မိုးကောင်းတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ရွာသား တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ ဆီးဒင်ယန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက် နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့်အတွက် ဒေသခံတစ်ဦး သေဆုံးခဲ့သည်ဟု ဆီးဒင်ယန် ဒေသခံများ က ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့ ယနေ့ နံနက် ၄ နာရီအချိန်ခန့်က ဆီးဒင်ယန်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဝင်ရောက်ပစ်ခတ်သည်။
ထိုသို့ KIA က ဝင်ရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ် လိုက်သည့် လက်နက်ကြီး ကျည်မှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲရာမှ ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆီးဒင်ယန်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “မြန်မာစစ်တပ်ကုန်း စကခကုန်းကနေ ဒီမိုးကောင်းတပ်ကုန်းကနေ လက်နက်ကြီးပစ်လိုက်တာ။ အဲ့ဒါ သူ့အိမ် ဝန်းမှာ ကျပြီး အဲ့ဒီအမြောက် အဲ့ဒီလက်နက်ကြီးကွဲတာ ထိပြီး သေသွားတာဟုတ်တယ်။ တချို့အိမ်တွေ ကတော့ အဲ့ နားက နှစ်အိမ် သုံးအိမ်က သေနတ်နဲ့ကျည်ထိတာတော့ရှိတယ်။ အဲ့ဒီတစ်အိမ်ပဲ သူ့အိမ်နားလေးမှာ လက်နက် ကြီးကျတာ။ သူ့အိမ်ရဲ့ တံခါးနားလေးမှာ ကျပြီးပေါက်တာ၊ အဲ့ဒါသူက ဖုန်းက အပြင်မှာ ထားခဲ့တော့ အဲ့မှာ အိမ်နီးချင်း တယောက်နဲ့ အထဲမှာနေနေရင်းကနေ ငါ့ဖုန်းဝင်လာ တယ်ဆိုပြီး အဲ့ဖုန်းသွားယူဖို့ တံခါးဖွင့် တာ အဲ့ဒီ အမြောက်ကျပြီး ကွဲပြီးပွဲချင်းပြီးသေသွားတာ။ သူ့သူငယ်ချင်းကတော့ ဘာမှမဖြစ်ဘူး” ဟု ပြော သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ ဆီးဒင်ယန်ကျေးရွာက အသက် ၅၀ ဝန်းကျင်ခန့် ရှိ ဦးမိုးကျော် ဖြစ်သည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA က စစ်ကောင်စီတပ်အား လာရောက်ပစ်ခတ်သည့် အချိန်အတွင်း နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။
ဆီးဒင်ယန်ကျေးရွာမှ အမျိုးသားက “ဒီကျနော်တို့ ရွာမှာက ဂိတ်မဟုတ်ဘူး။ ဗမာစစ်တပ်ထိုင်တာရှိတယ်။ အဲ့ဒါ ကို KIA က လာပစ်တာ။ မနေ့က တော့ မရန်ကထောင်မှာ ရှိတဲ့ စုပေါင်းဂိတ်ကို သွားပစ်တာ” ဟု ပြောသည်။
ထို့အတူ ဇူလိုင်လ ၃၀ ရက်နေ့ (ယမန်နေ့ ) နံနက်ပိုင်းကလည်း ဆီးဒင်ယန်ကျေးရွာအနီးရှိ မရန်ကထောင် ကျေး ရွာက စစ်ကောင်စီ၏ စုပေါင်းဂိတ်ကို KIA က ဝင်ရောက်ပစ်ခတ်သည်။
