NUG တရားဝင်ဖြစ်မည်စိုး၍ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းကြောင်း အမျိုးသမီးခေါင်းဆောင်များ သုံးသပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်မှ ဖြစ်တည်လာသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို နိုင်ငံတကာမှ တရားဝင် အသိအမှတ်ပြုမှု မရရှိအောင် စစ်ကောင်စီမှ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့များ က ပြောသည်။
အမျိုးသမီး သမဂ္ဂ BWU အကြံပေး ဒေါ်တင်တင်ညိုက “အဓိကကတော့ NUG CRPH ရဲ့ တရားဝင်မှုကို သူတို့ အနေနဲ့က လုံးဝပျက်သုန်းရေးပေါ့နော နောက်ပြီးတော့ လူထုတွေရဲ့ အသိအမှတ်မပြုရေး နိုင်ငံတကာရဲ့ အသိအ မှတ်မပြုရေးအတွက်ကို သူတို့အနေနဲ့က ရည်ရွယ်တယ် လို့မြင်တယ်ပေါ့” ဟုပြောသည်။
ထို့အပြင် စစ်ကောင်စီမှ ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်ခြင်းသည် လာမည့် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအစည်းအဝေးတွင် ကုလမဂ္ဂမှ မည်သည့်အဖွဲ့ကို အစိုးရအဖြစ် အသိအမှတ်ပြုမည် မပြုမည် နှင့် လည်း ဆက်စပ်မှု ရှိနိုင်သည် ဟု ဆက်ပြောသည်။
“ဒီလာမယ့် စက်တင်ဘာမှာ ဆိုလို့ရှိရင် ကုလသမဂ္ဂပေါ့နော။ အဲဒီမှာ သူကိုယ်စားပြုပါဝင်တဲ့နေရာမှာ စစ် ကောင်စီနဲ့ NUGနဲ့က အပြိုင်အဆိုင် လုပ်ရမယ့် အနေအထားလည်း ဖြစ်တယ်။ ဆိုတော့ အဲဒီမတိုင်ခင်မှာ ဒါကို ဖျက် ပယ်လိုက်တယ်ဆိုတာက တော့ အဲဒီဖက်မှာလည်း တရားဝင်မှု နိုင်ငံတကာမှာလည်း တရားဝင်မှု မရ အောင် ကုလသမဂ္ဂမှာလည်း တရားဝင်မှု မရအောင် လုပ်လိုတဲ့ သဘောဆန္ဒလို့ ထင်ပါတယ်” ဟု ဒေါ်တင်တင်ညို က ပြောသည်။
စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ယခင် စစ်အာဏာရှင် အစိုးရ အဆက်ဆက်မှ စစ်အာဏာရှင်စနစ် ရေရှည် တည်မြဲရန် လုပ်ဆောင်မှုမျိုးနှင့် ပုံစံတူသည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေ အတွင်း ရေးမှူး နော်ဆဲဆဲ က ပြောသည်။
၎င်းက “ဒီ စစ်တပ်က ကျမတို့ လက်ရှိ အခင်းအကျင်း ပေါ်မှာပဲ ကျမတို့ ကြည့်ရမှာ မဟုတ်ဘူးပေါ့နော ကျမတို့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ဆိုးကျိုးတွေ သက်ရောက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ် ပေါ့နော။ ဒီအဖွဲ့က တစ်ဖွဲ့တည်း ဆိုတဲ့ဟာမျိုးကို လည်း နားလည်သဘောပေါက်ဖို့ လိုအပ်တယ်လို့ ကျမက ပြောချင်တယ်” ဟု ပြောသည်။
