တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ တပ်များ ကသာမြို့အတွင်း ဈေးဆိုင်များ ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ၄ မိုင်လမ်းခွ အနီးတွင် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ တပ်များသည် မြို့တွင်းပြန်ဝင်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်းနှင့် ဈေးဆိုင်အချို့အား ဖျက်ဆီးခဲ့သည်ဟု မြိုခံများက ပြောသည်။
ခြေလျှင်ချီတက်လာသည့် စစ်ကောင်စီတပ်၏ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို ၂၁ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် PDF များက ခြုံခိုတိုက်ခဲ့ပြီး စစ်ကြောင်းနှင့် အတူလိုက်လာသည့် အရပ်ဘက်ကားကိုလည်း မိုင်းဆွဲ တိုက်ခဲ့ရသည်ဟု PDF သတင်းများက ဆိုသည်။
ယင်းတိုက်ပွဲ ဖြစ်ပွားနောက်ပိုင်း နေ့လည် ၁နာရီခန်တွင် ကသာမြို့တွင်ရှိ မီတာ ၄၀၀ တိုက်တန်းမှ ဝေဖြိုးမုန့်စုံ ဆိုင်နှင့် BBmark မိုဘိုင်းဖုန်းဆိုင်တို့ကို တံခါးများရိုက်ဖျက်ပြီး ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူ အမျိုးသားတစ်ဦး က ပြောသည်။
“လမ်းသွားလမ်းလာတွေကိုလည်း စစ်တယ်၊ ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို တံခါးရိုက်ဖျက်ရှာတယ်။ ဖွင့်ထားတဲ့ ဆိုင်တွေကို ဝင်ရှာတယ် မှန်တံခါးတွေကိုလဲ သေနတ်ပစ်ခွဲတယ်“ ဟု ၎င်းက ပြောသည်။
ယခုလုပ်ဟန်သည် စစ်ကောင်စီလက်ထက်မှ မဟုတ်ပဲ တပ်မတော်က ပြုလုပ်ခဲ့သည့် အစဉ်အလာ လုပ်ဟန် တစ်ခုဖြစ်ပြီး ပဲခူးရိုးမဖြတ်လေးဖြတ်ဆိုသည့် ၁၉၇၀ ဝန်းကျင်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသားတပ်မတော် အဖွဲ့ဝင်ဟောင်းတစ်ဦးကပြောကြားသည်။
“သိပ်ရှင်းတာပ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုတဲ့အတိုင်းပဲ။ မင်းတို့အဖျက် မခံချင်ရင်၊ အပစ်မခံချင်ရင် မင်းတို့ PDF တွေ မင်းတို့ပြော မင်းတို့တား ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ဟန်ပါပဲ“ ဟု ၎င်း ကျောင်းသား တပ်မတော် အဖွဲ့ဝင်ဟောင်းက ပြောသည်။
ထိုသို့သော လုပ်ရပ်များကို ယခင်က စစ်တပ်က ခေတ်အဆက်ဆက်တွင် တောင်တန်းဒေသနှင့် နယ်စွန်နယ်ဖျား ဒေသများတွင် လုပ်ခဲ့ခြင်းဖြစ်၍ လူအများက မသိရှိခဲ့ခြင်းသာ ဖြစ်သည်ဟု ၎င်းက ပြောသည်။
ယင်း ကသာမြို့လမ်းခွဲ တိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးကျဆုံးပြီး၊ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု PDF သတင်းများအရ သိရသည်။
