အုပ်ချုပ်ရေးမှူး အိမ်ရှေ့ ပေါက်ကွဲမှု ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာတစ်ရွာရှိ အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့ လမ်းမတွင် ပေါက်ကွဲမှု နှစ်ခု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

တနင်္သာရီမြို့နယ် တကူကျေးအုပ်စု တကူကျေးရွာ သံတိုက်ရပ်ကွက် ကမ်း နားလမ်း လှေဆိပ်အနီးရှိ အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့ လမ်းမတွင် ဇူလိုင် ၂၈ ရက်နေ့ ည ၈း၁၅ နာရီ အချိန်ခန့် က ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

သံတိုက်ရပ်ကွက်နေ အငြိမ်းစားဝန်ထမ်းတစ်ဦးက “အသံက အတော်ကျယ်တယ်။ ရှေ့နောက်ဆင့်ပြီး နှစ်လုံးပေါက်ကွဲတာ ကြားရတယ်။ ပဲ့တင်သံနဲ့ ဆိုတော့ အသံ က သုံးလေးလုံးကွဲတဲ့ အသံမျိုးလို ဖြစ်နေတာပေါ့” ဟု အတည်ပြု ပြောသည်။

သို့သော် အဆိုပါ ပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့သည့် အဖွဲ့အစည်း မည်သူမည်ဝါကို မသိရှိရကြောင်းဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင် အုပ်ချုပ်ရေးမှူး ဦးကျော်ငွေသည် စစ်ကောင်စီခန့်ထားသူ ဖြစ်ကာ ပေါက်ကွဲမှုကြောင့် လူနေအိမ်ထိခိုက်ပျက်စီးမှု နှင့် ထိခိုက်ဒဏ်ရာရသူ တစ်စုံတစ်ရာမရှိဘူးဟုလည်း ရွာသားများ က ဆိုသည်။

ယခုပေါက်ကွဲမှုသည် တကူးကျေးရွာတွင် ပထမဆုံး ပေါက်ကွဲမှုဖြစ်ပြီး သက်ဆိုင်ရာက တစ်စုံတစ်ရာ လာ ရောက် စစ်ဆေးခြင်း၊ စုံစမ်းအရေးယူခြင်းများ မရှိသေးဘူးဟု ကမ်းနာလမ်းတွင်နေထိုင်သူ အမျိုးသားတစ်ဦး က ပြောသည်။

တကူကျေးရွာသည် မြိတ်မြို့မှ အရှေ့ဘက် မိုင် ၅၀ ခန့် အကွာတွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန် သည့် ကျေးရွာတစ်ရွာဖြစ်သည်။

ထိုကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိ ရွာကြီးတစ်ရွာဖြစ်ကာ အသက်မွေးဝမ်းကျောင်းအဖြစ် ရော်ဘာနှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင် နေထိုင် ကြသည်။

*** ZAWGYI ***
အုပ္ခ်ဳပ္ေရးမႉး အိမ္ေရွ႕ ေပါက္ကြဲမႈ ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၉ ရက္။

တနသၤာရီတိုင္းေဒသႀကီးအတြင္း ေက်း႐ြာတစ္႐ြာရွိ အုပ္ခ်ဳပ္ေရးမႉး ေနအိမ္ေရွ႕ လမ္းမတြင္ ေပါက္ကြဲမႈ ႏွစ္ခု ေရွ႕ဆင့္ေနာက္ဆင့္ ျဖစ္ပြားခဲ့သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။

တနသၤာရီၿမိဳ႕နယ္ တကူေက်းအုပ္စု တကူေက်း႐ြာ သံတိုက္ရပ္ကြက္ ကမ္း နားလမ္း ေလွဆိပ္အနီးရွိ အုပ္ခ်ဳပ္ေရးမႉး ေနအိမ္ေရွ႕ လမ္းမတြင္ ဇူလိုင္ ၂၈ ရက္ေန႔ ည ၈း၁၅ နာရီ အခ်ိန္ခန႔္ က ဗုံးႏွစ္လုံး ေရွ႕ဆင့္ေနာက္ဆင့္ေပါက္ကြဲခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

သံတိုက္ရပ္ကြက္ေန အၿငိမ္းစားဝန္ထမ္းတစ္ဦးက “အသံက အေတာ္က်ယ္တယ္။ ေရွ႕ေနာက္ဆင့္ၿပီး ႏွစ္လုံးေပါက္ကြဲတာ ၾကားရတယ္။ ပဲ့တင္သံနဲ႔ ဆိုေတာ့ အသံ က သုံးေလးလုံးကြဲတဲ့ အသံမ်ိဳးလို ျဖစ္ေနတာေပါ့” ဟု အတည္ျပဳ ေျပာသည္။

သို႔ေသာ္ အဆိုပါ ေပါက္ကြဲမႈကို လုပ္ေဆာင္ခဲ့သည့္ အဖြဲ႕အစည္း မည္သူမည္ဝါကို မသိရွိရေၾကာင္းဆိုသည္။

ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည့္ ေနအိမ္ပိုင္ရွင္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေငြသည္ စစ္ေကာင္စီခန႔္ထားသူ ျဖစ္ကာ ေပါက္ကြဲမႈေၾကာင့္ လူေနအိမ္ထိခိုက္ပ်က္စီးမႈ ႏွင့္ ထိခိုက္ဒဏ္ရာရသူ တစ္စုံတစ္ရာမရွိဘူးဟုလည္း ႐ြာသားမ်ား က ဆိုသည္။

ယခုေပါက္ကြဲမႈသည္ တကူးေက်း႐ြာတြင္ ပထမဆုံး ေပါက္ကြဲမႈျဖစ္ၿပီး သက္ဆိုင္ရာက တစ္စုံတစ္ရာ လာ ေရာက္ စစ္ေဆးျခင္း၊ စုံစမ္းအေရးယူျခင္းမ်ား မရွိေသးဘူးဟု ကမ္းနာလမ္းတြင္ေနထိုင္သူ အမ်ိဳးသားတစ္ဦး က ေျပာသည္။

တကူေက်း႐ြာသည္ ၿမိတ္ၿမိဳ႕မွ အေရွ႕ဘက္ မိုင္ ၅၀ ခန႔္ အကြာတြင္ရွိၿပီး လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ သည့္ ေက်း႐ြာတစ္႐ြာျဖစ္သည္။

ထိုေက်း႐ြာသည္ အိမ္ေျခ ၂၀၀ ေက်ာ္ရွိ ႐ြာႀကီးတစ္႐ြာျဖစ္ကာ အသက္ေမြးဝမ္းေက်ာင္းအျဖစ္ ေရာ္ဘာႏွင့္ ဥယ်ာဥ္ၿခံေျမ စိုက္ပ်ိဳးေရးလုပ္ငန္း အဓိကလုပ္ကိုင္ ေနထိုင္ ၾကသည္။