စစ်ကောင်စီတပ်နှင့် KIA နေရာအနှံ့အပြား တိုက်ပွဲများ ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းနေရာအများအပြားတွင် စစ်ကောင်စီတပ်များနှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့အကြား ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသည်။
ကချင်ပြည်နယ် ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော် မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ် မြောက် ပိုင်း မူဆယ်၊ ကွတ်ခိုင်နှင့် မုံးကိုးဒေသတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး နော်ဘူက “မနေ့ကတော့ ဝိုင်း မော်က ခလရ ၅၈ အဲဖက်မှာ KIA တပ်ရင်း ၃ ပေါ့နော အမှတ် ၃ တပ်ရင်းဖက်ကနေ လာပစ်ပြီးမှ တိုက်ပွဲ ဖြစ် တာ အပြန်အလှန် တိုက်ပွဲဖြစ်တာ ရှိပါတယ်။ နောက်တစ်ခုကတော့ ဒီမနက် အစောကြီးပေါ့ ၁ နာရီခွဲ အချိန် လောက်မှ လီဒိုလမ်းဖက်က မရမ်ကထောင်ဆိုတဲ့ နေရာက ဂိတ်တွေကို ဝင်ပစ်တဲ့ဟာတွေ ရှိပါတယ်။ နောက် ဒီမိုးကောင်း စကခ ရုံးတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိ ပါတယ်။ ထိုးစစ်ဆင်တာကတော့ မဟုတ် ဘူး။ အဲဒါလှမ်းပစ်တာရှိပါတယ်”ဟု ပြောသည်။
ထိုပစ်ခတ်မှုများပြီးနောက် စစ်ကောင်စီဖက်မှ လိုင်ဇာ အနီးအနား အပါအဝင် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်သည့် ဧရိယာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည် ဟု ဆိုသည်။
ကချင်ပြည်နယ်ရှိ အဆိုပါ မြို့နယ်များအပြင် ဖားကန့်မြို့နယ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိသည်ဟု ဆိုသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွား နေသကဲ့သို့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် MNDAA (ကိုးကန့်) တပ်များနှင့်လည်း စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“မနေ့ကတော့ ဒီမူဆယ် ကွတ်ခိုင် ပြည်ထောင်စု လမ်းမကြားမှာ ၂ နေရာ တိုက်ပွဲဖြစ်တာ ဖြစ်စဉ်တွေရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ တပ်ရင်း ၃၆ နယ်မြေဖြစ်နေတဲ့ မုံးကိုးဒေသဖက်မှာလည်း MNDAA နဲ့ နေတိုင်း ဆို သလို တိုက်ပွဲဖြစ်တာ ရှိပါတယ်။ အဲဖက်မှာတော့ သုံးလေး ရက်လောက်တော့ ရှိပါပြီ။ အဲဒါပါပဲ ရှမ်းမြောက် ဖက်မှာ နည်းနည်း ခပ်စိတ်စိတ်လို့ ပြောလို့ရပါတယ်။”
တိုက်ပွဲဖြစ်ပွားနေသည့် တစ်ဖက်တွင် စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဒေသများ ဖက်သို့ စစ်အင်အား တိုးချဲ့မှုရှိနေသည်ဟု KIO/KIA က ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “တစ်ခါတည်းနဲ့ သူတို့ စစ်အင်အားတွေ တိုးထားတာကတော့ မရှိပါဘူး။ ဒါပေမယ့် နည်း နည်းနဲ့ စုထားတဲ့ ပုံစံ စစ်အင်အားတွေ စုထားတာကတော့ ရှိပါတယ်။ ဥပမာ ကျနော်တို့ အလော့ဒ်ဘွမ်တို့ လိုင် ဇာပေါ့နော အဲဒီတစ်ဝိုက်မှာလည်း ဖြေးဖြေးလေးနဲ့ နည်းနည်းနဲ့ စုထားတော့ ရှိပါတယ်။ နောက် သုံးလေးရက် မှာ ဗန်းမော်ဖက်က စစ်သင်္ဘောတွေ တက်ပြီးမှ စစ်အင်အားတွေ သူတို့ရဲ့ လက်နက်တွေ စားနပ်ရိက္ခာတွေ ပေါ့ နော။ ဒါတွေပို့ထားတယ်။ စုထားတာကတော့ ရှိပါတယ်။ စစ်အင်အား အလုံးအရင်းနဲ့ ခြေကျင်တက်ပြီးမှ စစ် ဆင်ရေး ထိုးထားတာကတော့ မတွေ့ရပါဘူး” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA တို့အကြား တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွား နေသကဲ့သို့ ကရင်ပြည်နယ်တွင်လည်း ကရင်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် KNU/KNLA နှင့်လည်းကောင်း၊ ကယား(ကရင်နီ) ပြည်နယ်တွင်လည်း ကရင်နီအမျိုးသား တိုးတက် ရေးပါတီ KNPP နှင့် လည်ကောင်း၊ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်။
ထို့အပြင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဖွဲ့စည်းပေးထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေ စိုက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်လည်း စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ် ပွားနေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။
ဓါတ်ပုံ – The Kachin Net
*** ZAWGYI ***
စစ္ေကာင္စီတပ္ႏွင့္ KIA ေနရာအႏွံ႔အျပား တိုက္ပြဲမ်ား ျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၃၁ ရက္။
ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းေနရာအမ်ားအျပားတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ကခ်င္ လြတ္လပ္ေရး တပ္မေတာ္ KIA တို႔အၾကား ယခုရက္ပိုင္းအတြင္း ဆက္တိုက္ဆိုသလို တိုက္ပြဲမ်ား ျဖစ္ပြားေနသည္။
ကခ်င္ျပည္နယ္ ဝိုင္းေမာ္၊ မိုးေကာင္း၊ ဗန္းေမာ္ ၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲျဖစ္ပြားေနသကဲ့သို႔ ရွမ္းျပည္နယ္ ေျမာက္ ပိုင္း မူဆယ္၊ ကြတ္ခိုင္ႏွင့္ မုံးကိုးေဒသတို႔တြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနသည္ဟု ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။
ယခုရက္ပိုင္းအတြင္း တိုက္ပြဲျဖစ္ပြားမႈ အေျခအေနႏွင့္ ပတ္သက္၍ ဗိုလ္မႉးႀကီး ေနာ္ဘူက “မေန႔ကေတာ့ ဝိုင္း ေမာ္က ခလရ ၅၈ အဲဖက္မွာ KIA တပ္ရင္း ၃ ေပါ့ေနာ အမွတ္ ၃ တပ္ရင္းဖက္ကေန လာပစ္ၿပီးမွ တိုက္ပြဲ ျဖစ္ တာ အျပန္အလွန္ တိုက္ပြဲျဖစ္တာ ရွိပါတယ္။ ေနာက္တစ္ခုကေတာ့ ဒီမနက္ အေစာႀကီးေပါ့ ၁ နာရီခြဲ အခ်ိန္ ေလာက္မွ လီဒိုလမ္းဖက္က မရမ္ကေထာင္ဆိုတဲ့ ေနရာက ဂိတ္ေတြကို ဝင္ပစ္တဲ့ဟာေတြ ရွိပါတယ္။ ေနာက္ ဒီမိုးေကာင္း စကခ ႐ုံးေတြကို လက္နက္ႀကီးနဲ႔ လွမ္းပစ္တာေတြရွိ ပါတယ္။ ထိုးစစ္ဆင္တာကေတာ့ မဟုတ္ ဘူး။ အဲဒါလွမ္းပစ္တာရွိပါတယ္”ဟု ေျပာသည္။
ထိုပစ္ခတ္မႈမ်ားၿပီးေနာက္ စစ္ေကာင္စီဖက္မွ လိုင္ဇာ အနီးအနား အပါအဝင္ ကခ်င္လြတ္လပ္ေရး အဖြဲ႕ KIO ထိန္းခ်ဳပ္သည့္ ဧရိယာမ်ားသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည္ ဟု ဆိုသည္။