ထိုသို့ ပစ်ခတ်ပြီးနောက် စစ်ကောင်စီ၏ ဂိတ်အား KIA မှ မီးရှို့ခဲ့သည်ဟု မရန်ကထောင်ကျေးရွာက ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“ဒီစုပေါင်းဂိတ်ကတော့ အားလုံးမီးရှို့လိုက်ပြီဟုတ်တယ်။ မိုးကောင်းကနေ စစ်ကားတွေ တင့်ကားတွေလည်း တက်လာတာတွေ့ရတယ်။ ဖြစ်ဖြစ်ချင်းတော့ မရန်ကထောင်နဲ့ ဆီးဒင်ယန်က နီးတယ်ဆိုတော့ လမ်းတွေဘာ တွေ ပိတ်လိုက်တယ်။ ရွာထဲမှာ ဝင်စစ်တာဆိုတဲ့ကိစ္စကတော့ မမှန်ဘူး။ သူတို့ဟာသူတို့ တက်သွားလိုက်တာပဲ တွေ့ လိုက်တယ်။ မရန်ကထောင်ကိုက ပိတ်လိုက်တာ ဒီမနက်က။ လမ်းက နှစ်လမ်းရှိတယ်လေနော်။ နမ္မတီး ဘက်ကနေ တင့်ကားတွေသွားလိုက်တာလည်းရှိတယ်။ ဂိတ်မှာ ပိတ်ထားတာတွေအကုန်လုံးမီးရှို့လိုက်တာ။”
ထို့အပြင် ယမန်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ခလရ ၅၈ နှင့် KIA တပ်ရင်း ၃ တို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က ပြောသည်။
ထိုပစ်ခတ်မှုများပြီးနောက် စစ်ကောင်စီဖက်မှ လိုင်ဇာ အနီးအနား အပါအဝင် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်သည့် ဧရိယာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည် ဟု ပြောသည်။
ဇူလိုင်လထဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်များထဲတွင် စစ်ကောင်စီ တပ်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖက်မှ KIO ထိန်း ချုပ်ရာ ဒေသများသို့ လက်နက်ကြီး ပစ်ခတ်မှုများရှိနေသည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဆို သည်။
Photo – Crd
*** ZAWGYI ***
မိုးေကာင္းတြင္ စစ္ေကာင္စီ လက္နက္ႀကီးေၾကာင့္ ႐ြာသား တစ္ဦး ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၃၁ ရက္။
ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္ရွိ ဆီးဒင္ယန္ေက်း႐ြာအတြင္းသို႔ စစ္ေကာင္စီတပ္မွ ပစ္ခတ္လိုက္သည့္ လက္ နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲသည့္အတြက္ ေဒသခံတစ္ဦး ေသဆုံးခဲ့သည္ဟု ဆီးဒင္ယန္ ေဒသခံမ်ား က ေျပာသည္။
ဇူလိုင္လ ၃၁ ရက္ေန႔ ယေန႔ နံနက္ ၄ နာရီအခ်ိန္ခန႔္က ဆီးဒင္ယန္ေက်း႐ြာအတြင္း တပ္စြဲထားသည့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားကို ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ဝင္ေရာက္ပစ္ခတ္သည္။
ထိုသို႔ KIA က ဝင္ေရာက္ပစ္ခတ္ၿပီးေနာက္ စစ္ေကာင္စီတပ္က ျပန္လည္ပစ္ခတ္ လိုက္သည့္ လက္နက္ႀကီး က်ည္မွာ ေက်း႐ြာအတြင္းသို႔ က်ေရာက္ေပါက္ကြဲရာမွ ေဒသခံတစ္ဦး က်ည္ထိမွန္ေသဆုံးခဲ့ရျခင္းျဖစ္သည္ဟု
ဆီးဒင္ယန္ေက်း႐ြာမွ အမ်ိဳးသားတစ္ဦးက ေျပာသည္။
၎က “ျမန္မာစစ္တပ္ကုန္း စကခကုန္းကေန ဒီမိုးေကာင္းတပ္ကုန္းကေန လက္နက္ႀကီးပစ္လိုက္တာ။ အဲ့ဒါ သူ႔အိမ္ ဝန္းမွာ က်ၿပီး အဲ့ဒီအေျမာက္ အဲ့ဒီလက္နက္ႀကီးကြဲတာ ထိၿပီး ေသသြားတာဟုတ္တယ္။ တခ်ိဳ႕အိမ္ေတြ ကေတာ့ အဲ့ နားက ႏွစ္အိမ္ သုံးအိမ္က ေသနတ္နဲ႔က်ည္ထိတာေတာ့ရွိတယ္။ အဲ့ဒီတစ္အိမ္ပဲ သူ႔အိမ္နားေလးမွာ လက္နက္ ႀကီးက်တာ။ သူ႔အိမ္ရဲ႕ တံခါးနားေလးမွာ က်ၿပီးေပါက္တာ၊ အဲ့ဒါသူက ဖုန္းက အျပင္မွာ ထားခဲ့ေတာ့ အဲ့မွာ အိမ္နီးခ်င္း တေယာက္နဲ႔ အထဲမွာေနေနရင္းကေန ငါ့ဖုန္းဝင္လာ တယ္ဆိုၿပီး အဲ့ဖုန္းသြားယူဖို႔ တံခါးဖြင့္ တာ အဲ့ဒီ အေျမာက္က်ၿပီး ကြဲၿပီးပြဲခ်င္းၿပီးေသသြားတာ။ သူ႔သူငယ္ခ်င္းကေတာ့ ဘာမွမျဖစ္ဘူး” ဟု ေျပာ သည္။
လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေသဆုံးသြားသူမွာ ဆီးဒင္ယန္ေက်း႐ြာက အသက္ ၅၀ ဝန္းက်င္ခန႔္ ရွိ ဦးမိုးေက်ာ္ ျဖစ္သည္။
ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က စစ္ေကာင္စီတပ္အား လာေရာက္ပစ္ခတ္သည့္ အခ်ိန္အတြင္း ႏွစ္ဖက္ အျပန္အလွန္ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု အဆိုပါ အမ်ိဳးသားက ဆက္ေျပာသည္။
ဆီးဒင္ယန္ေက်း႐ြာမွ အမ်ိဳးသားက “ဒီက်ေနာ္တို႔ ႐ြာမွာက ဂိတ္မဟုတ္ဘူး။ ဗမာစစ္တပ္ထိုင္တာရွိတယ္။ အဲ့ဒါ ကို KIA က လာပစ္တာ။ မေန႔က ေတာ့ မရန္ကေထာင္မွာ ရွိတဲ့ စုေပါင္းဂိတ္ကို သြားပစ္တာ” ဟု ေျပာသည္။
ထို႔အတူ ဇူလိုင္လ ၃၀ ရက္ေန႔ (ယမန္ေန႔ ) နံနက္ပိုင္းကလည္း ဆီးဒင္ယန္ေက်း႐ြာအနီးရွိ မရန္ကေထာင္ ေက်း ႐ြာက စစ္ေကာင္စီ၏ စုေပါင္းဂိတ္ကို KIA က ဝင္ေရာက္ပစ္ခတ္သည္။
ထိုသို႔ ပစ္ခတ္ၿပီးေနာက္ စစ္ေကာင္စီ၏ ဂိတ္အား KIA မွ မီးရႈိ႕ခဲ့သည္ဟု မရန္ကေထာင္ေက်း႐ြာက ေဒသခံ အမ်ိဳးသား တစ္ဦးက ေျပာသည္။
“ဒီစုေပါင္းဂိတ္ကေတာ့ အားလုံးမီးရႈိ႕လိုက္ၿပီဟုတ္တယ္။ မိုးေကာင္းကေန စစ္ကားေတြ တင့္ကားေတြလည္း တက္လာတာေတြ႕ရတယ္။ ျဖစ္ျဖစ္ခ်င္းေတာ့ မရန္ကေထာင္နဲ႔ ဆီးဒင္ယန္က နီးတယ္ဆိုေတာ့ လမ္းေတြဘာ ေတြ ပိတ္လိုက္တယ္။ ႐ြာထဲမွာ ဝင္စစ္တာဆိုတဲ့ကိစၥကေတာ့ မမွန္ဘူး။ သူတို႔ဟာသူတို႔ တက္သြားလိုက္တာပဲ ေတြ႕ လိုက္တယ္။ မရန္ကေထာင္ကိုက ပိတ္လိုက္တာ ဒီမနက္က။ လမ္းက ႏွစ္လမ္းရွိတယ္ေလေနာ္။ နမၼတီး ဘက္ကေန တင့္ကားေတြသြားလိုက္တာလည္းရွိတယ္။ ဂိတ္မွာ ပိတ္ထားတာေတြအကုန္လုံးမီးရႈိ႕လိုက္တာ။”
ထို႔အျပင္ ယမန္ေန႔က ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း ခလရ ၅၈ ႏွင့္ KIA တပ္ရင္း ၃ တို႔ အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည္ဟု KIO သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ က ေျပာသည္။
ထိုပစ္ခတ္မႈမ်ားၿပီးေနာက္ စစ္ေကာင္စီဖက္မွ လိုင္ဇာ အနီးအနား အပါအဝင္ ကခ်င္လြတ္လပ္ေရး အဖြဲ႕ KIO ထိန္းခ်ဳပ္သည့္ ဧရိယာမ်ားသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည္ ဟု ေျပာသည္။
ဇူလိုင္လထဲတြင္ ကခ်င္ျပည္နယ္အတြင္းရွိ ဝိုင္းေမာ္၊ မိုးေကာင္း၊ ဗန္းေမာ္ႏွင့္ ဖားကန႔္ၿမိဳ႕နယ္မ်ားထဲတြင္ စစ္ေကာင္စီ တပ္ႏွင့္ KIA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိၿပီး တိုက္ပြဲျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ဖက္မွ KIO ထိန္း ခ်ဳပ္ရာ ေဒသမ်ားသို႔ လက္နက္ႀကီး ပစ္ခတ္မႈမ်ားရွိေနသည္ဟု KIO/KIA သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံက ဆို သည္။
Photo – Crd