ကွတ်ခိုင် ယာယီပျံကျဈေးတွင် COVID-19 ကူးစက်မည်ကို ပြည်သူအချို့ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။
ကွတ်ခိုင်မြို့ ယာယီပျံကျ ဈေးတွင် လူရာချီ ရောင်းဝယ်နေသော်လည်း COVID-19 စည်းကမ်းချက်များ လိုက်နာမှု မရှိသောကြောင့် ရောဂါ ကူးစက်ပြန့်နှံ့မည်ကို စိုးရိမ်သူများ ရှိနေသည်။
ယနေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် အဆိုပါစျေးအတွင်း စျေးရောင်းစျေးဝယ်သူ ၅၀၀ ကျော်ခန့် ရှိနေပြီး အဆိုပါ ယာယီပျံကျစျေးတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီက ရောင်းချခွင့်ပြုထားသည် ဆိုသည့် ဆိုင်းဘုတ်ကို လည်း တွေ့ရသည်ဟု အမည်မဖော်လိုသူ ကွတ်ခိုင်မြို့ခံ တစ်ဦး က ပြောသည်။
အမည်မဖော်လို ဒေသခံတစ်ဦးက “ဒီယာယီပျံကျဈေးကို ရောင်းဝယ်နေကြတဲ့ ဒေသခံတွေအားလုံးက မှီခိုနေရ တာ ဖြစ်ပေမယ့် ကိုဗစ်ကာလနဲ့ အတူနေထိုင်ဖို့ ကိုဗစ်စည်းကမ်းနဲ့အညီ ရောင်းဝယ်မူ အားနည်းနေ တာ ကြောင့် အရမ်းစိုးရိမ်နေရတယ်” ဟု ပြောသည်။
အဆိုပါ ယာယီပျံကျဈေးမှာ ကွတ်ခိုင်မြို့ အနီးတဝိုက်က ကျေးရွာများက ဒေသခံများက ဒေသထွက် ဟင်းသီး ဟင်းရွက်များ လာရောင်းကြသည့် စျေးဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။
ထို့အပြင် အခြားစားသောက်ကုန်များ၊ အသားငါးများနှင့် အဝတ်အထည် အရောင်းဆိုင်များလည်း ရှိနေပြီး ကွတ် ခိုင်မြို့ပေါ်က ပြည်သူများ အားထားစျေးဝယ်ရသည့် စျေးတစ်စျေးလည်း ဖြစ်သည်ဟု ဆိုကြသည်။
သို့သော် အဆိုပါစျေးအတွင်း စျေးရောင်းစျေးဝယ် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ထုတ်ပြန် ထားသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို လိုက်နာမှု နည်းပါးပြီး၊ အရေးယူမှုလည်း မရှိဘူးဟု ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို စိုးရိမ်နေကြသည့် ဒေသခံ ပြည်သူအချို့ က ပြောသည်။
“ဖြစ်စေချင်တာက ရောင်းဝယ်ယူတွေ ၆ ပေ အကွာနေဖို့၊ ဈေးအဝင်မှာလည်း ကိုဗစ်စည်းကမ်းလိုက်နာရန် စစ်ဆေးရေးဂိတ်ထားဖို့နဲ့ ဈေးရောင်းသူတွေကို ၁၅ ရက်တစ်ခါ ကိုဗစ် ရောဂါစစ်ဆေးပေးဖို့တွေကို လည်း တောင်းဆိုထားပါတယ်” ဟု ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို စိုးရိမ်သည့် ကွတ်ခိုင်မြို့ခံ တစ်ဦးက ပြောသည်။
ကွတ်ခိုင်မြို့ ကိုဗစ်-၁၉ အရေးပေါ်ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ က ကွတ်ခိုင်မြို့ရှိ အဆိုပါယာယီပျံကျစျေးနှင့် ပတ်သက် ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဟု ပြော သည်။
ရှမ်းပြည်နယ်၊ မြောက်ပိုင်း က ကွတ်ခိုင်မြို့နယ်ထဲတွင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များနည်းတူ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေပြီး လက်ရှိအချိန်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၅၀ ဦး ခန့် ရှိနေပြီး သေဆုံးသူ ၅ ဦး ရှိပြီဖြစ်သည်။
ဓာတ်ပုံ – MNWM
*** ZAWGYI ***
ယနေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် အဆိုပါဈေးအတွင်း ဈေးရောင်းဈေးဝယ်သူ ၅၀၀ ကျော်ခန့် ရှိနေပြီး အဆိုပါ ယာယီပျံကျဈေးတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီက ရောင်းချခွင့်ပြုထားသည် ဆိုသည့် ဆိုင်းဘုတ်ကို လည်း တွေ့ရသည်ဟု အမည်မဖော်လိုသူ ကွတ်ခိုင်မြို့ခံ တစ်ဦး က ပြောသည်။
အဆိုပါ ယာယီပျံကျဈေးမှာ ကွတ်ခိုင်မြို့ အနီးတဝိုက်က ကျေးရွာများက ဒေသခံများက ဒေသထွက် ဟင်းသီး ဟင်းရွက်များ လာရောင်းကြသည့် ဈေးဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။
ထို့အပြင် အခြားစားသောက်ကုန်များ၊ အသားငါးများနှင့် အဝတ်အထည် အရောင်းဆိုင်များလည်း ရှိနေပြီး ကွတ် ခိုင်မြို့ပေါ်က ပြည်သူများ အားထားဈေးဝယ်ရသည့် ဈေးတစ်ဈေးလည်း ဖြစ်သည်ဟု ဆိုကြသည်။
သို့သော် အဆိုပါဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ထုတ်ပြန် ထားသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို လိုက်နာမှု နည်းပါးပြီး၊ အရေးယူမှုလည်း မရှိဘူးဟု ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို စိုးရိမ်နေကြသည့် ဒေသခံ ပြည်သူအချို့ က ပြောသည်။
ကွတ်ခိုင်မြို့ ကိုဗစ်-၁၉ အရေးပေါ်ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ က ကွတ်ခိုင်မြို့ရှိ အဆိုပါယာယီပျံကျဈေးနှင့် ပတ်သက် ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဟု ပြော သည်။
ဓာတ်ပုံ – MNWM