ရေတပ်တပ်ဖွဲ့ဝင်များ ဆလုံကျေးရွာအတွင်း နေအိမ်များကို စစ်ဆေးရှာဖွေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်းတွင် ရေတပ် သင်္ဘောမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆလုံကျေးရွာအတွင်းက လူများနှင့် နေအိမ်များကို လိုက်လံ ရှာဖွေစစ်ဆေးမှု များ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင် (၂၈ ) ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က စူငယ်ဘာလိုင်ကျေးရွာအုပ်စု၊ မကြုံဂလက်ကျေးရွာသို့ ရေတပ်သင်္ဘောတစ်စင်း ရောက်ရှိလာပြီး အဆိုပါသင်္ဘောပေါ်တွင်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ပြည်သူများနှင့် နေအိမ်များအား လိုက်လံမွှေနှောက်ရှာဖွေ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ အမျိုးသမီးများကို သေနတ်ဖြင့်ထောက်ကာ ဖုန်းဖြင့် ဓါတ်ပုံ များပြပြီး မေးမြန်း ခြင်း၊ ရွာထဲရှိ နေအိမ်များနှင့် လူအများကိုလည်း စစ်ဆေးမေးမြန်း၍ လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်ဟု ရွာသားများက ပြောသည်။

“စစ်သင်္ဘော ရွာကိုရောက်လာတော့ ရွာသားအများစု က ကြောက်လန့်တကြား ရှောင်ပုန်းနေကြရပြီး ရွာထဲမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတချို့က အိမ်ထဲတွေမှာပဲ ကြောက်ကြောက်နဲ့ပုန်းရင်း ကျန်ခဲ့ရတယ်” ဟု အသက် ၆၀ကျော် အရွယ် ဆလုံ(မော်ကင်း)ကျေးရွာသူ အမျိုးသမီးကြီး တစ်ဦး က ပြောသည်။

ဇူလိုင် ၂၃ ရက်နေ့၊ ည ၁၁ နာရီ အချိန်ခန့်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် ချုပ်နှောင်ခံထားရ သည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် မကြုံဂလက် ကျေးရွာရှိ ရွာသားအချို့က ဆန္ဒပြတောင်း ဆိုခဲ့ကြရာ ထိုကိစ္စနှင့် ပတ်သက်၍ လိုက်လံရှာဖွေနေသည့် အနေအထားမျိုးဖြစ်သည်ဟု ရွာသား တစ်ဦး က ပြောသည်။

“သူတို့လာတာ ဆန္ဒပြပွဲလုပ်တာနဲ့ ပတ်သက်လို့ထင်တယ်။ သတင်းဌာနအချို့က ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံတွေပြပီး ဘယ်သူဘယ်ဝါတွေလည်း ဆိုပြီး လိုက်မေးနေတယ်ဗျ” ဟု ရွာသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ဆေးမေးမြန်းမှုများလုပ်ခဲ့သော်လည်း ရွာသားများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိကြောင်းနှင့် ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်းတွင် ထိုစစ်သင်္ဘောမှာ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဒေသခံ ရွာသားများက ပြော သည်။

မကြုံကလက်ကျေးရွာတွင် နေထိုင်သူများသည် ဖေဖေါ်ဝါရီ (၁) ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်လျက်ရှိ ကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကျေးရွာတွင် အုပ်ချုပ်ရေးမှူး အသစ်ခန့်အပ်ရန် ဆောင်ရွက် ခဲ့သော်လည်း ရွာသားများက လက်ခံခြင်းမရှိပဲ ကိုယ်ထူကိုယ်ထ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ကာ စစ်ကောင်စီကို ဆက် လက် ဆန့်ကျင်ခဲ့ ကြသည်။

အဆိုပါကျေးရွာသည် ကော့သောင်းမြို့နှင့် ရေမိုင် ၅၀ ခန့်အကွာ အနောက်ဘက်မြောက်ယွန်းယွန်းရှိ လန်ပိကျွန်း၊ အဏ္ဏဝါ အမျိုးသား ဥယျာဉ်အနီးတွင်ရှိပြီး ဆလုံ(မော်ကင်း)အများစုနှင့် အခြားဌာနေ တိုင်းရင်းသားများ နေထိုင် ကြသည် ကျေးရွာဖြစ်သည်။

ကျေးရွာအတွင်း အိမ်ခြေ ၂၀၀ ခန့် နှင့် လူဦးရေ တစ်ထောင်ဝန်းကျင်ခန့်ရှိပြီး ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကြောင်းကြသည့် ကျွန်းပေါ်ရှိ ကျေးရွာတရွာ ဖြစ်သည်။

*** ZAWGYI ***
ေရတပ္တပ္ဖြဲ႕ဝင္မ်ား ဆလုံေက်း႐ြာအတြင္း ေနအိမ္မ်ားကို စစ္ေဆးရွာေဖြ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၉ ရက္။

တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းခ႐ိုင္အတြင္းတြင္ ေရတပ္ သေဘၤာမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဆလုံေက်း႐ြာအတြင္းက လူမ်ားႏွင့္ ေနအိမ္မ်ားကို လိုက္လံ ရွာေဖြစစ္ေဆးမႈ မ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဇူလိုင္ (၂၈ ) ရက္ေန႔ မြန္းလြဲ ၃ နာရီ အခ်ိန္ခန္႔က စူငယ္ဘာလိုင္ေက်း႐ြာအုပ္စု၊ မႀကဳံဂလက္ေက်း႐ြာသို႔ ေရတပ္သေဘၤာတစ္စင္း ေရာက္ရွိလာၿပီး အဆိုပါသေဘၤာေပၚတြင္ပါလာသည့္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ေက်း႐ြာအတြင္းရွိ ျပည္သူမ်ားႏွင့္ ေနအိမ္မ်ားအား လိုက္လံေမႊေႏွာက္ရွာေဖြ စစ္ေဆးခဲ့ျခင္း ျဖစ္သည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေက်း႐ြာအတြင္းရွိ အမ်ိဳးသမီးမ်ားကို ေသနတ္ျဖင့္ေထာက္ကာ ဖုန္းျဖင့္ ဓါတ္ပုံ မ်ားျပၿပီး ေမးျမန္း ျခင္း၊ ႐ြာထဲရွိ ေနအိမ္မ်ားႏွင့္ လူအမ်ားကိုလည္း စစ္ေဆးေမးျမန္း၍ လိုက္လံရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ၾကသည္ဟု ႐ြာသားမ်ားက ေျပာသည္။