ကခ်င္ျပည္နယ္ရွိ အဆိုပါ ၿမိဳ႕နယ္မ်ားအျပင္ ဖားကန႔္ၿမိဳ႕နယ္ဖက္တြင္လည္း တိုက္ပြဲျဖစ္ပြားမႈမ်ားရွိသည္ဟု ဆိုသည္။
ထို႔အျပင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္လည္း ယခုရက္ပိုင္းအတြင္း စစ္ေကာင္စီတပ္မ်ားႏွင့္ KIA တို႔အၾကား တိုက္ပြဲျဖစ္ပြား ေနသကဲ့သို႔ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕ဝင္ျဖစ္သည့္ MNDAA (ကိုးကန႔္) တပ္မ်ားႏွင့္လည္း စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ပြားေနသည္ဟု ဗိုလ္မႉးႀကီး ေနာ္ဘူက ေျပာသည္။
“မေန႔ကေတာ့ ဒီမူဆယ္ ကြတ္ခိုင္ ျပည္ေထာင္စု လမ္းမၾကားမွာ ၂ ေနရာ တိုက္ပြဲျဖစ္တာ ျဖစ္စဥ္ေတြရွိပါတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ရဲ႕ တပ္ရင္း ၃၆ နယ္ေျမျဖစ္ေနတဲ့ မုံးကိုးေဒသဖက္မွာလည္း MNDAA နဲ႔ ေနတိုင္း ဆို သလို တိုက္ပြဲျဖစ္တာ ရွိပါတယ္။ အဲဖက္မွာေတာ့ သုံးေလး ရက္ေလာက္ေတာ့ ရွိပါၿပီ။ အဲဒါပါပဲ ရွမ္းေျမာက္ ဖက္မွာ နည္းနည္း ခပ္စိတ္စိတ္လို႔ ေျပာလို႔ရပါတယ္။”
တိုက္ပြဲျဖစ္ပြားေနသည့္ တစ္ဖက္တြင္ စစ္ေကာင္စီတပ္မွ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္ရာ ေဒသမ်ား ဖက္သို႔ စစ္အင္အား တိုးခ်ဲ႕မႈရွိေနသည္ဟု KIO/KIA က ေျပာသည္။
ဗိုလ္မႉးႀကီး ေနာ္ဘူက “တစ္ခါတည္းနဲ႔ သူတို႔ စစ္အင္အားေတြ တိုးထားတာကေတာ့ မရွိပါဘူး။ ဒါေပမယ့္ နည္း နည္းနဲ႔ စုထားတဲ့ ပုံစံ စစ္အင္အားေတြ စုထားတာကေတာ့ ရွိပါတယ္။ ဥပမာ က်ေနာ္တို႔ အေလာ့ဒ္ဘြမ္တို႔ လိုင္ ဇာေပါ့ေနာ အဲဒီတစ္ဝိုက္မွာလည္း ေျဖးေျဖးေလးနဲ႔ နည္းနည္းနဲ႔ စုထားေတာ့ ရွိပါတယ္။ ေနာက္ သုံးေလးရက္ မွာ ဗန္းေမာ္ဖက္က စစ္သေဘၤာေတြ တက္ၿပီးမွ စစ္အင္အားေတြ သူတို႔ရဲ႕ လက္နက္ေတြ စားနပ္ရိကၡာေတြ ေပါ့ ေနာ။ ဒါေတြပို႔ထားတယ္။ စုထားတာကေတာ့ ရွိပါတယ္။ စစ္အင္အား အလုံးအရင္းနဲ႔ ေျခက်င္တက္ၿပီးမွ စစ္ ဆင္ေရး ထိုးထားတာကေတာ့ မေတြ႕ရပါဘူး” ဟု ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ကခ်င္ျပည္နယ္တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ KIA တို႔အၾကား တိုက္ပြဲ မ်ား ျပင္းထန္စြာ ျဖစ္ပြား ေနသကဲ့သို႔ ကရင္ျပည္နယ္တြင္လည္း ကရင္လက္နက္ကိုင္ အဖြဲ႕အစည္း ျဖစ္သည့္ KNU/KNLA ႏွင့္လည္းေကာင္း၊ ကယား(ကရင္နီ) ျပည္နယ္တြင္လည္း ကရင္နီအမ်ိဳးသား တိုးတက္ ေရးပါတီ KNPP ႏွင့္ လည္ေကာင္း၊ ရွမ္းျပည္ေျမာက္ပိုင္းတြင္လည္း ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတပ္ တို႔အၾကား တိုက္ပြဲျဖစ္ပြားေနသည္။
ထို႔အျပင္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG က ဖြဲ႕စည္းေပးထားသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အေျခ စိုက္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားႏွင့္လည္း စစ္ေကာင္စီ တပ္တို႔အၾကား တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ျဖစ္ ပြားေနသည္မွာ ယေန႔အခ်ိန္အထိ ျဖစ္သည္။
ဓါတ္ပုံ – The Kachin Net