ဓါတ်ပုံ – CJ
*** ZAWGYI ***
တိုက္ပြဲျဖစ္ၿပီးေနာက္ စစ္ေကာင္စီ တပ္မ်ား ကသာၿမိဳ႕အတြင္း ေဈးဆိုင္မ်ား ဖ်က္ဆီး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၃ ရက္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕ ၄ မိုင္လမ္းခြ အနီးတြင္ PDF တပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီ၏ တပ္မ်ားသည္ ၿမိဳ႕တြင္းျပန္ဝင္ကာ လမ္းသြားလမ္းလာမ်ားကို စစ္ေဆးျခင္းႏွင့္ ေဈးဆိုင္အခ်ိဳ႕အား ဖ်က္ဆီးခဲ့သည္ဟု ၿမိဳခံမ်ားက ေျပာသည္။
ေျခလွ်င္ခ်ီတက္လာသည့္ စစ္ေကာင္စီတပ္၏ အင္အား ၃၀ ခန႔္ပါ စစ္ေၾကာင္းကို ၂၁ရက္ေန႔ နံနက္ ၁၁ နာရီ အခ်ိန္တြင္ PDF မ်ားက ၿခဳံခိုတိုက္ခဲ့ၿပီး စစ္ေၾကာင္းႏွင့္ အတူလိုက္လာသည့္ အရပ္ဘက္ကားကိုလည္း မိုင္းဆြဲ တိုက္ခဲ့ရသည္ဟု PDF သတင္းမ်ားက ဆိုသည္။
ယင္းတိုက္ပြဲ ျဖစ္ပြားေနာက္ပိုင္း ေန႔လည္ ၁နာရီခန္တြင္ ကသာၿမိဳ႕တြင္ရွိ မီတာ ၄၀၀ တိုက္တန္းမွ ေဝၿဖိဳးမုန္႔စုံ ဆိုင္ႏွင့္ BBmark မိုဘိုင္းဖုန္းဆိုင္တို႔ကို တံခါးမ်ား႐ိုက္ဖ်က္ၿပီး ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း ရပ္ကြက္ေန ျပည္သူ အမ်ိဳးသားတစ္ဦး က ေျပာသည္။
“လမ္းသြားလမ္းလာေတြကိုလည္း စစ္တယ္၊ ပိတ္ထားတဲ့ ဆိုင္ခန္းေတြကို တံခါး႐ိုက္ဖ်က္ရွာတယ္။ ဖြင့္ထားတဲ့ ဆိုင္ေတြကို ဝင္ရွာတယ္ မွန္တံခါးေတြကိုလဲ ေသနတ္ပစ္ခြဲတယ္“ ဟု ၎က ေျပာသည္။
ယခုလုပ္ဟန္သည္ စစ္ေကာင္စီလက္ထက္မွ မဟုတ္ပဲ တပ္မေတာ္က ျပဳလုပ္ခဲ့သည့္ အစဥ္အလာ လုပ္ဟန္ တစ္ခုျဖစ္ၿပီး ပဲခူး႐ိုးမျဖတ္ေလးျဖတ္ဆိုသည့္ ၁၉၇၀ ဝန္းက်င္ကတည္းက စတင္လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း ေက်ာင္းသားတပ္မေတာ္ အဖြဲ႕ဝင္ေဟာင္းတစ္ဦးကေျပာၾကားသည္။
“သိပ္ရွင္းတာပ ႂကြက္မႏိုင္ က်ီမီးနဲ႔ရႈိ႕ဆိုတဲ့အတိုင္းပဲ။ မင္းတို႔အဖ်က္ မခံခ်င္ရင္၊ အပစ္မခံခ်င္ရင္ မင္းတို႔ PDF ေတြ မင္းတို႔ေျပာ မင္းတို႔တား ဆိုၿပီး ျပည္သူေတြကို ၿခိမ္းေျခာက္တဲ့လုပ္ဟန္ပါပဲ“ ဟု ၎ ေက်ာင္းသား တပ္မေတာ္ အဖြဲ႕ဝင္ေဟာင္းက ေျပာသည္။
ထိုသို႔ေသာ လုပ္ရပ္မ်ားကို ယခင္က စစ္တပ္က ေခတ္အဆက္ဆက္တြင္ ေတာင္တန္းေဒသႏွင့္ နယ္စြန္နယ္ဖ်ား ေဒသမ်ားတြင္ လုပ္ခဲ့ျခင္းျဖစ္၍ လူအမ်ားက မသိရွိခဲ့ျခင္းသာ ျဖစ္သည္ဟု ၎က ေျပာသည္။
ယင္း ကသာၿမိဳ႕လမ္းခြဲ တိုက္ပြဲတြင္ စစ္ေကာင္စီဘက္က ႏွစ္ဦးက်ဆုံးၿပီး၊ ၅ ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့သည္ဟု PDF သတင္းမ်ားအရ သိရသည္။
ဓါတ္ပုံ – CJ