“စစ္သေဘၤာ ႐ြာကိုေရာက္လာေတာ့ ႐ြာသားအမ်ားစု က ေၾကာက္လန္႔တၾကား ေရွာင္ပုန္းေနၾကရၿပီး ႐ြာထဲမွာ ကေလးနဲ႔ သက္ႀကီး႐ြယ္အိုတခ်ိဳ႕က အိမ္ထဲေတြမွာပဲ ေၾကာက္ေၾကာက္နဲ႔ပုန္းရင္း က်န္ခဲ့ရတယ္” ဟု အသက္ ၆၀ေက်ာ္ အ႐ြယ္ ဆလုံ(ေမာ္ကင္း)ေက်း႐ြာသူ အမ်ိဳးသမီးႀကီး တစ္ဦး က ေျပာသည္။

ဇူလိုင္ ၂၃ ရက္ေန႔၊ ည ၁၁ နာရီ အခ်ိန္ခန္႔တြင္ ျမန္မာႏိုင္ငံရွိ အက်ဥ္းေထာင္ အသီးသီးတြင္ ခ်ဳပ္ေႏွာင္ခံထားရ သည့္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ျပန္လႊတ္ေပးရန္ မႀကဳံဂလက္ ေက်း႐ြာရွိ ႐ြာသားအခ်ိဳ႕က ဆႏၵျပေတာင္း ဆိုခဲ့ၾကရာ ထိုကိစၥႏွင့္ ပတ္သက္၍ လိုက္လံရွာေဖြေနသည့္ အေနအထားမ်ိဳးျဖစ္သည္ဟု ႐ြာသား တစ္ဦး က ေျပာသည္။

“သူတို႔လာတာ ဆႏၵျပပြဲလုပ္တာနဲ႔ ပတ္သက္လို႔ထင္တယ္။ သတင္းဌာနအခ်ိဳ႕က ေဖၚျပခဲ့တဲ့ ဓါတ္ပုံေတြျပပီး ဘယ္သူဘယ္ဝါေတြလည္း ဆိုၿပီး လိုက္ေမးေနတယ္ဗ်” ဟု ႐ြာသားတစ္ဦးက ေျပာသည္။

ထိုသို႔ စစ္ေဆးေမးျမန္းမႈမ်ားလုပ္ခဲ့ေသာ္လည္း ႐ြာသားမ်ားအား ဖမ္းဆီးေခၚေဆာင္သြားျခင္း မရွိေၾကာင္းႏွင့္ ဇူလိုင္လ ၂၈ ရက္ေန႔ ညပိုင္းတြင္ ထိုစစ္သေဘၤာမွာ ျပန္လည္ထြက္ခြာသြားခဲ့သည္ဟု ေဒသခံ ႐ြာသားမ်ားက ေျပာ သည္။

မႀကဳံကလက္ေက်း႐ြာတြင္ ေနထိုင္သူမ်ားသည္ ေဖေဖၚဝါရီ (၁) ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္အာဏာရွင္ ဆန႔္က်င္ေရးလႈပ္ရွားမႈမ်ားတြင္ အစဥ္တစိုက္ ပါဝင္လ်က္ရွိ ၾကသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီက ေက်း႐ြာတြင္ အုပ္ခ်ဳပ္ေရးမႉး အသစ္ခန႔္အပ္ရန္ ေဆာင္႐ြက္ ခဲ့ေသာ္လည္း ႐ြာသားမ်ားက လက္ခံျခင္းမရွိပဲ ကိုယ္ထူကိုယ္ထ အုပ္ခ်ဳပ္ေရးအဖြဲ႕ ဖြဲ႕ကာ စစ္ေကာင္စီကို ဆက္ လက္ ဆန႔္က်င္ခဲ့ ၾကသည္။

အဆိုပါေက်း႐ြာသည္ ေကာ့ေသာင္းၿမိဳ႕ႏွင့္ ေရမိုင္ ၅၀ ခန္႔အကြာ အေနာက္ဘက္ေျမာက္ယြန္းယြန္းရွိ လန္ပိကြၽန္း၊ အဏၰဝါ အမ်ိဳးသား ဥယ်ာဥ္အနီးတြင္ရွိၿပီး ဆလုံ(ေမာ္ကင္း)အမ်ားစုႏွင့္ အျခားဌာေန တိုင္းရင္းသားမ်ား ေနထိုင္ ၾကသည္ ေက်း႐ြာျဖစ္သည္။

ေက်း႐ြာအတြင္း အိမ္ေျခ ၂၀၀ ခန္႔ ႏွင့္ လူဦးေရ တစ္ေထာင္ဝန္းက်င္ခန္႔ရွိၿပီး ေရလုပ္ငန္းျဖင့္ အသက္ေမြးဝမ္း ေၾကာင္းၾကသည့္ ကြၽန္းေပၚရွိ ေက်း႐ြာတ႐ြာ ျဖစ္သည္။