မကွေးတိုင်း မင်းလှတွင် တစ်လအတွင်း COVID-19 လူ တစ်ထောင်ကျော် ကူးစက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံးတွေ့ရှိပြီး မင်းလှ နှင့် အောင်လံမြို့သည် သေဆုံးမှု အများဆုံးဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ရေး လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ဇွန်လကုန်ကာနီးအထိ ပိုးကင်းစင်ခဲ့သော အထက်မင်းလှမြို့ သည် ဇူလိုင်၃၀ ရက်နေ့ အထိ တစ်လ အတွင်း အတည်ပြုလူနာ ၁၁၀၂ ဦး နှင့် သေဆုံးသူ ၁၈ ဦးရှိလာပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၆၃၆ ဦး ရှိသည်ဟု လူမှုကူညီ ရေးအဖွဲ့များက ပြောသည်။

သရက်ခရိုင်အတွင်း ပါရှိသော ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း အောင်လံမြို့နယ်၌လည်း ဇူလိုင် ၂၉ ရက်နေ့ အထိ အတည်ပြုလူနာ ၁၀၅၈ ဦး အထိရှိပြီး သေဆုံးသူ ၆၁ ဦး ရှိပြီ ဖြစ်သည်။

ယခုကူးစက်မှုသည် မြို့နယ်ချင်း ထိစပ်မှုများမှ တဆင့် ကူးစက်နေခြင်းဖြစ်နိုင်ပြီး သတိမထား ပေါ့ဆမှုများ ကြောင့် သရက်ခရိုင် ၆ မြို့နယ်အတွင်း ကူးစက်မှုများမြင့်တက်နေရခြင်းဖြစ်သည်ဟု လူမှုကူညီရေး အသင်းအဖွဲ့ များနှင့် ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။

မင်းတုန်းမြို့တွင်း ကူးစက်မှုများနေမှုနှင့် ပတ်သက်၍လည်း ကျန်းမာရေးဝန်ထမ်းတစ်ဦး က ”လက္ခဏာက ကိုဗစ်နဲ့ အသက်ရူကြပ် သေခါနီးရောက်လာပြီး သေတော့စစ်ကြည့်တော့ပိုးတွေ့တာပေါ့” ဟု ပြောသည်။

သရက်ခရိုင် အတွင်းရှိ မြို့နယ် ၆ မြို့နယ်ထဲတွင် ကူးစက်မှုအနည်းဆုံးနှင့် သေဆုံးသူ အနည်းဆုံး မှာ ကံမမြို့နယ် ဖြစ်ပြီး ဇွန် ၄ ရက်နေ့ မှ ဇူလိုင် ၂၉ ရက်ရက်နေ့ အထိ ပိုးတွေ့လူနာစုစုပေါင်း ၂၄၈ ဦး၊ သေဆုံးသူ ၅ ဦး နှင့် ဆေးကု သဆဲ ၉၄ ဦး ရှိကြောင်း စေတနာ့ဝန်တမ်းတစ်ဦး က ပြောသည်။

”ပရဟိတတွေလည်း လက်ပမ်းကျ၊ အလှူရှင်တွေလည်း စားစရာမရှိတဲ့ သူလှူရတာနဲ့ အောက်စီဂျင် ရှာရတာနဲ့ အားလုံး လက်ပမ်းကျနေကြပြီ။ အတတ်နိုင်ဆုံး ကိုဗစ်စည်းကမ်းနဲ့ အညီနေကြပါလို့ တိုက်တွန်းပါရစေ”ဟု အောင်လံမြို့က စေတနာ့ဝန်ထမ်း က ပြောသည်။

သရက်ခရိုင်အတွင်းက မြို့နယ် ၆ မြို့နယ်တို့မှာ သရက်မြို့နယ်၊ အောင်လံမြို့နယ်၊ အထက်မင်းလှမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ်တို့ ဖြစ်သည်။

မကွေးတိုင်း သရက်ခရိုင် အထက်မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ နေ့စဉ်တွေ့ရှိနေပြီး အတည်ပြု လူနာတစ်ထောင်ကျော်နှင့် သေဆုံးသူ ၁၈ ဦး အထိ သေဆုံးမှုရှိနေသည်ဟု မြို့ခံ ပရဟိတ လုပ်ဆောင်နေသူများက ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ အထိ ပိုးကင်းစင်ခဲ့သည့် ဆက်တိုက်ပိုးတွေ့ရှိမှု မြင့်တက်လာရခြင်းသည် အနီးအနားရှိ တပ်မတော် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု တပ်များနှင့် စက်မှုဝန်ကြီးဌာန အလုပ်ရုံများ၊ လူဝင်လူထွက်များ သည့် ဒဟတ်ပင်၊ ဒန်ကိုင်း၊ ငနောင်မုန်းစသည့် ရေနံမှော် ၃ ခု ကြောင့်လည်း ဖြစ်နိုင်ကြောင်း ဒေသခံ အချို့က သုံးသပ်ပြောဆိုနေမှုများလည်း ရှိနေသည်။