တစ်ဖက်တွင်လည်း ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့်အထိ အနိုင်ရရှိထားသည့် NLD အစိုးရမှ CRPH၊ NUG မှတဆင့် လူထုကို ဆက်လက် ဦးဆောင်မှုပေးနေသည့် ဖြစ်တည်မှုကို စစ်ကောင်စီမှ ရိုက်ချိုးလိုသည့် သဘော အဖြစ် တွေ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က မဲအသာဖြင့် အစိုးရဖွဲ့နိုင်သည့်အထိ အနိုင်ရခဲ့ သကဲ့သို့ တိုင်းရင်းသား နိုင်ငံရေး ပါ တီ အချို့လည်း အနိုင်ရခဲ့ကြသည်။
သို့သော် အဆိုပါ ရွေးကောက်ပွဲရလဒ်သည် မဲမသမာမှုများရှိသည်ဟု ဆိုကာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် စစ်အာဏာသိမ်းခဲ့သည့် အပြင် ရွေးကောက်ပွဲကော်မရှင် အသစ်ကိုပါ ဖွဲ့စည်းပေးခဲ့ပြီး ၂ နှစ်အကြာတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ပေးမည်ဟု ပြောဆိုထားသည်။
ထိုပြောဆိုမှုနှင့် ပတ်သက်၍ ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက “ဒီမိုကရေစီလမ်းကြောင်းဆိုပြီးတော့ သူတို့က ဘယ်လိုပြောမလဲ ရွေးကောက်ပွဲတွေ လုပ်ပေးခဲ့ တယ်။ ၂၀၁၀ တို့ ၂၀၁၅ တို့ ပြီးလို့ရှိရင် အခု ပြီးခဲ့တဲ့ ၂၀၂၀ ပေါ့နော ဒီရွေးကောက်ပွဲတွေ သူတို့က ဖန်တီး ပေးခဲ့တယ်။ ဒါကတော့ ဟန်ပြနိုင်ငံတကာကို ပြဖို့အတွက် သူတို့ လုပ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိတ်ပြီးတော့ ကြံနေတဲ့ အရာကတော့ ဟိုးအရင်ကတည်းက သူတို့ ရှိနေတဲ့ဟာ ရှိတယ်လို့ မြင်တယ်။ ဒါကြောင့်မို့ ဒီ သူတို့ကလည်း သူ တို့ရဲ့ လုပ်ဆောင်မှုတွေ ဆက်ပြီးတော့ လုပ်နေတယ် ပြီးလို့ရှိရင် ဒါတွေကို ပယ်ဖျက်တယ်ဆိုတဲ့ဟာကို လုပ်တယ်” ဟု ပြောသည်။
စစ်ကောင်စီမှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု ပြောဆိုမှုများသည် နိုင်ငံသူနိုင်ငံသားများ၏ အရေးကို ရှေ့ရှုးခြင်းမျိုး မဟုတ်ပဲ အာဏာတည်မြဲဖို့ရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု အမျိုးသမီး သမဂ္ဂ BWU အကြံ ပေး ဒေါ်တင်တင်ညို ပြောသည်။
၎င်း “ဘယ်လိုပဲ ဖြစ်ဖြစ် စစ်တပ်ကနေပြီးတော့မှ စီစဉ် ပေးတဲ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါက လည်း ၂၀၁၀ ရွေးကောက် ပွဲတုန်းကလည်း ကျမတို့ သိပြီး ပြီပေါ့နော။ ပြီးတော့မှ ကြားဖြတ်ရွေး ကောက်ပွဲ တောက်လျှောက်ပေါ့။ ဒါပေ မယ့် လူထုတွေရဲ့ ဆန္ဒက လူထု တွေရဲ့ တကယ်ဖြစ်စေချင်တဲ့ ပုံစံကို သူတို့က မ ကျော်လွန်နိုင်လို့သာ နောက်ပိုင်း မှာ ဒီ NLD ပါတီက အနိုင်ရခဲ့ တာမျိုးဖြစ်ခဲ့တာကိုး ဆိုတော့ သူတို့ပုံသွင်းခဲ့တဲ့ ပုံစံအတိုင်း မဖြစ်တော့ တစ်ခါ တစ်ကြော့ ပြန်ပြီးတော့မှ အရင် တုန်းက လုပ်ခဲ့တဲ့ပုံစံ ပြန်လုပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် သေချာတယ်။ စစ်တပ်က ဘယ်တုန်းကမှ ပြည်သူ လူထုကို မျက်နှာမူတာ မရှိခဲ့ဘူး။ ပြည်သူလူထုတွေရဲ့ ကောင်းကြိုးကို ရှေ့ရှု့ပြီး စဉ်းစားတာ ဘယ်တုန်းမှ မရှိခဲ့ ဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး သက်ဆိုး ရှည်စေရေးကိုပဲ အမြဲတမ်း ဦးတည် လုပ်ဆောင်တာ ဖြစ်တယ်ပေါ့ နော်” ဟု ပြောသည်။
ရွေးကောက်ပွဲပြန်လည်ကျင်းပေးမည်ဆိုသည့် စစ်ကောင်စီ၏ ပြောဆိုမှုကို သတိထားရန် လိုသည်ဟု အမျိုးသ မီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေ အတွင်း ရေးမှူး နော်ဆဲဆဲ က ဆိုသည်။
နော်ဆဲဆဲက “ဒီ သိထားပြီးသား စစ်တပ်ရဲ့ လမ်းကြောင်းကို ကျမတို့ မပါသွားဖို့ကတော့ အရေးကြီးတယ်ပေါ့ နော။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်တပ်က ဘယ်လိုပဲ သူတို့ ကောင်းတဲ့ လမ်းကြောင်းကို စဉ်းစားစဉ်းစား သူတို့ရဲ့ ယုတ်မာမှုက ယုတ်မာမှုပဲ ကမ္ဘာမှာ သိကုန်ပြီပေါ့နော။ ဆိုတော့ ကိုယ်သွားပါဝင် ပတ်သက်ခြင်းအားဖြင့် ကိုယ် ပါ တရားခံ ဖြစ်သွားနိုင်တယ်ပေါ့နော။ ဆိုတဲ့ဟာမျိုးကို ကျမကတော့ သတိထားစေချင်တယ်ပေါ့နော။ အထူး သဖြင့် နိုင်ငံရေး ပါတီတွေပေါ့နော” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေများနှင့် ညီညွှတ်မှု မရှိကြောင်း စစ်ကောင်စီက အသစ်ခန့်အပ်ထား သည့် UEC က ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
ထို့ကြောင့် လွတ်လပ်၍ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲအဖြစ် စုံစမ်းတွေ့ရှိရသည့်အတွက် အဆိုပါ ရွေး ကောက်ပွဲမှ ရလာသည့် ရလဒ်ကို ပယ်ဖျက်ကြောင်း UEC အသစ်၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထား သည်။
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းများအရ စစ်ကောင်စီမှ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက် ကြောင်း ထုတ်ပြန်မှုများသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ် မှ ဖြစ်တည်လာသည့် CRPH နှင့် NUG ကို နိုင်ငံတကာမှ တရားဝင် အသိအမှတ်ပြုမှု မရရှိအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမျိုးသမီး အဖွဲ့များက ဆိုသည်။
