး ဒို႔အေရး၊ ဒို႔အေရး၊ သပိတ္ သပိတ္ ေမွာက္ ေမွာက္၊ ျပည္သူအာဏာ ျပည္သူ ျပန္ ေပးဆိုသည့္ ေႂကြးေၾကာ္းသံမ်ားၾကားရသကဲ့သို႔ အေရးႀကီးၿပီ ညီေနာင္အေပါင္းတို႔ ဆိုသည့္ ေသြးသစၥာ သီခ်င္းသံကိုၾကားရသည္ ဟု အင္းစိန္ေထာင္အနီး ေအာက္ မဂၤလာဒုံ လမ္းမႀကီးေဘးတြင္ ေနထိုင္သူတစ္ဦးက က ေျပာသည္။
“က်ေနာ္ ဒီနားမွာ တစ္သက္လုံးေနလာတာ ဒါမ်ိဳးတစ္ခါမွ်မၾကားဘူး။ မွတ္မွတ္ရရ နာဂစ္တုန္းကေတာ့ ေထာင္ ထဲက ေသနတ္သံတစ္ခ်က္ေတာ့ ၾကားဖူးတယ္“ ဟု အင္းစိန္ေထာင္ေဘးတြင္ ႏွစ္ေပါင္း ၃၀ ေက်ာ္ေနထိုင္သူ အမ်ိဳးသားႀကီးတစ္ဦး က ေျပာသည္။
အဆိုပါ ေႂကြးေၾကာ္သံမ်ားသည္ အင္းစိန္ေထာင္အတြင္း ႏိုင္ငံေရးသမားမ်ားထားသည့္ သီးသန႔္အေဆာင္ဘက္မွ ျဖစ္ႏိုင္ေၾကာင္း အင္းစိန္ေထာင္အနီး ေအာက္မဂၤလာဒုံ လမ္းမႀကီးေဘးတြင္င္ ေနထိုင္သူ အမ်ိဳးသားတစ္ဦးက ေျပာသည္။
ထိုသို႔ေသာ ေႂကြးေၾကာ္သံမ်ားႏွင့္အတူ အင္းစိန္ေထာင္အတြင္းသို႔ စစ္ေကာင္စီကားမ်ား ဝင္သြားသည့္ ႐ုပ္သံ ဗြီဒီယိုဖိုင္ ကလစ္အခ်ိဳ႕လည္း အင္တာနက္စာမ်က္ႏွာေပၚတြင္ တက္လာခဲ့သည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) အေနျဖင့္ “ယေန႔ျဖစ္ပြားခဲ့ေသာ အင္းစိန္ ေထာင္တြင္း ဆႏၵထုတ္ေဖာ္မႈႏွင့္ပတ္သက္၍ အက်ဥ္းသားမ်ားအေပၚ ျပင္းထန္ၿပီး လူမဆန္စြာ ညႇဥ္းပန္းႏွိပ္ စက္ျခင္းမ်ားကို ေထာင္အာဏာပိုင္မ်ားႏွင့္ စစ္အုပ္စုမွ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ က်ဴးလြန္မည္ကို မ်ားစြာစိုးရိမ္မိ ပါသည္” ဟု ဇူလိုင္လ ၂၃ ရက္ေန႔တြင္ အင္းစိန္အက်ဥ္းေထာင္တြင္း ဆႏၵျပပြဲႏွင့္ပတ္သက္၍ အေရးေပၚထုတ္ျပန္ ခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။
ႏိုင္ငံတကာအစိုးရမ်ားအေနျဖင့္လည္း မတရားဖမ္းဆီးထိန္းသိမ္းခံအက်ဥ္းသားမ်ား၏ အသက္ရွင္သန္ခြင့္ႏွင့္ အျမန္ဆုံးလႊတ္ေပးေရးတို႔အတြက္ အာဏာသိမ္းစစ္အုပ္စုကို အဖက္ဖက္မွ ဖိအားေပးရန္ AAPP က ေတာင္းဆို ထားသည္။
ပုံမွန္အားျဖင့္ အက်ဥ္းသား ငါးေထာင္ခန႔္သာ ထိန္းသိမ္းႏိုင္သည့္ အင္းစိန္ေထာင္တြင္ လက္ရွိ အခ်ဳပ္သားမ်ား အပါအဝင္ အက်ဥ္းသား တစ္ေသာင္းေက်ာ္ခန႔္ ခ်ဳပ္ေႏွာင္ထားေၾကာင္းသိရသည္။
အက်ဥ္းဦးစီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ အင္းစိန္ေထာင္တြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိသူ ၄၀ ခန႔္ရွိၿပီး ဇူလိုင္လ ၈ ရက္ေန႔က စတင္၍ အင္းစိန္ေထာင္ကို Semi Lockdowm ခ်ထားေၾကာင္း သိရသည္။
ဇူလိုင္လ ၂၂ ရက္ေန႔ AAPP ထုတ္ျပန္ခ်က္အရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ဇူလိုင္လ ၂၂ ရက္ေန႔ အထိ အက်ဥ္း ေထာင္မ်ားႏွင့္ စစ္ေၾကာေရး စခန္းမ်ားတြင္ စစ္အာဏာရွင္ဆန႔္က်င္ေရး(ေႏြဦးေတာ္လွန္ေရး) အတြင္း ခ်ဳပ္ေႏွာင္ ဖမ္းဆီးခံထားရသူ စုစုေပါင္း ၅၃၃၃ ဦး ရွိၿပီဟု သိရသည္။