သတင်းထိန်းချုပ်ထားသည့် မင်းလှမြို့တွင် ရှိသည့် တပ်မတော်ကာကွယ်ရေးပစ္စည်း စက်ရုံများ ဖြစ်ကြသည့် ကပစ ၁၀၊ ကပစ ၂၊ ကစစ အလုပ်ရုံများထဲတွင်လည်း Qurantine Center နှင့် ကုသရေးဌာနများ ကျိတ်လုပ် ဆောင်နေကြောင်း အပြင်ကို ပေါက်ကြားလာသည့် သတင်းများအရ သိရသည်။

”တပ်ထဲမှာ ပိုးတွေ့များတာ ကပစတွေ စာရင်းပါလာလို့ ကပစ ၂ ထဲတင် လူတစ်ရာကျော် အတည်ပြု ပိုးတွေ့ ထားပြီး တခြားဖျားနာသူတွေလည်း ရှိတယ်” ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဌာနက အရာရှိတစ်ဦး က ပြောသည်။

မင်းလှမြို့တွင် အတည်ပြုလူနာပေါင်း ၁၀၆၁ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၆၀၉ ဦး နှင့် သေဆုံးသူ ၁၆ ဦး ရှိသည်ဟု ဒေသအတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

*** ZAWGYI ***
မေကြးတိုင္း မင္းလွတြင္ တစ္လအတြင္း COVID-19 လူ တစ္ေထာင္ေက်ာ္ ကူးစက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ (၁) ရက္။

မေကြးတိုင္းေဒသႀကီး၊ သရက္ခ႐ိုင္ အတြင္းရွိ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္တြင္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာအမ်ားဆုံးေတြ႕ရွိၿပီး မင္းလွ ႏွင့္ ေအာင္လံၿမိဳ႕သည္ ေသဆုံးမႈ အမ်ားဆုံးျဖစ္ေၾကာင္း ကိုဗစ္ထိန္းခ်ဳပ္ေရး လူမႈကူညီေရးအဖြဲ႕မ်ားထံမွ သိရသည္။

ဇြန္လကုန္ကာနီးအထိ ပိုးကင္းစင္ခဲ့ေသာ အထက္မင္းလွၿမိဳ႕ သည္ ဇူလိုင္၃၀ ရက္ေန႔ အထိ တစ္လ အတြင္း အတည္ျပဳလူနာ ၁၁၀၂ ဦး ႏွင့္ ေသဆုံးသူ ၁၈ ဦးရွိလာၿပီး ေဆး႐ုံမွ ဆင္းခြင့္ရရွိသူ ၆၃၆ ဦး ရွိသည္ဟု လူမႈကူညီ ေရးအဖြဲ႕မ်ားက ေျပာသည္။

သရက္ခ႐ိုင္အတြင္း ပါရွိေသာ ဧရာဝတီျမစ္ အေရွ႕ဘက္ျခမ္း ေအာင္လံၿမိဳ႕နယ္၌လည္း ဇူလိုင္ ၂၉ ရက္ေန႔ အထိ အတည္ျပဳလူနာ ၁၀၅၈ ဦး အထိရွိၿပီး ေသဆုံးသူ ၆၁ ဦး ရွိၿပီ ျဖစ္သည္။

ယခုကူးစက္မႈသည္ ၿမိဳ႕နယ္ခ်င္း ထိစပ္မႈမ်ားမွ တဆင့္ ကူးစက္ေနျခင္းျဖစ္ႏိုင္ၿပီး သတိမထား ေပါ့ဆမႈမ်ား ေၾကာင့္ သရက္ခ႐ိုင္ ၆ ၿမိဳ႕နယ္အတြင္း ကူးစက္မႈမ်ားျမင့္တက္ေနရျခင္းျဖစ္သည္ဟု လူမႈကူညီေရး အသင္းအဖြဲ႕ မ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားက ဆိုသည္။

မင္းတုန္းၿမိဳ႕တြင္း ကူးစက္မႈမ်ားေနမႈႏွင့္ ပတ္သက္၍လည္း က်န္းမာေရးဝန္ထမ္းတစ္ဦး က ”လကၡဏာက ကိုဗစ္နဲ႔ အသက္႐ူၾကပ္ ေသခါနီးေရာက္လာၿပီး ေသေတာ့စစ္ၾကည့္ေတာ့ပိုးေတြ႕တာေပါ့” ဟု ေျပာသည္။