*** ZAWGYI ***
NUG တရားဝင္ျဖစ္မည္စိုး၍ ေ႐ြးေကာက္ပြဲရလဒ္ဖ်က္သိမ္းေၾကာင္း အမ်ိဳးသမီးေခါင္းေဆာင္မ်ား သုံးသပ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္။
၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္မွ ျဖစ္တည္လာသည့္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ကို ႏိုင္ငံတကာမွ တရားဝင္ အသိအမွတ္ျပဳမႈ မရရွိေအာင္ စစ္ေကာင္စီမွ ေ႐ြးေကာက္ပြဲ ရလဒ္ကို ပယ္ဖ်က္လိုက္ျခင္းျဖစ္သည္ဟု အမ်ိဳးသမီးအဖြဲ႕မ်ား က ေျပာသည္။
အမ်ိဳးသမီး သမဂၢ BWU အႀကံေပး ေဒၚတင္တင္ညိဳက “အဓိကကေတာ့ NUG CRPH ရဲ႕ တရားဝင္မႈကို သူတို႔ အေနနဲ႔က လုံး၀ပ်က္သုန္းေရးေပါ့ေနာ ေနာက္ၿပီးေတာ့ လူထုေတြရဲ႕ အသိအမွတ္မျပဳေရး ႏိုင္ငံတကာရဲ႕ အသိအ မွတ္မျပဳေရးအတြက္ကို သူတို႔အေနနဲ႔က ရည္႐ြယ္တယ္ လို႔ျမင္တယ္ေပါ့” ဟုေျပာသည္။
ထို႔အျပင္ စစ္ေကာင္စီမွ ေ႐ြးေကာက္ပြဲ ရလဒ္ ပယ္ဖ်က္ျခင္းသည္ လာမည့္ စက္တင္ဘာလတြင္ ျပဳလုပ္မည့္ ကုလသမဂၢအစည္းအေဝးတြင္ ကုလမဂၢမွ မည္သည့္အဖြဲ႕ကို အစိုးရအျဖစ္ အသိအမွတ္ျပဳမည္ မျပဳမည္ ႏွင့္ လည္း ဆက္စပ္မႈ ရွိႏိုင္သည္ ဟု ဆက္ေျပာသည္။
“ဒီလာမယ့္ စက္တင္ဘာမွာ ဆိုလို႔ရွိရင္ ကုလသမဂၢေပါ့ေနာ။ အဲဒီမွာ သူကိုယ္စားျပဳပါဝင္တဲ့ေနရာမွာ စစ္ ေကာင္စီနဲ႔ NUGနဲ႔က အၿပိဳင္အဆိုင္ လုပ္ရမယ့္ အေနအထားလည္း ျဖစ္တယ္။ ဆိုေတာ့ အဲဒီမတိုင္ခင္မွာ ဒါကို ဖ်က္ ပယ္လိုက္တယ္ဆိုတာက ေတာ့ အဲဒီဖက္မွာလည္း တရားဝင္မႈ ႏိုင္ငံတကာမွာလည္း တရားဝင္မႈ မရ ေအာင္ ကုလသမဂၢမွာလည္း တရားဝင္မႈ မရေအာင္ လုပ္လိုတဲ့ သေဘာဆႏၵလို႔ ထင္ပါတယ္” ဟု ေဒၚတင္တင္ ညိဳ က ေျပာသည္။
စစ္ေကာင္စီ၏ ယခုလုပ္ရပ္သည္ ယခင္ စစ္အာဏာရွင္ အစိုးရ အဆက္ဆက္မွ စစ္အာဏာရွင္စနစ္ ေရရွည္ တည္ၿမဲရန္ လုပ္ေဆာင္မႈမ်ိဳးႏွင့္ ပုံစံတူသည္ဟု အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ (ျမန္မာႏိုင္ငံ) WLB အေထြေထြ အတြင္း ေရးမႉး ေနာ္ဆဲဆဲ က ေျပာသည္။
၎က “ဒီ စစ္တပ္က က်မတို႔ လက္ရွိ အခင္းအက်င္း ေပၚမွာပဲ က်မတို႔ ၾကည့္ရမွာ မဟုတ္ဘူးေပါ့ေနာ က်မတို႔ ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းလာခဲ့တဲ့ ဆိုးက်ိဳးေတြ သက္ေရာက္မႈေတြကိုလည္း ထည့္သြင္းစဥ္းစားဖို႔လိုအပ္တယ္ ေပါ့ေနာ။ ဒီအဖြဲ႕က တစ္ဖြဲ႕တည္း ဆိုတဲ့ဟာမ်ိဳးကို လည္း နားလည္သေဘာေပါက္ဖို႔ လိုအပ္တယ္လို႔ က်မက ေျပာခ်င္တယ္” ဟု ေျပာသည္။
တစ္ဖက္တြင္လည္း ေ႐ြးေကာက္ပြဲတြင္ အစိုးရဖြဲ႕ႏိုင္သည့္အထိ အႏိုင္ရရွိထားသည့္ NLD အစိုးရမွ CRPH၊ NUG မွတဆင့္ လူထုကို ဆက္လက္ ဦးေဆာင္မႈေပးေနသည့္ ျဖစ္တည္မႈကို စစ္ေကာင္စီမွ ႐ိုက္ခ်ိဳးလိုသည့္ သေဘာ အျဖစ္ ေတြ႕ရသည္ဟု ဆိုသည္။
ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပခဲ့သည့္ အေထြေထြ ေ႐ြးေကာက္ပြဲႀကီးတြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD က မဲအသာျဖင့္ အစိုးရဖြဲ႕ႏိုင္သည့္အထိ အႏိုင္ရခဲ့ သကဲ့သို႔ တိုင္းရင္းသား ႏိုင္ငံေရး ပါ တီ အခ်ိဳ႕လည္း အႏိုင္ရခဲ့ၾကသည္။
သို႔ေသာ္ အဆိုပါ ေ႐ြးေကာက္ပြဲရလဒ္သည္ မဲမသမာမႈမ်ားရွိသည္ဟု ဆိုကာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ ေန႔တြင္ စစ္အာဏာသိမ္းခဲ့သည့္ အျပင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အသစ္ကိုပါ ဖြဲ႕စည္းေပးခဲ့ၿပီး ၂ ႏွစ္အၾကာတြင္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပ ေပးမည္ဟု ေျပာဆိုထားသည္။
ထိုေျပာဆိုမႈႏွင့္ ပတ္သက္၍ ကခ်င္အမ်ိဳးသမီး အစည္းအ႐ုံး-ထိုင္းႏိုင္ငံ (KWAT) ေျပာေရးဆိုခြင့္ရွိသူ မြန္းေနလီက “ဒီမိုကေရစီလမ္းေၾကာင္းဆိုၿပီးေတာ့ သူတို႔က ဘယ္လိုေျပာမလဲ ေ႐ြးေကာက္ပြဲေတြ လုပ္ေပးခဲ့ တယ္။ ၂၀၁၀ တို႔ ၂၀၁၅ တို႔ ၿပီးလို႔ရွိရင္ အခု ၿပီးခဲ့တဲ့ ၂၀၂၀ ေပါ့ေနာ ဒီေ႐ြးေကာက္ပြဲေတြ သူတို႔က ဖန္တီး ေပးခဲ့တယ္။ ဒါကေတာ့ ဟန္ျပႏိုင္ငံတကာကို ျပဖို႔အတြက္ သူတို႔ လုပ္ခဲ့တယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ႀကိတ္ၿပီးေတာ့ ႀကံေနတဲ့ အရာကေတာ့ ဟိုးအရင္ကတည္းက သူတို႔ ရွိေနတဲ့ဟာ ရွိတယ္လို႔ ျမင္တယ္။ ဒါေၾကာင့္မို႔ ဒီ သူတို႔ကလည္း သူ တို႔ရဲ႕ လုပ္ေဆာင္မႈေတြ ဆက္ၿပီးေတာ့ လုပ္ေနတယ္ ၿပီးလို႔ရွိရင္ ဒါေတြကို ပယ္ဖ်က္တယ္ဆိုတဲ့ဟာကို လုပ္ တယ္” ဟု ေျပာသည္။
စစ္ေကာင္စီမွ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပေပးမည္ဟု ေျပာဆိုမႈမ်ားသည္ ႏိုင္ငံသူႏိုင္ငံသားမ်ား၏ အေရးကို ေရွ႕ရႈးျခင္းမ်ိဳး မဟုတ္ပဲ အာဏာတည္ၿမဲဖို႔ရန္ လုပ္ေဆာင္ျခင္းသာ ျဖစ္သည္ဟု အမ်ိဳးသမီး သမဂၢ BWU အႀကံ ေပး ေဒၚတင္တင္ညိဳ ေျပာသည္။
၎ “ဘယ္လိုပဲ ျဖစ္ျဖစ္ စစ္တပ္ကေနၿပီးေတာ့မွ စီစဥ္ ေပးတဲ့ ေ႐ြးေကာက္ပြဲသည္ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။ ဒါက လည္း ၂၀၁၀ ေ႐ြးေကာက္ ပြဲတုန္းကလည္း က်မတို႔ သိၿပီး ၿပီေပါ့ေနာ။ ၿပီးေတာ့မွ ၾကားျဖတ္ေ႐ြး ေကာက္ပြဲ ေတာက္ေလွ်ာက္ေပါ့။ ဒါေပ မယ့္ လူထုေတြရဲ႕ ဆႏၵက လူထု ေတြရဲ႕ တကယ္ျဖစ္ေစခ်င္တဲ့ ပုံစံကို သူတို႔က မ ေက်ာ္လြန္ႏိုင္လို႔သာ ေနာက္ပိုင္း