မွန်ပြည်နယ်တွင် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူး တစ်ဦး ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် ထပ်မံ ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအမန်းကို ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ရုံး မှ အပြန် လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမည်အသိလူနှစ်ယောက်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။
ဦးအမန်းသည် သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် သံဖြူဇရပ်ဆေးရုံတွင် သေဆုံးသွား သည်ဟု လည်း ဒေသခံများက ပြောသည်။
“မနေ့ ညနေ ၆ နာရီလောက်မှာပေါ့ အုပ်ချုပ်ရေးမှူးက ရုံးကနေ အိမ်ကိုအပြန်မှာပေါ့ လမ်းမှာပဲ ဆိုင်ကယ်နဲ့ လူ နှစ်ဦးက လာပစ်သွားတယ်။ ပစ်ခံထိသွားတော့ ဆေးရုံတင်လိုက်တယ်။ ဆေးရုံမှာပဲ ဆုံးသွားတယ်၊ သေနတ် သမားတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ မသိရသေးဘူး” ဟု ဦးအမန်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပါအဝင် သေနတ် ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ နှင့် ၂၄ ရက်နေ့ တို့ကလည်း သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနှင့် ဒူးရင်းဆိပ်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
ထို့အပြင် ဇွန်လ ၂၂ ရက်နေ့ကလည်း သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူးကို သေနတ်သမားတို့က နေ အိမ်တွင် လာရောက် ပစ်သတ်သွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ သေ နတ်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။
ထို့သို့သော ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက် နိုင်ခြင်း မရှိသေးဘူးဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ပစ္သတ္ခံရျပန္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁ ရက္။
မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္အတြင္း အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ဇူလိုင္ ၃၁ ရက္ ညေနပိုင္းတြင္ ထပ္မံ ပစ္သတ္ခံခဲ့ရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ႏွီးပေဒါေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးအမန္းကို ယမန္ေန႔ ညေန ၆ နာရီဝန္းက်င္ခန႔္က ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး ႐ုံး မွ အျပန္ လမ္းတြင္ ဆိုင္ကယ္စီးလာသည့္ အမည္အသိလူႏွစ္ေယာက္တို႔က ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္း ျဖစ္ သည္။
ဦးအမန္းသည္ ေသနတ္ဒဏ္ရာ ၄ ခ်က္ျဖင့္ သံျဖဴဇရပ္ေဆး႐ုံတြင္ ေသဆုံးသြား သည္ဟု လည္း ေဒသခံမ်ားက ေျပာသည္။
“မေန႔ ညေန ၆ နာရီေလာက္မွာေပါ့ အုပ္ခ်ဳပ္ေရးမႉးက ႐ုံးကေန အိမ္ကိုအျပန္မွာေပါ့ လမ္းမွာပဲ ဆိုင္ကယ္နဲ႔ လူ ႏွစ္ဦးက လာပစ္သြားတယ္။ ပစ္ခံထိသြားေတာ့ ေဆး႐ုံတင္လိုက္တယ္။ ေဆး႐ုံမွာပဲ ဆုံးသြားတယ္၊ ေသနတ္ သမားေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမွေတာ့ မသိရေသးဘူး” ဟု ဦးအမန္းႏွင့္ နီးစပ္သည့္ ေဒသခံတစ္ဦးက ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း မြန္ျပည္နယ္အတြင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ား အပါအဝင္ ေသနတ္ ျဖင့္ ပစ္သတ္ခံရသည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားလာခဲ့သည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၃ ႏွင့္ ၂၄ ရက္ေန႔ တို႔ကလည္း သထုံၿမိဳ႕နယ္ ေျမနီကုန္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္းႏွင့္ ဒူးရင္းဆိပ္ေက်း႐ြာအုပ္စု သမာၻန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးတို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားခဲ့သည္။
ထို႔အျပင္ ဇြန္လ ၂၂ ရက္ေန႔ကလည္း သထုံၿမိဳ႕နယ္ ေနာင္ဘိုေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ေသနတ္သမားတို႔က ေန အိမ္တြင္ လာေရာက္ ပစ္သတ္သြားခဲ့သည္။
အလားတူ ၿပီးခဲ့သည့္ ဇြန္လ ၂၈ ရက္ေန႔ကလည္း ေရးၿမိဳ႕နယ္ ႏွင္းစုံေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို အမည္မသိ ေသ နတ္သမားမ်ားက ပစ္ခတ္သတ္ျဖတ္ခဲ့သည့္ ျဖစ္စဥ္လည္းရွိခဲ့သည္။
ထို႔သို႔ေသာ ျဖစ္စဥ္မ်ား ဆက္တိုက္ျဖစ္ေပၚေနေသာ္လည္း ယေန႔အခ်ိန္ထိ တစ္စုံတစ္ရာ အေရးယူေဆာင္႐ြက္ ႏိုင္ျခင္း မရွိေသးဘူးဟု ေဒသခံမ်ားက ေျပာသည္။