သရက္ခ႐ိုင္ အတြင္းရွိ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ထဲတြင္ ကူးစက္မႈအနည္းဆုံးႏွင့္ ေသဆုံးသူ အနည္းဆုံး မွာ ကံမၿမိဳ႕နယ္ ျဖစ္ၿပီး ဇြန္ ၄ ရက္ေန႔ မွ ဇူလိုင္ ၂၉ ရက္ရက္ေန႔ အထိ ပိုးေတြ႕လူနာစုစုေပါင္း ၂၄၈ ဦး၊ ေသဆုံးသူ ၅ ဦး ႏွင့္ ေဆးကု သဆဲ ၉၄ ဦး ရွိေၾကာင္း ေစတနာ့ဝန္တမ္းတစ္ဦး က ေျပာသည္။

”ပရဟိတေတြလည္း လက္ပမ္းက်၊ အလႉရွင္ေတြလည္း စားစရာမရွိတဲ့ သူလႉရတာနဲ႔ ေအာက္စီဂ်င္ ရွာရတာနဲ႔ အားလုံး လက္ပမ္းက်ေနၾကၿပီ။ အတတ္ႏိုင္ဆုံး ကိုဗစ္စည္းကမ္းနဲ႔ အညီေနၾကပါလို႔ တိုက္တြန္းပါရေစ”ဟု ေအာင္လံၿမိဳ႕က ေစတနာ့ဝန္ထမ္း က ေျပာသည္။

သရက္ခ႐ိုင္အတြင္းက ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္တို႔မွာ သရက္ၿမိဳ႕နယ္၊ ေအာင္လံၿမိဳ႕နယ္၊ အထက္မင္းလွၿမိဳ႕နယ္၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ မင္းတုန္းၿမိဳ႕နယ္ႏွင့္ ကံမၿမိဳ႕နယ္တို႔ ျဖစ္သည္။

မေကြးတိုင္း သရက္ခ႐ိုင္ အထက္မင္းလွၿမိဳ႕နယ္တြင္ ကိုဗစ္-၁၉ ေရာဂါ ပိုးေတြ႕လူနာ ေန႔စဥ္ေတြ႕ရွိေနၿပီး အတည္ျပဳ လူနာတစ္ေထာင္ေက်ာ္ႏွင့္ ေသဆုံးသူ ၁၈ ဦး အထိ ေသဆုံးမႈရွိေနသည္ဟု ၿမိဳ႕ခံ ပရဟိတ လုပ္ေဆာင္ေနသူမ်ားက ေျပာသည္။

ဇြန္လ ၂၆ ရက္ေန႔ အထိ ပိုးကင္းစင္ခဲ့သည့္ ဆက္တိုက္ပိုးေတြ႕ရွိမႈ ျမင့္တက္လာရျခင္းသည္ အနီးအနားရွိ တပ္မေတာ္ ကာကြယ္ေရး ပစၥည္းထုတ္လုပ္မႈ တပ္မ်ားႏွင့္ စက္မႈဝန္ႀကီးဌာန အလုပ္႐ုံမ်ား၊ လူဝင္လူထြက္မ်ား သည့္ ဒဟတ္ပင္၊ ဒန္ကိုင္း၊ ငေနာင္မုန္းစသည့္ ေရနံေမွာ္ ၃ ခု ေၾကာင့္လည္း ျဖစ္ႏိုင္ေၾကာင္း ေဒသခံ အခ်ိဳ႕က သုံးသပ္ေျပာဆိုေနမႈမ်ားလည္း ရွိေနသည္။

သတင္းထိန္းခ်ဳပ္ထားသည့္ မင္းလွၿမိဳ႕တြင္ ရွိသည့္ တပ္မေတာ္ကာကြယ္ေရးပစၥည္း စက္႐ုံမ်ား ျဖစ္ၾကသည့္ ကပစ ၁၀၊ ကပစ ၂၊ ကစစ အလုပ္႐ုံမ်ားထဲတြင္လည္း Qurantine Center ႏွင့္ ကုသေရးဌာနမ်ား က်ိတ္လုပ္ ေဆာင္ေနေၾကာင္း အျပင္ကို ေပါက္ၾကားလာသည့္ သတင္းမ်ားအရ သိရသည္။

”တပ္ထဲမွာ ပိုးေတြ႕မ်ားတာ ကပစေတြ စာရင္းပါလာလို႔ ကပစ ၂ ထဲတင္ လူတစ္ရာေက်ာ္ အတည္ျပဳ ပိုးေတြ႕ ထားၿပီး တျခားဖ်ားနာသူေတြလည္း ရွိတယ္” ဟု အမည္မေဖာ္လိုသည့္ က်န္းမာေရးဌာနက အရာရွိတစ္ဦး က ေျပာသည္။

မင္းလွၿမိဳ႕တြင္ အတည္ျပဳလူနာေပါင္း ၁၀၆၁ ဦး၊ ေဆး႐ုံဆင္းခြင့္ရရွိသူ ၆၀၉ ဦး ႏွင့္ ေသဆုံးသူ ၁၆ ဦး ရွိသည္ဟု ေဒသအတြင္းရွိ လူမႈကူညီေရးအသင္းအဖြဲ႕မ်ား၏ မွတ္တမ္းမ်ားအရ သိရသည္။