မွာ ဒီ NLD ပါတီက အႏိုင္ရခဲ့ တာမ်ိဳးျဖစ္ခဲ့တာကိုး ဆိုေတာ့ သူတို႔ပုံသြင္းခဲ့တဲ့ ပုံစံအတိုင္း မျဖစ္ေတာ့ တစ္ခါ တစ္ေၾကာ့ ျပန္ၿပီးေတာ့မွ အရင္ တုန္းက လုပ္ခဲ့တဲ့ပုံစံ ျပန္လုပ္ဖို႔ ႀကိဳးစားတယ္။ ဒါေပမယ့္ ေသခ်ာတယ္။ စစ္တပ္က ဘယ္တုန္းကမွ ျပည္သူ လူထုကို မ်က္ႏွာမူတာ မရွိခဲ့ဘူး။ ျပည္သူလူထုေတြရဲ႕ ေကာင္းႀကိဳးကို ေရွ႕ရႈ႕ၿပီး စဥ္းစားတာ ဘယ္တုန္းမွ မရွိခဲ့ ဘူး။ သူတို႔ရဲ႕ အာဏာတည္ၿမဲေရး သက္ဆိုး ရွည္ေစေရးကိုပဲ အၿမဲတမ္း ဦးတည္ လုပ္ေဆာင္တာ ျဖစ္တယ္ေပါ့ ေနာ္” ဟု ေျပာသည္။
ေ႐ြးေကာက္ပြဲျပန္လည္က်င္းေပးမည္ဆိုသည့္ စစ္ေကာင္စီ၏ ေျပာဆိုမႈကို သတိထားရန္ လိုသည္ဟု အမ်ိဳးသ မီးမ်ား အဖြဲ႕ခ်ဳပ္ (ျမန္မာႏိုင္ငံ) WLB အေထြေထြ အတြင္း ေရးမႉး ေနာ္ဆဲဆဲ က ဆိုသည္။
ေနာ္ဆဲဆဲက “ဒီ သိထားၿပီးသား စစ္တပ္ရဲ႕ လမ္းေၾကာင္းကို က်မတို႔ မပါသြားဖို႔ကေတာ့ အေရးႀကီးတယ္ေပါ့ ေနာ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီစစ္တပ္က ဘယ္လိုပဲ သူတို႔ ေကာင္းတဲ့ လမ္းေၾကာင္းကို စဥ္းစားစဥ္းစား သူတို႔ရဲ႕ ယုတ္မာမႈက ယုတ္မာမႈပဲ ကမာၻမွာ သိကုန္ၿပီေပါ့ေနာ။ ဆိုေတာ့ ကိုယ္သြားပါဝင္ ပတ္သက္ျခင္းအားျဖင့္ ကိုယ္ ပါ တရားခံ ျဖစ္သြားႏိုင္တယ္ေပါ့ေနာ။ ဆိုတဲ့ဟာမ်ိဳးကို က်မကေတာ့ သတိထားေစခ်င္တယ္ေပါ့ေနာ။ အထူး သျဖင့္ ႏိုင္ငံေရး ပါတီေတြေပါ့ေနာ” ဟု ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ဥပေဒ၊ သက္ဆိုင္ရာ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲ ဥပေဒ နည္းဥပေဒမ်ားႏွင့္ ညီၫႊတ္မႈ မရွိေၾကာင္း စစ္ေကာင္စီက အသစ္ခန႔္အပ္ထား သည့္ UEC က ဇူလိုင္လ ၂၆ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာ ခဲ့သည္။
ထို႔ေၾကာင့္ လြတ္လပ္၍ တရားမွ်တမႈ မရွိသည့္ ေ႐ြးေကာက္ပြဲအျဖစ္ စုံစမ္းေတြ႕ရွိရသည့္အတြက္ အဆိုပါ ေ႐ြး ေကာက္ပြဲမွ ရလာသည့္ ရလဒ္ကို ပယ္ဖ်က္ေၾကာင္း UEC အသစ္၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထား သည္။
လက္ရွိ ျဖစ္ေပၚေနသည့္ ႏိုင္ငံေရး အခင္းအက်င္းမ်ားအရ စစ္ေကာင္စီမွ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲ ရလဒ္ကို ပယ္ဖ်က္ ေၾကာင္း ထုတ္ျပန္မႈမ်ားသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ မွ ျဖစ္တည္လာသည့္ CRPH ႏွင့္ NUG ကို ႏိုင္ငံတကာမွ တရားဝင္ အသိအမွတ္ျပဳမႈ မရရွိေအာင္ လုပ္ေဆာင္ျခင္းျဖစ္သည္ဟု အမ်ိဳးသမီး အဖြဲ႕မ်ားက ဆိုသည္။